ဘယ်လို ပျားရည်မျိုးက အကောင်းဆုံးလဲ



ပျားရည်မှာ အမျိုးအစား ၃ မျိုး ရှိပါတယ် တဲ့ .... အဲဒါကတော့
  • ဇီးပျား
  • နှမ်းပျား
  • နေကြာပျား   ဆိုပြီးတော့ပါ....

ဇီးပျား က ဘယ်လောက်ကြာကြာထား အရောင်သာ ပြောင်းသွားတယ် ချဉ်တာတွေ ဂက်စ် ထွက်တာတွေ လုံးဝ မဖြစ်ဘူး.... စတင် ယူတဲ့အချိန်မှာ ဆိုရင် ပျားရည်က ရွှေအိုရောင်လို ဝါကျင်ကျင် အရောင် ရှိတယ်.... အချိန် ကြာလာရင် တစ်ဖြည်းဖြည်း လက်ဖက်ခြောက် အရောင်ကို ပြောင်းသွားတယ်  ..... ဒီလို အရောင် ပြောင်းပေမယ့် အရသာ ကတော့ အရင် အတိုင်းပါပဲ ။

နှမ်းပျား က အရောင်တော့ မပြောင်းတတ်ဘူး..... ဒါပေမယ့် အချိန် ကြာလာတာနဲ့ အမျှ ဂက်စ် တွေ ထွက်လာပြီး အရသာက ချဉ်လာတယ်.... ဂက်စ်တွေ ထွက်လာတော့ ဖန်ပုလင်းထဲ ထည့်ထားရင် pressure များလာပြီး ဖန်ပုလင်းက ထက်ပိုင်း ကွဲထွက်သွားတတ်တယ် ။

နေကြာပျား ကတော့ အရောင် မပြောင်းဘူး... ဂက်စ်လည်း မထွက်တတ်ဘူး.... ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အနည်ထိုင်ပြီး ခဲသွားတယ်.... သကြားတုံးလိုမျိုး ခဲ သွားတယ် ။ သူကတော့ ရောင်းရင် တစ်နှစ် အတွင်း ကုန်အောင် သုံးမှ ရမှာပါ.... ၁ နှစ် ကျော်သွားတာနဲ့ သကြားခဲလိုမျိုး ခဲပြီပဲ ။

ပျားရည် အမျိုးအစား ၃ မျိုးမှာ ဇီးပျား သာ အကောင်းဆုံးပါ... ဒါကြောင့် ဇီးပျား ပဲ ရောင်းကြတာ များ တယ် ။ ပျားရည် ထုတ်တဲ့ နေရာမှာ မွေးပျား ကနေ ထုတ်တာနဲ့ သဘာဝပျား ကနေ ထုတ်လုပ်တာ ဆိုပြီး ၂ မျိုး ရှိပါသေးတယ် ။ ဘယ်ကနေပဲ ထုတ်ထုတ် ပျားရည်တွေက အတူတူပါပဲ ..... ဝတ်ရည် စုပ်တဲ့ ပျားလေးတွေ အပေါ်မှာပဲ မူတည်ပါတယ် ။





  • ပဲ ၊ ပြောင်း ကနေ ဝတ်ရည် စုပ်ရင် ဇီးပျား 
  • နှမ်း ပန်းပွင့် ကနေ ဝတ်ရည် စုပ်ရင် နှမ်းပျား
  • နေကြာပန်း ကနေ စုပ်ရင် နေကြာပျား    ယေဘုယျ အားဖြင့် ဒီလို ခွဲခြားထားပါတယ် ။

ပျားရည် ကို ပလတ်စတစ် ဘူးတွေနဲ့ မထည့်ပဲ ဖန်ပုလင်း နဲ့ ထည့်ထားရင် အကောင်းဆုံးပါ ။ ပလတ်စတစ်ဘူးတွေနဲ့ ထည့်ရင် ကြာလာတဲ့အခါ ဘူး က အနည်တွေ ကျလာတတ်သလို ဓာတ်ပြုမှုလည်း ရှိလာတတ်ပါတယ် ။ ဒါကြောင့် ဖန်ပုလင်းနဲ့ ထည့်ရောင်းတဲ့ ဇီးပျား သာ ဝယ်ယူ စားသုံးသင့်ပါကြောင်း ။

Source

Comments

Popular posts from this blog

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အရွယ်တင် နုပျို ချင်ပါသလား ? ဆေးခြောက်ရှူပါ

ကမ္ဘာ့ ရှင်​ဘုရင်​ မဟာပထမံ​ အောင်​မင်း​ခေါင်

ကိုယ်ကျင့်တရား အားနည်းချက်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

 
365myanmar.com - Myanmar Online Shopping Mall