တန်ဖိုး ရှိတဲ့ မိန်းမ ဆိုတာ { မင်းလူ }
တန်ဖိုးရှိတဲ့ မိန်းမ ဆိုတာ – မင်းလူ 
**************************** 
ပွဲသိမ်းခရာ မမှုတ်သေးခင် 
ရှုံးပြီလို့  မပြောပါနဲ့ဦး...။ 
ကျားသစ် ဆိုတာ အရေခွံ ဆုတ်ပြီးမှ 
တစ်ကယ်သေပြီလို့ အတည်ပြုနိုင်တယ်...။ 
ပိုးဟပ် တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့ 
ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ...။ 
အသက်ရှူ  ရပ်သွားတာတောင် 
ဦးနှောက် အလုပ်လုပ်နေရင်
 သေပြီလို့ မဆိုနိုင်သေးဘူး...။ 
ငါ့ နှလုံး ခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့ 
မင်းသိပ်ပျော်နေလား ဟင်...။ 
စိတ်ချ…..
 နောင်ဘဝ ကျရင်လည်း 
ငါ မင်းကိုပဲ ပြန်ချစ်ဦးမှာ...။ 
ဒီလိုပဲ.. 
တန်ဖိုးရှိတဲ့ မိန်းမ ဆိုတာ 
စာအုပ်ကောင်း တစ်အုပ်လိုပဲ 
ဘယ်လောက်ဟောင်း နွမ်း စုတ်ပြတ်နေပါစေ
 ပြန်ဖတ်တိုင်း အရသာ ရှိတယ်လေ...။ ။ 
 မောင်စိန်ဝင်း - ပုတီးကုန်း-ကဗျာများ
မင်းလူ 
 http://ltcho.blogspot.my/2016/01/blog-post_800.html
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall