ဘာလီကျွန်းတွင် ခွေးသား များကို ကြက်သား အဖြစ်လိမ်ပြီး ဟင်းချက်ရောင်းချနေ
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ရှိတဲ့ စားသောက်ဆိုင်တွေဟာ ကျွန်းပေါ် လာလည်ကြတဲ့ ခရီးသွားဧည့်သည်တွေကို ခွေးသား များအား ကြက်သား အဖြစ် လိမ်ပြီး ဟင်းချက်ကာ aရာင်းချနေတယ် လို့ သိရပါ တယ်။ 
အထူးသဖြင့် အားလပ်ရက် အပန်းဖြေလာကြတဲ့ သြစတြေးလျနိုင်ငံခြားသားများ ဟာ ဘာလီကျွန်း က ကြက်သား စာတေးဟင်းကို အလွန်ကြိုက်နှစ် သက်ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် အဲဒီ ကြက်သားစာတေးဟင်း ဟာ ကြက်သားနဲ့ ပြုလုပ်ထားတာ မဟုတ်ဘဲ ခွေးသားနဲ့ ပြုလုပ်ထားတာဖြစ်တာ ကြောင့် သြစတြေးလျ ခရီးသွားတွေဟာ ခွေးသားတွေကို မသိဘဲ စားမိခဲ့ကြတာဖြစ်ပါ တယ်။ အဆိုပါ အဖြစ်အပျက်ကို AnimalsAustraliaအဖွဲ့က စုံစမ်းစစ်ဆေးကာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါ တယ်။
အင်ဒိုးနီးရှားနိုင်ငံမှာ ခွေသား ကို ဟင်း အဖြစ်ချက်စားကြရန် တရားဝင် ခွင့်ပြုထားသော်လည်း ခွေးများကို အတင်း ဓမ္မနှိပ်စက်သတ်ဖြတ်ခြင်း၊ အဆိပ်များ သုံးပြီး သတ်ဖြတ်ခြင်း ကိုတော့ အရေးယူပါတယ်။ ဒါပေ မယ့် ဘာလီကျွန်းမှာ ခွေးသား မှောင်ခိုဈေးကွက် ရှိပြီး အဲဒီကနေ တစ်ဆင့် စားသောက်ဆိုင်တွေက ၀ယ်ယူ  ကြတာလို့ သိရပါတယ်။
Animals Australia အဖွဲ့ဒါရိုက်တာ Lyn Whiteက ” ခွေးသား မှောင်ခို ဈေးကွက်ဟာ တိရိစ္ဆာန်နှိပ်စက်  သတ်ဖြတ်ခြင်း ဥပေဒေ ကို ချိုးဖောက်တာဖြစ်သလို သန့်ရှင်းစင်ကြယ် စားသောက်ကုန် ဥပဒေကိုလည်း ချိုးဖောက်တာဖြစ်ပါတယ်”  လို့ ABCသတင်းဋ္ဌာနာကို ပြောကြားခဲ့ပါတယ်။
Source
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall