ပါးစပ်နဲ့ မပြီးပါဘူး

 


မအေနဲ့တပ်ပြီးဆဲခဲ့လို့ ဘဝတစ်ခုမှာ သားအမိသုံးယောက် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ရတဲ့ ဇာတ်တော်ရှိတယ် ။


အဆဲ သန်ခဲ့လို့ ဘဝပေါင်းငါးရာ သူယုတ်မာဘဝအဖြစ် ကျင်လည်ခဲ့ရပြီး နောက်ဆုံး ရဟန္တာဖြစ်တာတောင် တွေ့ သမျှကို သူယုတ်ဆိုပြီး ခေါ်ရတဲ့ မထေရ်ကြီး ရှိတယ်။  ဝါသနာက အထုံပါလာခဲ့လို့ ကိလေသာကုန်ပေမဲ့ ဝါသနာ  မကုန်ခဲ့ဘူး ။ ဘုရားရှင်သာ ဖြေရှင်းမပေးနိုင်ခဲ့ရင် စော်ကားမဲ့ ရဟန်းတွေအများကြီးပဲ ငရဲကျမဲ့ ရဟန်းတွေ အများကြီးပဲ ။


ကချေသည်နဲ့ တူတယ်လို့ ပြောခဲ့မိလို့ ရဟန္တာဖြစ်မဲ့ ဘဝမှာတောင်  ဇာတ်ထဲမှာလိုက်ပြီး ဇာတ်ကခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် ။


ပစ္စေကဗုဒ္ဓါကို ဟန်ပန်အမူအယာနဲ့ ခါးကုန်းကြီးသဏ္ဌာန် လုပ်ပြခဲ့လို့ သောတာပန်ဖြစ်တာတောင် ခါးကုန်းကြီး ဘဝနဲ့ ဖြစ်ခဲ့တဲ့ ကျွန်မ လည်း ရှိခဲ့တယ် ။


ဗုဒ္ဓကလည်း စေတနာနဲ့  ပြုလုပ်ပြောဆိုတဲ့ အကြောင်းအရာတွေဟာ အကျိုးမခံစားရပဲ ပျောက်ပျက်မသွားဘူးတဲ့ ။


ဒီကနေ့မြန်မာနိုင်ငံမှာ  နိုင်ငံရေးအရှုတ်အထွေးကြောင့် ရဟန်းတော်တွေတင်မကပဲ သံဃာ ဆိုတဲ့ အဖွဲ့အစည်း ဂုဏ်ပုဒ် ကိုတောင် အယုတ္တ အနတ္တ တွေနဲ့ ဆဲဆိုနေကြတာတွေဟာတွေးမိတိုင်း ကြက်သီး ထမိတယ် ။


ပါးစပ်နောက်မှာ ဘဝတွေပါတယ်ဆိုတာ အချိန်မီသိနိုင်ကြပါစေ ။


 #Crd ... Original uploader


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

သင်္ဘောသီးပင် စိုက်ပျိုးနည်း

ငါးမျက်စေ့ (သို့) အသားမာ (Corn)

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လကြတ်ခြင်း

 
365myanmar.com - Myanmar Online Shopping Mall