မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့
မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။ ၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့် သက်သာ ကြည့် နိုင်သော နေရာ ဖြစ်ရမည်ဖြစ်ပြီး နေ့လည့်ခင်း နေပူအောက်ကြည့်ရှု့ခြင်း ရှောင်ပါ ။ အပူဒါဏ် ပြင်း ထန်လွန်း သဖြင့် ကားကြည့်ရှုသော အခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တတ်ပါတယ်။ အပူဒါဏ် သက်သာအောင် ဆိုပြီး ညနေဘက် နဲ့ မိုးချူပ် ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ..။ ၂။ ကားကိုတွေ့တာနဲ့ ကားထိုင်ခုံ ခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိ အကျ ရေးထားပါတယ် ။ ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ကြည့်တာနဲ့ တွေ့ရပါမယ် ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါလို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ် ကြရမှာဖြစ်လို့ ... ကျန်တာတွေ ခဏ မေ့လိုက်ပါ ။ ၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ ။ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုး