လူေတြရဲ့ Level / လူတွေရဲ့ Level

 


     စိတ္ပညာရွင္ေတြရဲ႕ ခုေနာက္ဆုံး သတ္မွတ္ခ်က္က.. လူေတြရဲ႕ အသိဉာဏ္ကို တိုင္းတာတဲ့စနစ္ဟာ ေလးမ်ိဳးေတာင္ ရွိလာသတဲ့..။


     * အိုင္က်ဴ (IQ)

     * အီးက်ဴ (EQ) ႏွစ္ခုနဲ႔တင္ မကဘဲ..

     * အက္စ္က်ဴ (SQ)

     * ေအက်ဴ (AQ) ဆိုတဲ့.. ႏွစ္ခုပါ ထပ္တိုးလာပါတယ္။

   

  အရွည္ကေတာ့ ...

     1) Intelligence Quotient (IQ)

     2) Emotional Quotient (EQ)

     3) Social Quotient (SQ)

     4) Adversity Quotient (AQ) တို႔ပဲ.. ျဖစ္ပါတယ္။

    

 အက်ယ္နည္းနည္းခ်ဲ႕.. ရွင္းျပပါ့မယ္။

     1) Intelligence Quotient (IQ)

     အိုင္က်ဴလို႔ အမ်ားသိတဲ့.. အသိဉာဏ္ လယ္ဗယ္က.. တကယ္ေတာ့ က်ိဳးေၾကာင္းဆက္စပ္ ေတြးေခၚမႈကို တိုင္းတာ႐ုံ သက္သက္ပဲ။ သခ်ၤာပုစာၦေတြကို.. ေျဖရွင္းႏိုင္တယ္၊ အျဖစ္အပ်က္ေတြကို.. မွတ္မိတယ္၊ အေတြ႕အႀကဳံထဲကေန.. သင္ခန္းစာ ယူႏိုင္တယ္၊ ဒါပဲ..။ အဲ့ဒါက.. ခင္ဗ်ားတို႔ရဲ႕ IQ level ပဲ..။


     2) Emotional Quotient (EQ)

     အီးက်ဴက်ေတာ့.. လူအမ်ားနဲ႔ မင္းရဲ႕ ဆက္သြယ္မႈ လယ္ဗယ္ကို.. တိုင္းတာတာ ျဖစ္တယ္။ 

     လူအမ်ားနဲ႔ ဆက္ဆံတဲ့အခါ.. မင္းဘယ္ေလာက္ အဆင္ေျပလဲ?၊ မင္း ဘယ္ေလာက္ ႐ိုးသားမႈရွိလဲ?၊ တာဝန္ယူမႈ တာဝန္ခံမႈ ရွိလား?၊ လူသားအခ်င္းခ်င္း.. ေလးစားတန္ဖိုးထားသလား?၊ ယဥ္ေက်းသိမ္ေမြ႕စြာ.. ေျပာဆိုဆက္ဆံႏိုင္လား?၊ သူမ်ား ပါစင္နယ္ကိစၥေတြကို.. ေလးစား ထိန္းသိမ္းၿပီး.. ကိုယ္ခ်င္းစာနာ ေတြးေခၚေပးႏိုင္လား?၊ ဒါေတြအားလုံးက.. ခင္ဗ်ားတို႔ရဲ႕.. EQ level ပါပဲ..။


     3) Social Quotient (SQ)

     ဒါကေတာ့.. ကိုယ့္ရဲ႕ မိတ္ေဆြ၊ အေပါင္းအသင္း၊ သူငယ္ခ်င္း၊ မိသားစု ေဆြမ်ိဳးေတြၾကားမွာ.. ဘယ္ေလာက္ထိ အခ်ိန္ၾကာၾကာ..ရင္းႏွီး ဆက္သြယ္မႈေတြကို ထိန္းထားႏိုင္လဲ?၊ ဘယ္ေလာက္ထိ ကိုယ့္ရဲ႕ အသိုင္းအဝိုင္းနဲ႔.. ေပါင္းသင္းဆက္ဆံေရး ကြန္ယက္ က်ယ္ျပန႔္သလဲ?၊ ဒါေတြကို.. တိုင္းတာႏိုင္တာက.. ဆိုရွယ္ SQ level ျဖစ္ပါသတဲ့..။


အထက္က သုံးခုထဲမွာ.. ဘဝကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ျဖတ္သန္းၿပီး.. အမ်ားထက္ပိုတဲ့ ထိပ္ဆုံးေနရာေတြ ေရာက္ရွိေနသူေတြဟာ.. ဒုတိယနဲ႔ တတိယ ျဖစ္တဲ့.. EQ နဲ႔ SQ လယ္ဗယ္ျမင့္မားသူေတြသာ ျဖစ္ပါသတဲ့..။ 


     အမ်ားထင္တဲ့.. အိုင္က်ဴ ျမင့္သူေတြ မဟုတ္ၾကဘူး။ သူတို႔ အိုင္က်ဴက.. ပုံမွန္ပဲတဲ့..။


     အိုင္က်ဴျမင့္တယ္ဆိုတဲ့ သူေတြဟာ..ေနာက္ဆုံးမွာ EQ နဲ႔ SQ ျမင့္တဲ့ ေဘာစိသူေဌး လုပ္ငန္းရွင္ေတြဆီမွာ.. လခစား ဝန္ထမ္းဘဝနဲ႔ သူတို႔ဘဝကို.. နိဂုံးခ်ဳပ္ရတယ္လို႔ေတာင္ ေျပာၾကတယ္။ 


     ဝမ္းနည္းစရာ ေကာင္းတာက..

စာသင္ေက်ာင္းေတြဟာ.. အိုင္က်ဴလယ္ဗယ္ ျမင့္မားေအာင္ လုပ္ေပးတဲ့ သင္ၾကားနည္းေတြက မ်ားေနၿပီး.. EQ နဲ႔ SQ level ကို တိုးတက္လာေအာင္ျပဳလုပ္ေပးတဲ့ သင္႐ိုးျပဌာန္းခ်က္ ပ႐ိုဂရမ္ေတြက.. အင္မတန္ နည္းေနတုန္းပဲတဲ့..။ (သူတို႔ဆီက ေက်ာင္းေတြမွာေတာင္ေနာ္)


     တစ္ကယ္ေတာ့.. EQ က ကိုယ့္ရဲ႕ ပင္ကိုစ႐ိုက္ သဘာဝကို ေဖာ္ျပၿပီး.. SQ က်ေတာ့.. အဲဒီ့ ကိုယ့္စ႐ိုက္က ကိုယ့္ပတ္ဝန္းက်င္ကို.. ဘယ္ေလာက္ထိ သက္ေရာက္သြားလဲလို႔.. ေဖာ္ျပတာပါတဲ့။


     ကဲ... ဒါဆို.. ေနာက္ဆုံးတစ္ခု လာၿပီ..။ ကိုယ့္ဦးေႏွာက္ အသိဉာဏ္ လယ္ဗယ္ကို တိုင္းတာႏိုင္တဲ့.. ေနာက္ဆုံး ေလးခုေျမာက္က..ဘာလဲ (ေတြ႕ရွိခ်က္ အသစ္တဲ့)


     4) The Adversity Quotient (AQ): 

     ေအက်ဴ ဆိုတာ...

     ဘဝမွာ ေတြ႕ႀကဳံလာရသမွ်.. ခက္ခဲၾကမ္းတမ္းတဲ့ ေျပာင္းလဲမႈေတြကို ရဲရဲရင္ဆိုင္ ေျဖရွင္း ေက်ာ္လႊားႏိုင္တဲ့.. စြမ္းရည္လယ္ဗယ္တဲ့..။ အဲ့ဒါ.. AQ level တဲ့..။


     (ေကာင္းလိုက္တဲ့ ဖြင့္ဆိုခ်က္)

     ျမန္မာစကားနဲ႔ ေျပာရရင္...   ေလာကဓံကို မင္း ဘယ္ေလာက္ ခံႏိုင္စြမ္း ရွိမလဲေပါ့ 


     ေအက်ဴလယ္ဗယ္ေပၚ မူတည္ၿပီး..

လူေတြဟာ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံမယ့္သူေတြ၊ မိသားစုကို စြန႔္ခြာ၊ ကိုယ့္ရင္ေသြး ကိုယ္စြန႔္ပစ္တဲ့သူေတြ.. ျဖစ္လာၾကတာပါတဲ့..။ ေအက်ဴလယ္ဗယ္ နိမ့္သူေတြက.. ဒုကၡကို.. ရင္မဆိုင္ႏိုင္ၾကသူေတြေပါ့။


     သားကြဲ၊ မယားကြဲ၊ အလုပ္ျပဳတ္၊ စိတ္က်၊ ဆူဆိုက္လုပ္၊ လက္ရွိဘဝကေန ထြက္ေျပးခ်င္ၾကသူေတြဟာ.. ေအက်ဴလယ္ဗယ္ နည္းေနခဲ့လို႔.. ဆိုပါေတာ့..။


     အႀကံျပဳခ်က္က...

     မိဘေတြဟာ.. ကိုယ့္သားသမီး ေအက်ဴလယ္ဗယ္ ျမင့္လာေအာင္.. ဘဝမွာ အခက္အခဲေတြနဲ႔ ငယ္စဥ္ထဲက ရင္ဆိုင္ေပးေတြ႕ၿပီး.. ေလ့က်င့္ သင္ၾကားေပးသင့္တယ္လို႔ ဆိုတယ္..။ (ျပစ္ဒဏ္ေပးတာမ်ိဳးမဟုတ္)


     သူ႔အသက္အ႐ြယ္၊ သူ႔အသိဉာဏ္ လယ္ဗယ္အတိုင္း.. ခႏၶာကိုယ္ေရာ၊ ဦးေႏွာက္ေရာကို အလုပ္ေပးတဲ့.. တာဝန္ဝတၱရားေတြ၊ ခိုင္းေစမႈေတြ.. ဥပမာ... အားကစားနဲ႔ အႏုပညာ ဖန္တီးမႈေတြ၊ ခြန္အားနဲ႔ လုပ္ရမယ့္.. အလုပ္ၾကမ္းေတြကိုလည္း လုပ္ခိုင္းတတ္ရမယ္ ဆိုပဲ..။


     အခ်ဴပ္ေျပာရရင္...

     အိုင္က်ဴ ျမင့္ရင္လည္း.. ေကာင္းပါတယ္။ မျမင့္ရင္လည္း.. ကိစၥ မရွိပါဘူး။ က်န္တဲ့သုံးခု.. (EQ/SQ/AQ) ျမင့္မားဖို႔က.. ပို အေရးႀကီးပါတယ္။


     ဒါမွ.. ဘဝအခက္အခဲ ဒုကၡေတြကို.. ေက်ာ္လႊားႏိုင္တဲ့သူေတြ ျဖစ္လာၾကမွာပါ။


     သူေရးထားတဲ့.. ေနာက္ဆုံးစကားေလး ႀကိဳက္တယ္။

     "သားသမီးေတြကို.. သူတို႔ေလွ်ာက္ဖို႔ လမ္းခင္း မေပးပါနဲ႔။ သူတို႔ကိုယ္တိုင္ လမ္းခင္းၿပီး.. ေလွ်ာက္တတ္ဖို႔ကို သင္ေပးပါ..." တဲ့..။


"Finally, do not prepare the road for your children. Prepare your children for the road."


 (စိတ္ပညာရွင္ေတြရဲ႕ အဆိုတစ္ခုကို..ဆီေလ်ာ္ေအာင္ ဘာသာျပန္ထားပါတယ္၊ ဖတ္ၾကည့္ေစခ်င္လို႔..။)


#Credit Original righter.

    

     စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံး သတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ လေးမျိုးတောင် ရှိလာသတဲ့..။


     * အိုင်ကျူ (IQ)

     * အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..

     * အက်စ်ကျူ (SQ)

     * အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

   

  အရှည်ကတော့ ...

     1) Intelligence Quotient (IQ)

     2) Emotional Quotient (EQ)

     3) Social Quotient (SQ)

     4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

    

 အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

     1) Intelligence Quotient (IQ)

     အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။


     2) Emotional Quotient (EQ)

     အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့ ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။ 

     လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။


     3) Social Quotient (SQ)

     ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။


     အထက်က သုံးခုထဲမှာ.. ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။ 


     အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။


     အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။ 


     ဝမ်းနည်းစရာ ကောင်းတာက..

စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (သူတို့ဆီက ကျောင်းတွေမှာတောင်နော်)


     တစ်ကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။


     ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။ ကိုယ့်ဦးနှောက် အသိဉာဏ် လယ်ဗယ်ကို တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ (တွေ့ရှိချက် အသစ်တဲ့)


     4) The Adversity Quotient (AQ): 

     အေကျူ ဆိုတာ...

     ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။


     (ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

     မြန်မာစကားနဲ့ ပြောရရင်...   လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ 


     အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..

လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။


     သားကွဲ၊ မယားကွဲ၊ အလုပ်ပြုတ်၊ စိတ်ကျ၊ ဆူဆိုက်လုပ်၊ လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. အေကျူလယ်ဗယ် နည်းနေခဲ့လို့.. ဆိုပါတော့..။


     အကြံပြုချက်က...

     မိဘတွေဟာ.. ကိုယ့်သားသမီး အေကျူလယ်ဗယ် မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။ (ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)


     သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။


     အချူပ်ပြောရရင်...

     အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။


     ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။


     သူရေးထားတဲ့.. နောက်ဆုံးစကားလေး ကြိုက်တယ်။

     "သားသမီးတွေကို.. သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့..။


"Finally, do not prepare the road for your children. Prepare your children for the road."


 (စိတ်ပညာရှင်တွေရဲ့ အဆိုတစ်ခုကို..ဆီလျော်အောင် ဘာသာပြန်ထားပါတယ်၊ ဖတ်ကြည့်စေချင်လို့..။)


#Credit Original righter.



Comments

Popular posts from this blog

ရာသီဖြား အေဟာ - မဟာဘုတ္ ေဗဒင္ပညာ

အဘဆရာၾကီး မင္းသိခၤ ေၿပာျပတဲ့ ဂဏန္းေဗဒင္

အေနာက္တုိင္း ဂဏန္းေဗဒင္ က ေၿပာတဲ့ သင့္ အမည္

ေရႊစာရံဘုရား ဒါယိကာမ ေစာမြန္လွရဲ႕ဘဝ ဇာတ္ေၾကာင္း

သေဘၤာသီးပင္ စိုက္ပ်ိဳးနည္း

ပ်ဴေခတ္ သမိုင္း ကြက္လပ္မ်ားနွင့္ ဖိုးပိုက္ဆံ ၏ ေနာက္က ေရႊတြင္းၾကီး

သင့္ နဖူးက ေျပာတဲ့ သင့္ အေၾကာင္း (သူမ်ားကိုလည္း ၾကည့္လို႔ရတယ္ေနာ္)

ကမ္းေဇာ္ဆီ ႏွင့္ ကင္ဆာ ေရာဂါ

ေမြးေန႔ ေဗဒင္

လၾကတ္ၿခင္း

 
365myanmar.com - Myanmar Online Shopping Mall