ခေတ်သစ် အနာထပိဏ် ဟု ဆိုရလောက်တဲ့ ရန်ကုန်မြို့မှ ထူးခြားလှသည့် အလှူရှင်
၂၁ ရာစုရဲ့ ခေတ်သစ် အနာထပိဏ်သူဌေးလို့ တင်စားထိုက်တဲ့ လူတစ်ဦးရှိပါတယ်။ ဆရာလေး၊ ဆရာကြီး သီလရှင်ပေါင်း ၃ဝဝဝ ကျော်ကို ပင့်ဖိတ်ပြီး တစ်လလျှင် ၂ ကြိမ် လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါ တယ်။
သုဓမ္မမဏိဇောတဓရ ဦးအောင်သန်းစိန် လို့ခေါ်ပြီး ဇနီးဖြစ်သူက ဒေါ်အေးအေးမြင့်သန်း သမီးက မစိုးစိုးသန်း လို့ ခေါ်ပါတယ်။ ဦးကြွယ်ဟိုးလမ်းတွင် သီလရှင်အပါး ၃ဝဝဝ ကျော် တို့အား လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ဓာတ်ပုံများ ဗွီဒီယိုဖိုင်များ မနေ့ (စက်တင်ဘာလ ၅ရက်နေ့) က လူမှုကွန်ယက်ပေါ် ပြန့်နှံ့လာပါတယ်။
တစ်ကြိမ် လှူဒါန်းမှုအတွက် သိန်း ၅ဝ ကျော် ကုန်ကျသည်။ တစ်လကို နှစ်ကြိမ်ပြုလုပ်သည်ဟု သိရသည်။ သဒ္ဓါတရားကြီမားကာ အကြိမ်ကြိမ် ပြုလုပ် လာခဲ့သဖြင့် သီလရှင် ဆရာလေးများကလည်း အံ့သြလောက် ဖွယ် အရေအတွက်ဖြင့် လာရောက် ချီးမြှောက်ကြခြင်းဖြစ်သည်။
 ရခိုင်ပြည်သူ များနှင် မြန်မာနိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်းသာယာ ဝပြောပါစေရန် ယနေ့ မနက်တွင် အလှူ ရှင် မိသားစုနှင်  သီလရှင် ဆရာကြီး ဆရာလေးများက မေတ္တာသုတ် ပရိတ်ရွတ်ဖတ်ပြီး အထူး ဆုတောင်မေတ္တာ ပို့ သ ကြပါသည်။ နတ်လူ သာဓုခေါ်စေသော်။ 
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတော်ကြီး ကပ်ဘေးဆိုးမှ အမြန် လွတ်မြေက်ပါစေ။ တရားသောမင်း များ ပေါ်ပေါက်ပါစေ။ ဟု  Wisdom Seeker ဆိုသည့် ဖေ့စ်ဘွက်စာမျက်နှာတွင် ရေးသားထားသည်။
ဦးအောင်သန်းစိန် ဟာ တစ်နိုင်ငံလုံးရှိ နယ်၊ မြို့ နေရာ အများအပြားတွင်လည်း လှူဒါန်းမှုများ ပြုလုပ်နေသူဖြစ်သည်။ နိုင်ငံတော်မှ ပေးအပ်သော သုဓမ္မမဏိဇောတဓရဘွဲ့ ပေးအပ်ခံထားရသည်။ အင်မတန်မွန်မြတ်သော အလှူရှင်ဖြစ်ကာ ရှားရှားပါးပါး သီလရှင်များနှင့် အလှူရေစက်ဆုံနေတာလည်းဖြစ်ပါတယ်။
သာသာနာ့ အလံကလေး ကိုင်ကာ ပီတီသောမနဿများဖြင့် မျက်နှာက အမြဲတမ်း ပြုံးနေလျှက်ရှိသည်။ 
အင်မတန်ကြီးကျယ် အကုန်အကျ များပြားတဲ့ အလှူကြီးပေးနေသည်။
ဒါပေမယ် သူ့နှင့် သူ့မိသားစုရဲ့ ဝတ်စားဆင်ယင် နေထိုင်ပုံကတော့ မြင်ရတဲ့ အတိုင်း အင်မတန် ရှိးစင်းလှပါတယ်။ တွေ့ရ ကြားရသူတိုင်း သာဓုခေါ်လောက်ဖွယ် မြန်မာပြည်မှ ခေတ်သစ် အနာထပိဏ်ပင် ဖြစ်ပါတော့သည်။
Source
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall