စာမတတ်လို့  ဝမ်းမနည်းနဲ့ 



တစ်ချို့ က တရား အားထုတ်တာ ဗဟုသုတ ရှိမှ တရားရနိုင်တယ်လို့ ထင်ထားကြတယ် ။ မှားယွင့်းမှု့ ပါပဲ။

ရဟန်းတစ်ပါးက ဘုရားရှင်ကို လျှောက်တယ် ။
" အရှင်ဘုရား တရားထူး ရဖို့ ဘယ်လောက်ထိ ဗဟုသုတ အကြားအမြင် ရှိရင် တရားရနိုင်ပါသလဲ ဘုရား" လို့ လျောက်တော့ ဘုရားရှင်က......

ချစ်သား

ဒါက အနိစ္စ ဒါက ဒုက္ခ ဒါက အနတ္တ လို့ ဆိုတဲ့ စကားသုံးခွန်း ကြားဖူးရုံ နဲ့ တရား ရဖို့ လုံလောက်ပြီလို့ 
ပြန်ဖြေခဲ့ပါတယ် ။


ဒီစကား သုံးခွန်းကတော့ ကျွန်တော်တို့  နေ့ တိုင်းကြားနေကျတွေပါ ။ ဒါ့ကြောင့် တရားထူးရဖို့ 
ပြည့်စုံနေပြီလို့ သိထားကြပါ ။

နောက်ပြီး  စူဠပန္တက မထေရ် ဟာ အက္ခရာ ၄၄ လုံးကို ၄ လ ကျက်တာတောင် မရဘူး ။
ဒါနဲ့ လူထွက်ဖို့ ဘုရားရှင်ကို လျှောက်တော့ ဘုရားရှင်က .....  


ငါဘုရားသာသနာမှာ စာမတတ်လို့  မဂ်ဖိုဂ်နိဗ္ဗာန် မရဘူးဆိုတာ မဖြစ်ရဘူးဆိုပြီး တရားပြလိုက်တာ 
ရဟန္တာဖြစ်သွားတယ် ။



ဒါ့ကြောင့် ဆရာတော်ကြီးတွေက စာမတတ်လို့ ငရဲ မကျဘူး ။ သီလ မရှိရင်တော့ ငရဲ ကျမှာပဲတဲ့ ။
စာတတ်ဖို့ ထက် သီလ လုံခြုံဖို့ က ပိုအရေး ကြီးပါတယ်လို့  ဆုံးမခဲ့ပါတယ် ။

ဆရာတော်ကြီးတစ်ပါးက ဆိုရင် မဂ်ဖိုလ် နိဗ္ဗာန် ရတာ ကကြီး ခခွေး မတတ်တဲ့လူက ပိုများတယ်တဲ့ ။

ဒါ့ကြောင့် မိတ်ဆွေတို့  စာမတတ်တာ ဥာဏ်ထိုင်းတာတွေဟာ တရား အတွက် ပြဿနာ မရှိပါဘူး ။ 

သီလ လုံလုံခြုံခြုံနဲ့ တရားကိုသာ ကြိုးကြိုး စားစား မှတ်ကြပါ ။
နိဗ္ဗာန် ဆိုတာ မဝေးလှပါဘူး ။

( မှတ်ချက် )
စာမတတ်လို့  တရားအားထုတ်ဖို့ ဝမ်းနည်းနေသူတွေ အတွက် ရေးတာပါ စာတတ်ပြီး တရား အားထုတ်   ရင်တော့ အတိုင်းထက် အလွန်ပေါ့ တစ်ချို့က ဒါဆို ဘာလို့ စာသင်နေဦးမှာလည်း ဆိုတဲ့အကြောင်းပြချက်မျိုးတွေ ရှိတတ်လို့ ပါ)

ဦးမြင့်ခိုင်




Comments

Popular posts from this blog

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အရွယ်တင် နုပျို ချင်ပါသလား ? ဆေးခြောက်ရှူပါ

ကမ္ဘာ့ ရှင်​ဘုရင်​ မဟာပထမံ​ အောင်​မင်း​ခေါင်

ကိုယ်ကျင့်တရား အားနည်းချက်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

 
365myanmar.com - Myanmar Online Shopping Mall