မြန်မာနိုင်ငံ ကျန်းမာရေး အရေးကြီးသတင်း
အရေးကြီး သတင်း { Red Alert Warning }
အများသိအောင် ရှယ်ပေးကြပါ။ သတိထားကြပါ။
မြန်မာနိုင်ငံ ကျန်းမာရေး အရေးပေါ် အခြေအနေ ရောက်ရှိလာပါပြီ။ အစိုးရ အနေနဲ့ အရေးကြီးတဲ့ ရောဂါ ထိန်း ချုပ်ရေးတွေ လုပ်ဖို့ လိုအပ်လာပါပြီ။ အခု အခြေအနေဟာ ရာသီတုပ်ကွေး မဟုတ်တော့ပါဘူး။
ပထမဆုံး စတင်တွေ့ရှိခဲ့တာက H1N1 ဖြစ်ပါတယ်။ နောက်ထပ်ပြီး တွေ့ရှိလာတာက H3N2 ။ 
အခု နောက် ဆုံး တွေ့ရှိမှုက တနင်္သာရီ မှာ H5N1 ဖြစ်ပါတယ်။ 
Flu ဟာ ပိုးအမျိုးအစား တစ်မျိုးတည်းဆိုရင် မစိုးရိမ်ရပေမယ့် အခု ၃ မျိုး အထိ တွေ့ရှိလာမှုကြောင့် အန္တရာယ် ဇုံထဲ ဝင်သွားပါပြီ ။ ဒီ ၃ မျိုးသာ Mutation ဖြစ် ရောစပ်ပြီး ပိုးအသစ် ထွက်လာခဲ့ရင် ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်အောင် ဖြစ်သွားနိုင်ပါတယ်။
Flu ဟာ လေလမ်းကြောင်း အသက်ရှူလမ်းကြောင်းက ကူးစက်တာ ဖြစ်ပါတယ်။ ကူးစက်နှုန်း အလွန်မြန် ပါတယ်။ ရောဂါပိုး တွေ့ရှိ လူနာ တစ်ယောက်ရဲ့ ပတ်ဝန်းကျင် သူ ဖြတ်သန်းလာခဲ့ရာ နေရာ အားလုံး ရောဂါပိုး ပြန့်နှံ့ပြီး ဖြစ်နေပါပြီ။
လူနာနဲ့ ထိတွေ့ ဆက်ဆံပြောဆိုခဲ့သူ အားလုံးလောက်နီးနီး ကူးစက်ခဲ့ပြီး ဖြစ်ပါတယ်။ ရောဂါရှိသူရဲ့ ချောင်းဆိုးခြင်း နှာချေခြင်းတို့ငြောင့် ပြင်ပရောက်လာတဲ့ ပိုးဟာ နေရောင်ခြည် ရတဲ့ နေရာမှာ နာရီ အနည်းငယ် နေနိုင်ပြီး အရိပ်အခန်းတွင်းမှာ ဆိုရင် တနေကုန် ၂၄ နာရီ အထိ ကူးစက်နိုင်ချေရှိနေပါတယ်။ ပြင်ပ ရာသီဥတုဟာ စွပ်စိုနေမယ် ဆိုရင် အချိန်ပိုကြာနေနိုင်ပါတယ်။ 
အခုတွေ့ရှိနေရတဲ့ Flu virus အားလုံးဟာ Flu type A တွေ ဖြစ်ကြပါတယ်။ 
ဒီအုပ်စုဟာ ပေါင်းစပ်လွယ်ပြီး ပိုမိုပြင်းထန်တဲ့ ပိုးအသစ် ပေါ်လာမှာ အစိုးရိမ်ရဆုံး အခြေအနေ ဖြစ်ပါတယ်။  ရန်ကုန်၊ ပုသိမ် ၊ထားဝယ် မကွေး၊ ပဲခူး ဆိုတော့ နေရာတော်တော် စိပ်လာပါပြီ။
အထူးသဖြင့် ရန်ကုန် ဧရိယာမှာ H1N1 နဲ့ H3N2 ဆိုပြီး၂ မျိုးတွေ့နေရခြင်းက ပိုပြီး အန္တရာယ် နဲ့ နီးနေကြောင်း ပြနေပါတယ်။ ထားဝယ်မှာ တွေ့ရတဲ့ H5N1 သာ ရန်ကုန်ကို ရောက်လာခဲ့ရင် အရေးပေါ် အခြေအနေ ကြေညာရသည် အထိ ဖြစ်သွားနိုင်ပါတယ်။ ဂရုပြုကြပါ။ 
ရန်ကုန် မှ ထားဝယ် ဒေသသို့ ခရီးသွားမှု ၊ ထားဝယ် ဒေသမှ ရန်ကုန် သို့ ခရီးသွားမှုများ ဖြစ်နိုင်လျှင်  ရှောင်ကြဉ်ပေးကြပါ။ ဘယ်လိုမှ မတတ်သာလို့ ခရီးသွားရမည် ဆိုလျှင် မိမိရောက်ရှိတဲ့ နယ်မြေသစ်က Public area မှာ Mask လုံးဝ မဖြုတ်ကြပါနဲ့။
ကျွန်တော် ဆိုလိုချင်တာက ထားဝယ် က ပြည်သူတွေ ရန်ကုန် လာရင် ရန်ကုန်က Public area မှာ Mask လုံးဝ မဖြုတ်ကြပါနဲ့။
ဒီလိုပဲ ရန်ကုန် က ပြည်သူတွေ ထားဝယ်ဒေသကို ခရီးသွားရလျှင် ထားဝယ်ဒေသက Public area မှာ Mask လုံးဝ မဖြုတ်ကြပါနဲ့။ 
ဒီလို လိုက်နာဆောင်ရွက်မှသာ Ful virus ပိုး ၂ မျိုး ဖြစ်တဲ့ H1N1 နှင့် H5N1 တို့ Mutation ဖြစ်မှုကို တား ဆီးနိုင်ပါလိမ့်မယ်။ ရန်ကုန်ဒေသတွင်းမှာ ကိုပဲ Mutation ဖြစ်ပေါ်ဖို့ အလားအလာ ရှိနေပါတယ်။ အခု ရန်ကုန် မှာ H1N1 နဲ့ H3N2 တို့ ကူးစက်ပြန့်နှံ့နေပါတယ်။
ပြည်သူအားလုံး ကျန်းမာကြပါစေ။ Mask နှာခေါင်း ပါးစပ်အုပ်ကို Public area မှာ မပျက် မကွက် တပ်ဆင်ကြခြင်း အားဖြင့် Virus မျိုး အသစ်ပေါ်မလာရေး ကူညီပေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
ဒေါက်တာကျော်ဆွေ
#l.m
************************************************
H1N1 တုတ်​​ကွေး ကြိုတင် ​ကာကွယ်​ဖို့ ဂျင်းပြုတ်​ရည်​ (ဂျင်း၊ ထန်းလျက်​၊ ကွမ်းရွက်​) ​သောက်​ရန်​ အကြံပြု တင်​ပြပါသည်​။
SWSS ရုံးမှာ MD ရဲ့အစီအစဉ်​ဖြင့်​ အားလုံး​သောက်​ရန်​ စီစဉ်​​ပေးပါသည်​။
(ရန်ကုန်မှာ နေတဲ့သူတွေကို ရသမျှ tag တွဲပေးထားပါသည်။)
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall