HD { Hight Defination } ဆိုတာ ဘာလဲ
HD (High Definition) ဆိုတာ ဘာလဲ
ကျွန်တော်တို့ မြန်မာနိုင်ငံက လူအများစု နားလည်တာ နည်းနည်းလွဲနေကြ လို့ ရှင်းပြချင်ပါတယ်။
DVD ခေတ်မှာ DVD မှာ ပါတဲ့ ကွာလတီ က 480p ပါ ။
HD မဟုတ်သေးပါဘူး ။
Blu-ray ခေတ် ကျတော့ High Definition ဆိုပြီး ဖြစ်သွားပါတယ် ။
အဲဒီမှာ ၂ မျိုး ထပ်ကွဲပါတယ် ။
HD ready - 720p ( resolution 1680 x 720 pixels)
Full HD - 1080p ( resolution 1920 x 1080 pixels) ဆိုပြီးကွဲသွားပါတယ်။
(အနောက် နံပါတ် 720 နဲ့ p ကတော့ progressive scan video ကို အတို ယူပြီး 720p လို့ ခေါ်တာပါ)
တီဗီတွေ ၀ယ်ရင် သတိထားရပါတယ်။ အခုခေတ်တောင် လက်မ ၄၀ ဖြစ်တိုင်း Full HD မဟုတ်ပါ။
Sony TV မှာ လက်မ ၄၀ ကို ဈေး ၃ မျိုး ရှိပါတယ်။ မော်ဒယ် မတူပါဘူး ။
၅ သိန်း မပြည့်တဲ့ မော်ဒယ် က HD ready ပါ ။
၅ သိန်း ကျော် မော်ဒယ် ကလဲ HD ready ပါ ။
၆ သိန်း ကျော် မော်ဒယ်မှ Full HD ပါ ။
မယုံရင် TV ဘူး ဘေးက ပုံလေးတွေမှာ ကြည့်ကြည့်ပါ။ Full HD - HD ready ပုံ မတူပါဘူး ။
အခု နောက်ဆုံးပေါ် နည်းပညာက Ultra HD 4K (4K တီဗီလို့လဲ ခေါ်တယ် ခင်ဗျ) နဲ့ 8K ပါ ။
8K - 4320p (resolution 7680 x 4320 pixels)
8K က တီဗွီ အနေနဲ့တောင် မထွက်သေးပါဘူး။ အခုမှ ပေါ်တဲ့ နည်းပညာပါ။
ကွာလတီ ဘာကွာလဲ မေးရင် ယှဉ်ကြည့်ဖူးမှ သိပါတယ်။ ဘာမှ မဆိုင်ပါဘူး ။
အခု ကျွန်တော် ရောင်းနေတဲ့ Full HD ဆိုတာတွေတောင် 4K ကြည့်ဖူးသူများ မှုန်တယ်ပြောပါလိမ့်မယ်။ အဲ့ဒီလောက် ကွာပါတယ်။
ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ခွေတွေမှာ ၂ စား ရှိပါတယ်။
တစ်မျိုးက Bluray တံဆိပ် ကပ်ထားတဲ့ DVD ပါ။ DVD စက် နဲ့ကြည့်လို့ရပါတယ်။
DVD စက်နဲ့ ကြည့်လို့ရတဲ့အခွေသာဖြစ်ရင် Bluray လုံးဝ မဟုတ်ပါ ။
Bluray ကို DVD ထဲ ဆန့်အောင် ပြန်ချုံ့ထားသော ကွာလတီ အနိမ့်ခွေများဖြစ်ပါတယ်။
နောက်တစ်မျိုးက Bluray ခွေ အစစ်ပါ။ ဆိုင်ကြီးတွေမှာသာ ရတတ်ပါတယ်။
လမ်းဘေးဆိုင်တွေမှာ လုံးဝ မရှိပါ။
DVD စက်ထဲ ထည့်ရင် လုံးဝ မဖတ်ပါဘူး ။ Blu-ray စက်တွေနဲ့မှ ဖတ်ပါတယ်။
ဒါဆိုရင်တော့ ကွာလတီ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ရောင်းနေတဲ့ Digital copy ထက်ကောင်းပါတယ်။
ဘယ်ထဲမှ မ၀င်ဘဲ ၀ယ်တဲ့သူတွေကို ဒုက္ခပေးတဲ့ ခွေတွေကတော့ တရားဝင် Bluray မထွက်သေးပဲ ခိုးရိုက် ခိုးကူး ဘယ်က ထွက်လာမှန်း မသိတဲ့ ကြား ကွာလတီတွေပါ။ မှုန်တုန်ဝါးတား .. အသံ မကောင်း .. စာ
တန်းထိုး မမှန် .. ဆိုင်တွေက ကြည်ပြီ ဆိုပြီးရောင်းလိုက်ပြီး အိမ်ရောက်တိုင်း ဒေါသထွက်ရတဲ့ခွေတွေပါ ။
အဲဒီမှာ အဆင့်တွေ အမျိုးမျိုး ရှိပါတယ် ။
ပထမဆုံး အဆင့်က CAM လို့ ခေါ်တယ်၊ ရုပ်ရှင်ရုံထဲ ကင်မရာလေး ဖွက်ယူသွားပြီး ခိုးရိုက် ထားတာပါ။ လှုပ်တုတ်တုတ် တောင်ဖြစ်နေတတ်ပါတယ်။
ဒုတိယက TS လို့ ခေါ်ပါတယ်။ သူလဲ မထူးခြားနားပါ။ သူကတော့ ကင်မရာ နဲ့ခိုးရိုက်ထားတယ် မထင်ရလောက်အောင် နည်းနည်း ငြိမ်ပါတယ် ။
သူ့နောက်မှာတော့ R4 R5 စသည်ဖြင့် အစဉ်လိုက်လာပါတယ်။
R5 ပြီးရင် R6 အဆင့်ဟာ DVD မရောက်ခင် အဆင့်ပါ။ ရုပ်က လုံးဝကြည်သွားပါတယ်။ အသံ မကောင်းသေးပါဘူး။
R6 ပြီးရင် DVD ထွက်ပါတယ်။ တစ်ချို့တွေက DVD မထွက်ပဲ Bluray တန်းထွက်ပါတယ်။
နောက်တစ်မျိုး ကတော့ HDTV Rip … WebRip လို့ခေါ်ပါတယ်။ တီဗီမှာ ပြတာကို HD စက်နဲ့ ကူးထားတာပါ။ အတော်ကို ကြည်ပါတယ်။ Bluray ခွေ အစစ်လောက်တော့ မရပါ။
ဒီမှာကြည်ပြီ ဆိုပြီး စရောင်းရင် R5 R6 တွေများပါတယ်။ အထူးသဖြင့် အင်္ဂလိပ် စာတန်းထိုးကိုကြည့်ရင် သိသာပါတယ်။ အဲဒီခွေတွေ စာတန်းထိုး မပါတာ မမှန်တာ များပါတယ်။
ဒီက ခွေရောင်းတဲ့ သူများ ကြည်တယ်ဆိုတာ ကျွန်တော်ဖြင့် အလွန်ကြောက်ပါတယ်။ ဘယ်လိုကြည်တယ်ဆိုတာ မပြောလို့ပါ။
အိမ်ရောက်မှ အသံမကောင်း စာတန်းထိုး မမှန် ဒေါသထွက်လို့ ၀ယ်မကြည့်ဖြစ်တာကြာပါပြီ။
ဒီလောက် ရှင်းပြရင်ဖြင့် အတော်အတန် သဘောပေါက်ပြီထင်ပါတယ်။
အခွေ ကွာလတီပေါ် မူတည်သလို တီဗီ ကွာလတီပေါ် ဆောင်းဘောက် ကွာလတီပေါ် မူတည်ပါတယ်။
နောက်ပြီး တစ်ကယ့် Bluray ကို Full HD တီဗီ နဲ့ကြည့်ဖူးမှ HD ကွာလတီ အစစ်အမှန်ကို သိမှာပါ။
အခု အခွေရောင်းတဲ့သူ အများစုကတော့ CRT TV အဟောင်းလေးနဲ့ ကြည့်ပြီး ကြည်လှချည့်ပြောနေတာ ဘယ်လိုမှ နားမလည်နိုင်ပါ။
ကျေးဇူးတင်ပါတယ်။
All credit to original uploader
Comments
Post a Comment