ကွမ်းစားသူများ ကြောက်စရာ သတင်းပါ
ကွမ်းစားသူများ မိမိ အပါအဝင် ကြောက်စရာသတင်းပါ ။
ဒီနေ့ ကွမ်းသီးလှောင်တဲ့ အမျိုးသမီး တစ်ယောက် မျိုးပဲ သိုလောင်ဆေးပြား လာဝယ်တယ် ။
ဒီဆေးကို ဘယ်မှာသုံးမှာလဲမေးတော့ ကွမ်းသီး သိုလှောင်တဲ့နေရာမှာ သုံးဖို့ တဲ့ဗျာ ။
ဒီဆေးဟာ အင်မတန် အန္တရာယ်များတဲ့ အနံ့မဲ့ အဆိပ်ငွေ့ ဆေးပြား ပါ ။
ALUMINUM PHOSPHIDE
CELPHOS
FUMIGANT TABLETS
အလူမီယမ်ဖော့်စဖိတ် ဆဲလ်ဖော့ အဆိပ်ငွေ့ ဆေးပြားများ ပါဝင်တဲ့ဆေးဘူး အတောင့်ပါ ။
လွန်ခဲ့သော ၂ နှစ်ခန့် ကလည်း ပင်လယ် ငါးခြောက် ရောင်းတဲ့သူ တစ်ဦး လာမေးဖူးတယ် ။ ဘယ်သူ ညွှန်တာလည်းဆိုတော့ ရန်ကုန်ကသူတွေ ညွန်လိုက်တာ မိုးတွင်း အခါ ငါးခြောက်ကို လောက်ကောင် မတက်အောင် ယခုလို ဆေးပြားထည့်ပြီး လှောင်ရတယ် အကြံပေး လို့ တဲ့ဗျာ ။
ကွမ်းစားတတ်သော ရွှေသွားပိုင်ရှင် ညီအကိုများ အတွက် သတိထား စားကြပါ ။
ဒါကိုရှောင်ဖို့ ကွမ်း မဖြတ်နိုင်သေးခင် ကွမ်းသီး စိမ်းဖြင့် စားပေါ့ဗျာ ။
အဆိပ် အင်မတန်ပြင်းပါတယ် ။ အဆိပ်ငွေ့ ဆေးပြားခဲပါ ။ ပဲသိုလှောင်ရုံမှာ သုံးမယ် ဆိုရင်တောင်
လူနေအိမ်နဲ့ ဝေးတဲ့နေရာမှသာလျင် သုံးသင့် တဲ့ဆေးပါ ။
Khinzaw Wka
FB
Comments
Post a Comment