ရန်ကုန် အားတင်းထား

 



လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံ ၀ူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသည့်အခါ ဖျားနာ သေဆုံးကြရခြင်းမှာ ကြောက်ခမန်းလိလိ ဖြစ်ခဲ့သည်။ မိသားစု မိတ်ဆွေအချင်းချင်းပင် နေ့မြင် ညပျောက်ဖြစ်ကြရသည်။


ရက်ရှည် ပြင်းထန်သော Lockdown ချမှတ်သည့်အခါ ၀ူဟန်မြို့သားတို့မှာ နေထိုင်ရာ အခန်းကျဉ်းလေးများတွင် ကြောက်ရွံ့စွာ ခိုအောင်းလျှက် နေ့စဉ် တစ်ရိပ်ရိပ် တိုးမြင့်လာနေသာ ဖျားနာ သေဆုံးသတင်းများကို စိတ်မသက်သာစွာ စောင့်ကြည့်ခဲ့ကြရသည်။


ထိုအခါ စိတ်ဓါတ်မကျရအောင် ညအခါ ၀ရံတာထွက်၍ “ ၀ူဟန် .. ကြားရုံ “ ( ၀ူဟန် အားတင်းထား ) ဟု မြို့သား အချင်းချင်း အော်ဟစ် အားပေးခဲ့ကြသည်။


ကျွန်တော်များ လူဆိုသည့် သတ္တ၀ါမှာ မျောက်များကဲ့သို့ အအုပ်အသင်းနှင့် နေမှသာလျှင် သက်ဆိုးရှည်သည့် သတ္တဝါဖြစ်လေသည်။


ကြောက်စရာကောင်းသည့် ရောဂါကပ်ဆိုးသည် လူသားတို့အပေါ် ရက်စက်စွာ သင်ခန်းစာပေးလျှက်ရှိသည်။

လူ့အဖွဲ့အစည်း လူအစုအဝေးကြီးအပေါ်တွင် အကောင်အထည် မမြင်ရပဲ ပြင်းထန်သည့် ကူးစက် ရောဂါနှိပ်စက်သည့်အခါ ...


ပါတီ ဂိုဏ်း လူမျိုး ကိုးကွယ်ရာဘာသာ ဟူ၍ မှေးမှိန်သွားပြီး လူဆိုသည့် သတ္တဝါများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ အတတ်နိုင်ဆုံး အပြန်အလှန် ကူညီကြရပါလိမ့်မည်။


ထိုသို့မဟုတ်လျှင် ကိုယ်တိုင်နှင့်တစ်ကွ မိမိတို့ပါဝင်သော လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ပျက်သုဉ်းရန်သာ ရှိတော့သည် ။

ယနေ့နံနက်ပိုင်းအထိ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါက ကူးစက်မှုပေါင်း ၁၉၁-သန်းကျော်ကို ဖန်တီးပေးခဲ့ပြီး လူပေါင်း ၄-သန်းကျော်ကို အသက်ဇီဝိန် နှုတ်ယူခဲ့ပြီး ဖြစ်ပါသည်။


ဥစ္စာကို ကံစောင့်၍ အသက်ကို ဥာဏ်စောင့်သည်ဟု ဆိုရိုးရှိပါသည်။


ခြောက်လှန့်သည်တော့ မဟုတ်ပါ။ အသိဥာဏ်ရှိရှိ ပညာသားပါပါ လုပ်တတ် ရှောင်တတ်ဖို့ လိုအပ်ပါသည်။ အချိန်မီ သံဝေဂ မရနိုင်လျှင် ကြောက်စရာကောင်းသော ကပ်ရောဂါပိုးက ၀ါးမြိုသွားပါလိမ့်မည်။


ခုနှစ်ရက်သားသမီးအပေါင်း ကျန်းမာရွှင်လန်းစွာဖြင့် စား-၀တ်-နေ မှု ပြည့်စုံကြပါစေ ။


လူအချင်းချင်း စောင့်ရှောက်မှု ပေးနိုင် / ရရှိနိုင်ကြပါစေ ။


အစဉ်လေးစားစွာဖြင့်  ....


Credit ... HtayOung, OungMarine

(ဇူလိုင်-၂၀၊ ၂၀၂၁) 


Comments

Popular posts from this blog

မွေးနေ့ ဗေဒင်

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

မင်းသမီး လှလှမိုး နဲ့ ဧည့်ဂေဟာ.. ၃ ( ပ၇လောကသား တို့နှင့် သက်ဆိုင်သမျှ)

ကား အင်ဂျင်စက်နှိုးမရသော ပြဿနာနှင့် ချွတ်ယွင်း အားနည်းချက်များ

နန်းမတော် မယ်နု

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

ငါးမျက်စေ့ (သို့) အသားမာ (Corn)

 
365myanmar.com - Myanmar Online Shopping Mall