မီးကွင်းဒေါင်း (သို့) သိဒ္ဓိပြီး ဒေါင်းရုပ် ၏ ထူးဆန်းဖွယ် သမိုင်း




နံနက်ခင်း ဝေလီဝေလင်း အချိန်မှာ လောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီး ပဲလေ့ ဟိုတယ်ခေါင်မိုး တစ်ခုပေါ်ရပ်နားနေတဲ့ဒေါင်းရုပ်လေးကို အားလုံးပဲ မြင်ကြမှာပါ ။


အဲဒါနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြလို့ သမိုင်းလှန်ပြီး အဖြစ်မှန်ပြောပြချင်ပါတယ် ။ အဲဒီဒေါင်းရုပ် က ခင်များတို့ပြောသလို Nld ပါတီဝင် မထားပါဘူး ။ သီးခြား ရပ်တည်နေတဲ့ ကဝေဒေါင်း တစ်ခုပါ သာမန်အရုပ်ဒေါင်းလို့ ထင်ရင် မှားပါတယ် ။ 

အဲဒါ အစီအရင်တွေနဲ့ သိဒ္ဓိတင်ထားတဲ့ ကဝေဒေါင်းဖြစ်ပါတယ် …..

ရှေးလူကြီးတွေ ပြောစကားအရ အဲဒီ ဒေါင်းရုပ်ကို ၁၈၈၇ ခုနစ်ခုလောက်က ရတနာပုံ နန်းတွင်းက အမတ်
ကြီး ဦးကောက် ဆိုသူမှ ခရီးသွားရင်း ပုသိမ်ကြီးမြို့နယ် နားက တောအုပ် တစ်ခုမှာ တွေ့ခဲ့တဲ့ ကညင်ပင်
 နှင့်ကျွန်းပင် နှစ်ပင်တစ်ပင် စပ်ယှက်ပြီး ပေါက်နေတဲ့ သစ်ပင်ကနေ ဖြစ်လာတဲ့ ကုန်းဘောင်ခေတ်နှောင်း
ပိုင်း ရတနာပုံခေတ် လက်ရာပါ ။
အဲဒီ ဒေါင်းရုပ်ကို နန်းတွင်း လက်သမားဆရာကြီး မြို့သာ အပိုင်စား ဦးဖိုးကွန်း ဆိုသူမှ ၇ ရက် ၇ နှစ်လီ 
အကြမ်း ထွင်းထုခဲ့ရပါတယ် ။ အဲဒီဒေါင်းရုပ်ကို စတင် ထွင်းထုတဲ့ အချိန်က စလို့ ဦးဖိုးကွန်း က အသား
မစားပဲ သက်သတ်လွတ် စားရပါတယ် ။ ဥပုသ် စောင့်ဖို့ အတွက် ၅ ပါး သီလ ခံယူ ဆောက်တည်ဖို့ 
ဗန်းမော် ကျောင်းတိုက်မှ ထေကြီး ဝါကြီး ကိုယ်တော်တွေ ကိုယ်တိုင် သီလပေးရတယ်လို့ သိခဲ့ မှတ်ခဲ့ရပါ
တယ် ။
အကြမ်းဖျင်း ထွင်းထုပြီး အချောသတ်အနေနဲ့ တမ္ပဝတီရပ်ရှိ လောကီ ဆရာကြီး ဦးလှဇံ ထံမှာ ၃ရက် တိတိ အစီအရင်များနှင့် အကြိမ်ကြိမ် မီးရှို့စမ်းသပ်ပြီး အချောသတ်ခဲ့ရတဲ့ သာမန် မဟုတ်တဲ့ သိဒ္ဓိပြီး ဒေါင်းရုပ်
တစ်ခုပါ မီးကွင်းပါတယ် ။ အဲဒီဒေါင်းရုပ်ကို စစခြင်း ရတနာပုံ နန်းတွင်း အဝင်ပေါက် မြောက်ဘက်မုဒ်မှာ တပ်ဆင်ခဲ့ပါတယ် ။


၁၈၉၁ ခုနှစ်မှာတော့ ဗြိတိသျှဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင် က အင်္ဂလန်က ဘုရင်မကြီး ဝိတိုရိယထံ သင်္ဘောနှင့် တင်ဆောင်ပြီး ဆက်သခဲ့ပါသေးတယ် ။ မြန်မာပြည် လွတ်လပ်ရေးရအပြီး ၁၉၄၉ ခုနှစ်မှာ မြန်မာသံအဖွဲ့က အင်္ဂလန်ကို စစ်လျော်ကြေးပေးဖို့သွားရင်း တစ်ပါတည်း ပြန်လည် ယူဆောင်ခဲ့ပါတယ်။
အဲဒီနောက်မှ အခုမြင်နေရတဲ့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ တပ်ဆင်ခဲ့တာပါ ။
ကိုးကား
ယောအတွင်းဝန် ဦးဘိုးလှိုင် ၏ ဆန်းကျမ်းမှ (အခန်း ၈ အပိုဒ် ၅ )
တက္ကသိုလ် လှလေးစိန် ၏ ဘဝမှတ်တိုင်များ စာအုပ်မှ (အခန်း၂ စာမျက်နှာ ၄၈)
ကျေးဇူးတင်လျက်......

ညီညီမင်း (သမိုင်းသုတေသီ)
Source


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

ဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်း သိကောင်းစရာ

မွေးနေ့ ဗေဒင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

နန်းမတော် မယ်နု

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

 
365myanmar.com - Myanmar Online Shopping Mall