မမြဲ ခြင်း မှ မြဲခြင်း သို့ 
ဒီကနေ့  ကမ္ဘာကြီး မှာ ဖြစ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဟာ ဘုရားရှင်ဟော ခဲ့တဲ့ မမြဲခြင်း ဆိုတဲ့ နိယာမ ကို ပိုမို ပေါ်လွင်စေသလိုပဲ ။ ပိုင်ဆိုင်မှု့ပေါင်း များစွာ ပိုင်ဆိုင် ပြီး ကိုယ့်ကို ကိုယ် ချမ်းသာတယ် ဆိုတဲ့ သူဋ္ဌေးကြီးတွေ ။ သားသမီးတွေ နဲ့  ပျော်မြူးနေပြီး အမြဲတမ်း ပျော်ရွှင်နေရမယ် ထင်နေသူတွေ ။ ကျမ်းမာတယ် သန်စွမ်းတယ် ရုတ်တရက် ဘာမှ မဖြစ်နိုင်သေးဘူး လို့ ထင်ထားသူတွေဟာ ..... ငလျှင် လှုပ်တာ စစ်ဖြစ်တာ မီးလောင်တာ စတဲ့ သဘာဝ ရဲ့ ဘေးအန္တရာ ယ်တွေ နဲ့  ရုတ်တရက် ကြုံကြ ရတော့ သေဆုံးခဲ့ကြတယ် ။ သားသမီးတွေ နဲ့  ရှင်ကွဲ သေကွဲ ကွဲခဲ့ကြတယ် ။ လိုတာ ရတဲ့သူဌေးကြီး ဘဝကနေ ကုန်းကောက်စရာ မရှိအောင် ရုတ်တရက် မွဲသွား ခဲ့တယ် ။ ကမ္ဘာကြီး ရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ နောက်ကျော မလုံတော့ဘူး ။ ဒီနေ့ သဌေး မနက်ဖန် ဆင်းရဲသား ၊ ဒီနေ့ လူ နောက်နေ့  ဘယ်ဘုံရောက်မလဲ ၊ ဒီနေ့ သာသနာတွင်း မှာ ကုသိုလ် ယူနိုင်တယ် ၊ မနက်ဖြန် သာသနာ ပ ချက်ချင်းရောက်နိုင်တယ် ၊ တကယ်တော့...................... ဒီနေ့ ဖြစ်နေတဲ့ အပျက်တွေ ကနေ သံဝေဂ ဥာဏ် ယူတတ်ရင် ၊ နိဗ္ဗာန် ထိ ခရီးရောက်ပါတယ် ။ ပဋာစာရီ တို့  ခေမာ တို့  မဟာဓန တို့ ရဲ့ ပျက်စီ