ကျီး တစ်ကောင်မှ ပေးသော သင်ခန်းစာ
အရမ်းပူတဲ့ နေ့တစ်နေ့မှာ ရေဆာနေတဲ့ ကျီး တစ်ကောင်ဟာ ရေ ဘယ်နေရာမှာ ရှိနိုင်သလဲ ဆိုတာကို သိနိုင်ဖို့ အတွက် လယ်ကွင်းတွေရဲ့အပေါ် ကနေ ပျံသန်းပြီး ရှာဖွေနေပါတယ်။ အချိန်သာ ကုန်လာတယ် ရေ ရှိမယ့် နေရာကို မတွေ့ဘူး ဖြစ်နေတယ်။ ရေမသောက်ရသေးတဲ့ အ
မောဟိုက်လွန်းပြီး မပျံနိုင်တော့လို့ လယ်ကွင်း တစ်ခုထဲမှာ နားလိုက်ရပါတော့တယ်။ ရုတ်တစ်ရက် လယ်ကွင်း ရဲ့ တစ်နေရာ သစ်ပင်အောက်မှာ အရာတစ်ခုကို သူလှမ်းတွေ့လိုက်တယ်။
သေချာသွားပြီ အဲဒါ ကတော့ ရေခရား တစ်ခုပဲဖြစ်ပါတယ်။ ဝမ်းသာအားရနဲ့ ရေခရား အဖုံးကို နှုတ်သီးနဲ့ ထိုးကြည့်ပြီး ရေ ရှိ / မရှိ ကြည့်လိုက်တော့ ခရားထဲမှာ ရေ တစ်ဝက်လောက်ရှိသေးတယ်။ သောက်မယ် လည်းကြံရော ခရားရဲ့ အဝနဲ့ သူ့ခေါင်းနဲ့ မဆံ့ဘူးဖြစ်နေတယ်။
အဲဒါနဲ့ ကျီး လည်း ရေခရား ကို စောင်းကြည့်လိုက်တယ်။ ဒါပေမယ့် ရေခရားက အရမ်းလေးနေတယ်။ ဘယ် လိုမှ မလို့ မရဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ် ။ ကျောက်ခဲလေးတွေကို တွေ့လိုက်တော့ သူ အကြံတစ်ခု ရသွားတယ်။
အဲဒါနဲ့ ကျောက်ခဲ တစ်ခုကို ခရားထဲကို ထည့်လိုက်တယ်။ အခြေအနေက မထူးသေးဘူး။ နောက် ထပ်ကျောက် ခဲတွေ တစ်ခုပြီး တစ်ခု ထပ်လည်း ထည့်လိုက်ရောက် ရေမျက်နှာပြင်မြင့်တက်လာလို
ဒီပုံပြင်ထဲက ကျီး လေးလိုပါပဲ ။ ကျွန်ုပ်တို့လည်း ဘဝမှာ မိမိ လိုချင်တာတွေကို ရှာဖွေတဲ့အခါမှာ အဆင်ပြေတာ ရှိသလို အဆင်မပြေ ဒုက္ခရောက်ရတာလည်း ရှိမှာပါ။ အဆင်မပြေတဲ့အခါမှာ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
မြန်မာစကားပုံ တစ်ခု ရှိပါတယ် " လိုလျှင်ကြံဆ နည်းလမ်းရ " တဲ့ သင့် ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ အတွက်တော
Credit: ✒✒
Comments
Post a Comment