ပုဇွန် ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်
ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်း စားသောက် ဆိုင် တွေရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ ဂဏန်း၊ ငါး အဲဒါတွေ အကုန် ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲ နဲ့  အတူ ၀ိုင်သောက်တတ်တဲ့ သူက ၀ိုင် ၊ ၀ိုင် မသောက်တတ်တဲ့ သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice လိုဖျော်ရည်မျိုးကို တွဲဖက်ပြီး စားသုံးခဲ့ကြဖူးပါတယ်။
အဲ့ဒီလိုပဲ တစ်ချို့ တရုတ် မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ ဘူဖေးကျွေးတဲ့ အခါ ပုဇွန်တစ်ပန်းကန်နဲ့ အတူ Orange Juice တစ်မျိုး ကတော့ ပါဝင်မှာ သေချာပါတယ်။ ဒီလို တွဲဘက် စားသုံးမှုမျိုးဟာ ဘာမှ မထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှု့လေးလို့  ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။
တစ်ကယ်တော့ ပုဇွန်လို ပါးလွှာတဲ့ အခွံပါးလေးတွေ ပါတဲ့ ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်ထဲမှာ တွဲဘက် စားသုံးတဲ့ အခါ အခန့် မသင့်ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ကျွန်တော်တို့  အခုသိခဲ့ရပါပြီ ။
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား ၊နှာခေါင်း၊ ပါးစပ် နဲ့ မျက်လုံး တွေ ကနေ သွေးတွေ ထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သူမ ရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ အာဆင်းနစ် အဆိပ်သင့်လို့ သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ရဲတွေဟာ သေမှု သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှူ့တွေ လုပ်ပါတော့တယ်။
ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခ တစ်ဦး ကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။
ပါမောက္ခကြီးဟာ နာရီဝက်ခန့်  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံး ကို သေသေချာချာ စစ်ဆေးပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
ပါမောက္ခကြီးဟာ နာရီဝက်ခန့်  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံး ကို သေသေချာချာ စစ်ဆေးပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
“သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ် ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိ လက်လွတ်ဖြစ်မှူ့ကြောင့် မတော်တစ်ဆ သေဆုံးခဲ့ရတာပါ” လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။
“ဘာကြောင့် မတော်တစ်ဆ သေဆုံးရတာလဲ ” ဆိုပြီး လူတွေဟာ အံ့ သြကုန်ကြပါတယ် ။
“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီ ကို နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီ ဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာ စားချိန်မှာ ပုဇွန်တွေတော်တော် များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာ မဟုတ်သေးပါဘူး။
သူမ နဲ့ အတူတူ ညစာမှာ ပုဇွန်စားတဲ့ သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမ ဟာ ပုဇွန် စားရင်းနဲ့ တစ်ချိန်တည်းမှာပဲ ဗီတာမင်စီ ပါဝင်တဲ့ ဖျော်ရည် တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီ အချက်ဟာ ပြဿနာ ပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန် ကဲ့သို့ ပါးလွှာနူးညံ့ တဲ့ အခွံတွေ ပါတဲ့ အစား အစာတွေမှာ သိပ်သည်းဆ မြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လေ့ လာတွေ့ ရှိခဲ့ ကြပါတယ်။
အဲဒီ လတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး ။ ဒါပေမယ့် သူဟာ ဗီတာမင်စီ နဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေ ဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as arsenic oxide, the chemical formula for As205) ဟာ အဆိပ် ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း သုံးမျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အဖြစ်ပြောင်းလဲသွားပါတယ်။
အာဆင်းနစ် အဆိပ်ရဲ့ အဓိပ္ပာယ် ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့ အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်းနစ် အဆိပ်ကြောင့် သေတဲ့ လူတွေဟာ နား ၊နှာခေါင်း၊ ပါးစပ် နဲ့ မျက်လုံး တွေ ကနေ သွေး ထွက် တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ ဒါကြောင့် ပုဇွန် ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။
by New MyanmarFoundation
Comments
Post a Comment