ချွေးပေါက် ကျယ်နေလား...


 သူများတွေ မိတ်ကပ်လိမ်း နေ့တစ်ဝက်ထိ အလှမပျက်၊ ကျွန်မ မှာတော့ ချွေးပေါက် ကျယ်လို့ မျက်နှာ အဆီ တစ်ဝင်းဝင်း နဲ့။ မိန်းကလေး ဆိုတော့၊ ဒီတိုင်းကြည့်လို့ ချွေးပေါက် အထင်းသားမြင်ရတာ သိပ် ဘဝင် မကျလှ ပါဘူး။ 

ဒါနဲ့ ဟိုနေ့က ကုန်ကြမ်း လိုက်ရှာနေတုန်း Bellasugar က၊ How to get Rid of Large Pores : DIY Egg White Treatment တွေ့လို့ ကိုယ်တိုင် လုပ်ကြည့်လိုက်ပါတယ်။ အစ်မရို့စ် လည်း အဲဒီလို လိမ်းတယ် ဆိုတော့၊ စမ်းရတာ အားရှိတာပေါ့နော်။



လုပ်မယ်ဆို လိုအပ်တာက ကြက်ဥ တစ်လုံး။ :) 
အနှစ်ကို ခွဲထုတ်လိုက်ပြီး၊ အကာ ကို ပန်းကန်လုံး ထဲမှာထည့်ပါ။ 



ဇွန်း နဲ့ အဖြူရောင် အမြှုပ်လေးတွေ ထတဲ့ အထိ နာနာခေါက်ပါ။


ပြီးရင် cotton pad လေးကိုယူ၊ မျက်နှာ အနှံ့မှာ လိုက်လိမ်း။ ၅ မိနစ်လောက်နေရင်၊ မျက်နှာ တင်းတင်းလေးဖြစ်ပါလိမ့်မယ်။ အကုန်ခြောက်သွားရင် ရေနွေးနွေးလေး နဲ့ မျက်နှာသစ်ပြီး၊ ထူးခြားမှုကို ခံစားကြည့်ပေါ့နော်။

 


တွေ့ရှိချက် ။ ။ 

လုပ်ရတာ လွယ်ပြီး၊ မျက်နှာ တင်းတင်းလေးဖြစ်သွားတယ်။ နောက်တစ်ရက် သိပ် အဆီမပြန်တော့ဘူး။  ဟိုတစ်ခေါက် လှချင်ရက် စက်စက်ယို တုန်းကလို ဝက်ခြံလည်း ထွက် မလာဘူးရှင့်။ :)
 ကြက်ဥ အနံ့တော့ နည်းနည်း သည်းခံရတာပေါ့နော်။

ပျိုမေတွေ လှသည်ထက် လှနိုင်ကြပါစေရှင်။

 http://thanakharmay.blogspot.my/2013/10/blog-post.html



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

မင်းသမီး လှလှမိုး နဲ့ ဧည့်ဂေဟာ.. ၃ ( ပ၇လောကသား တို့နှင့် သက်ဆိုင်သမျှ)

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

မွေးနေ့ ဗေဒင်

ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

ရှင်စောပု ဘုရင်မကြီး သုံးခဲ့သော ခေါင်းဆောင်းတော်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

 
365myanmar.com - Myanmar Online Shopping Mall