ကမ္ဘာ့ ရှင်ဘုရင် မဟာပထမံ အောင်မင်းခေါင်
ကျိုက်ထီးဆောင်း ဆံတော်ရှင်သို့ ရောက်တော့မှပဲ ကမ္ဘာ့ရှင်ဘုရင် ဟူသော စကားကို ကြားဖူးပေတော့ သည်။ ကျိုက်ထီးဆောင်း ဆရာတော် ၏ ဖခင်မှာ ဦးစံဖေ ဆိုသူဖြစ်ကြောင်း သိရပါသည်။ ဦးစံဖေ မှာ ဆရာခေါင် ထွက်ရပ်စခန်းသို့ မမြန်းခင်က ဇုတ်သုတ်ရွာတွင် အတူတစ်ကွ နေထိုင်ခဲ့ကြောင်း သိရပါသည်။
ထိုစဉ်က ဇုတ်သုတ်ရွာရှိ ရွာသူရွာသားများ ဝမ်းရောဂါ ကျရောက်ခဲ့စဉ်အခါက ဆရာခေါင်နှင့် အတူ ရပ်တွင်း ရွာတွင်း လှည့်လည်ကာ ရွာသူ ရွာသားများကို ထိုဘေးအန္တရာယ်မှ ကယ်တင်ခဲ့ကြောင်းသိရပါသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ဆန်းမှာ အဆန်း တစ်ကြယ် ဖြစ်ရကား ယခုထက်တိုင် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်၍ နေကြောင်းသိရပါသည်။
ထိုအခါတွင် ထီးစုတ်ကြီးကို ဆောင်းကာ ရွာရိုးကိုးပေါက် လျှောက်၍ လျှောက်၍ သွားနေကြသော ဆရာခေါင်နှင့် ဦးစံဖေတို့ကို လူအားလုံးက အရူး ဟူ၍ သမုတ်ခဲ့ကြကြောင်း တစ်ဆင့် စကား တစ်ဆင့်ကြားရသူ ကပင်လျှင် ရင်မောစရာ ကောင်းလှပါသည်။
ထီးစုတ်ကြီးပေါ်တွင် "ကမ္ဘာ့ ရှင်ဘုရင်" ဟူသော စာတန်းကြီးကို ထိုးကာ လမ်းလျှောက်နေသော ဆရာခေါင်နှင့် ဦးစံဖေတို့ ရယ်ရယ်မောမော သွားနေကြသည်ကို မြင်ရသောအခါ လူအပေါင်းတို့က အမြင်ဆန်း သဖြင့် အရူးထင်ကြမှာ မဆန်းကြောင်း၊ ယခုတစ်ဖန် မိမိတို့ မသိခဲ့သမျှ တို့ကို အတိုးချကာ လွမ်းနေရကြကြောင်း၊ နောင်တသံ ကလေးဖြင့် ပြောဆိုနေကြသည်ကို တစ်ဆင့်ပြန်၍ ကြားရသော ကျွန်တော့်မှာ အတော် ကလေး ကြက်သီးထမိပါသည်။
အရူး ဟူ၍ထင်သောကြောင့် ရွာထဲဝင်တာတောင် လက်မခံချင်ကြသဖြင့် ရွာပြင်သို့ နှင်ထုတ်ခဲ့ကြသောသူတို့မှာ ယခုအခါ နောင်တရ၍ မဆုံးကြောင်း သိရပါသည်။ ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီး ပင်လျှင် ကိုးနှစ် တိုင်တိုင် အဆင့်ဆင့်သော အကျင့်စခန်းတို့သို့ ဝင်ရောက်ခဲ့ရာတွင် အလွန် ပင်ပန်းဆင်းရဲခဲ့ကြောင်း တစ်ဆင့်စကား တစ်ဆင့်ကြားသိခဲ့ရပါသည်။
ဆရာတော် ၏ ဘဝအထုံ ပါရမီ ဓာတ်ခံတို့မှာ ဘမျိုးဘိုးတူဖြစ်ကြောင်း ယခုမှပြောဆိုသံများ ကြားရပါသည်။ ရှေးရှေးသော အခါကမူကား တစ်ကျော့ပြန် ဆံတော်ရှင်မြတ် သာသနာတော်ကို သုဝဏ္ဏဘူမိ တွင် ဖွင့်ဖော်ရန် ကြိုးစားစဉ် ကာလဖြစ်သဖြင့် ဥာဏ်နည်းသူတို့ နည်းနည်းကလေးမျှ ရိပ်မိပုံမရပါ။ ထို့ကြောင့်ပင်လျှင် တစ်လွဲထင် တစ်လွဲတွေးခဲ့ကြောင်း သိခဲ့ရပါသည်။
ကမ္ဘာ့ရှင်ဘုရင် မဟာ အောင်မင်းခေါင်နှင့် ဦးစံဖေ တို့၏ အမွေကို ဆက်ခံသော သားဖြစ်သူ ကျိုက်ထီးဆောင်း ဆရာတော်
ဇုတ်သုတ် ရွာသည် ယခုအခါ နမူနာ ယူစရာ စံပြကျေးရွာကြီး အဖြစ် ကျော်ကြားလျက် ရှိပါသည်။ သုဝဏ္ဏဘူမိ ဆံတော်ရှင်များကို နေ့ချင်းပြီး ဖူးမြော်နိုင်ရန်အတွက် ဆရာတော်ကြီးသည် တံတား ဆောက်ခြင်း၊
လမ်းဖောက်ခြင်း တို့ကို ထူးထူးခြားခြား ကြိုးကြိုးစားစား ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ဇုတ်သုတ်ရွာသည် ဆရာတော် ၏ ဇာတိချက်ကြွေ မွေးရပ်မြေလည်းဖြစ်၏။ ထို့အတူပင် ဆရာတော် ၏ ဝိဇ္ဇာ ဓာတ်ပန္နက်ချရာ အောင်မြေလည်းဖြစ်၏ဟု သိသူတို့က ဆိုကြပါသည်။
ကျိုက်ထီးဆောင်း ဆံတော်ရှင် ပတ်ဝန်းကျင်သို့ရောက်တိုင်း ဘယ်နေရာလောက်မှာ ကျိုက်ထီးဆောင်း ဆရာတော်ကြီး ငယ်ငယ်တုန်းက နွားကျောင်းသား ဘဝတုန်းကနွားကျောင်း၍ နေလိမ့်မည်နည်း ဟု စိတ်ကူးဖြင့် မှန်းဆကာ ဟိုဟိုဒီဒီ မျက်စိကစား၍ ကြည့်လေ့ ကြည့်ထရှိပါသည်။
မိမိ ငယ်စဉ်ကလေးဘဝက ဤကုန်းပေါ်တွင် နွားကျောင်းခဲ့ကြောင်းကို ဆရာတော်သည် မိမိဘဝဖြစ်စဉ်ကို ဓမ္မပလ္လင် ဆင်ယင်ကျင်းပသော အခါများတွင် ပြောလေ့ပြောထ ရှိကြောင်းသိရပါသည်။
ငယ်စဉ်အခါများက ဆိုလျှင် ဤဘုရား ကုန်းတော်ပေါ်သို့ ရောက်တိုင်း ရောက်တိုင်းမှာ ဘာမှန်းမသိဘဲ မသိစိတ်ဖြင့် ကြက်သီးမွေးညှင်း ထတတ်ကြောင်း ဆရာတော်က ပြန်၍ပြောတတ်သည်ဟု ဆိုပါသည်။
ငယ်စဉ်အခါက ကလေးတို့ သဘာဝ အတိုင်း ခုန်ပေါက်ပြေးလွှား ကစား၍နေစဉ် ကျိုက်ထီးဆောင်း ဆံတော်ရှင် ဟု ယခုအခါ ခေါ်၍နေကြသော်လည်း ရှေးအခါက ထီးတော်ကြီး စောင်း၍ နေသောကြောင့် " ထီးစောင်း ဘုရား" ဟု လူ့သဘာဝအတိုင်း ရွှေမရှိတဲ့ ဘုရား လူမရိုသေ ဆိုသလို ခေါ်ဝေါ်ခဲ့ကြသော ထီးစောင်းဘုရားမှ ရောင်ခြည်တော်များ ကွန့်မြူးသည်ကို ဖူးမြင်ခဲ့ရကြောင်း ဆရာတော်မှ ပြန်၍ပြန်၍ မိန့်ကြားတတ်ပါသည်။
ထိုစဉ်က ကစားဖော်၊ ကစားဖက်မှာ (၆) ဦးရှိကြောင်း ဆရာတော်က မှန်မှတ် ရရ ပြန်ပြောတတ်ပါသည်။ သို့သော်လည်း ၆ ဦး အနက် ၂ ဦး သာလျှင် ရောင်ခြည်တော် လွှတ်သည်ကို ဖူးမြင်ရကြောင်း၊ ကျန် လေးဦးမှာ ဘာမှ မမြင်ရဘဲ "ဘာလဲ ဘာလဲ" ဟု မေးကာနေခဲ့ကြောင်း သိရပါသည်။
ထူးဆန်းသော အချက်မှာ မြင်ရသော၂ ဦးသည်သာ ယခုထက်တိုင် သက်ရှိ ထင်ရှား ရှိပြီးလျှင် မမြင်ခဲ့ရသော ထို ၄ ဦးမှာ ကံဆိုးမိုးမှောင် ကျ၍ သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရပါသည်။
ထူးဆန်းသော အချက်မှာ မြင်ရသော၂ ဦးသည်သာ ယခုထက်တိုင် သက်ရှိ ထင်ရှား ရှိပြီးလျှင် မမြင်ခဲ့ရသော ထို ၄ ဦးမှာ ကံဆိုးမိုးမှောင် ကျ၍ သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရပါသည်။
ခေတ်ပျက် ခေတ်ဆိုးကာလတွင် ဇုတ်သုတ် ရွာကြီးတစ်ခုလုံး ကံဆိုးမိုးမှောင်ကျ၍ အမှောင်ဖူံးသော အနက်ရောင်နယ်မြေဖြစ်စဉ် ကာလများတွင် ထို၎ဦးမှာအသတ်ခံခဲ့ရကြောင်း စိတ်မကောင်းစွာ ကြားသိရသောအခါ ကျွန်တော်တို့မှာ ဘာမဆိုင်ညာမဆိုင် ဘာကို တမ်းတရမှန်းမသိ လွမ်းမိ၊ ဆွေးမိပါသေးသည်။
ဒုတိယ ကမ္ဘာစစ် အတွင်းက အင်္ဂလိပ် စစ်သားများနှင့် ကျိုက်ထီးဆောင်း ဆရာတော် ငယ်ဘဝ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ် တပ်များ ပြန်ဝင်လာသောအခါ ဘီးလင်း မြို့နယ်သည်လည်း အင်္ဂလိပ် တို့ အရိပ်အောက် ရောက်ခဲ့ရသော နေရာ တစ်နေရာဖြစ်ကြောင်း သိရပါသည်။ မဟုတ်မခံ တတ်သော ဘီးလင်းသား တို့က အင်္ဂလိပ်မြင်းစီး စစ်ဗိုလ်အား သတ်ပစ်၍ လက်နက်များ လုယူ ထားခဲ့ကြောင်း သိရပါသည်။
ထိုအခါ ဆတ်ဆတ်ထိ မခံသော အင်္ဂလိပ် စစ်တပ်ကလည်း ဇုတ်သုတ် ရွာက ရွာသူရွာသားများ ကို လက်လှမ်းမီရာခေါ်ပြီးလျှင် အနုနည်းဖြင့် စစ်မေးမရ၍ နယ်ချဲ့ နည်းဖြင့် ရွာသားများကို တစ်နေကုန် နေလှမ်းဒဏ်ပေးခဲ့ကြောင်း သိရပါသည်။ ထိုသို့ တစ်နေကုန်နေလှမ်း၍ အပြစ်ပေးခံရသော ကွင်းပြင်နေရာမှာလည်း ယခုအခါ ကျိုက်ထီးဆောင်း ဆံတော်ရှင်တည်နေရာ ကုန်းတော်၏ခြေနင်းနေရာ ဖြစ်ကြောင်းသိရပါသည်။
ထိုသို့သော အခါတွင် ကျိုက်ထီးဆောင်း ဆရာတော် အလောင်းအလျာ မှာလည်း အတော်ကလေး သိတတ်သောအရွယ်သို့ ရောက်နေသည်ဟုဆိုပါသည်။ သို့သော်လည်း သူများတွေ ထိုသို့နေလှမ်းရန် အားလုံး အ ဖမ်းခံရသော အချိန်တွင် ထူးဆန်း ကံကောင်းစွာဖြင့် ဆရာတော် အလောင်းအလျာ ကလေးမှာ ထူးဆန်းစွာ တစ်နေရာတွင် အိပ်ပျော်နေကြောင်းသိရပါသည်။
ကုန်းတော် တစ်နေရာတွင် ထိုသို့ အိပ်ပျော်နေသောကြောင့် အညှည်းပန်း ခံရသောသူများထဲတွင်လည်း မပါခဲ့ရဘဲ၊ ဘာမှလည်း မသိဘဲနှင့် စစ်ဘေး စစ်ဒဏ် နှိပ်စက်ဒဏ်မှ ကင်းဝေးခဲ့ရကြောင်း ထူးဆန်းအံ့သြဖွယ်ရာ သိခဲ့ရပါသည်။
ကုန်းတော် တစ်နေရာတွင် ထိုသို့ အိပ်ပျော်နေသောကြောင့် အညှည်းပန်း ခံရသောသူများထဲတွင်လည်း မပါခဲ့ရဘဲ၊ ဘာမှလည်း မသိဘဲနှင့် စစ်ဘေး စစ်ဒဏ် နှိပ်စက်ဒဏ်မှ ကင်းဝေးခဲ့ရကြောင်း ထူးဆန်းအံ့သြဖွယ်ရာ သိခဲ့ရပါသည်။
ထိုသို့သော အချိန်တွင် ကျိုက်ထီးဆောင်း ဆရာတော် အလောင်းအလျာမှာ ၁၈နှစ်သား အရွယ်သို့ အသိ မိတ်ဆွေ တစ်ဦးဦး၏ ကူညီစောင်မ မှုကြောင့် ရန်ကုန်သို့ ရောက်ဖူးခဲ့ကြောင်း ပြန်လည်ပြောကြား၍ သိရှိခဲ့ရပါသည်။
ကျိုက်ထီးဆောင်း ဆရာတော်ဖြစ်လာမည့် နာဂဝိဇ္ဇာ ဘိုးသစ္စာ ရသေ့ကြီးသည် လောကီလောကုတ္တရာ ပညာရပ်များကို လေ့လာ လိုက်စားပြီးနောက် မိမိ၏ ဇာတိရပ်ရွာဖြစ်သော ဇုတ်သုတ် ရွာသို့ ပြန်လည်ရောက်ရှိ လာသော ခုနှစ်မှာ (၁၃၃၁ ခုနှစ်) ဖြစ်ကြောင်း မှတ်သားမိပါသည်။
ထိုသို့သော အချိန်တွင် ဇုတ်သုတ် ရွာတွင် သူပုန် သူကန်တို့ ကြီးစိုး လွှမ်းမိုးလျက်ရှိကြောင်း သိခဲ့ရပါသည်။ ရွာသူ ရွာသားတို့မှာလည်း ကျီးလန့်စာစား ဟူသော စကားအတိုင်းကြောက်ကြောက် လန့်လန့်နေရ ၊ စားရကြောင်းသိရပါသည်။ ညအခါ အိပ်သောအခါမှာ ပင်လျှင် အန္တာရာယ် ကင်းအောင် ပုန်းအောင်း၍ အိပ်ရကြောင်း သိရပါသည်။
ထိုအချိန်တွင် လူအပေါင်းတို့သည် ကပ်ရောဂါ ဆိုက်ကပ်နေသည်ဟုပင် ပြော၍ ရပါသည်။ အဘယ်ကြောင့်ဆိုသော် ဇုန်သုတ် ရွာသူ ရွာသား များတို့သည် အစားဆင်းရဲရုံသာ မက အနေပါ ဆင်းရဲ လျက် ရှိကြောင်း စိတ် မကောင်းဖွယ်ရာ ပြန်ပြောင်းသိရှိရပါသည်။
တစ်ရွာလုံး၏ သုံးပုံနှစ်ပုံကျော်ကျော် မှာလည်း ရောဂါပေါင်းစုံဖြစ်နေရကြောင်းသိရပါသည်။ ပလိပ်ရောဂါဖြစ်သူကဖြစ်၊ ဝမ်းရောဂါ ဖြစ်သူကဖြစ် တစ်ရွာလုံး ကပ်ဆိုက်လျက်ရှိသည်ဟု ဆိုနိုင်ပါတော့သည်။
ထိုအချိန်အခါတွင် ဘယ်အိမ်ကို ကြည့်ကြည့် အိမ်တိုင်း အိမ်တိုင်းမှာ ခေါင်းရင်းခန်း တံခါးက ပိတ်၍၊ ပိတ်၍ ထားတတ်သည်ဟုဆိုပါသည်။ သည်လို ဆိုလျှင်ပင် ကြည့်ရှုမျှနှင့်ပင် ထိုအိမ်တွင် လူနာ ရှိနေပြီဟု မှန်းဆနိုင် ပါသည်။
ထိုသို့သော အချိန်တွင် ယခု ကျိုက်ထီးဆောင်း ဆံတော်ရှင် တည်ရာ ကုန်းမြေကြီး မှာလည်း ချုံနွယ် ပိတ်ပေါင်းတွေ ထူထပ်လျက် ရှိပြီးလျှင် မကောင်းသူတို့ ခိုရာအောင်းရာ အားကိုး အားထားနေရာကြီးဖြစ်၍နေ သည်ဟု ကိုယ်တွေ့ သိသူတို့ကပြန်ပြောကြပါသည်။
ယခု ကျိုက်ထီးဆောင်း ဆံတော်ရှင်ကြီး ကလည်း ထိုအချိန်က ထီးကလည်းစောင်း၊ စိန်ဖူး ကလည်း ကွဲ အက် လျက်ရှိသဖြင့် ရွာဘုရား၊ ရွာသား ကလည်း မရိုသေ၊ ဘယ်သူကမှလည်း မရိုသေ သကဲ့သို့ ဖြစ်နေကြပေရာ ဘုရား ၏ ဘွဲ့တော်ကို မေးလိုက်လျှင်ပင် "ထီးစောင်း ဘုရား"ဟုသာ ဖြေကြပါသည်။
ကြည့်လိုက်တော့လည်း ထီးက စောင်းနေသဖြင့် ထီးစောင်းနေသောကြောင့် " ထီးစောင်း ဘုရား" ဟုခေါ်ကြောင်း တွေးဆနိုင်ပါသည်။
ကြည့်လိုက်တော့လည်း ထီးက စောင်းနေသဖြင့် ထီးစောင်းနေသောကြောင့် " ထီးစောင်း ဘုရား" ဟုခေါ်ကြောင်း တွေးဆနိုင်ပါသည်။
စေတီတော် ရင်ပြင်တွင် မြွေ တို့၊ ကင်းတို့ ကလည်း မင်းမူ ကျက်စားလျက် ရှိကြသည်။ ၎င်းပြင် ဘယ်နေရာ ကြည့်ကြည့် ခွေးလေ ခွေးလွင့်များနေတာကလည်း မြင်၍မြင်၍နေရ၏။ နွားကျောင်းသားတွေ ၊ကျွဲကျောင်းသားတွေ အားကိုး အားထားပြုသော ကျွဲစားကျက်၊ နွားစားကျက်လည်း ဖြစ်၍နေပေသည်။
ယခု ရွှေရောင် တစ်ဝင်းဝင်း တစ်ကျော့ပြန် ပွင့်လင်းလျက်ရှိသော ဆံနော်ရှင် ကျိုက်ထီးဆောင်း နေရာကြီးတွင် အတိတ်က အရိပ်တို့ကို မှန်းဆ၍ကြည့်နိုင်ပါသည်။ ထိုအချိန်တွင် "ကမ္ဘာ့ ရှင်ဘုရင်"ဟု စာတန်းထိုးထားသော ထီးစုတ်ကြီး ကို ဆောင်းကာ ရွာရိုး ကိုးပေါက် လျှောက်၍နေကြသော ဆရာခေါင်နှင့် ဦးစံဖေတို့၏ ရုပ်ပုံလွှာကို စိတ် မျက်စိဖြင့် ပြန်လည်၍ ထင်ယောင်မြင်ယောင်တွေးတောနိုင်ပါသည်။
ယခု ရွှေရောင် တစ်ဝင်းဝင်း တစ်ကျော့ပြန် ပွင့်လင်းလျက်ရှိသော ဆံနော်ရှင် ကျိုက်ထီးဆောင်း နေရာကြီးတွင် အတိတ်က အရိပ်တို့ကို မှန်းဆ၍ကြည့်နိုင်ပါသည်။ ထိုအချိန်တွင် "ကမ္ဘာ့ ရှင်ဘုရင်"ဟု စာတန်းထိုးထားသော ထီးစုတ်ကြီး ကို ဆောင်းကာ ရွာရိုး ကိုးပေါက် လျှောက်၍နေကြသော ဆရာခေါင်နှင့် ဦးစံဖေတို့၏ ရုပ်ပုံလွှာကို စိတ် မျက်စိဖြင့် ပြန်လည်၍ ထင်ယောင်မြင်ယောင်တွေးတောနိုင်ပါသည်။
ထိုကဲ့သို့သော တစ်ရွာလုံး ဝမ်းရောဂါ၊ ကပ်ရောဂါ ကျရောက်နေစဉ်တွင် ထိုဘေး အန္တာရာယ် ကပ်ဆိုးကြီးမှ လွတ်မြောက်အောင် မိမိနည်း၊ မိမိဟန်ဖြင့် ကယ်တင်ရန် စီမံခဲ့သော ရုပ်ပုံလွှာကြီးကို ပြန်လည်မြင်ယောင်တိုင်း " ကမ္ဘာ့ ရှင်ဘုရင်" ဟူသော စာလုံးများသည် ယခုထက်တိုင် အဓိပ္ပာယ် ကောင်းလျက် ရှိပါတော့ သည်။ ထိုမှ တစ်ဆင့် မွန်မြတ်သော သဘောတို့ကို တွေးတောနိုင်ပါသည်။
မိမိ သည် မြတ်ရှင်ဇိန အလောင်းတော်ဖြစ်ကြောင်း အထောက်အထား အဖြစ် အဘ အောင်မင်းခေါင် ကြီး ကိုယ်တိုင် ရွတ်ဆိုပြောကြားခဲ့သော မန်ကျည်းတော က ကဗျာတစ်ပုဒ်
၁၃၁၀ ပြည့်နှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၃ ရက်၊ ၁၈ ရက် ၊နိုဝင်ဘာလ၊ ၁၉၄၈ ခုနှစ်၊ကြာသပတေးနေ့တွင် ဆရာခေါင် သည် တောင်ကလပ်ပေါ်မှ ဝေါစီး၍ ဆင်းလာစဉ် ကိုယ်တော်တိုင် ရွတ်ဆိုတော် မူသော ကဗျာ တစ်ပုဒ်ရှိကြောင်း မှတ်မိသူတို့က ပြောကြားကြပါသည်။
ထိုကဗျာကို အလိုရှိသဖြင့် ကျွန်တော် ရှာဖွေရာ ရုတ်တစ်ရက် မရခဲ့ပါ။ သို့သော်လည်း ၁၄.၉.၂၀၀၀ ပြည့်နေ့ ပုပ္ပါးတောင်ကလပ် ရွှေမန်ကျည်းတောတွင် ကျင်းပသော မေတ္တာ သမထ ရွှေလမ်းစဉ် မေတ္တာပို့ အဓိဋ္ဌာန်အောင်ပွဲ ကြီးတွင် ဝေငှသော စာကလေးကို အမှတ်မထင်ရရှိခဲ့ပါသည်။
ထို စာကလေးမှာ ပုပ္ပါးတောင်ကလပ် ဦးမေဓာဝီ က ဝေငှသော မေတ္တာစာကလေး ဖြစ်ရာ ထိုမေတ္တာ စာကလေးထဲတွင် ဆရာခေါင် ကိုယ်တိုင် တောင်ကလပ်ပေါ်မှ ဝေါ စီး၍ ဆင်းလာစဉ် အဘဘုရား ကိုယ်တိုင်ရွတ်ခဲ့သော ကဗျာဖြစ်ကြောင်း သိရပါသည်။ အခြား မူကွဲရှိသူတို့ နှိုင်းယှဉ် လေ့လာနိုင်ရန် အောက်တွင် ဖော်ပြလိုက်ပါသည်။ ဖတ်ရှူတော်မူကြပါ။
ထို စာကလေးမှာ ပုပ္ပါးတောင်ကလပ် ဦးမေဓာဝီ က ဝေငှသော မေတ္တာစာကလေး ဖြစ်ရာ ထိုမေတ္တာ စာကလေးထဲတွင် ဆရာခေါင် ကိုယ်တိုင် တောင်ကလပ်ပေါ်မှ ဝေါ စီး၍ ဆင်းလာစဉ် အဘဘုရား ကိုယ်တိုင်ရွတ်ခဲ့သော ကဗျာဖြစ်ကြောင်း သိရပါသည်။ အခြား မူကွဲရှိသူတို့ နှိုင်းယှဉ် လေ့လာနိုင်ရန် အောက်တွင် ဖော်ပြလိုက်ပါသည်။ ဖတ်ရှူတော်မူကြပါ။
"မောက်လတ် တိမ်ငွေ့၊ ကတ်၍ဝှေ့သား၊
ပျော်မွေ့ဖွယ်ရာ၊ တောင်သေလာကား၊
ဟေမာ ဝိုက်ပင့်၊ ပင်ချင်းဆင့်၍၊
ဖူးပွင့်အာငုံ၊ တော်မှော်ရုံသည်၊
သင်းထုံ ပန်းနံ့၊ ရှစ်ခွင်နှံ့လျက်၊
နူးညံ့လွေ့လွေ့၊ လေနှင့်ရွှေ့သော်၊
ုကြုံတွေ့လှိုင်စွာ၊ ပန်းဝတ်လွှာတည်း၊
နတ်ရွာပန်းနှင့် ၊ပြိုင်ကာတင့်သို့၊
ဂနိုင်သရေ၊ တက်ဖြိုးဝေလျက်
ထွေထွေ ရပ်ရပ်၊ ကျောက်ထပ်ထပ်နှင့်
ကလပ်ပုပ္ပါး၊ တော်တော်ဖျားမှာ
ပန်းများဘုရင်၊ တော်ဝင်နန်းဆက်
သန့်ဇင်ခန့်သို့၊ ညှို့ညို့မှိုင်းမှိုင်း၊
မြင်ပင်တိုင်းတွင် ၊ရိုးညှာမြနှိုင်း၊
ပုလဲဆိုင်းသွင်၊ မြင်တိုင်းမျှော်လွမ်း၊
ရှုမပန်းတည့်၊ စိမ့်စမ်းတံခွန်၊
ကျောက်သလွန်မှ၊ သွန်သွန်ဖျန်းဝေ၊
ကျောက်စက်ရေတို့၊ စီးတွေပတ်ဝန်း၊
ပျော်ဖွယ်ထွန်း၍၊ ကျွန်းကျွန်းသရေ၊
တို့အောင်မြေဝယ်၊ သမ္ဘေခတ္တိ၊
နွယ်တော်ရှိလျက်၊ သီရိ ဘုန်းမော်၊
ကမ္ဘာကျော်သား၊ တေဇော်ထန်ပြင်း၊
သိဒ္ဓိ ဝင်းလျက်၊ လူမင်း နတ်တို့၊
ဦးခိုက်ကြို၍ ၊နှစ်မြို့မွေ့မွေ့၊
လွန်ကြွေ့သဒ္ဓါ၊ စေတနာနှင့်၊
ပူဇာသက်နှင်း၊ မင်းမင်း ဦးသျှောင်၊ ဘမင်းခေါင် ကို၊
သိန်းထောင် တိုင်းရွာ၊ လူများစွာတို့၊
ရောက်လာ သဲသဲ၊ ရှုမစဲဘဲ၊
အောင်ပွဲသဘင်၊ ညီလာဝင်ရှင့်၊
သွန်သင်သိပ္ပ၊ များသိဿကို၊
ဝေငှပေးအင်၊ ဂုဏ်ထူး တင်သည်၊
မြတ်ရှင် ဇိန အလောင်းတော်....။"
ပျော်မွေ့ဖွယ်ရာ၊ တောင်သေလာကား၊
ဟေမာ ဝိုက်ပင့်၊ ပင်ချင်းဆင့်၍၊
ဖူးပွင့်အာငုံ၊ တော်မှော်ရုံသည်၊
သင်းထုံ ပန်းနံ့၊ ရှစ်ခွင်နှံ့လျက်၊
နူးညံ့လွေ့လွေ့၊ လေနှင့်ရွှေ့သော်၊
ုကြုံတွေ့လှိုင်စွာ၊ ပန်းဝတ်လွှာတည်း၊
နတ်ရွာပန်းနှင့် ၊ပြိုင်ကာတင့်သို့၊
ဂနိုင်သရေ၊ တက်ဖြိုးဝေလျက်
ထွေထွေ ရပ်ရပ်၊ ကျောက်ထပ်ထပ်နှင့်
ကလပ်ပုပ္ပါး၊ တော်တော်ဖျားမှာ
ပန်းများဘုရင်၊ တော်ဝင်နန်းဆက်
သန့်ဇင်ခန့်သို့၊ ညှို့ညို့မှိုင်းမှိုင်း၊
မြင်ပင်တိုင်းတွင် ၊ရိုးညှာမြနှိုင်း၊
ပုလဲဆိုင်းသွင်၊ မြင်တိုင်းမျှော်လွမ်း၊
ရှုမပန်းတည့်၊ စိမ့်စမ်းတံခွန်၊
ကျောက်သလွန်မှ၊ သွန်သွန်ဖျန်းဝေ၊
ကျောက်စက်ရေတို့၊ စီးတွေပတ်ဝန်း၊
ပျော်ဖွယ်ထွန်း၍၊ ကျွန်းကျွန်းသရေ၊
တို့အောင်မြေဝယ်၊ သမ္ဘေခတ္တိ၊
နွယ်တော်ရှိလျက်၊ သီရိ ဘုန်းမော်၊
ကမ္ဘာကျော်သား၊ တေဇော်ထန်ပြင်း၊
သိဒ္ဓိ ဝင်းလျက်၊ လူမင်း နတ်တို့၊
ဦးခိုက်ကြို၍ ၊နှစ်မြို့မွေ့မွေ့၊
လွန်ကြွေ့သဒ္ဓါ၊ စေတနာနှင့်၊
ပူဇာသက်နှင်း၊ မင်းမင်း ဦးသျှောင်၊ ဘမင်းခေါင် ကို၊
သိန်းထောင် တိုင်းရွာ၊ လူများစွာတို့၊
ရောက်လာ သဲသဲ၊ ရှုမစဲဘဲ၊
အောင်ပွဲသဘင်၊ ညီလာဝင်ရှင့်၊
သွန်သင်သိပ္ပ၊ များသိဿကို၊
ဝေငှပေးအင်၊ ဂုဏ်ထူး တင်သည်၊
မြတ်ရှင် ဇိန အလောင်းတော်....။"
ဘိုးမင်းခေါင် အကြောင်းကို အလေးအနက် သစ္စာ ဆို၍ ပြောပြသော အကြောင်းအရာများ လေ့လာချက်
သာသနာပြု အေးမြသန္တာ သည် မိမိ၏ ဆောင်းပါး တစ်ပုဒ် ဖြစ်သော ပန်သစ္စာ ဆိုမိပါသည် ဟူသော စာကို နက္ခတ္တရောင်ခြည် မဂ္ဂဇင်း၊ အမှတ် _၁၀၉၊ ၁၉၉၉ခုနှစ်၊ သြဂုတ်လ၊ စာ-၃၇၊၃၈၊၃၉တွင် ရေးသားခဲ့ပါ သည်။ ထိုစာ အရ သာသနာပြုအေးမြသန္တာ သည် အဘအောင်မင်းခေါင်ကြီး အကြောင်းကို အလေးအနက်လေ့လာလျက် ရှိကြောင်း ထင်ရှား သိသာလာပါသည်။ သူ၏ စကားအရ ပြန်ပြောပါမည်။
အဘမင်းခေါင်ကြီး ကို ကြည်ညိုလေးစား အရေးထား ဖွဲ့နွဲ့ဖော်ကျူး မှတ်တမ်း တင်ကြသော ပုဂ္ဂိုလ် အမြောက် အမြားရှိပါသည်။ ထိုအထဲတွင် အေးမြသန္တာ သည် ထူးခြားသောသူ တစ်ဦးဖြစ်ပါသည်။ သူ၏ မှတ်တမ်းများသည် လေးစားဖွယ်ဖြစ်သောကြောင့် ဤစာပြုစုသူက သေချာစွာ စုဆောင်း မှတ်သားထားပါသည်။
အောက်ပါ စာသားတွင် အေးမြသန္တာ သည် ခေါင်လေးခေါင် အကြောင်း မိမိလေ့လာသမျှကို ဖော်ထုတ်ထားကြောင်း တွေ့ရှိရပါသည်။
(၁) ဒီနေရာမှာ ခေါင်လေးခေါင် ကိုလည်း နည်းနည်း ပြန်ပြောပါဦးမယ်။
ပထမ အင်းဝ မင်းခေါင်ကို မင်းပျောက်ကြီး လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ ဘဝမှာလည်း အင်း အတတ်နှင့် ကိစ္စပြီးပါတယ်။
ဒုတိယ မင်းခေါင် ဘဝမှာလည်း ဓာတ်စမအတတ်နဲ့ ကိစ္စပြီးပါတယ်။
တတိယ မင်းခေါင် ဘဝမှာလည်း အင်း စမ အတတ်တွေကို အပြီးတတ်ပါတယ်။ စတုတ္ထမင်းခေါင် ဘဝမှာလည်း အမျိုး၊ဘာသာ၊သာသနာ အရေးမို့ အဲ့ဒီ ရုပ် နဲ့ အဲ့ဒီနာမ် နဲ့ တစ်ခါ ပြန်ဝင်လာရတာပါ။ အဲဒါ (ခေါင် လေး ခေါင်) အမည် ခံယူထားတဲ့ အဘခေါင် ပါပဲ။
ပထမ အင်းဝ မင်းခေါင်ကို မင်းပျောက်ကြီး လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ ဘဝမှာလည်း အင်း အတတ်နှင့် ကိစ္စပြီးပါတယ်။
ဒုတိယ မင်းခေါင် ဘဝမှာလည်း ဓာတ်စမအတတ်နဲ့ ကိစ္စပြီးပါတယ်။
တတိယ မင်းခေါင် ဘဝမှာလည်း အင်း စမ အတတ်တွေကို အပြီးတတ်ပါတယ်။ စတုတ္ထမင်းခေါင် ဘဝမှာလည်း အမျိုး၊ဘာသာ၊သာသနာ အရေးမို့ အဲ့ဒီ ရုပ် နဲ့ အဲ့ဒီနာမ် နဲ့ တစ်ခါ ပြန်ဝင်လာရတာပါ။ အဲဒါ (ခေါင် လေး ခေါင်) အမည် ခံယူထားတဲ့ အဘခေါင် ပါပဲ။
အေးမြသန္တာ ၏ တင်ပြချက်တွင် ဝိဇ္ဇာဓိုရ် အဖွဲ့ကြီး ဟူသော စကားတစ်ခွန်း ကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။ အေးမြသန္တာ ဖော်ပြချက်တွင် သီပေါမင်း ပါတော် မူပြီး ၃နှစ် အကြာက မှတ်တမ်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
သစ္စာ ဆိုပြီးလျှင် မဟာ အောင်မင်းခေါင် အကြောင်း ဖွင့်ဟပြောဆိုချက်များ
မြန်မာ သက္ကရာဇ် ၁၃၁၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အသျှင်ဇောတိပါလ ရဲ့ အောင်မင်းခေါင်ကြီး (ဝိဇ္ဇာဝင်) သ မိုင်း ဆိုတဲ့ စာအုပ်ဟာ အုပ်ရေ (၅၀၀၀) ထွက်ခဲ့ဖူးပါတယ်။ ပြီးတော့ ၁၃၁၄ ခု၊ နတ်တော်လဆန်း မှာပဲ ဆရာကြီး ဦးပေါ်ဦး ပြုစု ခဲ့တဲ့ ဝိဇ္ဇာဓိုရ် အောင်မင်းခေါင် ၏ ထွက်ရပ်ပေါက် ရာဇဝင် ဆိုတဲ့ စာအုပ်တွေဟာ အတော့်ကို လေ့လာဖို့ ထိုက်တဲ့ စာအုပ်တွေပါ။ ခုတော့ အလွန်ရှားပါးနေပါပြီ။
အသျှင်ဇောတိပါလ ရေးသားတဲ့ ဝိဇ္ဇာဝင် သမိုင်း စာအုပ်ထဲမှာ ပုပ္ပါးဘိုးမင်းခေါင် ရဲ့ ပုံတော် တစ်ခုပါရှိပြီး ပုံတော်ထိပ်မှာ (အလုံးစုံသော ဝိဇ္ဇာတို့၏ ဦးစီး ဥက္ကဋ္ဌ၊ သဗ္ဗသိဒ္ဓိဝိဇ္ဇာဓရ ပါကဋတေဇ၊ဓမ္မစေတီ ရဃရ)အောင်မင်းခေါင်ကြီး ဆိုပြီး အတိအလင်းဖော်ပြပါရှိထားတာ တွေ့ရပါတယ်ဟူ၍ အေးမြသန္တာက ဖော်ထုတ်တင်ပြပါသည်။
အသျှင်ဇောတိပါလ ရေးသားတဲ့ ဝိဇ္ဇာဝင် သမိုင်း စာအုပ်ထဲမှာ ပုပ္ပါးဘိုးမင်းခေါင် ရဲ့ ပုံတော် တစ်ခုပါရှိပြီး ပုံတော်ထိပ်မှာ (အလုံးစုံသော ဝိဇ္ဇာတို့၏ ဦးစီး ဥက္ကဋ္ဌ၊ သဗ္ဗသိဒ္ဓိဝိဇ္ဇာဓရ ပါကဋတေဇ၊ဓမ္မစေတီ ရဃရ)အောင်မင်းခေါင်ကြီး ဆိုပြီး အတိအလင်းဖော်ပြပါရှိထားတာ တွေ့ရပါတယ်ဟူ၍ အေးမြသန္တာက ဖော်ထုတ်တင်ပြပါသည်။
အေးမြသန္တာ ၏ အထက်ပါ စာတို့တွင် နာမ်ကိန်းသည့် အကြောင်းလည်း ပါ၏။ ခေါင်သုံးခေါင် အကြောင်းလည်းပါ၏။ သုတေသီ တို့က ဆက်လက်ဝေဖန် စဉ်းစားရန် အချက်အလက်များဖြစ်ပါသည်။ လေးစားထိုက်သော အဆိုအမိန့်များဖြစ်ကြောင်းသိရှိရပါသည်။ အေးမြသန္တာ က အောက်ပါ စာပိုဒ်တွင် အများသူငါ သိကြသော ဦးအာစိဏ္ဏ အကြောင်းကို ရဲရဲ ဝံ့ဝံ တင်ပြထားကြောင်း လေ့လာတွေ့ရှိရပါသည်။
မဟာအောင်မင်းခေါင် ဟု လူအများ ခေါ်ဆိုနေကြသော ရွှေပြည်ဝင်
ထွက်ရပ်ပေါက် ဆရာတော် ဦးအာစိဏ္ဏ
ထွက်ရပ်ပေါက် ဆရာတော် ဦးအာစိဏ္ဏ
အဘအောင်မင်းခေါင် နာမ်ကိန်း ထားတဲ့ ဆရာတော် ဦးအာစိဏ္ဏ၊ လူအမည် ဦးမင်းအောင် ဆိုတဲ့ ပုဂ္ဂိုလ်ဟာလည်း သူ့ပင်ကို အရကိုပဲ ပါရမီ ရင့်ကျက်ပြီး သိဒ္ဓိရှင် တစ်ဦးများ ဖြစ်နေမလားလို့ တွေးမိကြောင်း။ အဲဒီဆရာတော် ပျံတော်မူချိန်ဟာ သက်တော် ၃၆ နှစ်ဖြစ်ပြီး အဲ့ဒီ ရုပ်ကို အဘခေါင် အသုံးပြုခဲ့တဲ့ ကာလဟာ ၆၄နှစ် ဆိုတော့ ဒီရုပ်ကြီးဟာ နှစ် ၁၀၀တိုင် အောင် တည်တံ့နေ တဲ့ သဘောဟာ ထူးခြားမှုတစ်ရပ်ပဲ။
ကိစ္စပြီး မြောက်လို့လည်း ခရီးပေါက်ခဲ့ပါတယ်။ သို့ပေမယ့် အသေထွက် သဘောမျိုးနှင့် ရုပ်ကို စွန့်ခွာခဲ့တာမို့ ဒီရုပ်ကို ထုံကူးပြီး အဘခေါင် ရဲ့ နာမ် နဲ့ ပေါင်းစပ် အသုံးပြုခဲ့ကြောင်း။
ကိစ္စပြီး မြောက်လို့လည်း ခရီးပေါက်ခဲ့ပါတယ်။ သို့ပေမယ့် အသေထွက် သဘောမျိုးနှင့် ရုပ်ကို စွန့်ခွာခဲ့တာမို့ ဒီရုပ်ကို ထုံကူးပြီး အဘခေါင် ရဲ့ နာမ် နဲ့ ပေါင်းစပ် အသုံးပြုခဲ့ကြောင်း။
အဘအောင်မင်းခေါင် ဟာ ဦးအာစိဏ္ဏ လား။ ဦးအာစိဏ္ဏ ဟာ အဘအောင်မင်းခေါင်လား " ဟူ၍ လည်းကောင်း၊ "အဘအောင်မင်းခေါင် ဟာ ဦးအာစိဏ္ဏ ဟုတ်ပါတယ်။ ဦးအာစိဏ္ဏ အဘ အောင်မင်းခေါင် မဟုတ်ပါဘူး" ဟူ၍ လည်းကောင်း၊
ဆိုလိုတာကတော့ ဦးအာစိဏ္ဏ ရဲ့ ရုပ်ခွံ အတိုင်း ကြည့်ပြောမယ် ဆိုရင်တော့ ဦးအာစိဏ္ဏ အဘအောင်မင်းခေါင်ပါပဲ" ဟူ၍ လည်းကောင်း၊" တစ်ကယ့် ဦးအာစိဏ္ဏ နာမ်ဟာ ဝိဇ္ဇာမယ ပညာရပ်တွေနှင့် အတူ အတွင်း စခန်း ကို မြန်းကြွခဲ့ပြီဖြစ်လို့ ဦးအာစိဏ္ဏက သပ်သပ်၊ ဒီရုပ်ခွံကို အသုံးပြုထားတဲ့ အဘခေါင်က သပ်သပ်စီပဲ"ဟူ၍ လည်းကောင်း ဖွင့်ဖော်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ပြီးပါပြီ
ဆိုလိုတာကတော့ ဦးအာစိဏ္ဏ ရဲ့ ရုပ်ခွံ အတိုင်း ကြည့်ပြောမယ် ဆိုရင်တော့ ဦးအာစိဏ္ဏ အဘအောင်မင်းခေါင်ပါပဲ" ဟူ၍ လည်းကောင်း၊" တစ်ကယ့် ဦးအာစိဏ္ဏ နာမ်ဟာ ဝိဇ္ဇာမယ ပညာရပ်တွေနှင့် အတူ အတွင်း စခန်း ကို မြန်းကြွခဲ့ပြီဖြစ်လို့ ဦးအာစိဏ္ဏက သပ်သပ်၊ ဒီရုပ်ခွံကို အသုံးပြုထားတဲ့ အဘခေါင်က သပ်သပ်စီပဲ"ဟူ၍ လည်းကောင်း ဖွင့်ဖော်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ပြီးပါပြီ
ဖတ်လို့မရပါ
ReplyDelete