လက်ပ်တော့ သယ်ဆောင်ခြင်းကို နောက်ထပ် လေဆိပ် ၇၁ ခု မှာပါ အမေရိကန် ပိတ်ပင်
ပြီးခဲ့တဲ့ မတ်လ က အမေရိကန် အစိုးရဟာ လေဆိပ် ၁၀ ခုမှာ လက်ပ်တော့များ သယ်ဆောင်ခြင်းကို ပိတ်ပင်ခဲ့ခြင်းကြောင့် တစ်ပတ် ကို လေကြောင်း ခရီးစဉ် ၃၅၀ ပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ နောက်ထပ် လေဆိပ်ပေါင်း ၇၁ နေရာမှာပါ လက်ပ်တော့ သယ်ခွင့်ကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။
Homeland Security ရဲ့ အဆိုအရ လက်ရှိမှာ ဒီ ပိတ်ပင်မှုကို သုံးသပ် စဉ်းစားနေကြပြီး ဥရောပ ၊ အရှေ့ အလယ်ပိုင်း နဲ့ အာဖရိက မှ ဒါဇင်နဲ့ ချီတဲ့လေဆိပ် များရဲ့ တိုက်ရိုက်လေကြောင်းများမှာ လက်ပ်တောလို မျိုး အီလက်ထရောနစ် ပစ္စည်းများ သယ်ခွင့်ကို တိုးမြှင့် ပိတ်ပင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ 
ယခုလိုမျိုး ဥရောပ လေဆိပ်များမှာ လက်ပ်တော့ သယ်ခွင့် ပိတ်ပင်ခြင်းကို တိုးမြှင့်သွားခြင်းကြောင့် တစ် ရက် ကို လေကြောင်း ခရီးစဉ် ၄၀၀ နီးပါး ထိခိုက် နစ်နာဖွယ်ရှိပြီး ခရီးသည်ပေါင်း သန်း ၃၀ ပေါ် သက်ရောက်မှု ရှိလိမ့်မယ်လို့ လေကြောင်း လုံခြုံရေး အာဏာပိုင်များက ပြောကြားထားပါတယ်။
ယခုလို လက်ပ်တော့ များကို လေယာဉ် နဲ့ သယ်ခွင့် မပေးရတဲ့ အကြောင်းများထဲမှာ အကြမ်းဖက်မှု အန္တရာယ် ကလည်း တစ်ကြောင်း အပါအဝင် ဖြစ်ပါတယ်။ လေကြောင်းမှ တစ်ဆင့် လက်ပ်တော့ များ သယ်ဆောင်ခြင်းကို မပိတ်ပင်ဘဲ အကြမ်းဖက်ခြိမ်းခြောက်မှုများ လျော့ကျစေဖို့ နည်းလမ်း ရှာနေတယ်လို့ Homeland Security ရဲ့ အတွင်းရေးမှူး ဂျွန်ကယ်လီ က ဆိုပါတယ်။ 
လတ်တလောမှာ အကြမ်းဖက်တိုက်ခိုက်မှုများကို အနောက်နိုင်ငံများမှာ ခပ်စိပ်စိပ်တွေ့ မြင်နေရတာကြောင့် ပြည်ပဝင်ပေါက်များဖြစ်တဲ့ လေဆိပ်များမှာ လုံခြုံရေးတိုးမြှင့်ဖို့ အခုလို ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ လစ်သီယမ်အိုင်ယွန်း ဘက်ထရီသုံး လက်ပ်တော့များ လေကြောင်းက သယ်ဆောင်ခြင်းကြောင့် မီးလောင်ပေါက်ကွဲမှုများ ဖြစ်နိုင်ခြေရှိလို့ ဖြစ်ပါတယ်။
 ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ က ဆန်ဖရန်စ္စကို  ဆီ ဦးတည် ပျံသန်း လာခဲ့တဲ့  နယူးယော့ခ် JetBlue Airways လေကြောင်းဟာ လေယာဉ် ပစ္စည်းထားခန်းမှာ ခရီးသည် တစ်ဦးရဲ့ လက်ပ်တော့ မီးလောင်ခဲ့ခြင်းကြောင့် မစ်ရှီဂန်မြို့ ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ဖူးပါတယ်။
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall