ပန်းချီဆရာ အစွမ်းနဲ့ အောက်ပိုင်း ဘာမှမဝတ်ဘဲ မြို့ထဲလျှောက်ခဲ့တဲ့ မော်ဒယ်
ဥရုဂွေး အလှမယ် တစ်ယောက်ဖြစ်တဲ့ Gime Gelos ကတော့ အ၀တ် မပါတဲ့ အောက်ပိုင်း ခန္ဓာကိုယ် နဲ့ မြို့တော် တစ်ခွင် ပြဲပြဲစင်အောင် လျှောက်သွားပြခဲ့ပါတယ်။ တစ်ကယ်တော့ လူတစ်ယောက် ကိုလုံးတီး လမ်းလျှောက်နေတာမျိုးဆို နိုင်ငံတိုင်း အတွက်တော့ ထူးဆန်းနေတဲ့ ကိစ္စရပ်ပါ။ 
သို့ပေမယ့် Gime ကတော့ အပေါ်ပိုင်းမှာ ဂျက်ကတ် အင်္ကျိတစ်ထည် ၀တ်ထားတာက လွဲရင် အောက်ပိုင်းမှာ လုံးဝ ဘာမှ ၀တ်မထားဘူးလို့ ဆိုပါတယ်။
Gime ဟာ Social Experiment ပြုလုပ်တဲ့ အနေနဲ့ Montevideo မြို့တော် တစ်ခွင်ကို လျှောက်သွားခဲ့တာပါ။ သူမရဲ့အောက်ပိုင်းက ဂျင်းဝတ်စုံ အစစ်နဲ့ တူတဲ့ ပန်းချီ ကိုတော့ ပန်းချီဆရာ တစ်ယောက်က လက်စွမ်းပြ ခဲ့တာပါ။ အရင်ဆုံး သူမရဲ့ အောက်ပိုင်းကို ဆေးအပြာ မှုတ်ဆေးနဲ့ ဖြန်းလိုက်တယ်လို့ ဆိုပါတယ်။
နောက်တော့မှ ဂျင်းဘောင်းဘီမှာ ပါတဲ့ ချုပ်ရိုးကြောင်း ဘောင်းဘီအိတ် ပုံလေးတွေကို ပန်းချီဆရာက ထည့်သွင်းပုံဖော်ပေးခဲ့တာပါ။ Gime ဟာ အောက်ပိုင်း မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ် နဲ့ ဘက်စ်ကား စီးခြင်း၊ အစားအစာ ၀ယ်ယူဖို့ တန်းစီခြင်း၊ ဈေးဆိုင် များကို လှည့်ပတ်ကြည့်ရှုခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ သူမ ပြုလုပ်သမျှကို ခပ်လှမ်းလှမ်း ကနေ ကင်မရာ ဆရာက မှတ်တမ်းတင်ပြီး လိုက်လာခဲ့တာပါ။
လူတွေ အားလုံးက သူမ အောက်ပိုင်းမှာ ဘာမှ ၀တ်မလာဘူးဆိုတာကို သတိ မထားမိခဲ့ကြပါဘူး။ ဒါပေ မယ့် ကင်မရာ ဆရာတွေ ပါလာတဲ့ အတွက် မော်ဒယ်၊ သို့မဟုတ် သတင်းထောက် တစ်ယောက်၊ မှတ် တမ်း ရုပ်ရှင်ရိုက်ကူးနေတာလား လို့သာ အောင့်မေ့ခဲ့ကြပါတယ်။
အဆိုပါ ဗွီဒီယိုကို YouTube မှာ တင်တဲ့အခါမှာ “nudity” ဆိုတဲ့ စကားလုံးကြောင့် YouTube က ဖျက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ ပြန်ပြီး တင်လို့ ရသွားတယ်လို့ သိရပါတယ်။
လင်းဇော်ကို (Shwemom)
source : thesun.co.uk
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall