တန်ဆောင်မုန်းလ နှင့် ပံ့သကူ ပစ်ခြင်း
ပံ့သကူ ပစ်တယ် ဆိုတာ ဘာလဲ
ဒီဘက်ခေတ်မှာ လူငယ် တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ အလေ့ တစ်ခုပါ ။
ကိုယ် လှူချင်၊ တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ ။ ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာ တစ်ခုခု မှာ သွားပြီး ချထားပါ ။
 ခြွင်းချက် နည်းနည်း ရှိပါတယ်။
အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး .။ ကိုယ် တစ်ယောက်တဲသာ သိရပါမယ်။
လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။ အလှူ ဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး ။
နောက် တစ်ရက်မှာ ကိုယ်လှူလိုက်တဲ့ ပစ္စည်းကို ရသွားတဲ့ လူက ကောင်းချီး မင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။
အဲဒီ ကုသိုလ် ဟာ ( ရှေး အရင်က ရဟန်းတွေ ဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ .. စတဲ့ နေရာတွေ ကနေ အဝတ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်ဝတ်လေ့ရှိပါတယ်။ အဝတ် ကောင်း ကောင်းလေး ရပြီ ဆိုရင် အဲဒီ ရဟန်း အဖို့ တစ်နွေစာ တရား အားထုတ်လို့ ရနိုင်ပြီပေါ့ ..) 
ခုနက ရဟန်း တစ်ပါး ဟာ အဝတ်ကောင်းကောင်း လေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။ .. ကုသိုလ်ရပုံချင်းလည်း တူပါတယ်။
– ဒါကြောင့် ” ပံ့သကူ ပစ်တယ် ” ..ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ ။
Crd ; သစ္စာရှင်-မြတ်ဗုဒ္ဓ ၏ သာသနာ page
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall