ဘုရင်ကြီး ဘူမိဘော ၏ ဈာပနတော် အခမ်းအနား
                              ဘုရင်ကြီး ဘူမိဘော ၏ ဈာပနတော် စတင် ဖွင့်လှစ်ချိန် ပူဆွေးဝမ်းနည်းကြသော ပြည်သူများ စုံရုံးရောက်ရှိနေ
ထိုင်းဘုရင်ကြီး ဘူမိဘော ၏ ရုပ်ကလာပ်တော်အား အောက်တိုဘာ ၂၆ ရက် တွင် မီးသဂြိုဟ်တော့မည့်ဖြစ်သောကြောင့် လောင်တိုက်တော်ရှိရာသို့ ပေးဝင်မည့် စစ်ဆေးရေး ဂိတ်များအား အောက်တိုဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို စစ်ဆေးရေးဂိတ်များမှ တစ်ဆင့် ဝင်ရောက်ခွင့်ရရန် စီတန်း စောင့်ဆိုင်းနေသည့် ပြည်သူ များမှာ ထောင် ပေါင်းများစွာ ရှိနေသည်။
ဘုရင်ကြီး ၏ ဈာပနတော်သည် ထိုင်း တစ်နိုင်ငံလုံး စုစုစည်းစည်း ရှိနေသည့် တစ်ခုသော ဝမ်းနည်းဖွယ် အခါ သမယလည်း ဖြစ်သည် ။ ရာစုနှစ် တစ်ခုစာ အတွင်း ထိုင်း တော်ဝင်နန်းတော် အဖြစ်အပျက်များ မှ 
အကြီးကျယ်ဆုံး အခမ်းအနားလည်း ဖြစ်သည်။
မိုးများ သည်းထန်စွာ ရွာသွန်းနေသည့်ကြားက အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ပြည်သူ ထောင်ပေါင်းများစွာသည် လောင်တိုက်တော်ရှိရာ ဘန်ကောက် နန်းတော်ရာ အနီး စုရုံးလျက်ရှိကြခြင်း ဖြစ်သည်။
ဆိုင်များနှင့် တည်းခိုခန်းများက ဈာပနတော် အတွက် လာရောက်ကြသည့် ပြည်သူများကို အစားအစာများ၊ နေ့စဉ်သုံး ပစ္စည်းများနှင့် လိုအပ်သော အကူအညီများ ဝေငှ ပေးကမ်းကြသည်။ လုပ်ငန်း ဆိုင်ခန်းများ က 
လည်း ထိုပြည်သူများအား ၄င်းတို့၏ အိမ်သာ များကို အခမဲ့ သုံးခွင့်ပြုထားသည်။
များစွာသော စားသောက်ဆိုင်များနှင့် ဘားဆိုင်များက ဆေးဝါးများ၊ သောက်ရေသန့်များ၊ ခေါက်ဆွဲပြုတ်များ စသည့်ဖြင့် ပေးလှူကြသည်။
“ ကျွန်မ ဒီနေရာမှာ နေ့တိုင်း စောင့်နေတာပါ။ ဘာကြောင့်လည်း ဆိုတော့ ဘုရင်ကြီး လောင်တိုက်တော် ရှိရာကို ဝင်ခွင့်ရဖို့ပါပဲ။”ဟု ဘန်ကောက်မြို့ခံ အသက် ၆၀ ရှိ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။
နိုင်ငံတစ်ကာ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တော်ကြီးများပါ တက်ရောက်သည့် ဘူမိဘော ၏ ဈာပန ပွဲတော်သည် ထိုင်း တော်ဝင် သမိုင်းတွင် ရာစုနှစ် တစ်ခုစာအတွင်း အကြီးကျယ်ဆုံးလည်း ဖြစ်သကဲ့သို့ ထိုင်းပြည်သူများ 
အတွက် ဝမ်းနည်း ပူဆွေးဖွယ်နေ့လည်းဖြစ်သည်။
ဘုရင်ကြီး ဘူမိဘော သည် ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာ ၁၃ ရက် က နတ်ရွာစံ ကံတော် ကုန်ခြင်း
 ဖြစ်ကာ ထိုင်း ထီးနန်းကို နှစ်ပေါင်း ၇၀ အုပ်ချုပ် စိုးစံခဲ့သော ပြည်သူ ချစ်မြတ်နိုးကြည်ညိုသည့် ဘုရင်
တစ်ပါးဖြစ်သည်။
http://mizzimaburmese.com/article/33516
#Mizzima
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall