မြန်မာ ဆိုတဲ့ ဝေါဟာရ
မြန်မာ ဟူသည် . . . . . မြန်မာလူမျိုးတွေဟာ မြန်မာ ဆိုတဲ့ အမည်နာမ ကို ဘယ်အချိန်က ခံယူ ခဲ့ပြီး ဘယ်သူတွေက အသိ အမှတ်ပြု ခေါ်ဝေါ် ခဲ့ကြပါသလဲ . . . ? မြန်မာ ဆိုတဲ့ ဝေါဟာရ ဟာ မြန်မာ လူမျိုးတွေရဲ့ စရိုက်သဘာဝ ဝိသေသ လက္ခဏာ ကို ဖော်ပြတဲ့ဝေါ ဟာရ ဟုတ် မဟုတ် သိရှိဖို့ အဲဒီဝေါဟာရ ရဲ့ အရင်းအမြစ် နဲ့ ဘယ်အကြောင်းတွေကြောင့် မြန်မာ လူမျိုး ဆိုပြီး ဖြစ်ပေါ်လာရတယ်ဆိုတာကို _ မြန်မာ ဆိုတဲ့ ဝေါဟာရ ကို အဦး အစ အစောဆုံး အမှတ်အသားအနေနဲ့ တွေ့ရှိရတာ ကတော့ သက္ကရာဇ် ၄၅၂ ပုဂံခေတ် ခရစ်နှစ် ( AD 1190 ) ပြည့်နှစ် အမတ်ကြီး # သိင်္ဃသူ ရေးထိုး ခဲ့တဲ့ ပုဂံမြို့တောင်ဂူနီကျောက်စာ မှာ စတင်တွေ့ရှိရတယ်လို့ သုတေသီ တို့က ဆိုပါတယ် ။ အဲဒီကျောက်စာမှာ မြန်မာ ဆိုတဲ့ ဝေါဟာရ ကို အထင်အရှား ရေးထိုးထားတာကို အခုထိ ပုဂံမြို့ ယဉ်ကျေးမှုပြတိုက်အတွင်းမှာ တွေ့နိုင်ပါတယ် ။ အဲဒီကျောက်စာ သက္ကရာဇ်ထက် နှစ် ၉၀ လောက် စောတဲ့ ကျန်စစ်သား မင်းကြီးရဲ့ နန်းတည် မွန်ကျောက်စာ ( AD 1102 ) မှာ မြန်မာကို "မိရမာ" လို့ ရေးထိုးထားလို့ ( AD 1342 ) မှာ မြန်မာကျောက်စာ မှာ "မြံမာ" လို့ ရေးထိုး ထားတာကို တွေ့ရပြီး နောက်ပိုင်း ကျောက်စာတွေနဲ့ မင်စာတွေမ...