စကၤာပူက လူငယ္ေတြ ဘာလို႔ စာဖတ္ၾကသလဲ / စင်္ကာပူက လူငယ်တွေ ဘာလို့ စာဖတ်ကြသလဲ

 



ကြၽန္ေတာ္ မၾကာခင္က နတၱလင္းနားက တာပြန္ၿမိဳ႕ေလးကို ပၪၥဂံစာအုပ္တိုက္က ကိုေအာင္သူ (Mg Pyae) လိုက္ပို႔ေပးလို႔ ေရာက္သြားခဲ့တယ္။ အဲဒီၿမိဳ႕က လူငယ္ေလးေတြက စကားနည္းနည္း ေျပာေပးပါဆိုလို႔ အတူပါလာတဲ့ စာေရးဆရာ ေမာင္ေဇယ်ာနဲ႔ ကြၽန္ေတာ္တို႔ စကားနည္းနည္း ေျပာေပးခဲ့တယ္။ 


ကြၽန္ေတာ္ေျပာတဲ့ စကားထဲမွာ ခုလို ေျပာလိုက္တဲ့ စကားတစ္ခြန္းပါပါတယ္။

- "စကၤာပူမွာ လူငယ္ေတြကို လက္ဖက္ရည္ဆိုင္ထိုင္တာ မေတြ႕ရဘူး။ ညပိုင္းနဲ႔ ေက်ာင္းပိတ္ရက္ေတြမွာ လူငယ္ေတြကို ဘယ္မွာ ေတြ႕ရသလဲ။ စာၾကည့္တိုက္ေတြမွာပါ"

အခ်ိန္မရလို႔ သူတို႔ကို အဲဒီေလာက္ပဲ ေျပာျပခဲ့ပါတယ္။ အခု အဲဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ပိုၿပီးျပည့္စုံေအာင္ ေရးျပလိုက္ပါတယ္။


ကြၽန္ေတာ္လည္း ႐ုံးပိတ္ရက္ဆိုရင္ စကၤာပူက စာၾကည့္တိုက္ကို အၿမဲလိုလို ေရာက္တတ္ပါတယ္။ ေရာက္သြားတဲ့ အၿမဲတမ္းလိုလိုမွာ ထိုင္စရာထိုင္ခုံေနရာမရပါဘူး။ ထိုင္ခုံေတြအားလုံးမွာ အသက္ ၁၅ ႏွစ္နဲ႔ ၂၅ ႏွစ္ၾကားလူငယ္ေတြ ထိုင္ၿပီး စာဖတ္ေနၾကတယ္။ လူလတ္ပိုင္းနဲ႔ အသက္ႀကီးသူ နည္းနည္းပါးပါးေတာ့ ရွိပါတယ္။ ဒါနဲ႔ စကၤာပူမွာ လူငယ္ေတြ ဘာေၾကာင့္ စာအရမ္းဖတ္ၾကတာလဲဆိုတာကို ေလ့လာၾကည့္မိတယ္။ အဲဒီမွာ သိသာထင္ရွားတဲ့ အခ်က္ႏွစ္ခ်က္ကို ေတြ႕ရတယ္။


ပထမအခ်က္က စကၤာပူမွာ ၿမိဳ႕နယ္တိုင္းရဲ႕ လူစည္ကားတဲ့ေနရာေတြမွာ စာၾကည့္တိုက္ေတြရွိတယ္။ စာၾကည့္တိုက္ေတြဟာ အမ်ားအားျဖင့္ ၃ ထပ္ ၄ ထပ္နဲ႔ စာအုပ္ေပါင္း သိန္းခ်ီရွိတယ္။ 


စာၾကည့္တိုက္ေတြမွာ အမ်ားအားျဖင့္ အထပ္ေတြကို reference books; media room အျဖစ္ သတ္မွတ္ခြဲျခားထားတယ္။ ထူးျခားတာတစ္ခုက ပထမထပ္ကို ကေလးေတြ ေျပးလႊားေဆာ့ကစားဖို႔ ေနရာက်ယ္က်ယ္ဝန္းဝန္း လုပ္ထားေပးတယ္။ 


မိဘေတြကလည္း အျပင္မွာ ပူလို႔ ေလေအးစက္ေပးထားတဲ့ အဲဒီအခန္းထဲကို ေက်ာင္းပိတ္ရက္ဆိုရင္ သူတို႔ ကေလးေတြကို ေခၚလာၾကတယ္။ ကေလးေတြဟာ အခန္းက်ယ္ႀကီးထဲမွာ လြတ္လြတ္လပ္ ေျပးလႊားေဆာ့ကစားၾကတယ္။ သူတို႔ ေဆာ့ကစားလို႔ ေမာလာတဲ့အခါမွာ ဘာလုပ္ၾကသလဲ။ ၾကမ္းေပၚမွာ ထိုင္ခ်လိုက္တယ္။ အနားက စာအုပ္စင္ေပၚမွာ ျပထားတဲ့ ေရာင္စုံကေလးစာအုပ္ေလးေတြကို ေကာက္ကိုင္ၿပီး ၾကည့္တယ္။ သူတို႔ စာမဖတ္တတ္ၾကေသးပါဘူး။ ဒါေပမဲ့ အၿမဲတမ္း စာၾကည့္တိုက္ကို လာေနလို႔ စာအုပ္နဲ႔ ရင္းႏွီးသြားၿပီ။ စာအုပ္ကို မေၾကာက္ၾကေတာ့ဘူး။ စာအုပ္ကို စိတ္ဝင္စားသြားၿပီ။ ဒါက စကၤာပူအစိုးရရဲ႕ စာမဖတ္တတ္ေသးတဲ့ ကေလးေတြကို စာအုပ္နဲ႔ ရင္းႏွီးေအာင္ လုပ္ေပးလိုက္ျခင္းပါ။


ဒုတိယအခ်က္က စာအုပ္နဲ႔ ရင္းႏွီးသြားတဲ့ ကေလးေတြ စာဖတ္တတ္လာခ်ိန္မွာ စာဖတ္ေအာင္ ေက်ာင္းေတြက ေလ့က်င့္ေပးျခင္းပါ။ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က အသက္ ၆ ႏွစ္႐ြယ္ မူလတန္းေက်ာင္းတက္ေနတဲ့ ကြၽန္ေတာ့္ေျမးမေလးက ႐ုံးပိတ္ရက္ တနဂၤေႏြေန႔မွာ သူ႔အေဖ (ကြၽန္ေတာ့္သားႀကီး) ကို အိမ္နားက စာၾကည့္တိုက္ကို လိုက္ပို႔ခိုင္းတယ္။ 


သူ႔အေဖက ဘာျဖစ္လို႔ စာၾကည့္တိုက္ကို သြားခ်င္တာလဲလို႔ ေမးေတာ့ ေျမးမက ျပန္ေျဖတယ္။ သူတို႔ ေက်ာင္းက ဆရာမက စာၾကည့္တိုက္က စာအုပ္တစ္အုပ္ ငွားရမယ္၊ စာအုပ္ကို ဖတ္ၿပီးရင္ အတန္းထဲက ေက်ာင္းသူ ေက်ာင္းသားေတြကို အတန္းေရွ႕ထြက္ၿပီး စာအုပ္ထဲက အေၾကာင္းေတြကို ေျပာရမယ္တဲ့။ အတန္းထဲက ကေလးတိုင္းကို အဲဒါလုပ္ဖို႔ ဆရာမက အလွည့္က် တာဝန္ေပးတယ္။ ကေလးေတြ စာ မဖတ္လို႔ မရေတာ့ဘူး။


ဒီအခ်က္ ၂ ခ်က္က သိသာထင္ရွားလို႔ ေရးျပတာပါ။ စကၤာပူအစိုးရက စာဖတ္ခ်င္ေအာင္ လုပ္ေပးတဲ့ အစီအစဥ္ေတြ အမ်ားႀကီး ရွိပါေသးတယ္။ အြန္လိုင္းက စာအုပ္ငွားလို႔ရေအာင္ လုပ္ေပးတယ္၊ 10000 fathers reading ဆိုတဲ့ ကေလးအေဖ အေယာက္ တစ္ေသာင္းဟာ ကေလးေတြကို စာဖတ္ျပေပးတဲ့ အစီအစဥ္ စတာေတြပါ။ စာရွည္မွာစိုးလို႔ မေရးျပေတာ့ပါဘူး။ 


စကၤာပူအစိုးရက ဘာေၾကာင့္ လူငယ္ေတြ စာဖတ္တာကို အရမ္းအားေပးေနရတာလဲ။ အေျဖက ရွင္းရွင္းေလးပါ။ သူတို႔ဟာ ေနာင္တခ်ိန္မွာ စကကၤာပူႏိုင္ငံကို လူငယ္ေတြလက္ထဲ အပ္ခဲ့ရမွာမို႔ လူငယ္ေတြကို စဥ္းစားဆင္ျခင္ဉာက္ ျပည့္ဝေအာင္ လုပ္ေပးေနတာပါ။


 ေနာက္ၿပီး ရန္ကုန္ေလာက္ပဲ က်ယ္ဝန္းတဲ့ စကၤာပူကြၽန္းေလးမွာ သယံဇာတ လုံးဝမရွိဘူး။ ေနာက္ဆုံး ေသာက္စရာ ေရမထြက္လို႔ ႏိုင္ငံျခားက ဝယ္ေနရတယ္။ သူတို႔မွာ ရွိတာ လူေတြပဲ။ ဒါေၾကာင့္ လူေတြကို အသိဉာဏ္ပညာနဲ႔ ျပည့္စုံေအာင္ အေကာင္းဆုံး တကၠသိုလ္ ေက်ာင္းေတြကို ဖြင့္ထားတယ္။ ႀကီးက်ယ္ခမ္းနားတဲ့ စာၾကည့္တိုက္ေတြ ဖြင့္ေပးတယ္။ စာၾကည့္တိုက္ေတြမွာ လူငယ္ေတြ စာဖတ္ခ်င္ေအာင္ ကေလးဘဝကတဲက ေလ့က်င့္ေပးတယ္။


စကၤာပူႏိုင္ငံဆိုတဲ့ ပိစိေကြး ႏိုင္ငံေလးဟာ ကမာၻ႔ထိပ္တန္ႏိုင္ငံတစ္ခု ျဖစ္ေနတာဟာ သူတို႔ဆီက လူေတြ စာအရမ္းဖတ္ၾကတယ္။ လက္ဖက္ရည္ဆိုင္ မထိုင္ဘူး။ တီဗြီေရွ႕မွာ အၾကာႀကီး ထိုင္ၿပီး အခ်ိန္မျဖဳန္းၾကဘူး။ ေဖ့ဘုတ္ပြတ္ၿပီး အခ်ိန္မျဖဳန္းဘူးဆိုတဲ့ အခ်က္ဟာလည္း အဓိကအခန္းက ပါဝင္ပါတယ္။ သူတို႔ႏိုင္ငံ ကံေကာင္းလို႔ ခ်မ္းသာတာ မဟုတ္ပါဘူး။ အစိုးရေကာင္းသလို လူေတြကလည္း အသိဉာဏ္ပညာေတြ ျပည့္ဝေနၾကလို႔ပါ။


ကြၽန္ေတာ္တို႔ စကၤာပူကို အမွီလိုက္ခ်င္ရင္ ဒါေလးနဲ႔ပဲ စလုပ္ၾကရေအာင္ပါ။


ကြၽန္ေတာ့္အျမင္သက္သက္ကို ေရးထားတာပါ။ 


Credit ... ဗန္းေမာ္သိန္းေဖ

၂၁-၁၀-၂၀၁၇



ကျွန်တော် မကြာခင်က နတ္တလင်းနားက တာပွန်မြို့လေးကို ပဉ္စဂံစာအုပ်တိုက်က ကိုအောင်သူ (Mg Pyae) လိုက်ပို့ပေးလို့ ရောက်သွားခဲ့တယ်။ အဲဒီမြို့က လူငယ်လေးတွေက စကားနည်းနည်း ပြောပေးပါဆိုလို့ အတူပါလာတဲ့ စာရေးဆရာ မောင်ဇေယျာနဲ့ ကျွန်တော်တို့ စကားနည်းနည်း ပြောပေးခဲ့တယ်။ 


ကျွန်တော်ပြောတဲ့ စကားထဲမှာ ခုလို ပြောလိုက်တဲ့ စကားတစ်ခွန်းပါပါတယ်။


- "စင်္ကာပူမှာ လူငယ်တွေကို လက်ဖက်ရည်ဆိုင်ထိုင်တာ မတွေ့ရဘူး။ ညပိုင်းနဲ့ ကျောင်းပိတ်ရက်တွေမှာ လူငယ်တွေကို ဘယ်မှာ တွေ့ရသလဲ။ စာကြည့်တိုက်တွေမှာပါ"

အချိန်မရလို့ သူတို့ကို အဲဒီလောက်ပဲ ပြောပြခဲ့ပါတယ်။ အခု အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ပိုပြီးပြည့်စုံအောင် ရေးပြလိုက်ပါတယ်။


ကျွန်တော်လည်း ရုံးပိတ်ရက်ဆိုရင် စင်္ကာပူက စာကြည့်တိုက်ကို အမြဲလိုလို ရောက်တတ်ပါတယ်။ ရောက်သွားတဲ့ အမြဲတမ်းလိုလိုမှာ ထိုင်စရာထိုင်ခုံနေရာမရပါဘူး။ ထိုင်ခုံတွေအားလုံးမှာ အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်ကြားလူငယ်တွေ ထိုင်ပြီး စာဖတ်နေကြတယ်။ လူလတ်ပိုင်းနဲ့ အသက်ကြီးသူ နည်းနည်းပါးပါးတော့ ရှိပါတယ်။


ဒါနဲ့ စင်္ကာပူမှာ လူငယ်တွေ ဘာကြောင့် စာအရမ်းဖတ်ကြတာလဲဆိုတာကို လေ့လာကြည့်မိတယ်။ အဲဒီမှာ သိသာထင်ရှားတဲ့ အချက်နှစ်ချက်ကို တွေ့ရတယ်။


ပထမအချက်က စင်္ကာပူမှာ မြို့နယ်တိုင်းရဲ့ လူစည်ကားတဲ့နေရာတွေမှာ စာကြည့်တိုက်တွေရှိတယ်။ စာကြည့်တိုက်တွေဟာ အများအားဖြင့် ၃ ထပ် ၄ ထပ်နဲ့ စာအုပ်ပေါင်း သိန်းချီရှိတယ်။ 


စာကြည့်တိုက်တွေမှာ အများအားဖြင့် အထပ်တွေကို reference books; media room အဖြစ် သတ်မှတ်ခွဲခြားထားတယ်။ ထူးခြားတာတစ်ခုက ပထမထပ်ကို ကလေးတွေ ပြေးလွှားဆော့ကစားဖို့ နေရာကျယ်ကျယ်ဝန်းဝန်း လုပ်ထားပေးတယ်။ 


မိဘတွေကလည်း အပြင်မှာ ပူလို့ လေအေးစက်ပေးထားတဲ့ အဲဒီအခန်းထဲကို ကျောင်းပိတ်ရက်ဆိုရင် သူတို့ ကလေးတွေကို ခေါ်လာကြတယ်။ ကလေးတွေဟာ အခန်းကျယ်ကြီးထဲမှာ လွတ်လွတ်လပ် ပြေးလွှားဆော့ကစားကြတယ်။ သူတို့ ဆော့ကစားလို့ မောလာတဲ့အခါမှာ ဘာလုပ်ကြသလဲ။ ကြမ်းပေါ်မှာ ထိုင်ချလိုက်တယ်။ အနားက စာအုပ်စင်ပေါ်မှာ ပြထားတဲ့ ရောင်စုံကလေးစာအုပ်လေးတွေကို ကောက်ကိုင်ပြီး ကြည့်တယ်။ သူတို့ စာမဖတ်တတ်ကြသေးပါဘူး။ ဒါပေမဲ့ အမြဲတမ်း စာကြည့်တိုက်ကို လာနေလို့ စာအုပ်နဲ့ ရင်းနှီးသွားပြီ။ စာအုပ်ကို မကြောက်ကြတော့ဘူး။ စာအုပ်ကို စိတ်ဝင်စားသွားပြီ။ ဒါက စင်္ကာပူအစိုးရရဲ့ စာမဖတ်တတ်သေးတဲ့ ကလေးတွေကို စာအုပ်နဲ့ ရင်းနှီးအောင် လုပ်ပေးလိုက်ခြင်းပါ။


ဒုတိယအချက်က စာအုပ်နဲ့ ရင်းနှီးသွားတဲ့ ကလေးတွေ စာဖတ်တတ်လာချိန်မှာ စာဖတ်အောင် ကျောင်းတွေက လေ့ကျင့်ပေးခြင်းပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အသက် ၆ နှစ်ရွယ် မူလတန်းကျောင်းတက်နေတဲ့ ကျွန်တော့်မြေးမလေးက ရုံးပိတ်ရက် တနင်္ဂနွေနေ့မှာ သူ့အဖေ (ကျွန်တော့်သားကြီး) ကို အိမ်နားက စာကြည့်တိုက်ကို လိုက်ပို့ခိုင်းတယ်။ 


သူ့အဖေက ဘာဖြစ်လို့ စာကြည့်တိုက်ကို သွားချင်တာလဲလို့ မေးတော့ မြေးမက ပြန်ဖြေတယ်။ သူတို့ ကျောင်းက ဆရာမက စာကြည့်တိုက်က စာအုပ်တစ်အုပ် ငှားရမယ်၊ စာအုပ်ကို ဖတ်ပြီးရင် အတန်းထဲက ကျောင်းသူ ကျောင်းသားတွေကို အတန်းရှေ့ထွက်ပြီး စာအုပ်ထဲက အကြောင်းတွေကို ပြောရမယ်တဲ့။ အတန်းထဲက ကလေးတိုင်းကို အဲဒါလုပ်ဖို့ ဆရာမက အလှည့်ကျ တာဝန်ပေးတယ်။ ကလေးတွေ စာ မဖတ်လို့ မရတော့ဘူး။


ဒီအချက် ၂ ချက်က သိသာထင်ရှားလို့ ရေးပြတာပါ။ စင်္ကာပူအစိုးရက စာဖတ်ချင်အောင် လုပ်ပေးတဲ့ အစီအစဉ်တွေ အများကြီး ရှိပါသေးတယ်။ အွန်လိုင်းက စာအုပ်ငှားလို့ရအောင် လုပ်ပေးတယ်၊ 10000 fathers reading ဆိုတဲ့ ကလေးအဖေ အယောက် တစ်သောင်းဟာ ကလေးတွေကို စာဖတ်ပြပေးတဲ့ အစီအစဉ် စတာတွေပါ။ စာရှည်မှာစိုးလို့ မရေးပြတော့ပါဘူး။ 


စင်္ကာပူအစိုးရက ဘာကြောင့် လူငယ်တွေ စာဖတ်တာကို အရမ်းအားပေးနေရတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ သူတို့ဟာ နောင်တချိန်မှာ စကင်္ကာပူနိုင်ငံကို လူငယ်တွေလက်ထဲ အပ်ခဲ့ရမှာမို့ လူငယ်တွေကို စဉ်းစားဆင်ခြင်ဉာက် ပြည့်ဝအောင် လုပ်ပေးနေတာပါ။


 နောက်ပြီး ရန်ကုန်လောက်ပဲ ကျယ်ဝန်းတဲ့ စင်္ကာပူကျွန်းလေးမှာ သယံဇာတ လုံးဝမရှိဘူး။ နောက်ဆုံး သောက်စရာ ရေမထွက်လို့ နိုင်ငံခြားက ဝယ်နေရတယ်။ သူတို့မှာ ရှိတာ လူတွေပဲ။ ဒါကြောင့် လူတွေကို အသိဉာဏ်ပညာနဲ့ ပြည့်စုံအောင် အကောင်းဆုံး တက္ကသိုလ် ကျောင်းတွေကို ဖွင့်ထားတယ်။ ကြီးကျယ်ခမ်းနားတဲ့ စာကြည့်တိုက်တွေ ဖွင့်ပေးတယ်။ စာကြည့်တိုက်တွေမှာ လူငယ်တွေ စာဖတ်ချင်အောင် ကလေးဘဝကတဲက လေ့ကျင့်ပေးတယ်။


စင်္ကာပူနိုင်ငံဆိုတဲ့ ပိစိကွေး နိုင်ငံလေးဟာ ကမ္ဘာ့ထိပ်တန်နိုင်ငံတစ်ခု ဖြစ်နေတာဟာ သူတို့ဆီက လူတွေ စာအရမ်းဖတ်ကြတယ်။ လက်ဖက်ရည်ဆိုင် မထိုင်ဘူး။ တီဗွီရှေ့မှာ အကြာကြီး ထိုင်ပြီး အချိန်မဖြုန်းကြဘူး။ ဖေ့ဘုတ်ပွတ်ပြီး အချိန်မဖြုန်းဘူးဆိုတဲ့ အချက်ဟာလည်း အဓိကအခန်းက ပါဝင်ပါတယ်။ သူတို့နိုင်ငံ ကံကောင်းလို့ ချမ်းသာတာ မဟုတ်ပါဘူး။ အစိုးရကောင်းသလို လူတွေကလည်း အသိဉာဏ်ပညာတွေ ပြည့်ဝနေကြလို့ပါ။


ကျွန်တော်တို့ စင်္ကာပူကို အမှီလိုက်ချင်ရင် ဒါလေးနဲ့ပဲ စလုပ်ကြရအောင်ပါ။


ကျွန်တော့်အမြင်သက်သက်ကို ရေးထားတာပါ။ 


Credit ... ဗန်းမော်သိန်းဖေ

၂၁-၁၀-၂၀၁၇


Comments

Popular posts from this blog

ရာသီဖြား အေဟာ - မဟာဘုတ္ ေဗဒင္ပညာ

စားေကာင္းသေလာက္ အခန္႔မသင့္ရင္ အသက္ကိုပါ ႏွုတ္ယူႏုိင္တ့ဲ တည္သီး

လူအမ်ား သိၾကသည့္ ခုႏွစ္စဥ္ၾကယ္

ကမ္းေဇာ္ဆီ ႏွင့္ ကင္ဆာ ေရာဂါ

အဘဆရာၾကီး မင္းသိခၤ ေၿပာျပတဲ့ ဂဏန္းေဗဒင္

ဒီလို နိမိတ္ေတြ ျမင္ရင္ မေကာင္းဘူး

အရြယ္တင္ ႏုပ်ိဳ ခ်င္ပါသလား ? ေဆးေျခာက္ရွဴပါ

သီတင္းက်ြတ္ လၿပည္႔ . အဘိဓမၼာ အခါေတာ္ေန႔

တဏွာစိတ္ေတြ ထိန္းလို႔ မရေအာင္ျဖစ္ေနတဲ့ အပ်ိဳေဖာ္၀င္စ မိန္းကေလး တစ္ေယာက္

ေရႊစာရံဘုရား ဒါယိကာမ ေစာမြန္လွရဲ႕ဘဝ ဇာတ္ေၾကာင္း

 
365myanmar.com - Myanmar Online Shopping Mall