ရဋ္ဌနန္ဒက ဆင်ဖြူတော် / ရဋ္ဌနန္ဒက ဆင်ဖြူတော်
ရဋ္ဌနန္ဒက ဆင်ဖြူတော် ရဋ္ဌနန္ဒက ကို မာဂဓပါဠိ စာပေစကား ဘာသာပြန်ရင် မောင်ပြည်ချစ် ပေါ့ ။ နာမဂုဏ်နဲ့ လိုက်ဖက်ညီပါပေတယ် ။ ပါဠိ အမည်ပေးတဲ့ သမားဂုဏ်ကိုလည်း ပါဠိသဒ္ဒါ စာပေအရာ ပါရဂူမြောက် တတ်ကျွမ်းတာ သိရှိလို့ရပါတယ်။ ရဋ္ဌနန္ဒက သည် ရဋ္ဌ ကိတ်ပုဒ် နန္ဒ ကိတ်ပုဒ် ကိတ်ပုဒ်နှစ်ခုကို သမာသ်တွဲထားပါတယ် ။ ခေါ်ဝေါ်ခြင်းလွယ်အောင် ရဋ္ဌာနန္ဒ လို့ ပေးရင် လည်း ရပါတယ် "က" ကို ဖြုတ်ပြီး ခေါ်ဝေါ်လွယ်ခြင်း အကျိုးရှိပါတယ် ။ ဆန်းဂိုဏ်းပြောင်းပါတယ် ။ (နေ့နံသင့်ခေါ်ဝေါ်မည် ဆိုပါက မောင်တိုင်းချစ် ရဋ္ဌ= တိုင်းပြည် နိုင်ငံ နန္ဒက = မြတ်နိုးချစ်ခင်ခြင်းကို ရရှိအပ်သောသူ မောင်တိုင်းချစ် မောင်ပြည်ချစ် ) "ရဋ္ဌနန္ဒက " ဘွဲ့ အမည်နာမတော်အား အင်္ဂဝိဇ္ဇာ မူလကျမ်းရင်း အတိုင်း (ဋီကာ မဟုတ်ပါ) စိစစ်မည် ဆိုလျင် ဆန်းဂိုဏ်းပုဒ် အရ ရှေ့ဆုံး အလုံး (ရ) နောက်ဆုံး အလုံး (က) တို့ကို ပယ်ဖြုတ်လျက် ဆန်းဂိုဏ်းတွက်ယူရပါမည်။ ရတနာ ဆင်ဖြူတော်လေးသည် စနေ နေ့ နံနက် ၆း၃၀ ရခိုင်ပြည် တောင်ကုတ်မြို့၌ မွေးဖွားတော်မူခဲ့သည် ဟု သိရှိရပါသည်။ ရဋ္ဌနန္ဒက ဇနေပု ဇဂိုဏ်း နေနတ်သား ပုဏ္ဏဖုသျှ နက္ခတ် နက္ခတ်လုံးရေ ၂၀ မကျော်သော်ကြောင့် နှောကိန်းတန်ဘိုး "သီကုံးပြည့်အောင်