ကာမီကာဇေ -သို့မဟုတ်- အသက်ထက် တိုင်းပြည်ကို ချစ်မြတ်နိုးကြသူများ
ကာမီကာဇေ ခေါ် ဂျပန် လေသူရဲ တို့ရဲ့ အသေခံ တိုက်ခိုက်မှု့များကို ဒုတိယ ကမ္ဘာစစ်ကြီး ၏ နောက်ဆုံးနှစ် ၌ မြင်တွေ့ခဲ့ရပြီး ဒုတိယကမ္ဘာစစ် ရဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကာမီကာဇေ ဟာ ဂျပန်ပြည်မကြီးဆီကို ဦးတည် လာနေတဲ့ ခေတ်မှီပြီး အင်အားတောင့်တင်းလှတဲ့ တပ်တော်ကြီး ကို ရပ်တန့်ဖို့ အတွက် နောက်ဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။
ကာမီကာဇေ တိုက်ခိုက်နည်း ဗျူဟာကို ၁၉၄၄ ခုနှစ် အောက်တိုဘာ ၁၉ တွင် ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး အိုနီရှီ က စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ အိုနီရှီ ဟာ ဖိလစ်ပိုင် စစ်မြေပြင်တွင် အမေရိကန် ရေတပ်တော်ကြီးကို တိုက်ခိုက်ရန် တာဝန်ယူ ခဲ့ရပြီး သူ့လက်အောက်တွင် လေယာဉ် ၁၀၀ ခန့်သာရှိသည့် အတွက် ထိုလေယာဉ်များနှင့် သမာရိုးကျ တိုက်ခိုက်လျင် အမေရိကန် ရေတပ်သင်္ဘောများကို ဆေးပွန်းအောင်တောင် လုပ်နိုင်မည်မဟုတ်ပေ။
ထို့အတွက် အိုနီရှိ မှာ အကြံထုတ်လျက်ရှိရာ လမ်းညွှန် စနစ်သုံး ဗုံးများဟာ သာမန် ဗုံးများထက် ပစ်မှတ် ကို ပို၍ ထိမှန်အောင် ပစ်ခတ်နိုင်သည်ကို တွေးမိလျက် ၁၉၄၃ ခုနှစ်ကတည်းက ဂျာမန် တို့ အသုံးပြုနေတဲ့ ရေဒီယို ထိန်းချုပ်စနစ်သုံး ' Fritz X ' ဒုံးများ ဂျပန်တွင် ရှိရင် ကောင်းမှာပဲဟု တွေးနေမိပါတယ်။
အိုနီရှီ အကြံတစ်ခု ရလိုက်ပါတယ်။ ဗုံးတွေကို ကြဲမချပဲ လေယာဉ်ပါ ထိုးစိုက် ချလိုက်လျင် ပို၍ တိကျစွာ ဖျက်ဆီးနိုင်မှာဖြစ်ပြီး ထိခိုက်မှု့လည်း နှစ်ဆဖြစ်မှာ အသေအချာပါပဲ။ ထို့နောက် လေသူရဲများကို အစည်း အဝေးခေါ်ပြီး ဘူရှီဒို စိတ်ဓာတ်နှင့် တော်ကီချုပ် ပြီးနောက်မှာတော့ မိမိသဘော အလျောက် အသေခံတိုက်ခိုက်မည့် ပိုင်းလော့မြောက်များစွာကို ရရှိလာခဲ့ပါတယ်။
အသေခံ တပ်ဖွဲ့များတွင် ဝါရင့် တိုက်လေယာဉ်မှူးမှသည် လေသူရဲလောင်းများ အထိ ပါဝင်ပြီး အထူး တိုက် ခိုက်ရေး အုပ်ခွဲများ ဖွဲ့စည်းခဲ့ပါတယ်။ သူတို့၏ ဆောင်ပုဒ်မှာ '' လူတစ်ယောက် သင်္ဘောတစ်စီး '' ဟူ၍ဖြစ်ပါသည်။
နောက်ပိုင်းတွင် ကာမီကာဇေ နည်းဗျူဟာများကို မွမ်းမံ ခဲ့ပြီး ရန်သူ့ရေတပ် အလယ်ပိုင်း အထူး သဖြင့် လေယာဉ်တင် သင်္ဘောများဆီသို့ ထိုးဖောက်ရန် သမာရိုးကျ တိုက်လေယာဉ်များနှင့် ရောနှောစေလွှတ်ခဲ့ပါတယ်။
အိုကီနာဝါ တိုက်ပွဲ တွင် ကာမီကာဇေ လေယာဉ် ၃၅၅ စီးနှင့် သာမန် လေယာဉ် ၃၄၁ စီး အသုံးပြု၍ ၁၀   သုတ် ခွဲ၍ တိုက်ခိုက်ခဲ့ပါတယ် ။ ထိုတိုက်ပွဲမှာ ကာမီကာဇေ လေယာဉ် အများဆုံး အသုံးပြုသော တိုက်ပွဲဖြစ်ပြီး အမေရိကန် စစ်သင်္ဘော ၆ စီး နစ်မြုပ်ကာ ၁၀ စီး ပျက်စီးခဲ့ပါတယ်။
အသေခံ တိုက်ခိုက်ရန်အတွက် လေယာဉ် အသစ်များ ကုန်သွားသော အခါတွင် လေ့ကျင့်ရေးလေယာဉ်များနှင့် အတောင်နှစ်ထပ် လေယာဉ်များ စသည့် လေယာဉ်ဟောင်းများ ကိုပါ အသုံးပြုခဲ့ကြပါတယ်။
Okha အမျိုးအစား ဒုံးပျံ အင်ဂျင်သုံး အသေခံ လေယာဉ်ကိုလည်း ထုတ်လုပ် အသုံးပြုခဲ့ပါတယ် ။ စစ်ပွဲ မပြီးခင်အထိ ကာမီကာဇေ ၅၀၀၀ ခန့် တိုက်ခိုက်ခဲ့ကြပြီး ၁၄ ရာခိုင်နှုန်းသာ ပစ်မှတ်ကို ရောက်ရှိခဲ့ကာ ထို အကြောင်း ကပင် ဂျပန်လေတပ် ကို ပြုတ်ပြုတ်ပြန်းစေခဲ့ပါတယ်။
 မော်တော် ကာမီကာဇေ၊ ရေငုပ် ကာမီကာဇေ တို့အပြင် လေယာဉ်ပေါ်မှ ကြဲချရသည့် ပေါင် ၅၀၀ ဗုံးများကို ကျောက်ခဲနှင့် ထုသည့် ကာမီကာဇေ စသဖြင့် အသေခံ တိုက်နည်း ပေါင်းစုံဖြင့် ဂျပန်တို့ တိုက်ခိုက်ခဲ့ကြပေ မယ့် နောက်ဆုံးမှာတော့ စစ်ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ။
Respectively
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall