ပြဿနာကို မကြောက်နဲ့ 




လူတိုင်း လူတိုင်းဟာ တစ်ခါ တစ်ရံမှာ ထွက်ပေါက် မရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်ရလေ့ရှိတယ် ။ လူ့ ရဲ့ ဦးနှောက် ဆိုတာဟာ အသိဥာဏ် ရှိရင် ရှိသလောက် ပြဿနာတွေ ကို ဖြေရှင်းနိုင်စွမ်းရှိပါတယ် ။

ကိုယ်ဖြေရှင်းနိုင်တဲ့ ပြဿနာကို ဖြေရှင်း တာဟာ မိမိ ရဲ့ ဦးနှောက်ကို အစွမ်းကုန် အသုံးချခြင်း မဟုတ်သေးပါဘူး ။ တစ်ကယ်တော့ပြဿနာကြီး လာလေလေ ဦးနှောက် ကို အသုံးချရတာ အသုံးဝင်လေလေပါပဲ ။

အခက်ဆုံး အရာဆိုတာ အထက်ဆုံး ဉာဏ်ရဲ့ ကျက်စားရာပါ ထွက်ပေါက် မရှိတဲ့ပြဿနာကို ရင်ဆိုင်ရတာ များလေလေ ဦးနှောက် ရဲ့ စွမ်းပကားဟာ ထက်လေလေ ပါပဲ ။

အရာရာတိုင်းကို လွယ်လွယ် ကူကူသာ ဖြေရှင်းနေနိုင်မယ် ဆိုရင် အဲဒီ လူရဲ့ ဦးနှောက်ဟာ သေသလိုဖြစ်နေပါပြီ ။ ဒါ့ကြောင့် ထွက်ပေါက် မရှိတဲ့ ပြဿနာများ ကြုံလာမယ် ဆိုရင်တော့ စိတ်မညစ်ကြပါနဲ့  ၊ စိတ်ဓာတ်မကျကြပါနဲ့ ။


ဒါဟာ ငါ့ရဲ့ ဦးနှောက်ကို ထက်မြက်အောင် သင်ပေးတဲ့ အကြောင်းအရာသာ ဖြစ်တယ် လို့ နှလုံးသွင်းပြီး ဝမ်းမြောက် ဝမ်းသာနဲ့  ဖြေရှင်းဖို့ ကြိုးစားပါ ။

၃၁ ဘုံမှာ လူဟာ အသိဉာဏ် အရှိဆုံးဖြစ်ပြီး ဗုဒ္ဓတရားတော်တွေဟာ ပြဿနာတိုင်းကို ဖြေရှင်းနိုင်တဲ့ အရာတွေလို့  သဘောထားကာ သွေးအေးအေးနဲ့  အဖြေရှာပါ ။

သင့် အတွက် ထွက်ပေါက်တစ်ခု မဖြစ်မနေ တွေ့ လာပါလိမ့်မယ် ။

ဦးမြင့်ခိုင်


Comments

Popular posts from this blog

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အရွယ်တင် နုပျို ချင်ပါသလား ? ဆေးခြောက်ရှူပါ

ကမ္ဘာ့ ရှင်​ဘုရင်​ မဟာပထမံ​ အောင်​မင်း​ခေါင်

ကိုယ်ကျင့်တရား အားနည်းချက်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

 
365myanmar.com - Myanmar Online Shopping Mall