မိဘ ဆိုတာ မသေခင် လုပ်ကျွေးပါ သေမှ မငိုပြပါနှင့်

သုတရသ မျှဝေမယ်'s photo.



ဒေါက်...ဒေါက်.... ဒေါက်....
တံခါးခေါက်သံ ကြားလိုက်သည်....
ပြီး ... အပြင် မှ အဖေ့ ခေါ်သံကိုပါ ကြားလိုက်ရသည် ...
 

❝ငါ့ သား အဖေ မင်းကိုပြောစရာ ရှိလို့❞
အလုပ်မှ အဆင်မပြေမှုများ ရှိနေ၍ .... စိတ် မကြည်လင်နေ သဖြင့်....
ကျွန်တော် အသံ ကျယ်ကျယ်ဖြင့် ပြန်အော်ပြောမိသည် ၊
.
❝ နောက်မှပြော အဖေ ကျွန်တော် အလုပ်ကပြန်လာတာ စိတ် ပင်ပန်း၊ ကိုယ် ပင်ပန်းနဲ့ ...❞
စိတ်တို မိတာတော့ အမှန်ပင်...အပြင် မှ .အဖေ့အသံ မကြားရတော့ သူ့ အခန်းပြန်သွားပြီ ထင် သည် ။
 


အဖေ့ အသက် က ၈၅ ရှိပြီ ၊
တစ်ခါ တစ်ခါ သူငယ်ပြန်တတ်သည်.၊ သူငယ်ပြန်ပြီ ဆိုလျှင် ကျွန်တော်တို့ စိတ်ညစ် ရသည် ၊ သူ့ကို မနည်း ထိန်း ရသည် ၊ ချီးပါ ၊သေးပေါက် ၊ ထမင်းကျွေးတာက အစ ကလေး တယောက်လို ပြုစုနေရသည် ။
တစ်ခါ တစ် လေလည်း တယောက်တည်း ဟိုပြော ဒီပြော ပြောနေတတ်သည် ။ ပြန်ကောင်းသည့် အခါ ဆိုလည်း သူဟာသူ ပုံမှန်ဖြစ်နေသည်။
.
စိတ်ပူစရာတော့ မလို.....
ခုတစ် လော သူငယ်ပြန်နေသည်က များသည် ။
ပြန်ကောင်းချိန်တောင် သိပ် မတွေ့ရတော့ ၊
တစ်အောင့်ကြာသော် ငါးနှစ်သား ကျွန်တော့သား သူရ က စာရွက်ခေါက်လေး တစ်ခု ယူလာပြီး... ❝ဖိုးဖိုး ကပေးခိုင်း လိုက်တယ် အဖေ့ အတွက် ...❞ ကျွန်တော်လည်း အမှုမဲ့ အမှတ်မဲ့ မဖွင့်ကြည့်ပဲ စားပွဲပေါ်တွင် ပစ်တင် ထားလိုက်သည် ....



အဲဒီနောက်ပိုင်း အဖေ လုံးဝ ပြန် မကောင်း လာတော့ပါ
ဆိုးသထက် ဆိုး၍သာနေပါတော့သည် ။
ကျွန်တော် တို့လည်း သူ့ အတွက်ကြောင့် စိတ်သောကရောက် ကိုယ် ဒုက္ခရောက်ခဲ့ကြရသည် .....
 


ဒီလိုနှင့် ခြောက်လလောက် ကြာပြီးသော်.... အဖေ လည်း ... ကွယ်လွန် သွားလေသည်။
သူ ကွယ်လွန် သွားတော့ မိသားစု အားလုံး ဝမ်းနည်း ကြသည် ငိုကြ ယိုကြသည် ။ သူ ဆုံးသွားပြီး နောက်ပိုင်း ကျွန်တော် တို့လည်း အပူကင်း သလိုခံစားရသည် ၊ အရှုပ်ထုပ်ကြီး ရှင်းသွား သလိုလည်း  ခံစားရသည် ။





အဖေဆုံးပြီး တစ်နှစ်လောက်ကြာသော် ....
တစ်နေ့ ... ကျွန်တော် အိမ်ခန်း သန့်ရှင်းရေး လုပ်ရင်း စားပွဲခုံ အောက် ချောင်ကြိုချောင်ကြား မှ ဖုံထူ ထူ တက်နေသော စာခေါက်လေး တစ်ခုတွေ့မိသည် ။ ဘာစာများလဲ ဆိုသော စူးစမ်း စိတ်ဖြင့်ဖွင့်ကြည့်မိသည်။
.
သို့
ငါ့သား အဖေ မင်းကိုပြောချင်တဲ့ စကား..
အဖေ ပြန်ကောင်းနေတုန်း စာနဲ့ရေးထား လိုက်တယ် ... ငါ့သား ဖတ်မိပြီးရင် အဖေ့ အပေါ် စိတ်ရှည် နားလည်ပေးလာမယ်လို့ အဖေ မျှော်လင့် မိပါတယ်....
.
သားရေ
အဖေ အသက်ကြီးပြီ တစ်ခါ တစ်ခါ ကိုယ့်ကိုယ် ကို ဘယ်သူ မှန်းတောင်မသိတော့ဘူး ....
မင်းတို့ မွေးကင်းစ အရွယ်တုန်းက လိုပေါ့ ...
.
သားရေ
အဖေ အသက်ကြီးပြီ သွားလာ လှုပ်ရှားရတာ နှေးဖင့် လာတယ် ၊
အပြော အဆိုတွေ ကလည်း ဝိုးတိုး ဝါးတား ဖြစ်လာတယ် ။
စိတ်ရှည်ပေးပါ ။
 


မင်းတို့ ငယ်ငယ် တုန်းက လမ်းလျှောက် တတ်အောင်၊ စကားပြော တတ်အောင် အဖေ တို့ စိတ်ရှည် လက်ရှည် နဲ့ သင်ပေးခဲ့ သလိုပေါ့ ....
.
သားရေ
အဖေ အသက်ကြီးပြီ အဖေ့ ရဲ့ တည်ရှိနေမှုဟာ မင်းတို့ အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်ရင်ဖြစ်နေမိမယ်....
ဒါပေမယ့် အဖေ ကတော့ မင်းတို့လေးတွေ လူ့လောကထဲ ကို အမေ့ဗိုက် က စထွက် လာကတည်းက ဝန်ထုပ် ဝန်ပိုး လို့ တစ်ခါ မှ မထင်မိခဲ့ဖူး ပါဘူး ။
.
သားရေ
အဖေ ဒီလိုပြောတယ်ဆိုတာ မင်းတို့ရဲ့ တန်ပြန်ကျေးဇူး ကို လိုချင်လို့မ ဟုတ်ပါဘူး သေခြင်း တရား ဆိုတာ အဖေနဲ့ မဝေးတော့ ပါဘူး ။
မသေခင်လေး မှာ ငါ့သား၊ ငါ့သမီး ငါ့မြေးလေးတွေ နဲ့ ပျော်ပျော်ပါးပါး လူ့ဘဝ ရဲ့ နေဝင်ချိန်လေးကို ခံစား စံစား ချင်တာပေါ့ ။
.
သားရေ
အဖေ  သေသွားတဲ့ အခါ ဝမ်းမနည်း ပါနဲ့ ငိုကြွေး မနေပါနဲ့  ။
မိဘကျေးဇူး ကို သိနားလည်တတ် တဲ့ သား၊သမီး တွေဟာ မိဘ အသက်ရှင်နေတဲ့ အချိန်မှာ အတတ်နိုင်ဆုံး နဲ့ အစွမ်းကုန် ပြန်လည်ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ အတွက် သူတို့မှာ နောင်တ ရစရာ ဆိုတာ မရှိပါဘူး။
.
သားရေ
အဖေသေသွားတဲ့ အခါ မင်းတို့ရဲ့ သိတတ် နားလည်မှု၊ အမျှပေးဝေမှုနဲ့ အတူ ကောင်းရာ သုဂတိသို့ လား မှာပါ ။
.
သားရေ
မင်းတို့ တစ်တွေ အားလုံး စိတ်၏ ချမ်းသာ၊ ကိုယ်၏ ကျန်းမာ ခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ပဲ .... အဖေ ဆုတောင်းပြုနိုင်ပါတော့မယ် ....
.
အဖေ့
  စာကို ဖတ်မိပြီး ကျွန်တော် ထိန်းမနိုင် သိမ်းမနိုင် ဟစ်ချုံးချ ငိုကြွေး မိသည် ။ ရက်စွဲ က သားလေး သူရ ကျွန်တော့်ကို စာ လာပေးသော ရက်ပင် ...  ကျွန်တော် အရမ်းနောင်တ ရမိသည် ။


ကိုယ့်ကိုယ် ကို လည်း အပြစ်တင်လို့ မဆုံးပေ ၊ တကယ် လို့ အဲဒီနေ့ သာ စာကို ဖတ်ဖြစ်မယ် ဆိုရင်
ခုချိန် မှာ ကျွန်တော် နောင်တ ရစရာ မလိုတော့ပါ ။ အနည်းဆုံးတော့ သူ အသက်ရှင်နေစဉ် အတွင်း
ကျွန်တော် အရင်လို မငြိုငြင်တော့ပဲ ဝမ်းပန်း တစ်သာ သူ့ကို ပြုစုစောင့်ရှောက် မှာတော့ ဧကန်မလွှဲပါ ။



↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝


❝မိဘ ဆိုတာ မသေခင် လုပ်ကျွေးပါ သေမှ မငိုပြပါနှင့် ❞
ဆိုတဲ့ စကား ကျွန်တော်တို့ အားလုံး ကြားဖူးကြမှာပါ ။
 

ဆိုတဲ့ စကားအတိုင်း မိဘကို  လုပ်ကျွေးပြုစု ကြပါတယ် ၊ ကျေးဇူးဆပ်ကြပါတယ် ။
ကောင်းတာကျွေး တယ် ၊ အားဆေးကောင်းတွေ ဝယ်ပေးတယ် ၊
 

သွားလာချင်တဲ့ နေရာတွေ လိုက်ပို့ပေးကြတယ် ၊ ကျန်းမာရေး အစစ အရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးကြတယ် ။
ဒါတွေနဲ့တင်ပြည့်စုံပြီလား .... ဟုတ်ကဲ့ မလုံလောက်သေးပါဘူး  ။



အဓိက ကတော့ သူ့တို့ အပေါ် စိတ်မရှည် တာတို့၊
သူတို့ကို အလေးမထား တာတို့ မလုပ်မိပါစေနဲ့ ...
.
အားတဲ့ အချိန်တိုင်း သူတို့ကို အဖော်ပြုပေးပါ ။
အနေဝေးတဲ့ သူများ အချိန် ရတိုင်း သွားကြည့်ပေးကြပါ ။
.
သူတို့မှာ ဂုဏ်ယူ စရာ ဆိုလို့
ငါ့သား ၊ ငါ့သမီး ငါ့ အပေါ် ဂရုစိုက်တယ် လေးစားတယ်
ဆို.တာပဲ ရှိပါတော့တယ် ။
.
လူအို ကို လူအို လို သဘောထားပါ ။
လူပို လို့ သဘောမထား မိကြပါစေနဲ့ ။
.
သူငယ်ချင်း တို့အားလုံးပဲ
ကိုယ့်မိဘ အပေါ် သိနားလည် တတ်တဲ့
သားကောင်း သမီး ရတနာ လေးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုရင်းဖြင့် ....
.
Credit to သူငယ်ချင်း




သုတရသ မျှဝေမယ်
 

Comments

Post a Comment

Popular posts from this blog

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အရွယ်တင် နုပျို ချင်ပါသလား ? ဆေးခြောက်ရှူပါ

ကမ္ဘာ့ ရှင်​ဘုရင်​ မဟာပထမံ​ အောင်​မင်း​ခေါင်

ကိုယ်ကျင့်တရား အားနည်းချက်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

 
365myanmar.com - Myanmar Online Shopping Mall