ကြားသာ ကြားဖူးပြီး မမြင်ဖူးတဲ့ ဓါးပီး ဒုတ်ပီး သေနတ်ပီး ၀က်စွယ် ကွင်းပိတ်
ဝက်စွယ် ဝါးဆစ်ပိတ် ကဲသို့ ဖြစ်နေတာကို ဝက်စွယ်ပိတ် လို့ခေါ်ပါတယ်။ မိတ်လိုက်လိုစိတ် ဖြစ်နေတဲ့ အခါရတဲ့အစွယ် ကို ပီယ အပွင့်အလန်း ဘက်မှာ စီရင်ကြပါတယ်။
တိုက်ခိုက်လိုစိတ်ဖြစ်နေတဲ့အခါ ရရှိတဲ့ အစွယ်ကို အတိုက်အခိုက် အကာကွယ်စသဖြင့် စီရင်ကြပါတယ်။ မိမိ စီရင်တဲ့ အန္တရာယ်ကင်း ဆိုပါစို့ မိတ်လိုက်လိုတဲ့အခါရတဲ့ အစွယ်ဖြစ်နေရင်လည်း အန္တရာယ်တွေ ဖိတ်ခေါ်လိုက်သလိုပါပဲ။
 ဒေါထနေတဲ့အခါ ရတဲ့အစွယ် အပွင့်အလန်းဘက် သုးံပါရင်လည်း ဆိုးကျိုးဖြစ်စေပါတယ်။ စာရေးသူငယ်စဉ်က အနက်ရောင် အညိုရောင်နယ်မြေတွေသွားလာနေထိုင်ထူးပါတယ်။ မီးမကူး ကျည်မထွက် ဒါးခုတ် မရ လွန်စွာ အစွမ်းထက်တဲ့ ဝက်စွယ် ဆောင်ယူထားသူ အတော်များများ တွေ့ဘူးပါတယ်။
နောက်တစ်ခါ အပွင့်အလန်း အဖြစ် ဆောင်ယူထားသူ များလည်း တွေ့ဘူးပါတယ်။ အပွင့် အလန်း ဘေး ကင်း စသဖြင့် ဆောင်ယူသူတွေမှာ လိုရာ အကျိုးဖြစ်ထွန်းအောင်သူ ရှိသလို အပွင့်က အပိတ်ဖြစ်ပြီး အပိတ်က ပိုပိတ်တာ စီးပွားပျက်တာ စသဖြင့် ဆိုးကျိုးဖြစ်တာတွေလည်း ရှိပါတယ်။
 ရှေး ရှမ်းဆရာကြီးဆီက မှတ်သားဘူးတဲ့ အစွယ် စီရင်ပုံမှာ စိတ်ဝင်စားစရာ အလွန် ကောင်းလှပါတယ်။ လဆန်းပိုင်း လဆုပ်ပိုင်း မည်သို့ စီရင်ပါ စသဖြင့် မှတ်သားရပါတယ်။ မသမာသူများ အနေဖြင့် သက်ရှိဝက် များကို ရန်ပြုရှာဖွေမှာဖြစ်နိုင်လို့ စီရင်နည်းများ မပြောလိုတော့ပါ။ 
စွယ်ပိတ် မီးမကူး ထို စွယ်ပိတ် ဝက် သေနတ် နဲ့သေပါတယ် ဒါးလှံ ချွန်ထက်တဲ့အရာ ထို ဝက်ပီး ပါတယ်။ ဒါးလှံ ချွန်ထက်တဲ့အရာနဲ့ထိုးခုတ်သေတဲ့ဝက်စွယ် ပိတ် မီး မကူးပါဘူး စသဖြင့် စွယ်ပိတ်တွေ စွမ်းတဲ့ ရက်တွေ လဆန်း လဆုပ် စသဖြင့် အစွမ်း ကိုယ်စီရှိကြပါတယ် ။ကျန သေချာစွာ စီရင်နိုင်မဲ့ဆရာများ ရှိက လောကီ အကျိုးကောင်းများ ဖြစ်ထွန်းစေနိုင်ပါတယ်။ 
 ပြီးခဲ့တဲ့နှစ်လို့ ထင်ပါတယ် Fb မှာ သောင်းကျန်းသူ တစ်ဦး သေနတ် ထိမှန် ကျဆုးံပုံ တက်လာတာ မြင်တွေ့ လိုက်ရပါတယ်။ လည်ပင်းမှာ ဝက်စွယ် ဆွဲထားပါတယ်။ မမှတ်မိတော့ပါ။ ပြောလိုသည်က ဆင်ခြင်ပြီး ဆောင်ယူပါလို့ ပြောလိုရင်းပါ။ 
 လက်ဝယ်ရှိနေပါက သေချာ သိမ်းထားပါ ။ အလွန်တစ်ရာ ဈေးကြီးလှပါတယ် တစ်လက်မ ကို စသဖြင့် ဈေး သိန်းကြီး ဂဏန်း ရှိနေပါတယ်။
အစွမ်းသိသူ မည်သို့ စီရင်ရမည် သိသူ မှန်က ဈေး စကားပြောမည် မဟုပ်တော့ တတ်နိုင်သူ ဖြစ်က ပုံ အော ၍ ဈေးပေးပါလိမ့်မယ်။ 
 Credit:Sai Lwin Oo
Source
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall