အမေ ကြွေပျက်ခဲ့ရသော မေ ၂ ရက်၂၀၀၈ ည
"ဝှိန် ... ဝှိန်...ဖုန်း!" ကျနော် မှတ်မိသည်။ ဒီ အသံက ကျနော်တို့ ပိုက်တန်း ရဲ့ ဂါးဖောင် သမား ကိုဘိလေးမောင်းေ သာ ပင်လယ်ကောင် အသေးလေး။ ကျနော်တို့ ပိုက်တန်း က ပင်လယ်ကောင် အားလုံး ဆယ့်တစ်စီး ရှိတယ်။ (ပင်လယ်ကောင်=ရေစီးကြမ်းသော ပင်လယ်ရေမျက်နှာပြင်ကို အလွယ်တကူဖြတ်မောင်းနိုင်ရန် လက်သမား ဆရာများ က ရေခွင်း အားကောင်းအောင် အထူး တည်ဆောက်ထားသော လှေအကြီးစား ကိုမြင်းကောင်ရေ များသော ဂျပန် အင်ဂျင် တပ်ထားသည့် ပင်လယ်တွင်သာမောင်းသည့် သေဘာၤ) ဒီ သေဘာၤ ဆယ့်တစ်စင်း ရဲ့အင်ဂျင်အသံ ကို ကျနော် တစ်ရေးနိုးတောင် အလွတ် ရသည်။ အင်ဂျင် တစ်ခါ ကိုင် လျှင်တော့ တစ်ခါပြန်မှတ် ရလေသည်။ "ကိုကြီး တင်စိုး! ကိုကြီး တင်စိုး!" ကျနော်ထင်သည့် အတိုင်း ကိုဘိလေး သဘောင်္ လှေကြိုး ကို ကသော့ကမျော့ ချည်ပြီး အိမ်ပေါ်ကိုပြေး တက် လာသည်။ "ကိုကြီး တင်စိုး...ကျနော်ကြိမ်ချောင်း က သတင်းရခဲ့တယ်...ရေဒီယို က မုန်တိုင်း သတင်းကြေငြာတယ်တဲ့" "ခဏခဏကြေငြာနေတာကို များ အဆန်းလုပ်လို့" အဖေကြီး က ကိုဘိလေး စကားကို အလေးမထားဘဲ ရုပ်ရှင်မင်းသား မင်းကို ရဲ့ စက္ကောမ ဇာတ်ကား မပျက် ဆက်ကြည့်နေတယ်။ အဖေ တင်မဟုတ်