ကြေကွဲသံများ { ကဗျာ }
 ခပ်ပါးပါး လိမ်းထားတဲ့ မိတ်ကပ်တွေ ကို 
ခရမ်းလွန် ရောင်ခြည်တွေ ထိုးဖေါက်
 ရောင်းပန်းမလှ တာ အမေ မသိခဲ့ဘူး ......
 ဆောင်းရယ် မြန်မြန်ကုန်ပါတော့
 လေဘေး တွေကလည်း ဈေးတွေ တက် 
အအေးဓါတ် မလုံတဲ့ အနွေးထည် ဟောင်း
 လေစိမ်းတွေ တိုး အသဲထဲစိမ့်အေးတာ လည်း 
အမေ မသိ ခဲ့ပါ ဘူး နော်.......
 ဖြစ်နိုင် မယ်ဆို တစ်ကပြန်စ ချင်တာ 
နှစ်တွေ မှာ နစ်သထက် နစ် 
အဖြူတွေက မဲ ညစ်ညစ်ဖြစ်သထက် ဖြစ်
 လျှော် ဖွတ်လို့ မရ တော့တဲ့ ဘဝ 
တမ်းတ လို့ အပိုဆို တာလည်း 
အမေ မသိ တာပဲ ကောင်းပါတယ် .....
ပန်းတွေ ရနံ့ မွှေးတာလည်း မသိ 
စမ်းတွေ အေးတာ လည်း မသိ 
ငှက် ကလေးတွေ တေးသီသံလည်း နားမစွင့်မိတာ ကြာ ပါပြီ အမေ ရယ် ......
တိုတောင်းလှ တယ် ပြောကြတဲ့ ဘဝ 
ငါ့ အတွက်က ရှည်လွန်းတယ် ထင်လို့ 
ညတွေ ညတွေ မကုန်တာ မုန်းမိတာ လည်း 
အမေ မသိပါ ဘူ့း့
ရှိပါစေတော့ .....  ထားလိုက်ပါတော့ 
အမေ့ နေရာ သမီး အမွေခံ 
ဒီ မိသားစု အရေး ဆက်ခါ ထမ်းပါမယ် 
အမေ ဝမ်းမြောက် ပါလေ တော့ 
မှတ်စုကြမ်း 
#kazaw
http://ltcho.blogspot.my/2016/01/blog-post_810.html
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်
ဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်း သိကောင်းစရာ
ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ
မွေးနေ့ ဗေဒင်
နန်းမတော် မယ်နု
365myanmar.com - Myanmar Online Shopping Mall