Posts

မမြဲ ခြင်း မှ မြဲခြင်း သို့ 

Image
  ဒီကနေ့  ကမ္ဘာကြီး မှာ ဖြစ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဟာ ဘုရားရှင်ဟော ခဲ့တဲ့ မမြဲခြင်း ဆိုတဲ့ နိယာမ ကို ပိုမို ပေါ်လွင်စေသလိုပဲ ။ ပိုင်ဆိုင်မှု့ပေါင်း များစွာ ပိုင်ဆိုင် ပြီး ကိုယ့်ကို ကိုယ် ချမ်းသာတယ် ဆိုတဲ့ သူဋ္ဌေးကြီးတွေ ။ သားသမီးတွေ နဲ့  ပျော်မြူးနေပြီး အမြဲတမ်း ပျော်ရွှင်နေရမယ် ထင်နေသူတွေ ။ ကျမ်းမာတယ် သန်စွမ်းတယ် ရုတ်တရက် ဘာမှ မဖြစ်နိုင်သေးဘူး လို့ ထင်ထားသူတွေဟာ ..... ငလျှင် လှုပ်တာ စစ်ဖြစ်တာ မီးလောင်တာ စတဲ့ သဘာဝ ရဲ့ ဘေးအန္တရာ ယ်တွေ နဲ့  ရုတ်တရက် ကြုံကြ ရတော့ သေဆုံးခဲ့ကြတယ် ။ သားသမီးတွေ နဲ့  ရှင်ကွဲ သေကွဲ ကွဲခဲ့ကြတယ် ။ လိုတာ ရတဲ့သူဌေးကြီး ဘဝကနေ ကုန်းကောက်စရာ မရှိအောင် ရုတ်တရက် မွဲသွား ခဲ့တယ် ။ ကမ္ဘာကြီး ရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ နောက်ကျော မလုံတော့ဘူး ။ ဒီနေ့ သဌေး မနက်ဖန် ဆင်းရဲသား ၊ ဒီနေ့ လူ နောက်နေ့  ဘယ်ဘုံရောက်မလဲ ၊ ဒီနေ့ သာသနာတွင်း မှာ ကုသိုလ် ယူနိုင်တယ် ၊ မနက်ဖြန် သာသနာ ပ ချက်ချင်းရောက်နိုင်တယ် ၊ တကယ်တော့...................... ဒီနေ့ ဖြစ်နေတဲ့ အပျက်တွေ ကနေ သံဝေဂ ဥာဏ် ယူတတ်ရင် ၊ နိဗ္ဗာန် ထိ ခရီးရောက်ပါတယ် ။ ပဋာစာရီ တို့  ခေမာ တို့  မဟာဓန တို့ ရဲ့ ပျ...

နှလုံး သွေးကြောကျဉ်း ရောဂါ အတွက် ဆေးနည်း

Image
     နှလုံး သွေးကြောကျဉ်း ရောဂါ အတွက် ဆေးနည်း    အင်္ဂလန် မှ ပါကစ္စတန် သို့ အစည်းအဝေး အတွက် ရောက်ရှိနေသော လူ တစ်ဦးသည် ရုတ်တရက် နှလုံး  ရော ဂါကြောင့် ဆေးရုံတက်ခဲ့ရသည်။ နှလုံး ခွဲစိပ် ဆရာဝန်ကြီး က ထို လူနာကို စမ်းသပ်ပြီး နှလုံးသွေးကြောကျဉ်း သည့် ရောဂါကြောင့် အသက် အန္တရာယ် ရှိသည့် အတွက် ခွဲစိပ် ရမည်ဖြစ်ကြောင်း၊ မခွဲစိပ်မီ ပြင်ဆင်သင့် တာတွေ ပြင်ဆင်ထားဖို့ မှာလိုက်ပါသည်။ ထိုလူနာမှာ ဆေးရုံ သို့ တစ်လကြိုတင်ငွေ Rs 225,000 ကို ပေးထား၍ ခွဲစိပ်ရက်ရောက်မည့် ရက် ကို စောင့်နေတုန်း မှာပင် သူ့ရောဂါ အကြောင်းကို ပါကစ္စတန် မှ တိုင်းရင်းဆေး ဆရာကြီး Hazrat Moulana Bashir Saheb ဆိုသူ အား ပြောပြလိုက်ပါသည်။ ထိုအခါ ဆရာကြီး Saheb သည် သူ ကိုယ်တိုင် ဖော်ပေးသောဆေးကို တစ်လ တိတိ လိုက်နာ သုံးစွဲလျှင် ထိုရောဂါ မုချ ပျောက်ကင်းမည်ဖြစ်ကြောင်း ပြောလာ သဖြင့် ဆရာကြီး ၏ ဆေးကို သောက်သုံးခဲ့ရာ တစ်လပြည့်သော အခါ ခွဲစိပ် ဆရာဝန်ကြီးမှာ သူ့ရောဂါ ကို စမ်းသပ်ကြည့်ပြီး ခွဲစိပ်စရာ မလိုတော့ကြောင်း၊     ပိတ်မိနေသည့် နှလုံးသွေးကြော များလည်း ပြန်ပွင့်နေပြီး နှလုံးမှာလည်း ပံ...

ဖနောင့် အတက် ထွက်ခြင်း

Image
    ဖနောင့် အတက် ထွက်တယ် ဆိုတာ ဖနောင့် အရိုးမှာ ကယ်လ်စီယမ် အနည်ထိုင် လို့ ဖြစ်ရတယ်။ အမှန်တော့ ပျက်စီးမှု ကို ပြုပြင်ဖို့ ခန္ဓာကိုယ် က ကယ်လ်စီယမ်တွေ ထုတ်ပေးရတာပါ။ ဖနောင့်ရိုး (calcaneus) မှာ ကယ်လ်စီယမ်တွေ စုပုံရာ ကနေ သေးငယ် တဲ့ အရိုး အတက်ဖြစ်လာပါတယ်။    အဲဒီလို အရိုးအတက် ကို Heel spurs (သို့) osteophytes လို့ ခေါ်ပါတယ်။ လူ အများစုမှာ ဖြစ်နိုင်ပေမယ့် လက္ခဏာ ရပ် မပြလို့ မသိကြသူက များတယ်။ အကယ် ၍ ဖနောင့်ရိုး (calc aneus) နဲ့ ခြေဖဝါးရိုး (metatarsal bones) ကို ဆက်သွယ် ထားတဲ့ plantar fascia အရွတ်ရောင်တဲ့ အခါ ဖနောင့်နေရာ ကနေ စတင် နာကျင် လာပါတယ်။    တစ်ချို့က အရိုး အတက်ကြောင့်လို့ ထင်မှတ် မှားကြတယ်။ အမှန် က အရွတ်ရောင်ခြင်းကြောင့် တွယ်ဆက် ထားတဲ့ ဖနောင့်နေရာ က နာကျင် လာတာ ဖြစ်ပါတယ်။ ဒီလို အရွတ်ရောင်တာမျိုး ကို plantar fasciitis လို့ ခေါ်ပါတယ်။ ဓာတ်မှန် ရိုက်ကြည့်တဲ့ အခါ အတက် ထွက်တာ ရှိနိုင်ပေမယ့် ခြေ ဖနောင့်ကတော့ နာကောင်းမှ နာလိမ့်မယ်။ ဘယ်သူတွေဖြစ်လဲ   ဖနောင့် အတက် ထွက်တာဟာ အသက် အရွယ်၊ အချိန်မရွေးဖြစ်နိုင်တယ်။ ဝတဲ့ သူတွေ၊အမျိုးသမီ...

မဟာသမယ သုတ် ဖြစ်ပေါ်လာပုံ

Image
     မြတ်စွာဘုရားရှင် သည် ဘုရား အဖြစ်သို့ ရောက်တော် မူပြီးနောက် လေးဝါ အလွန် ငါး ဝါမြောက် ဖြစ်ပြီးသော မဟာ သက္ကရာဇ် ၁၀၈ ခု နယုန် လပြည့်နေ့ တွင် သက္ကတိုင်း က ပိဝတ်နေပြည်တော် အနီး မဟာဝုန်တောကြီး အတွင်း၌ သီ တင်းသုံးနေတော်မူပါ၏။ မြတ်စွာဘုရားရှင် ထံသို့ ညနေပိုင်း အခ်ျန်တွင် ရဟန္တာဖြစ် ပြီးစ သာကီဝင် မင်းသား ရဟန်း ငါးရာ ရောက်ရှိ လာပြီးရို သေစွာ ရှိခိုး ထိုင်နေတော်မြူ က ပါ၏။ ယင်းသို့ "ရဟန္တာ ၅၀၀ "ပေါင်းဆုံ စုဝေးနေခြင်း ကို "ဓမ္မ သမယ " ဟုခေါ်ရပါ၏။ မြတ်စွာဘုရားရှင့်နှင့် တစ်ကွ ရဟန္တာ ၅၀၀ တို့အား ဖူးမျှော် ရန် စကြာဝဠာ ကမ္ဘာပေါင်း တစ်သောင်း မှ အလွန် များပြား လှသော နတ်ဗြဟ္မာ အပေါင်း တို့သည် မဟာဝုန်တောကြီးအတွင်းသို့ရောက်ရှိ လာကြပါ၏။     နတ် နဂါး ဂဠုန် အသူရာ ဗြဟ္မာ အားဖြင့် ပရိတ်သတ် စုံ လင် သလို နတ်ပြည်ခြောက်ထပ် ကိုကျော်လွ န် ကာ ဗြဟ္မာ ပြည်ထိတိုင် များပြားလှပါ၏။    

ချွေးပေါက် ကျယ်နေလား...

Image
 သူများတွေ မိတ်ကပ်လိမ်း နေ့တစ်ဝက်ထိ အလှမပျက်၊ ကျွန်မ မှာတော့ ချွေးပေါက် ကျယ်လို့ မျက်နှာ အဆီ တစ်ဝင်းဝင်း နဲ့။ မိန်းကလေး ဆိုတော့၊ ဒီတိုင်းကြည့်လို့ ချွေးပေါက် အထင်းသားမြင်ရတာ သိပ် ဘဝင် မကျလှ ပါဘူး။  ဒါနဲ့ ဟိုနေ့က ကုန်ကြမ်း လိုက်ရှာနေတုန်း Bellasugar က၊ How to get Rid of Large Pores : DIY Egg White Treatment တွေ့လို့ ကိုယ်တိုင် လုပ်ကြည့်လိုက်ပါတယ်။ အစ်မရို့စ် လည်း အဲဒီလို လိမ်းတယ် ဆိုတော့၊ စမ်းရတာ အားရှိတာပေါ့နော်။ လုပ်မယ်ဆို လိုအပ်တာက ကြက်ဥ တစ်လုံး။ :)  အနှစ်ကို ခွဲထုတ်လိုက်ပြီး၊ အကာ ကို ပန်းကန်လုံး ထဲမှာထည့်ပါ။  ဇွန်း နဲ့ အဖြူရောင် အမြှုပ်လေးတွေ ထတဲ့ အထိ နာနာခေါက်ပါ။ ပြီးရင် cotton pad လေးကိုယူ၊ မျက်နှာ အနှံ့မှာ လိုက်လိမ်း။ ၅ မိနစ်လောက်နေရင်၊ မျက်နှာ တင်းတင်းလေးဖြစ်ပါလိမ့်မယ်။ အကုန်ခြောက်သွားရင် ရေနွေးနွေးလေး နဲ့ မျက်နှာသစ်ပြီး၊ ထူးခြားမှုကို ခံစားကြည့်ပေါ့နော်။

ဝက်ခြံ ပျောက်ကင်းမယ့် အိမ်တွင်း နည်းလမ်းလေး

Image
  မြတ်ကြည် ရဲ့ အသားအရေ က sensitive ဖြစ်တဲ့ အထဲ မှာပါတယ်။ တစ်ခုခု မဖြစ်လိုက်နဲ့ ဖြစ်တာနဲ့ ဝက်ခြံပေါက်တော့တာပဲ။ ပြီးတော့ ဒီတိုင်းနေသလားဆိုတော့ မနေဘူး။ လက်က သွားသွား ကလိတာ။ အဲဒါ လက်ရောင်တွေ လိုက်ပြီး ဝက်ခြံပျောက်သွားရင် အမဲစက်လေးတွေ ကျန်ခဲ့ရော။   ဟိုတလောက ဝက်ခြံတွေ လှိမ့်ထွက်နေတာ ဟိုရှာ ဒီရှာလုပ်ရင်း မှာ ဒီနည်းလေးသွားတွေ့တယ်။ အဲဒီ ထဲမှာတော့ ပဲမှုန့်ရယ်၊ နနွင်းရယ်၊ သံလွင်ဆီရယ်ရောပြီး မျက်နှာပေါ်အုပ်တာ။ ပြီးရင် မျက်နှာပြန်ဆေးပေါ့နော် ။ အဲဒီလို။  မြတ်ကြည် ကတော့ နနွင်းရယ်၊ လက်ဆောင်ရထားတဲ့ သံလွင်ဆီအကြွင်းအကျန်လေးရယ် ရောပြီး လိမ်း တယ်။ နနွင်း အနံ့တော့ နည်းနည်း သည်းခံရတယ်။  လိမ်းပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တော့မှ ရေနဲ့ဆေးချလိုက်တယ်။ ပထမ တစ်ရက်တင် တော်တော် သိသာ တယ်။ ရောင်နေတာတွေ ကျသွားတယ်။ တစ်ရက်ခြားပြီး ၂ ခါပဲလုပ်လိုက်တာ ဝက်ခြံမရှိတော့ဘူး။ အမာရွတ်ရော ဝက်ခြံရော လုံးဝမကျန်တော့ဘူး။    မြတ်ကြည်ရှာကြည့်တော့ နနွင်းမှာ ဆာလ်ဖာ ဓာတ် အများကြီးပါပါတယ်။ ဆာလ်ဖာဓာတ် က ရောဂါပိုးတွေ ကို သေစေနိုင်ပါတယ်။ သဘာဝ ပစ္စည်းဆိုတော့ လူကို လည်း ဥပါဒ် မဖြစ်ပါဘူး။ နောက် ...

မိန်းမသားများ နဲ့ အဖြူ ဋီကာ

Image
အဖြူ ဆင်းတိုင်း စိုးရိမ်​စရာ မလို​ပေမယ့်  စိုးရိမ်​စရာ မရှိလို့ ပစ်​ထားလိုလဲ မရပြန်​ပါဘူး။ သာမန်အဖြူ ဆင်း တာ လား၊ သာမန် မဟုတ်ပဲ အဖြူ ဆင်းတာလား ခွဲခြားသိဖို့လိုပါတယ်။ သာမန်​ မှာ ရာသီမေ​ပေါ် ခင်​​လေးဖြစ်​ဖြစ်​ ၊ ကိုယ်​၀န်​​ဆောင်​ တာပဲဖြစ်​ဖြစ်​ အဖြူ ဆင်းတတ်​ကြပါတယ်​။  ဒါဆို ဘယ်အခါမှာ သာမန် မဟုတ်တာကို သတိပြူသင့်ပါသလဲ? အဆင်းများတာ၊ ယားတာ၊ နာတာ၊ နဲ့ အနံ့ နံတာ တို့ဆို ဒီလို ဆင်းတာဟာ သာမန် မဟုတ်တော့ပါဘူး။     ကိုယ့်ကြောင့်လား၊ သူ့ကြောင့်လား? တစ်ချို့မိန်းကလေးတွေက သူတို့ အဖြူ ဆင်းတာက သာမန် မဟုတ်ဘူးဆိုတာ သတိထားမိ လာတဲ့အခါ ကိုယ့် ချစ်သူ လင်ယောက်ျားတွေ ကို မျက်ထောင့်နီကြီးတွေ နဲ့ ကြည့်တတ်ကြပြန်ပါတယ်။ တစ်ကယ်တော့ မိမိကြောင့်လည်းဖြစ်နိုင်သလို၊ သူတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်သူ့ကြောင့်ဖြစ်တယ် ခွဲခြား လို့ လည်း ရပါတယ်နော်။ နောက် အပိုဒ်တွေမှာ ရေးသွားပေးမှာပါ။   သာမန် မဟုတ်ပဲ အဖြူဆင်းစေတဲ့ အခြေအနေလေးတွေ Bacterial Vaginosis  ကိုယ် အိပ်ရေးပျက်လို့သော်လည်းကောင်း၊ အားနည်း လို့သော်လည်းကောင်း၊ အသန့် လွန်ပြီး ဆေးလွန်း လို့သော်လည်းကောင်း မိန်...

သတိ ပညာ ဥာဏ်မြေကတုတ် ပညာ ချွန်းကဲ့သို့ အုပ်

Image
အခုလည်း တစ်ယောက် နဲ့တစ်ယောက် သူခိုး ယိုးခံရတာတွေမရှိဘူး လား။ အတင်းပြောခံရတာတွေ မရှိဘူးလား ။ အပုပ်ရည် သွင်းတဲ့ စကားမျိုး အ ပြောခဲ့တာ မရှိဘူးလား ......... အဲဒီလို ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးဆင်ခြင်  သုံးသပ်လိုက်မယ် ဆိုလို့ရှိရ င် .. အကြောင်း ရှိလို့အကျိုး တရားေ တွပေါ်တာပါလား  ... လို့သိရင် စိတ်ဆိုးစရာ လိုသေးသလား။ စိတ်ဆိုး စရာ မလိုတော့ဘူးနော်။ အကြောင်း ရှိသလောက် အကျိုးတရားပေါ်တာကွဲ့။ အဲလို သိတော့ ကြွေးဟောင်းကား မကျေလား။ ကြွေးသစ် ကား တင်သေးရဲ့လားဟဲ့။ အဲလို စိစစ်ဖို့မကောင်းလား။ **ဝိဥာဏ်မြင် သမ္မုတိသစ္စာ ဘက်က ပြန်ကြည့်လိုက်ရင် အဲဒီလို အပုပ်ရည် သွင်းတဲ့ စကားမျိုး အပြော ခံရတဲ့ အခါမှာ ကိုယ့် ခန္ဓာကိုယ်ကြီး လှည့်ပြီးတော့ သတိ နဲ့ ကြည့်ဖို့ကောင်းတယ်နော်။ အဲလိုပြောဆိုတဲ့ အခါ ကိုယ့် ခန္ဓာကိုယ်ကြီး က အသား အရေ လျော့သလား အသားအရေ မလျော့ ရင် စိတ်ဆိုး စရာ မလိုဘူးပေါ့ ။ တစ်နည်းအားဖြင့် အပ် နဲ့ထိုးသလို ဒီလိုကား နာရဲ့လား ဒီလို ဆိုလည်း စိတ်ဆိုး စရာ မလိုဘူးကွဲ့နော် ။ ခန္တီ ပရမံ တပေါ-သည်းခံခြင်းမြတ်တယ် ဆို တာ အဲ သလိုလည်း ပြန်ပြီးတော့ သမ္မုတိ အနေနဲ့ ဆင်ခြင် သုံးသပ်ဖို့ ကောင်းတ...

ရန်သူ ကို အနိုင် တိုက်ချင်လျှင်

Image
သားတို့ သမီးတို့....   ရန်သူ ကို အနိုင် တိုက်ချင်လျှင် ဦးစွာ မိမိစွမ်းရည်ကို တိုးမြှင့် လေ့ကျင့်ပါ။ မိမိ စွမ်းရည် သတ္တိ စိတ်ချရလျှင် ရန်သူ နဲ့ ပက်ပင်း ရင်ဆိုင်ပါ။... ဆိုတဲ့ စကား အတိုင်း.................. ကျောင်းသို့ သွား၍ မိမိ စိတ်ကလေး ထိန်းကျောင်းနိုင်ပြီ ဆိုလျှ င်.. အိမ်မှာနေသော်လည်း ဘဲ အကျင့်မလွှဲနိုင်။   စီးပွားရေး စာကျက် အာရုံ ရမ္မက်ထဲ ရောက်သော်မှ အကျင့်ကောင်း လက်မလွှတ်ပြီ။ ဒုစရိုက် သမား လူမိုက် များတို့နှင့် နီးသော် မှ မစပ်တော့ပြီ..။ စိတ်က မှ မလှုပ်တော့လျှင် ကိုယ်နှုတ် တို့ မလှုပ်ကြတော့ပြီ။

ခန္ဓာ နှင့် နွား ဥပမာ

Image
ဆရာတော်။ ။ ဒီ ခန္ဓာကိုယ်ကို နေ့စဉ် ဘာလုပ်ပေး နေရသလဲဟဲ့။ ဒကာကြီး။ ။ပြုပြင်ပေးနေရပါတယ် ဘုရား။ ဆရာတော်။ ။ ဒီအတိုင်း လွှတ်ထားရင် ဘာဖြစ်မ လဲဗျာ။ ဒကာကြီး။ ။ချေးညှော်တွေ နဲ့ နံစော်လာ မှာပေါ့ ဘုရား။ ဆရာတော်။ ။ ဥတုကို ဆန့်ကျင်ရင်ကောဗျာ။ ဒကာကြီး။ ။ ဖျားမယ် နာမယ် ဖြစ်လာမှာပါ ဘုရား။ ဆရာတော်။ ။ အစာ မကျွေးရင်ကောဗျာ။ ဒကာကြီး။ ။ ငတ်မွတ်ပြီး သေနိုင်ပါတယ်ဘုရား။ ဆရာတော်။ ။ ဒါဖြင့် သူ့ အတွက် ဝန်မလေးနေဘူး လားဗျာ။ ဒကာကြီး။ ။ မှန်ပါတယ်ဘုရား။ ဆရာတော်။ ။ သူ့ကို စွန့်ဖို့ကော စိတ် မကူးဘူးလား။ ဒကာကြီး။ ။ တစ်ခါ တစ်လေတော့ စိတ်ကူး သလိုရှိပါတယ်ဘုရား။

ပကတိ အေးဆေး တည်ငြိမ်သူ ဖြစ်လိုလျှင် မြတ်ဗုဒ္ဓ ၏ တရား ကို နှလုံးသွင်းပါ

Image
~ စိတ် လှုပ်တိုင်း မမြဲဘူး ဟု သုံးသပ်နေသော ပုဂ္ဂိုလ်အဖို့  စိတ်သည် လှုပ်ရှားခြင်း ကင်းကာ ငြိမ်သက် ပိပြားလာသည်။ ~ စိတ်ကို အလို မလိုက်ဘဲ ဥာဏ် ကွပ်ကဲလျှင် စိတ်သည်  ဥာဏ်အောက် ၌ အမိန့်နာခံ ရိုကျိုး ကာ ခေါင်း မထောင်နိုင်ဘဲ  လည်စင်းကာ အလျှော့ပေးလေ့ရှိသည်။ ~ စိတ် ကို ဥာဏ်ဖြင့် ကွပ်ကဲခြင်း သည် စိတ္တာနုပဿ         နာ ကျင့်စဉ် ပင်ဖြစ်သည်။ ထို ကျင့်စဉ် အရ စိတ် ကို နိုင်ရုံမျှ မက စိတ် အကြောင်းကို  မှန်မှန် ကန်ကန် ပိုမို အသေးစိတ် နားလည်နိုင်သည်။ ~ ချစ်သူတွေ့တွေ့၊ မုန်းသူတွေ့တွေ့ မတုန်လှုပ်စေရန် ဥာဏ်ဖြင့် ထိန်းနည်း သည် စိတ္တာနုပဿ     နာခေါ် ပေါ်စိတ်  တုန်လှုပ်စိတ် ကို အပျက်တရား ဟု ရှုသတ်သော နည်းပင်ဖြစ်သည်။ ~ နောက်ဆုံး သေခြင်းတရား ကိုပင် ပြုံးပြုံးနှင့် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။ ရုပ် နာမ် ကို ယထာဘူတ ကျကျ သိသွားနိုင်သည်။

ကိလေသာ က ဘယ်တရားလဲ

Image
ဒါန ကုသိုလ် သီလ ကုသိုလ် သမထ ကုသိုလ် ဘုရား အဆူဆူ ပယ်ရဲ့လား... ဒါန ကို ပယ်ရမှာလား ....ကိလေသာ ပယ်ရမှာလား.....  သီလ ကို ပယ်ရမှာလား ကိလေသာ ပယ်ရ မှာလား....... သမထ ကို ပယ်ရမှာလား ... ကိလေသာ ပယ်ရမှာလား ဩော် ကိလေသာ ပယ်ဖို့ ဟောတာကွဲ့...... ကိလေသာ က ဘယ်တရားလဲ စိစစ်ဖို့ မကောင်းလား အဝိဇ္ဇာ တဏှာ ဥပါဒါန် ဗျား သစ္စာလေးပါးကို မသိတာ....(*အဝိဇ္ဇာ ပါဘုရား) ခန္ဓာငါးပါးကို မသိတာ... (*အဝိဇ္ဇာ ပါဘုရား) ခန္ဓာငါးပါး တစ်ပါးပါး အပေါ်မှာ လူ နတ် ဗြဟ္မာ သတ္တဝါလို့ နှလုံးသွင်း မှားတာ..... (*အဝိဇ္ဇာ ပါဘုရား) နှလုံးသွင်းမှားတော့ လိုချင်တာ ဘယ်သူလဲ .. (*တဏှာ ပါဘုရား) မရရင် မနေဘူး လို့ စွဲလမ်းတာ.... (*ဥပါဒါန် ပါဘုရား) ဒါ အဝိဇ္ဇာ တဏှာ ဥပါဒါန် နော်.. ဝဋ် အနေနဲ့ ကိလေသဝဋ် လို့ မဟောဘူးလား ကိလေသဝဋ်ပေါ့. . သစ္စာဖွဲ့တော့ သမုဒယပေါ့ ဝဋ်အနေနဲ့ ကိလေသဝဋ်နော်.... ကိလေသာ ဝဋ်ရှိတော့ ကမ္မဝဋ် မဖြစ်ဘူးလား ကာယကံ ၀စီကံ မနောကံတွေ မလာဘူးလား ကမ္မဘဝ ပစ္စယာ ဇာတိပေါ့... ကုသိုလ် နဲ့ ပတ်သက်တော့ လူ ဇာတိ...  နတ် ဇာတိပေါ့ ။ အကုသိုလ် နဲ့ ပတ်သက်တော့ အပါယ် ဇာတိပေါ့ ။

နင့်ကို ဘယ်တော့မှ မမေ့ပါဘူး သူငယ်ချင်း

Image
ကျောင်းပိတ်ရက်လေး တစ်ပတ် ရသည်မှို့သားဖြစ်သူပြန်လာသော ထမင်းဝိုင်းလေး သာယာစိုပြေနေ၏ ။ ၆လ မျှ မိဘနှင့် ခွဲ ၍ နယ်မြို့ တစ်မြို့၏ ဘော်ဒါဆောင် မှာ ကျောင်းတက်နေရသော သားကလေး အခု မိစုံ ဖစုံနဲ့စားနေ သော ထမင်း ချိုမိန်နေသည် ကို မိဘနှစ်ပါး မှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဝမ်းသာ ပီတိဖြစ်နေရ၏ ။ " သားလေး ရော့လေနောက်ထပ်ထည့် လေ အင်းမေမေ ထည့်ထည့် " ။ " ဟ ဟုတ်ပါ့မလား ကွာအေးရယ် မင်းသား အဲဒီ လောက် စားနိုင်ပါ့ မလား .... ကြည့်ထည့်ပေးပါအုံး အေးရယ် တော်ကြာ မင်းသား ရင်ပြည့်နေပါ့မယ် " ။ " မဟုတ်ဘူး ဖေဖေ သား စားနိုင်တယ် ဟိုမှာ တစ်နေ့လာလဲ ဘဲဥကြော်နဲ့ပဲဟင်း ချည်းပဲ ဖေဖေ ရယ် " သားမေမေ့ လက် ရာ စားချင်တာကြာပြီ " "  အေးပါ စားနိုင်ရင် စားပါကွာ ဟဲ့ သား စားလေ ဘာလို့ ပြတင်း ပေါက်ကိုငေးငေး နေပြန်ပြီလဲ " " ဟုတ်မေမေ ပြတင်းပေါက် မှန်အပြင် မှာ လူ လာချောင်း သလားလို့ပါ " " ဟာ မဟုတ်တာပဲ သားရယ် မေမေ တို့ ခြံကျယ်ကြီး ဘယ်သူမှ မဝင်နိုင်ပါဘူး ။ ဟဲ့ ဆန်းထွေးး "  " ရှင် မေမေကြီး  ကော်ဖီဖျော်ရတော့ မလား မေမေကြီး " ...

လူကြိုက်များ လာသော ငှက်ပျောသီး ဖြင့် ၀ိတ်ချနည်း

Image
အခုဆိုရင် ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း ဟာ ကမ္ဘာမှာ လူကြိုက်များလာသည့် ၀ိတ်ချနည်း တစ်နည်း ဖြစ် လာ ပါပြီ။ ဒီနည်း ကို စတင်တွေ့ရှိခဲ့သူ ကတော့ ဂျပန်နိုင်ငံ မှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။ သူ့ရဲ့ ငှက်ပျော သီးဖြင့် ၀ိတ်ချနည်း စာအုပ်ဟာ ဂျပန်နိုင်ငံ မှာ သာမက ကမ္ဘာ အရပ်ရပ် မှာလည်း ဘာသာပြန်ပြီး ရောင်း အားကောင်းနေသည့် အပြင် ရုပ်သံများမှ လည်း တွေ့ဆုံမေးမြန်းခန်းတွေပြုလုပ်ပြီး တင်ဆက်ပေးနေပါပြီ။ ဒီ ၀ိတ်ချနည်း ကို အရှေ့တိုင်း၊ အနောက်တိုင်း မှ လူ အများအပြား က လက်တွေ့ စမ်းသပ်ပြီး တစ်ကယ် ထိရောက်မှု  ရှိလာသည့် အတွက် ကိုရီးယား မင်းသမီးများ ဟာလည်း ဒီနည်း ကို အသုံးပြုနေကြပြီ လို့ ဆို ပါတယ်။ ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း ************************* ၁။ နံနက်စာ ကို ငှက်ပျောသီး (၂) လုံး သာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။ ၂။ နေ့လည်စာ ကို ပုံမှန် အတိုင်း ထမင်း၊ ဟင်း တို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့် များတဲ့ အစာများ ကိုတော့ ရှောင်ပါ။ ၃။ ညစာ ကိုတော့ ထမင်းဟင်း မစားပဲ သစ်သီးများ နဲ့ ဟင်းသီးဟင်းရွက်အချို့ ကိုသာ စားပါ။ ည ၈ နောက် ပိုင်း ကိုတော့ ဘာမှ မစားပါနဲ့။

အိမ် နဲ့ပတ်သက် တဲ့မြန်မာ တို့ရဲ့ရှေး အယူအဆ နဲ့ ဗဟုသုတများ

Image
  ၁။ အိမ် ပတ်ဝန်းကျင်တွင်မ စိုက် အပ်သော အပင်များ ၂။ အိမ်ဆောက် ရက်ရွေးနည်း ၃။ အိမ်ဆောက် လရွေးနည်း ၄။ မသုံးအပ်သော သစ်(၈)မျိုး ၅။ အိမ်ကျောင်းဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး ၆။ အိမ်ကျောင်းဆောက်ရာတွင် မပြုအပ်သောအရာများ ၁။ အိမ် ပတ်ဝန်းကျင်တွင် မစိုက် အပ်သော အပင်များ ************************************** သစ်ပင်ပန်းမနဆိုတာလူတွေ အတွက်ကောင်းမွန်တဲ့ အရာ တစ်ခုပါ။ အကျိုးပြုစေပါတယ်။ မိမိ ပတ်ဝန်း ကျင်ခြံထဲ အိမ်ထဲ မှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရော စိတ်ပါရွှင်လန်းစေမှာ ပါ။  ဒါပေမယ့်ရှေးမြန်မာ အယူအဆ အရခေတ် မမှီတော့ဘူး လို့ပဲ ဆိုဆို ရှေးထုံးကိုလဲ မပယ်နဲ့စကား ပဲပြောပြော ဗဟုသုတ အနေနဲ့ဖြစ်ဖြစ် သိရအောင် အိမ် နဲ့ပတ်သတ်တဲ့ရှေးမြန်မာ အယူအဆ တစ်ချို့ ကိုဖော်ပြလိုက် ပါတယ်။ အိမ် ရဲ့ အရှေ့ မျက်နာဘက် တွင် ညောင်သပြေပင်များ မစိုက်ရ။ စီပွား ပျက်တက်သည်။  အနောက်ဘက် တွင် လက်ပံပင် ထိန်ပင် တောင်ဘက် တွင် သစ်သျားပင် ဖီးကြမ်း ငှက်ပြော သဘောင်္ပင် များ မြောက်ဘက် တွင် ထန်းပင် ဆန်းပင် သဖန်းပင် အဆိုပါ အပင်များသည်ဖော်ပြပါ အရပ်မျက်နှာ များတွင် ရှိနေပါက စီးပွားရေး ညံ့တတ်သည်။ ...

မငိုပါနဲ့ ဧရာဝတီ { အိမ့်ချမ်းမြေ့ }

Image
    သူတို့ဟာ… ကမ္ဘာပေါ် မှာ တတိယ အရှည်ဆုံး နဲ့ အာရှ မှာ အရှည်ဆုံးမြစ်ဖြစ် တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင် ထားခဲ့တယ်။ အဲ သလို ရှည်လျား လှပတဲ့ ကမ္ဘာ့ အံ့ဖွယ် ယန်စီမြစ်ကြီးဟာ ဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုး ကို တည်ဆောက် ခဲ့တဲ့ မြစ်ကြီး တစ်စင်း ဖြစ်တယ်။  သူတို့ဟာ… အဲဒီမြစ်ကြီး ကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင် သဘာဝ တရားကြီး တစ်ခုလုံးကို မှောက်လှန် ဖျက်ဆီး လိုက်ခြင်း အားဖြင့် လူတွေ သာမက ကျွဲနွား တိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခု ဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ် သွားတော့မယ့် ကမ္ဘာ့ အထင်ရှားဆုံး သဘာဝ သယံဇာတ ၁၀ ခု ထဲမှာ တစ်ခု ပါနေပြီ။   နောက်နှစ် အနည်းငယ်မှာ.. ယန်စီ ဆိုတာ တရုတ် လူမျိုးတွေ ရဲ့ ဒဏ္ဍာရီ နဂါးကြီးတွေ လို.. ရှေးဟောင်း စာပေ ကျမ်းဂန်တွေ ထဲမှာပဲ ရှင်သန် အသက်ဝင် လှုပ်ရှားတော့မယ် ထင်ရဲ့။    ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ် (Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကို လည်း ဖျက်ဆီး ပစ်ခဲ့တယ်။...

မွေးနေ့ ဗေဒင်

Image
ကိုယ့်ရဲ့မွေးနေ့ဂဏန်းလေးတွေ ကို ကြည့်ပြီး ကိုယ်ဟာ ဘယ်လိုဖြစ်မလဲ ဆိုတာကို ကြည့်လိုက် ရအောင်နော်။ တွက်ပုံ တွက်နည်း ကတော့............... ဥပမာ - ၁၉၈၀ ခုနှစ်၊ ၃ လ၊ ၁၉ ရက်နေဖွားဖြစ်ရင် ၁၉၈၀ + ၃ + ၁၉ = ၂၀၀၂ ၂ + ၀ + ၀ + ၂ = ၄ ကဲ ကိုယ့် ရဲ့ဂဏန်း ကို တွက်ပြီး သွားရင်တော့ အောက်မှာ ကိုယ့် ရဲ့ဂဏန်းလေး ကို ရှာလိုက်ပါ ။ ၁. အတွေး အခေါ် ကောင်းသူ ၂. ငြိမ်းချမ်းရေး ကို လိုလားသူ ၃. ပွဲလမ်း သဘင် ကြိုက်သူ ၄. ရိုးရာ အစဉ်အလာ ကို လိုက်နာသူ ၅. တီထွင် ကြံဆသူ ၆. ကဗျာ ဆန်သူ ၇. ထူးချွန်သော သူ ၈. အောင်မြင် သူ ၉. အနုပညာရှင် ၁. အတွေး အခေါ် ကောင်းသူ စဉ်းစား တတ်ပြီး အတွေး အခေါ်ကောင်းတဲ့ အတွက် သူ့ကို ပတ်ဝန်းကျင် ရဲ့ အလေးထားခြင်း ကို ခံရပါ လိမ့်မယ်။ ဒါပေမဲ့လည်း သူများ ရဲ့အတွေး အခေါ် ကိုတော့ လက်မခံတတ်တဲ့ အတွက် လူမုန်းခံရပါလိမ့်မယ်။

ယောင်္ကျား အတွက် ဆိုရင် ဘာမဆို ဖြည့်ဆည်း ပေးမည့် ရာသီခွင်

Image
ရာသီခွင် အလိုက် ယောင်္ကျား၊ ရည်စား အပေါ်မှာ ထားရှိတဲ့ မေတ္တာ က ကွာခြား ပါလိမ့်မယ်။ ကိုယ် ချစ် တဲ့ ယောင်္ကျား အတွက် ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ ပေးဆပ်ချင်တယ် ဆိုတာ သဘာဝတရား ပါ။  အလို လိုက်လွန်းရင်လည်း လူတော် ကနေ၊ လူညံ့ လည်း ဖြစ်သွားနိုင်ပါတယ်။ ကဲ ယောင်္ကျားအတွက် ဆိုရင် ဘာမဆို ဖြည့်ဆီး ပေးမည့် ရာသီခွင် Ranking ကိုကြည့်လိုက် ရအောင်နော်။   ၀၁. ကရကဋ် ရာသီ (Cancer) : ဇွန် ၂၁ ရက် မှ ဇူလိုင် ၂၀ ရက် အတွင်း ဒီ ရာသီခွင်က သူတွေ ကတော့ ယောင်္ကျား အတွက်ဆို ဘာပဲ လုပ်ရ လုပ်ရပါ။ သူ့မှာ ကိုယ် မရှိရင် ကလေး တစ်ယောက် လိုပဲ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူးလို့ ထင်နေပါတယ်။  ယောင်္ကျားဖြစ်သူ က နှေးကွေးနေ တာကို ပင် ချစ်စရာကောင်းပြီး ကလေးကျောင်းပို့ သလို အလုပ် အထိတောင် လိုက်ပို့ပေးမလား မသိ ဘူးနော်။ မကဲ နဲ့ သတိထား !!! ၀၂. ကန် ရာသီ (Virgo) : သြဂုတ် ၂၂ ရက် မှ စက်တင်ဘာလ ၂၂ ရက် အတွင်း ဒီ ရာသီခွင် ကတော့ ပုံမှန် ဆိုရင် ကိုယ့်ခြေထောက်ပေါ် ကို ကိုယ် ရပ်နေနိုင်တဲ့ မိန်းကလေး ဖြစ်ပေ မဲ့ လည်း ယောင်္ကျား အတွက်ဆိုရင် ဘာမှ မျက်စိထဲ မမြင်တော့ပါ။  သူ့ရဲ့ ရည်မှန်းချက်တွေ၊ အိမ်မက်တွေ ကို ကိုယ်က ဖြည့်ဆီး ...

ဘယ်လို ချက် ပိုင်ရှင် ဖြစ်မလဲ

Image
ချက်ရဲ့ ပုံလေးကိုကြည့်ပြီး ကိုယ် ကတော့ ဘယ်လို ချက်ပိုင်ရှင်ဖြစ်လိမ့်မလဲ ဆိုတာကို ကြည့် လိုက်ကြ ရအောင်နော်။ မတ်မတ် ရပ်ပြီးမှ ကိုယ့်ချက် ကို ကိုယ်ကြည့်နော်။ *** ဝိုင်းသော ချက်ပိုင်ရှင် ** ရိုးသားပြီး ချစ်စရာကောင်းသောသူ၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်ပြီး အသေးအဖွဲ ကိစ္စတွေ ဆိုရင် ခေါင်းထဲမှာ မထားပါ။ ***  ဒေါင်လိုက် ရှည်သော ချက်ပိုင်ရှင် ** သူများကို ကူညီချင်သော စိတ်ဓာတ်ပြင်းထန်သူ၊ ငွေရေးကြေးရေးနှင့် ပတ်သက်၍တော့ ကပ်စီးနဲ သူဖြစ် ပါလိမ့်မယ်။ ***  ချက်ဆူ ပိုင်ရှင် **သံယောဇဉ်ကြီးသောသူ၊ ခင်ပြီ ဆိုရင် သူငယ်ချင်း အဖြစ် တစ်သက်လုံး လက်ခံထားသူ၊ ဒါပေ မဲ့ ပိုက်ဆံ အသုံးကြမ်းသောသူ ဖြစ်လိမ့်မယ်။ နောက်ပြီး ပိုက်ဆံ တို့၊ အာဏာ ကို မက်လိမ့်မယ်။ ***  အပေါ်သို့ထောင်နေသောချက် ပိုင်ရှင် **  ကြိုးစားပြီး ရိုးသားသောသူ ၊ အလုပ်ကို လေးလေး စားစား ဝီရိယ ရှိသောသူ၊ အမှန် ကို အမှန်အတိုင်း ရိုးရိုးကြီးဖြစ်တဲ့ အတွက် ယောင်္ကျားကောင်းရလိမ့်မယ်။ ***  ဘေးသို့ရှည်သော ချက်ပိုင်ရှင် ** ပျော်ပျော်နေတတ်ပေမဲ့လည်း ကိုယ့်ရဲ့ရည်စား၊  ချစ်သူ အပေါ် မှာ မူတည်ပြီး စိတ်နေစိတ်ထား ...

မကြေးမုံ အသုံးဝင်ပုံ အကြောင်း ပြောပြမယ်

Image
ကြည့်မှန်လေး တစ်ချပ် ချိတ်ဆွဲ ထားရုံဖြင့် ဘယ်လို ကိစ္စတွေမှာ အဆင်ပြေချောမွေ့စေသလဲ ? ကြည့်မှန် ကို ယတြာ အနေနဲ့ ဘယ်လို ဓာတ်ဆင်ကြမလဲ? အိမ်တွေ ဆိုင်တွေ မှာ ဘယ်လိုနေရာတွေ မှာ ချိတ်ဆွဲ ထားသင့်လဲ? စတဲ့ မှန်တစ်ချပ် ရဲ့အသုံး ဝင်ပုံတွေ ဒီနေရာမှာပြောပြမှာပါ။  ကြည့်မှန်ကြောင့် အဆင်ပြေသွားတဲ့ ကိစ္စတော်တော်များများ ရှိနေကြပါတယ်။ ဆန်းဗေဒင် မှာ မိမိ အိမ်ထက်ခြေရင်းအိမ် က အရမ်းမြင့်နေရင် ခြေရင်းအိမ် က မိန်းမ ဦးစီးတဲ့ အိမ်ပဲ လို့ပြောနိုင် သလို................. မိမိ အိမ် က အရမ်းသေးနေပြီး ခေါင်းရင်းအိမ် ခြေရင်းအိမ် က အရမ်း မြင့်နေရင် မိမိအိမ် လဲ အညံ့ထဲမှာ ရှိ ပါတယ်။ အောက်လက် ငယ်သားတွေ ကျန်းမာရေး စီးပွားရေး ညံ့တတ်တာမျိုးကြုံရ တတ်ပါတယ် ။  နောက်ပြီး မျက်နှာချင်းဆိုင် အိမ် က အရမ်းမြင့်ပြီး ခေါင်းမိုးဒိုင်း အချွန် က မိမိ အိမ်နဲ့ တည့်တည့် ကျရင် မိမိ အိမ် ကံညံ့ တတ်ပါတယ်။ ဒါတွေ က မြန်မာ ဆန်းဗေဒင် မှာရော တရုတ် ဖုန်းရွှေပညာမှာ ပါရှိတဲ့ အကြောင်း အရာတွေပါ။  အဲဒီလို နေအိမ် ၏ မျက်နှာချင်းဆိုင် မှာသော်လည်းကောင်း ၊ခြေရင်း ခေါင်းရင်းတွင် လည်းကောင်း စက်ရုံ အလုပ်ရုံ နေအိမ်ထက် ပိုမြင...

လ အလိုက် မွေးဖွားသူတို့ အကျင့်စရိုက်

Image
January မွေးဖွားသူတွေ ဟာ -လူထူး လူဆန်းတွေဖြစ်တယ် -အချစ်ကို အရူးအမူး ကိုးကွယ်တယ် -၀ါသနာပါရာ တစ်ခုခု ကို လွန်လွန်ကျွန်ကျွန်လိုက်စား တတ်တယ် -တစ်မူထူးခြားတဲ့ ကြံကြံ ဖန်ဖန်ဖြစ်ရပ်တွေနဲ့လည်း အမြဲ ကြုံတွေ့တတ်တယ်/လုပ်တတ်တယ် -ထူထူးခြားခြားဖြစ်စဉ်တွေကိုလည်း ဖန်တီးတတ်တယ် ။ February မွေးဖွားသူတွေဟာ -စိတ်ထားနူးညံ့ကြတယ် -အချစ်ကြီးသူတွေလည်းဖြစ်တယ် -၀ါသနာမပါတဲ့ အလုပ်ကိုဆို လှည့်မကြည့်တတ်ဘူး -တိရစ္ဆာန် လေးတွေကို သနားကြင်နာ တတ်ကြတယ် ။ March မွေးဖွားသူတွေဟာ -စကား အရမ်းပေါတတ် ကြတယ် -talking က တစ်ဖက်သား သနားသွားအောင်ကို  ပြောတတ်ကြတယ် -အပြင်ပန်းပြုံးနေပေမဲ့ အတွင်းစိတ် က ၀မ်းနည်းနေတတ်ကြတယ် -တစ်ဖက်သားအပေါ် ကူညီရမှ စိတ်ကျေနပ်နေတာမျိုး ။ April မွေးဖွားသူတွေဟာ -ကိစ္စတစ်ခုခု လုပ်ရာမှာသွေးအေး တတ်တယ် -အချစ်ကို မကိုးကွယ်ဘူး -နှလုံးသားက သံမဏိထက် မာကျောတယ် ။
 
365myanmar.com - Myanmar Online Shopping Mall