အစာအိမ်ရောဂါရှိသူတိုင်း မဖြစ်မနေဆောင်ထားအပ်တဲ့ဆေး
အစာအိမ်သမားများ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ အစားစားပြီးတိုင်းအောင့်ခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ရကာ ပျို့အန်ခြင်း၊သွေးဝမ်းသွားခြင်းပင်ဖြစ်တတ်ပါသည်။
ထိုဝေဒနာများ မခံရအောင် နည်းကောင်း လေးတင်ပြ အပ်ပါသည် ။
(၁) ငှက်ပျောသီး ဖီးကြမ်း (၂) ဖီးကို အခွံနွှာပြီး ပါးပါး လှီး၍နေတွင်လှန်းပါ။
ပြီးလျှင် အမှုန့်ကြိတ်ပါ (သို့)ထောင်းပါ။
(၂) နွယ်ချိုမှုန့် ဟင်းခပ်ဇွန်း (၂) ဇွန်းမျှထည့်ပါ။
(၃) နနွင်းမှုန့် စစ်စစ် ဟင်းခပ်ဇွန်း (၁) ဇွန်းထည့်ပါ။
ထို(၃)မျိုးကို ရောစပ်ပြီး လေလုံသော ဖန်ဗူးထဲသို့ ထည့်ထားပါ။
သုံးစွဲရန်
နေ့စဉ် နံနက် တစ်ကြိမ်/ည တစ်ကြိမ် ကော်ဖီဇွန်း (၁) ဇွန်းကိုပုံမှန် စားပေးပါ။
ထိုဆေးသည် အစာအိမ်ကို အားရှိစေပြီးအစာအိမ်နာ၊ လေအောင့် လေနာနှင့် 
အစာအိမ် အချဉ်ပေါက်ခြင်းကင်းဝေး စေပြီး အစာအိမ်ရောဂါ သက်သာပျောက်ကင်းစေပါကြောင်း။
သိမှီသမျှ အစာအိမ် ဆေးနည်းအား တင်ပြလိုက်ပါသည်။
နွယ်ချိုမှုန့်ကို ပရဆေးဆိုင်တွင် လွယ်ကူစွာ ၀ယ်ယူနိုင်ပါသည်။
ရဲမျိုးသူ(ဗောဓိမြိုင်)
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall