ဟာဝိုင်ယီ လူမျိုးများ၏ အသက်ရှည်အောင် နေထိုင်နည်းများ
ဟာဝိုင်ယီ လူမျိုးတွေဟာ အမေရိက တိုက်မှာ အသက်ရှည်ဆုံး လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ နှလုံးသွေးကြော ရောဂါကြောင့် သေဆုံးနှုန်း အနည်းဆုံး ဖြစ်ပြီး အဝလွန်နှုန်းနဲ့ ဆေးလိပ် သောက်နှုန်း ဟာလည်း သိသိ သာသာ နည်းပါးနေတာကြောင့် ရောဂါ ဖြစ်နိုင်ခြေ နည်းသွားတာလို့ သိရပါတယ်။ အသက်ရှ ည်ရှည် နေနိုင်ဖို့ ဟာဝိုင်ယီ လူမျိုးတွေ ရဲ့ အမူအကျင့် ငါးမျိုး ကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။ ကျန်းမာရေး အမူအကျင့် (၁) ဟာဝိုင်ယီ လူမျိုးတွေဟာ ငါးများများ စားပါတယ် ။ ငါး စားတာကြောင့် အသား ဓာတ်တွေ ရရှိစေတဲ့ အပြင် နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ အိုမီဂါသရီး ဖက်တီး အက်စစ်လည်း ရရှိနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ငါးသေတ္တာ၊ ငါးတန်၊ ငါးကြင်း၊ ငါးမြင်း နဲ့ ငါးသလောက် လိုမျိုး ငါးတွေမှာ အိုမီဂါသရီး များများ ပါဝင်ပြီး မာကျူရီ ပါဝင်မှု အဆင့်လည်း နည်းတာကြောင့် အနည်းဆုံး တစ်ပတ် ကို နှစ်ကြိမ် ငါးစားပေးပါ။ ကျန်းမာရေး အမူအကျင့် (၂) သူတို့ဟာ လတ်ဆတ် တဲ့ သစ်သီး နဲ့ ဟင်းသီး ဟင်းရွက် များများ စားပါတယ်။ ဟာဝိုင်ယီ လူမျိုး အများစုဟာ နေ့စဉ် သတ်မှတ်ထားတဲ့ လိုအပ်ချက် ဖြစ်တဲ့ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် ငါးပုံ