Grab က သုံးနှစ်အတွင်း မြန်မာနိုင်ငံ၌ ဒေါ်လာ သန်း ၁၀၀ သုံးစွဲမည်ဟုဆို
ခရီးသည်များကို ၀န်ဆောင်မှုပေးနေသော Grab အငှားယာဉ် တစ်စီး (straitstimes.com)
အက်ပလီကေးရှင်းဖြင့် အငှားကား ဝန်ဆောင်မှု လုပ်ငန်း ကို အကောင်အထည်ဖော်ဆောင် ရွက်နေသည့် Grab ကုမ္ပဏီက သုံး နှစ် အတွင်း မြန်မာနိုင်ငံတွင် ကန် ဒေါ်လာ သန်းတစ်ရာ အသုံးပြု မည်ဟု ကြေညာသည်။
ရင်းနှီးမြှုပ်နှံမည့် ငွေကြေး များကို မြန်မာနိုင်ငံ အတွင်းရှိ အခြားသော မြို့ကြီးများသို့ ဝန် ဆောင်မှု ချဲ့ထွင်ခြင်း၊ GrabPay မှ တစ်ဆင့် အခြား ဝန်ဆောင်မှု စနစ် များနှင့် ချိတ်ဆက်ခြင်းနှင့် နိုင်ငံအ တွင်း ဝန်ထမ်းနှစ်ရာခန့်ရှိသည့် ကုမ္ပဏီ အဖွဲ့အစည်းကို တည် ထောင်ခြင်းတို့တွင် အသုံးပြုမည် ဖြစ်သည်။
ငွေသားဖြင့် မဟုတ်ဘဲ အက် ပလီကေးရှင်း အတွင်း ဖြည့်သွင်းထားသည့် ငွေကြေးဖြင့် ဒစ်ဂျစ် တယ် စနစ်ကို အသုံးပြုကာ တက္ကစီ ငှားရမ်းခ ကို ပေးချေနိုင်မည့် GrabPay ကို အကောင် အထည် ဖော်ဆောင်ရွက်နေသော်လည်း ပြိုင်ဘက် တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီ Oway က အဆိုပါဝန် ဆောင်မှုကို မြန်မာနိုင်ငံ အ တွင်း ဦးစွာ မိတ်ဆက်ခဲ့သည်။
လက်ရှိတွင် အက်ပလီကေး ရှင်းဖြင့် အငှားယာဉ် ခေါ်ဆိုနိုင် သည့် ဝန်ဆောင်မှုကို မြန်မာနိုင်ငံ အတွင်း  ကုမ္ပဏီလေးခုက အပြိုင် လုပ်ဆောင်နေသည် ။ ရန်ကုန် မြို့နေ လူဦးရေ သုံးသန်းကျော် အနက် ၂၀ ရာခိုင်နှုန်း သည် အငှားယာဉ်များကို စီးနင်း အသုံး ပြုနေကြာင်း ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) စစ်တမ်းတွင် ဖော်ပြထားသည်။
ဇူလိုင်အတွင်း မြန်မာနိုင်ငံ၌ တရားဝင် စတင် မိတ်ဆက်ခဲ့သည့် Grab တက္ကစီ အငှားဝန်ဆောင်မှု သည် လက်ရှိ အချိန်၌ ရန်ကုန်မြို့ တွင် အငှားယာဉ်ခြောက်ထောင် ခန့်နှင့် လက်တွဲ လုပ်ဆောင်နေပြီး နေ့စဉ် လူဦးရေ နှစ်သောင်းခွဲက ငှားရမ်း အသုံးပြုနေသည်ဟု ကုမ္ပဏီက သတင်းထုတ်ပြန်ထား သည်။
ရန်ကုန်မြို့တွင် တက္ကစီ အစီး ရေ အလွန်များပြားနေ၍ အရေ အတွက် တစ်ခု သတ်မှတ်ထား ရှိနိုင်ရန် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက Grab တက္ကစီ ဝန်ဆောင် မှု စတင် မိတ်ဆက်စဉ်က ပြော သည်။
 ရန်ကုန်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသည့် အငှား ယာဉ်  ခုနစ်သောင်းကျော် ရှိ ကြောင်း ကညန လုပ်ငန်း လိုင်စင် စာရင်း၌ ဖော်ပြထားသည်။
မလေးရှားနိုင်ငံ အခြေစိုက် Grab ကုမ္ပဏီသည် မြန်မာနိုင်ငံ အပါအဝင် စင်ကာပူ၊ အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း နှင့် ဗီယက်နမ် တို့တွင် အက်ပလီ ကေးရှင်းဖြင့် တက္ကစီ ငှားရမ်းသည့် ဝန်ဆောင်မှုကို ပေးအပ်ခဲ့သည်။
နိုင်ငံပေါင်း ခုနစ်နိုင်ငံတွင် လူဦးရေ ၅၅ သန်း က Grab အက်ပလီကေးရှင်း အသုံးပြုနေသည်ဟု ကုမ္ပဏီ က ထုတ်ပြန်သည်။
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall