သရက်ရွက် ၏ ကောင်းကျိုးများ
ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့ သရက်ရွက် (Mango Leave) ကို အမေရိကန်နိုင်ငံမှာ ၂ အောင်စ ကို ၁၃ ဒေါ်လာ (13$) နဲ့ရောင်းနေတာတွေ့ရတော့ ဘာတွေကောင်းလဲဆို google မှာ ခေါက်ကြည့်လိုက်ပါတယ် ။
သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင် မဟုတ်ပါဖူးနော်.. သူများရောင်းတာ ထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဘူး ။
သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရပိုများနေပါတယ် ။ ဗီတာမင် အေ ဘီ စီ နဲ့ antioxidant တွေကြွယ်ဝပါတယ် ။
သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကို အမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာ ချက်ပြုတ်စားသောက်ကြပါတယ် ။
ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကို ထိန်းညိဖို့ သောက်သုံးကြပါတယ် ။ ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ် ။
စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကုသနိုင်ပါတယ် ။ အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို လျော့ချပေးပါတယ် ။
သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက်နိုင်ပါတယ် ။ အစာအိမ်ရောဂါတွေေ သွးဝမ်းသွားရောဂါတွေ ကုသနိုင်ပါတယ် ။
ကြို့ထိုးတဲ့ ရောဂါအတွက်ဆို သရွက်ရွက်ခြောက်ကို မီးရှို့ပြီး ရှူပေးရင်ပျောက်ကင်းပါတယ် ။
မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ် ။ နားကိုက်ရောဂါကုသနိုင်ပါတယ် ။ ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ် ။
သုံးစွဲနည်းအသေးစိတ်ကို google မှာ mango leave benefit ဆိုပြီး ရှာနိုင်ပါတယ် ။ အလျင်းသင့်ရင် ဘာသာပြန်ပြီးဖော်ပြပေးပါဦးမယ် ။
Crd ... popularpostnews.com
Comments
Post a Comment