မမြဲ ခြင်း မှ မြဲခြင်း သို့ 




 


ဒီကနေ့  ကမ္ဘာကြီး မှာ ဖြစ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဟာ ဘုရားရှင်ဟော ခဲ့တဲ့ မမြဲခြင်း
ဆိုတဲ့ နိယာမ ကို ပိုမို ပေါ်လွင်စေသလိုပဲ ။

ပိုင်ဆိုင်မှု့ပေါင်း များစွာ ပိုင်ဆိုင် ပြီး ကိုယ့်ကို ကိုယ် ချမ်းသာတယ် ဆိုတဲ့ သူဋ္ဌေးကြီးတွေ ။
သားသမီးတွေ နဲ့  ပျော်မြူးနေပြီး အမြဲတမ်း ပျော်ရွှင်နေရမယ် ထင်နေသူတွေ ။

ကျမ်းမာတယ် သန်စွမ်းတယ် ရုတ်တရက် ဘာမှ မဖြစ်နိုင်သေးဘူး လို့ ထင်ထားသူတွေဟာ .....

ငလျှင် လှုပ်တာ စစ်ဖြစ်တာ မီးလောင်တာ စတဲ့ သဘာဝ ရဲ့ ဘေးအန္တရာ ယ်တွေ နဲ့  ရုတ်တရက် ကြုံကြ ရတော့ သေဆုံးခဲ့ကြတယ် ။

သားသမီးတွေ နဲ့  ရှင်ကွဲ သေကွဲ ကွဲခဲ့ကြတယ် ။

လိုတာ ရတဲ့သူဌေးကြီး ဘဝကနေ ကုန်းကောက်စရာ မရှိအောင် ရုတ်တရက် မွဲသွား ခဲ့တယ် ။

ကမ္ဘာကြီး ရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ နောက်ကျော မလုံတော့ဘူး ။

ဒီနေ့ သဌေး မနက်ဖန် ဆင်းရဲသား ၊

ဒီနေ့ လူ နောက်နေ့  ဘယ်ဘုံရောက်မလဲ ၊

ဒီနေ့ သာသနာတွင်း မှာ ကုသိုလ် ယူနိုင်တယ်
၊ မနက်ဖြန် သာသနာ ပ ချက်ချင်းရောက်နိုင်တယ် ၊

တကယ်တော့......................

ဒီနေ့ ဖြစ်နေတဲ့ အပျက်တွေ ကနေ သံဝေဂ ဥာဏ် ယူတတ်ရင် ၊ နိဗ္ဗာန် ထိ ခရီးရောက်ပါတယ် ။

ပဋာစာရီ တို့  ခေမာ တို့  မဟာဓန တို့ ရဲ့ ပျက်စီးမှု့တွေက သံဝေဂ ယူနေရတာ ဝေးပါသေးတယ် ။

မိတ်ဆွေတို့ သာ သံဝေဂဥာဏ် ယူတတ်ရင် ကြည့်လိုက်ပါ ။





ကမ္ဘာ့ သတင်း မြန်မာ့ သတင်း... လူတွေ ရဲ့ ဒီနေ့ အဖြစ်အပျက်တွေ ဟာ
မျက်လှည့် ဆရာ ပြတာ ကမှ ကြာပါဦးမယ် ။ တစ်ကယ် ကို သံဝေဂ ဥာဏ် ရဖို့ ကောင်းတဲ့ ခေတ်ကြီးပါ ။

နိဗ္ဗာန် ဆိုတာ..............

ကိုယ်ပျက် မှ သံဝေဂ ရပြီး ယူရတာမဟုတ်ဘူး ။

သူများ အပျက် ကနေလည်း သံဝေဂ ယူတတ်ရင် ရပါတယ်  လို့  သတိပေးချင်ပါတယ် ။

မမြဲတဲ့ လောကကြီး ကို အရင်းပြုပြီး မြဲတဲ့ အရာ ကို အရယူ ရှာဖွေ နိုင်ကြပါစေ။

စေတနာ များစွာဖြင့်........................................







ဦးမြင့်ခိုင်

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

သင်္ဘောသီးပင် စိုက်ပျိုးနည်း

ငါးမျက်စေ့ (သို့) အသားမာ (Corn)

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လကြတ်ခြင်း

 
365myanmar.com - Myanmar Online Shopping Mall