Posts
Image
  ကျွန်တော် မကြာခင်က နတ္တလင်းနားက တာပွန်မြို့လေးကို ပဉ္စဂံစာအုပ်တိုက်က ကိုအောင်သူ (Mg Pyae) လိုက်ပို့ပေးလို့ ရောက်သွားခဲ့တယ်။ အဲဒီမြို့က လူငယ်လေးတွေက စကားနည်းနည်း ပြောပေးပါဆိုလို့ အတူပါလာတဲ့ စာရေးဆရာ မောင်ဇေယျာနဲ့ ကျွန်တော်တို့ စကားနည်းနည်း ပြောပေးခဲ့တယ်။  ကျွန်တော်ပြောတဲ့ စကားထဲမှာ ခုလို ပြောလိုက်တဲ့ စကားတစ်ခွန်းပါပါတယ်။ - "စင်္ကာပူမှာ လူငယ်တွေကို လက်ဖက်ရည်ဆိုင်ထိုင်တာ မတွေ့ရဘူး။ ညပိုင်းနဲ့ ကျောင်းပိတ်ရက်တွေမှာ လူငယ်တွေကို ဘယ်မှာ တွေ့ရသလဲ။ စာကြည့်တိုက်တွေမှာပါ" အချိန်မရလို့ သူတို့ကို အဲဒီလောက်ပဲ ပြောပြခဲ့ပါတယ်။ အခု အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ပိုပြီးပြည့်စုံအောင် ရေးပြလိုက်ပါတယ်။ ကျွန်တော်လည်း ရုံးပိတ်ရက်ဆိုရင် စင်္ကာပူက စာကြည့်တိုက်ကို အမြဲလိုလို ရောက်တတ်ပါတယ်။ ရောက်သွားတဲ့ အမြဲတမ်းလိုလိုမှာ ထိုင်စရာထိုင်ခုံနေရာမရပါဘူး။ ထိုင်ခုံတွေအားလုံးမှာ အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်ကြားလူငယ်တွေ ထိုင်ပြီး စာဖတ်နေကြတယ်။ လူလတ်ပိုင်းနဲ့ အသက်ကြီးသူ နည်းနည်းပါးပါးတော့ ရှိပါတယ်။  ဒါနဲ့ စင်္ကာပူမှာ လူငယ်တွေ ဘာကြောင့် စာအရမ်းဖတ်ကြတာလဲဆိုတာကို လေ့လာကြည့်မိတယ်။ အဲဒီမှာ သိသာထင်ရှားတဲ့ အချက်နှစ်ချက်ကို တွေ့ရတ...
Image
  ရာသီဥတု အပူချိန် ၄၀'C အထက်ဖြစ်နေလို့  ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ် (၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများ အားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။ (၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တစ်ရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။ (၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ 
တစ်ချိန်က_တက္ကသိုလ်မြေမှ_ဦးချစ် လ္ဘက်ရည်ဆိုင်
Image
 တစ်ခါက_ကံ့ကော်တောမှာ  ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ဇွန်လထဲတုန်းက စာကြည့်တိုက်ပညာ ဒီပလိုမာကိစ္စကြောင့် မမျှော်လင့်ဘဲ အမိတက္ကသိုလ်ကြီးထဲကို ရောက်ဖြစ် သွားခဲ့ပါ တယ်။ အဓိပတိလမ်းမ ဂိတ်ဆီကနေ ဝင်လိုက်တော့ ကျွန်တော်ဘူမိဗေဒ အဓိက ကျောင်းသားအဖြစ် ၁၉၈၀ လွန်ကာလဆီမှာတုန်းက တက်ခဲ့တဲ့ မန္တလေးဆောင်ကြီးက ခပ်တည်တည်ကြီး ဖြစ်နေတယ် ထင်ရတယ်။  တောင်ငူဆောင်ဘက်ဆီ ဆက်လျှောက်တော့ ကင်တင်းစားသောက်ဆိုင်တန်းရှည်နဲ့ တိုးတယ်။ (ကျွန်တော်တို့တုန်းက ဒီဆိုင်တန်းရှည်တွေ မရှိသေးဘူး။ ဒီနေရာက စိန်ပန်းပင်တွေရှိတဲ့ မြက်တောကြီးပါ) အတူပါလာတဲ့ တပည့်ဖြစ်သူ စာနယ်ဇင်းသတင်းထောက်မလေးက သူ ဒီပလိုမာ သင်တန်းတွေ တက်ခဲ့စဉ် ဖောက်သည်ဖြစ်နေတဲ့ အခုနေရာသစ် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ဝင်နားကြတယ်။  ကျွန်တော့်ရင်ထဲမှာတော့ ဟိုစဉ်က ဦးချစ်ဆိုင်ကို ပြန်သတိရဖြစ်ရင်း မေရာက္တာ နှစ်များစွာရှိတဲ့ ကံ့ကော်တောရှုခင်း ပုံရိပ်တွေကို သတိပြုမိနေစဉ် တစ်ဖက်ဝိုင်းမှာ ဟိုစဉ်က အနုပညာအသင်းမှာ အတူလှုပ်ရှားခဲ့ဖူးပြီး၊ သူမတို့က အတန်းငယ်တွေဖြစ်သော်လည်း အထူးခင်မင်ခဲ့ဖူးတဲ့ မထိပ်တင်ဟန်ကို ကထိကဆရာမတစ်ဦးအဖြစ်နဲ့ ပြန်လည်တွေ့ဆုံ စကားပြောဖြစ်တော့ သူမက ပါရဂူတန်းကို နောက်ဆုံးအဆင...
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
Image
  ဒေါက်တာတင့်ဆွေ ၁။ မင်္ဂလာပါဆရာရှင့်။ သွေးပေါင်တိုင်းတဲ့အခါ ရိုးရိုးလက်နဲ့တိုင်းလို့ရတာနဲ့ digital တိုင်းတာနဲ့အဖြေအတူတူဘဲလားရှင့်။ digital နဲ့တိုင်းလို့ ထွက်လာတဲ့အဖြေကို ဂဏန်းအတိုးအလျော့လုပ်ရတာမျိုး ရှိပါသလားရှင့်။ အိမ်ကအဘွားကို digital နဲ့သွေးပေါင်တိုင်းရမှာဖြစ်လို့ ဗဟုသုတအနေနဲ့ မေးကြည့်တာပါရှင့်။ ဆရာကျန်းမာပါစေ။ ကျေးဇူးတင်ပါတယ်။ ၂။ မင်္ဂလာပါ ဆရာရှင့် ကျွန်မရန်ကုန်မှာနေပါတယ်။ ဆရာမလုပ်နေပါတယ်ရှင့်။ သံဃာတပါးကို သွေးဖိအားတိုင်းစက် ဝယ်လှူချင်တာ လက်ကောက်ဝတ်တိုင်းစက်နဲ့ လက်မောင်းကတိုင်းရတဲ့စက် ဘယ်ဟာကပိုတိကျလဲ ဆရာ့ဆီက အကြံတောင်းချင်လို့ပါရှင့်။ သွေးဖိအားတိုင်းကရိယာတွေက အမျိုးအစား အကြမ်းအားဖြင့် (၃) မျိုးရှိပါတယ်။ (၁) ဆေးရုံတိုင်း၊ ဆေးခန်းတိုင်းမှာ မြင်နေကြတဲ့ Sphygmomanometer (ဆဖစ်ဂမို-မင်နိုမီတာ)၊ Dial type Blood pressure Apparatus ဒိုင်ခွက်ပါ ကရိယာနဲ့ (၃) Digital blood pressure monitors (ဒစ်ဂျယ်တယ်လ်) ကရိယာတွေဖြစ်တယ်။ (ဒစ်ဂျယ်တယ်လ်) အလိုအလျှောက် တိုင်းနိုင်တဲ့ သွေးဖိအားတိုင်း ကရိယာတွေကလဲ အမျိုးမျိုးရှိသေးတယ်။ ကြော်ညာတွေ ကြည့်ပြီး ပိုကောင်း-မကောင်း ပြောဘို့ ခက်တယ်။ British Hypertension Soci...
ကိုဗစ်ကြောင့် အသက်ရူကြပ်လို့ အောက်စီဂျင် ဆက်တိုက်ရူနေသူတွေ
Image
ပါမောက္ခ ဒေါက်တာခင်မောင်ထွေး  သုံးသပ်ချက်ကတော့ ...  ကိုဗစ်ကြောင့် အသက်ရူကြပ်လို့  အောက်စီဂျင် ဆက်တိုက်ရူနေသူတွေ  မုချသေမယ် ပြောထားပါတယ်။  ခဏသာ ရူပြီး အဆုတ်လေ့ကျင့်ခန်း ကို  နေကောင်းချိန် နေမကောင်းချိန်တွေမှာ များများ လုပ်ပါလို့ လမ်းညွှန်ထားပါတယ် ခင်ဗျာ။ အဆုတ်လေ့ကျင့်ခန်းက  လေကောင်းလေသန့်ရနေရာမှာ  ၂ ခါရှိက်ရူ တစ်ခါ ထုတ်လို့ တရုတ် နည်းက ဆိုပါတယ်။ အောက်စီဂျင်ကြောင့်  အသက်မဆုံးရှုံးစေဖို့  (  U Su Tin  မှတ်စု ) အောက်စီဂျင်ရှူ နေကြခြင်းကို မေ့ဆေးဆရာ တစ်ဦးအနေဖြင့်  အကြံပြုလိုပါတယ်။ လေထဲမှာရှိတဲ့ အောက်စီဂျင်  (၂၀-၂၁%)ဟာ  လုံလောက်တာထက်  ပိုပါတယ်ဆိုတာကို ထပ်မံ  အတည်ပြုပြောချင်ပါတယ်။  ဒါပေမဲ့ ကိုဗစ်မှာ  "ဘာ့ကြောင့် အောက်စီဂျင်  အပိုကို သုံးနေကြရလဲ " ဆိုတဲ့ မေးခွန်း မေး စရာရှိပါတယ်။  ရှင်းပြပါ့မယ်။  လူ့ကိုယ်ခန္ဓာရဲ့အဆုပ်မှာ  လေအိပ် (alvilia) လေးများ  ၇ မီလီယံလောက် ရှိပါ တယ်။  ထိုလေအိပ်များကို ဖြန့်လိုက်ရင်  အလျား၇၀မီတာ၊  အနံ ၇၀ မီတာလောက်  ကျယ်ပါတယ်။ ထိုလေအိပ်လေးမျာ...
ရန်ကုန် အားတင်းထား
Image
  လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံ ၀ူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသည့်အခါ ဖျားနာ သေဆုံးကြရခြင်းမှာ ကြောက်ခမန်းလိလိ ဖြစ်ခဲ့သည်။ မိသားစု မိတ်ဆွေအချင်းချင်းပင် နေ့မြင် ညပျောက်ဖြစ်ကြရသည်။ ရက်ရှည် ပြင်းထန်သော Lockdown ချမှတ်သည့်အခါ ၀ူဟန်မြို့သားတို့မှာ နေထိုင်ရာ အခန်းကျဉ်းလေးများတွင် ကြောက်ရွံ့စွာ ခိုအောင်းလျှက် နေ့စဉ် တစ်ရိပ်ရိပ် တိုးမြင့်လာနေသာ ဖျားနာ သေဆုံးသတင်းများကို စိတ်မသက်သာစွာ စောင့်ကြည့်ခဲ့ကြရသည်။ ထိုအခါ စိတ်ဓါတ်မကျရအောင် ညအခါ ၀ရံတာထွက်၍ “ ၀ူဟန် .. ကြားရုံ “ ( ၀ူဟန် အားတင်းထား ) ဟု မြို့သား အချင်းချင်း အော်ဟစ် အားပေးခဲ့ကြသည်။ ကျွန်တော်များ လူဆိုသည့် သတ္တ၀ါမှာ မျောက်များကဲ့သို့ အအုပ်အသင်းနှင့် နေမှသာလျှင် သက်ဆိုးရှည်သည့် သတ္တဝါဖြစ်လေသည်။ ကြောက်စရာကောင်းသည့် ရောဂါကပ်ဆိုးသည် လူသားတို့အပေါ် ရက်စက်စွာ သင်ခန်းစာပေးလျှက်ရှိသည်။ လူ့အဖွဲ့အစည်း လူအစုအဝေးကြီးအပေါ်တွင် အကောင်အထည် မမြင်ရပဲ ပြင်းထန်သည့် ကူးစက် ရောဂါနှိပ်စက်သည့်အခါ ...
Medical Oxygen နှင့် သိထားသင့်သော ဗဟုသုတများ
Image
Medical Oxygen ကို နိုင်ငံတစ်ကာ ဆေးကျမ်းမှာ ဆေးဝါးအဖြစ်သတ်မှတ်ပြီး ထုတ်လုပ်မှူ ကို FDA က ထိန်းချုပ်ပါတယ်။ ထုတ်လုပ်မှူ လိုင်စင်ကို FDA ကပေးတာပါ။ ပြောပြ ချင်တာက medical oxygen သည် ဆေးဝါး ဖြစ်တဲ့ အတွက် ဆေးဝါးတိုင်းမှာ side effect ရှိ သလို oxygen မှာလည်း side effect ရှိ ပါတယ်။  မသုံးတတ်ရင် ဘေးဖြစ်နိုင်တာမို့လို့ ခု အိမ်မှာ oxygen အသုံးပြုနေတဲ့ လူနာတွေ အနေနဲ့ oxygen  တိုင်းလို့ 90 % သို့ 92%အောက် ​ ရောက် မှ စပေးစေချင်ပါသည်။  မလိုသေးပဲ ပေးနေတဲ့ အတွက် oxygen waste ဖြစ်တဲ့ အပြင် တစ်ခြားလိုအပ်တဲ့ သူတွေ အတွက် ရှားပါးစေပါတယ် ။  တစ်ကယ်လိုအပ်လို့ပေးမယ့်အချိန်ကျရင် အခက်အခဲ ဖြစ်စေမှာပါ။  side effect တွေက ပေးရမယ့် rate ထက်ပိုပေးမိရင် အဆုတ်က လေပြွန်အိတ်တွေ ကွဲန်ုင်ပါသည်။ မလိုအပ်ပဲ ကြာရှည် တောက်လျှောက်ပေးမိပါက oxygen toxicity. ရနိုင်တာကို သတိပြုရမှာပါ။ နောက်ပြီး အိမ်မှာ လူနာများကို ပြုစုပေးနေတဲ့ အိမ်သားများအနေဖြင့် oxygen ပေးရာတွင် သတိထားရမည့် အချက် ..  ဥပမာ flow meter အတွင်းရေ ဘူးတွင် ရေသန့်ထည့်ရန် နှင့် ရေမကုန်စေရန် သတိထားရန်- ရေကုန်သွား သည်ကို သတိမထားမိပဲ ဆက်ပေးမိပါက အဆုတ် ...
မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာသလဲ
Image
  ကုဋေ ပြီးရင် ဘာလာသလဲ    မသိသေးသူများအတွက် ။ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို မင်မင်က ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။ ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော်ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။ ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။ ဆယ် = 10 ရာ = 100 ထောင် = 1000 သောင်း = 10000 သိန်း = 100000 သန်း = 1000000 ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။
ကွန်ပျူတာ Laptop အသစ်ဝယ်ပြီးတာနဲ့ ဘာတွေလုပ်ရမလဲ ..?
Image
  Laptop တစ်လုံးကို အသစ်ဝယ်ယူပြီဆိုရင် များသောအားဖြင့် ဝယ်ယူတဲ့ဆိုင်တွေမှာပဲ ရွေးချယ်ဝယ်ယူပြီး လိုအပ်တဲ့ Software တွေနဲ့ အစပိုင်းပြင်ဆင်မှုတွေကို လက်တန်းသုံးလို့ရတဲ့ အဆင့်ထိရောက်အောင် အပ်လိုက်ပြီး အကုန်လုံးပြီးမှ တစ်ခါတည်းတန်းသုံးကြတာများပါတယ်။ အခုဒီ Article ကနေပြီးတော့ ကိုယ့်စိတ်တိုင်းကျပြင်ဆင်နိုင်ဖို့နဲ့ နောက်ပိုင်းသုံးနေတဲ့အချိန်မှာ error မတက်အောင် ဝယ်ယူပြီးတာနဲ့ ဘာတွေပြုလုပ်သင့်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ (၁) Windows ကို အသစ်ပြန်တင်နိုင်တယ်ဆိုရင် ပြန်တင်ပါ လက်ရှိ ရောင်းချနေတဲ့ Laptop ကွန်ပျူတာတွေက Cracked Windows နဲ့ အခြား Software အနည်းငယ်ပါဝင်ပြီးသားပါ။ ဒါပေမယ့် သူ့မှာပါတဲ့ Windows တွေက Windows 10 ဆိုရင်တောင် Version နိမ့်နေတတ်တဲ့အတွက် ဖြစ်နိုင်ရင် Latest Windows CD တစ်ချပ်ဝယ်ပြီး Windows အသစ်ပြန်တင်လိုက်တာက နောက်ပိုင်း Internet ချိတ်သုံးတဲ့အခါမှာ နောက်ကွယ်ကနေ အလိုအလျောက် Windows Update download ဆွဲနေတာကို ကာကွယ်ပြီးဖြစ်သလို Features အသစ်တွေကိုလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပိုပြီးကောင်းတဲ့အချက်က Hard disk Partition ကို Windows အသစ်ပြန်တင်တာဖြစ်တဲ့အတွက် ကိုယ်နှစ်သက်...
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
Image
  မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting.  Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို  ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ  ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာ စိတ်ရှုပ်စရာကောင်းပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အများ အပြားဝင်ရောက်လာသလို ပြည်တွင်းနဲ့ပြည်ပအခြေစိုက်ကုမ္ပဏီအများစုမှာ နိုင်ငံတကာကကျွမ်းကျင်သူတွေ ကို ငှားရမ်းခန့်အပ်လာတာကိုတွေ့ရပါတယ်။  နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့်  ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်း အသုံးပြုတတ်ဖို့ လိုပါတယ်။  တစ်ကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက်  ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသု...
နေအိမ် (သို့မဟုတ်) ဘုန်းကြီးကျောင်း တွင်ဆွမ်းကပ်ကြမည့် ဒကာ ဒကာမများအတွက် မှတ်သားဖွယ်
Image
  ၁ ။ အသားဟင်း ကပ်လျှင် အသားတုံးကို ဖဲ့စရာမလိုသော တစ်ကိုက်စာ အရွယ်အစားများ တုံးတစ်၍ ချက်ပြုတ်သင့်သည်။  (ရဟန်းသည် အသားတုံးကို ပါးစပ်ဖြင့် ကိုက်ဖဲ့စားသောက်လျှင် အာပတ်သင့်သည်။  ဝက်ခြေထောက်၊ ဂဏန်းဟင်း စသော ဟင်းလျာများမှာ  အများရှေ့တွင် ဘုဉ်းပေးရန် မသင့်လျော် )  ၂ ။ ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည်တို့ကို  အလုံးလိုက် ၊ အတောင့်လိုက် မကပ်ဘဲ ခွဲခြမ်းစိပ်ပိုင်း၍  ကပ်ရမည် ။  (ကြက်သွန်ဖြူ အလုံးလိုက်သည် အပင်ပြန်ပေါက်နိုင်သေးသောကြောင့် ဖြစ်သည်။) ၃ ။ တို့စရာအဖြစ် ဟင်းရွက် အစိမ်းများကို ဟင်းလျာအဖြစ်  စီစဉ်ထားလျှင် ထိုဟင်းရွက်ကို (ဥပမာ - နံနံပင်) အပင်လိုက်  ဟင်းပွဲ မပြင်ဘဲ တတ်နိုင်သမျှ သေးအောင် ပိုင်းဖြတ်ထားသင့် သည်။  (တစ်ချို့ ဟင်းရွက်ပင်တို့ သည် အညွှန့်မှ / အကိုင်းမှ အပင်ပြန်ပေါက်နိုင်သေးသည်။ ရေနွေးစိမ်ထားလျှင် အကြောင်းမဟုတ်။) ၄ ။ အသီးအနှံကို အချိုပွဲ အဖြစ်ကပ်ရာတွင် မည်သည့်  အသီးကို မဆို အလုံးလိုက် မထားဘဲ ခွဲစိတ်.ထားသင့်သည်။  (စပျစ်သီး၊ စတော်ဘယ်ရီသီးပါ မကျန်)  (ဝိနည်းလေးစားကြသော ဝိနယဂရုက ရဟန်းတော်များသည်  သစ်သီးအစေ...
သရက်ရွက် ၏ ကောင်းကျိုးများ
Image
  ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့ သရက်ရွက် (Mango Leave) ကို အမေရိကန်နိုင်ငံမှာ ၂ အောင်စ ကို ၁၃ ဒေါ်လာ (13$) နဲ့ရောင်းနေတာတွေ့ရတော့  ဘာတွေကောင်းလဲဆို google မှာ ခေါက်ကြည့်လိုက်ပါတယ် ။ သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင် မဟုတ်ပါဖူးနော်.. သူများရောင်းတာ ထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဘူး ။ သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရပိုများနေပါတယ် ။  ဗီတာမင် အေ ဘီ စီ နဲ့ antioxidant တွေကြွယ်ဝပါတယ် ။ သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကို အမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာ ချက်ပြုတ်စားသောက်ကြပါတယ် ။
ကင်ပွန်းချဉ်ရဲ့ အံ့မခမ်း အစွမ်း
Image
  ကျောက်ကပ် နှလုံး အသည်းရောဂါတွေတောင် ပျောက်စေလို့ သိမ်းထားပါ ။ ပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။  ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။ ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။ ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။ အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။ အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။ အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။ မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။ ကင်ပွန်းချဉ်သည် အသည်းအတွက် အစွမ်းထက်အသုံးဝင်သည်။  ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။  အရွက်နုကိုငရုတ်ကောင်း အရည်တွင်စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင်  အသည်းရောင်အသား ဝါရောဂါ၊ သည်းခြေ ရောဂါ...
Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်
Image
  Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Computer ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် Laptop ဖြစ်ဖြစ် Desktop ဖြစ်ဖြစ် PC တစ်လုံးပဲ ဖြစ်ပါတယ်။ Laptop ဝယ်တာနဲ့ Desktop ဝယ်တာနဲ့ သိပ်တော့ ကွာဟချက်မရှိပါဘူး။ PC ဝယ်မယ်ဆိုရင် PC အကြောင်းလေးတော့ သိထားသင့်ပါတယ်။ ဒါမှ ကိုယ်စီးတဲ့မြင်း အထီးလား အမလား ခွဲခြားနိုင်မှာပါ။ ဒါကြောင့် Laptop ဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲဆိုတာ တင်ပြလိုက်ရပါတယ်။ Brands အမှတ်တံဆိပ်များ Laptop ထုတ်လုပ် တပ်ဆင်ရောင်းချတဲ့ ကုပ္မဏီအမှတ်တံဆိပ်တွေကတော့ အများကြီးပါ။ ဒါပေမယ့် ပြည်တွင်းမှာတော့ Dell, Lenovo, Acer, MSI, Asus, hp, Toshiba နဲ့ Samsung တို့သာ ရရှိနိုင်ပါတယ်။ အခြား Brand တွေကိုတော့ အနည်းအကျဉ်းသာ ရရှိနိုင်ပါတယ်။ Brand တွေတိုင်းမှာ Series တွေ ရှိပါတယ်။ အဲဒီ Series တွေက Brand တစ်ခုတည်းမှာကိုပဲ အရည်အသွေးတွေ ကွာခြားသွားပါတယ်။ ဥပမာ – Dell မှာဆိုရင် Inspiron series တွေဟာ ဘတ်ဂျတ်သက်သာလိုသူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းနဲ့ အကြမ်းခံမှုတွေမှာ အရမ်းကို အားနည်းတာတွေ့ရပါတယ်။ အခြား Brand တွေမှာလည်း ဒီအတ...
ခရမ်းချဉ်သီး၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ
Image
၂၁ရာစု ၏ ခရမ်းချဉ်သီး   ဆေးသိပ္ပံသတင်းများအရ ခရမ်းချဉ်သီးသည် ၂၁ရာစုတွင် ရေပန်းစားလှ၏။ အနောက်တိုင်းဆေးသိပ္ပံတွေ့ရှိချက်အရ ခရမ်းချဉ်သီးတွင် ကင်ဆာကို ချေမှုန်းနိုင် သော လက်နက်ရှိသည်ဟုဆိုကြသည်။ ထိုလက်နက်မှာ ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေရန် ခြယ်သပေးသော  လိုက်ကိုပင်း(Lycopene)ဲဖြစ်သည်။ ဂျာမနီမှ Dr Helmut ၏တွေ့ရှိချက် ထကြွသောင်းကျန်းနေပြီး အဆိပ်အတောက်ဖြစ်စေကာ ကင်ဆာဖြစ်အောင်ကူ ညီပံ့ပိုးနေသည့် အောက်ဆီဂျင်ဖရီးရယ်ဒီ တွေကိုကောင်းစွာနှိပ်ကွပ်ဖျက်ဆီးနိုင်စွမ်း သည် ခရမ်းချဉ်သီးမှာပါတဲ့ လိုက်ကိုပင်း မှာရှိတယ်လို့ဆိုပါတယ်။ ထိုကြောင့် ခရမ်း ချဉ်သီးများသည် လိုက်ကိုပင်းရဲ့အဓိက အရင်းဇစ်မြစ်လို့ဆိုနိုင်ပါသည်။ ခရမ်းချဉ် သီးအားလုံးမှာ လိုက်ကိုပင်းပါဝင်ပါသည်။ထိုကြောင့် ခရမ်းချဉ်သီးအား ပေါများသော်လည်းတန်ဖိုးထားစားသင့်လှပါသည်။ ခရမ်းချဉ်သီးကို စားဖြစ်အောင်စားပါ ခရမ်းချဉ်သီးတွင်ပါသော လိုက်ကိုပင်းက ပန်ခရိယ ကင်ဆာဖြစ်ခြင်းအတွက် ကြီးမား သော အဟန့်အတားဖြစ်သည်ဟုဆိုကြသည်။  သွေးထဲတွင်လိုက်ကိုပင်းနည်းပါးခြင်း သည် ပန်ခရိယကင်ဆာဖြစ်စေရန် နိမိတ်ပြသလိုဖြစ်နိုင်လေသည်။ ကင်ဆာ လူနာများ၏ ထင်ရှားတဲ့ပြသချက်မှာ သွေ...
ကောင်းဖို့ဖြစ်လာတာပါ
Image
  ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးရဲ့ အတိုင်ပင်ခံ  အမတ်ကြီးတစ်ပါးဟာ အင်မတန်မှ  အကောင်းမြင် တတ်သတဲ့။  ဘုရင်ကြီးက တစ်ခုခု တိုင်ပင်လိုက်တိုင်း  အကောင်းမြင်တဲ့ဘက်ကနေပဲ ဆွေးနွေးပါသတဲ့။   အကောင်းမြင် အပြုသဘော ဆွေးနွေးတော့ တော်ရုံ  အပြစ်တွေတောင် အပြုသဘောဆောင်ပြီး  တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့  ပြဿနာတွေကို  ပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာ  ချည်းပဲတဲ့။ တစ်နေ့မှာတော့ ဘုရင်ကြီးရဲ့လက်မမှာ  ပြည်တည်နာကြီး ပေါက်လာသတဲ့။  အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့  အရှင်ဘုရားစိတ်မပူပါနဲ့ ဆေးလိမ်းဆေးသောက်ရင် ပျောက်သွားမှာပါ ကောင်းဖို့ဖြစ်လာတာပါဘုရားလို့ လျှောက်တင်သတဲ့။ ဒီလိုနဲ့ဘုရင်ကြီးရဲ့ လက်ဟာမသက်သာပဲ  ဖြတ်လိုက်ရပါတော့တယ်။  အဲဒီလိုနဲ့ အင်္ဂါမစုံတဲ့ဘုရင်ကြီး ဖြစ်သွားတော့တာပေါ့။  အဲဒီတော့ ဘုရင်ကြီးလည်း စိတ်မသက်မသာဖြစ်ပြီး  အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက်စကားပြောဖို့ ခေါ်လိုက်တော့တာပေါ့။  ဒီတော့ အတိုင်ပင်ခံကြီးက ကောင်းဖို့ဖြစ်လာတာပါ ဘုရားလို့ ထပ်ပြီး ဖြေသိမ့်ပြန်တော့  ဘုရင်ကြီးကစိတ်ဆိုးပြီး အတို...
ပါးစပ်နဲ့ မပြီးပါဘူး
Image
  မအေနဲ့တပ်ပြီးဆဲခဲ့လို့ ဘဝတစ်ခုမှာ သားအမိသုံးယောက် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ရတဲ့ ဇာတ်တော်ရှိတယ် ။ အဆဲ သန်ခဲ့လို့ ဘဝပေါင်းငါးရာ သူယုတ်မာဘဝအဖြစ် ကျင်လည်ခဲ့ရပြီး နောက်ဆုံး ရဟန္တာဖြစ်တာတောင် တွေ့ သမျှကို သူယုတ်ဆိုပြီး ခေါ်ရတဲ့ မထေရ်ကြီး ရှိတယ်။   ဝါသနာက အထုံပါလာခဲ့လို့ ကိလေသာကုန်ပေမဲ့ ဝါသနာ  မကုန်ခဲ့ဘူး ။ ဘုရားရှင်သာ ဖြေရှင်းမပေးနိုင်ခဲ့ရင်  စော်ကားမဲ့ ရဟန်းတွေအများကြီးပဲ ငရဲကျမဲ့ ရဟန်းတွေ အများကြီးပဲ ။ ကချေသည်နဲ့ တူတယ်လို့ ပြောခဲ့မိလို့ ရဟန္တာဖြစ်မဲ့ ဘဝမှာတောင်  ဇာတ်ထဲမှာလိုက်ပြီး ဇာတ်ကခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် ။ ပစ္စေကဗုဒ္ဓါကို ဟန်ပန်အမူအယာနဲ့ ခါးကုန်းကြီးသဏ္ဌာန် လုပ်ပြခဲ့လို့ သောတာပန်ဖြစ်တာတောင် ခါးကုန်းကြီး ဘဝနဲ့ ဖြစ်ခဲ့တဲ့ ကျွန်မ လည်း ရှိခဲ့တယ် ။
ကားတစ်​စီး ဝယ်​​တော့မယ်​ဆိုရင်​ ဘာ​တွေကြည့်​ရမလဲ
Image
  မကျွမ်းကျင်​​သေးတဲ့သူ​တွေအတွက်​ အ​ခြေခံ​လေး​တွေပါ။ ကားနားလည်​တဲ့သူကိုလည်း​ခေါ်သွားရင်း ကိုယ်​လည်းဒါ​လေး​တွေစစ်​ကြည့်​ပါ။ ကားမှာအ​ရေးအကြီးဆုံးက အရှုပ်​အရှင်းကင်းပြီး လိုင်​စင်​ပါတဲ့ကားဖြစ်​ဖို့ပါ။ အုံနာဘုတ်​ ဝှီးတပ်​ မှန်​မမှန်​ ချက်​စီ (Chassis) ​ဘောင်​ နှင့်​ မိန်းပလိတ်​ပြား ဖြတ်​ဆက်​လုပ်​ထားလားဆိုတာ ​သေချာ​အောင်​ ကညနရုံးမှာကားမဝယ်​ခင်​ သွားစစ်​ပါ။  မှတ်​ပုံတင်​ပြပြီး တရားဝင်​စစ်​တာ ​ငွေငါး​ထောင်​​ပေးရပါတယ်​။ ကားမှာအလိမ်​​တွေပါရင်​​တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်​မှာပါ။ ဒါက​တော့ ကားကိုကြည့်​ပြီး အားလုံးကြိုက်​လို့ ​ဈေးပါတည့်​ပြီးမှ final အ​နေနှင့်​ လုပ်​ရမှာပါ။ ကားတစ်​စီးဝယ်​ဖို့ သွားကြည့်​ရင်​ ၁။ အင်​ဂျင်​ခန်း ကြည့်​မယ်​ ကားရဲ့အရိုးအစစ်​လို့​ခေါ်တဲ့ အဓိကတန်း​တွေ Frame ​တွေကြည့်​ပါမယ်​။ ရေတိုင်​ကီတန်း​တွေ ဘေး​ဘောင်​​တွေ ​ရှော့ဘား​ဘောင်​​တွေ ​သေသပ်​ရမယ်​။ အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ အားလုံးကြည့်​​ကောင်း​နေရမယ်​။ ​အင်​ဂျင်​ခန်းက​အော်​​ဆေးဖြစ်​ရမယ်​။ ​Original Spot​ တွေ ချိတ်​​တွေဖြစ်​ရမယ်​ ဘောနပ်​​အောက်​က ​ချိတ်​​တွေ​ ​ဆေး​တွေ မှန်​​ရမယ်​။ {​Original ဟုတ်​မဟုတ်​သိရန်...
ဘိုင်ဒင်-ရှီကျင့်ဖျင် ဆွေးနွေးမှုအပေါ် သုံးသပ်ချက်
Image
  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖေဖော်ဝါရီလ ၁၀ရက်နေ့ညက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တယ်လီဖုန်းကနေ ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒါဟာ ဘိုင်ဒင် တာဝန်ယူပြီးတဲ့နောက်ပိုင်း နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်လို့ အလွန်အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခု လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒီပြောဆို ဆွေးနွေးမှုက အချိန် နှစ်နာရီတောင် ကြာတယ်ဆိုတော့ ကမ္ဘာ့ မဟာ အင်အားကြီးနိုင်ငံ နှစ်ခုရဲ့ ခေါင်းဆောင်တွေ အကြားမှာ ဖြစ်တောင့် ဖြစ်ခဲမို့ စိတ်ဝင်စားစရာ လည်း ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။  သူတို့နှစ်ယောက်ရဲ့ ပြောဆိုမှုကို စိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေ ကြည့်ရင်လည်း အတော်စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောရမှာပါ။ ဘိုင်ဒင် ဘက်က တရုတ်အပေါ် မကြေနပ်မှုတွေ စိုးရိမ်မှုတွေကို တစ်သီတစ်တန်းကြီး ထုတ်ဖော် ပြောဆိုခဲ့ချိန်မှာ ရှီကျင့်ဖျင်ကတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေစေရေး win-win ဆက်ဆံရေး ထူထောင်ဖို့ကိုပဲ ဦးတည်ပြောကြားသွားတာ ဖြစ်ပါတယ်။  တရုတ်နဲ့ ပတ်သက်တဲ့ ဘိုင်ဒင်ရဲ့ ရပ်တည်ချက်ကတော့ ထရမ့် လက်ထက်ကနဲ့ သိပ်ကွာခြားလှတာ မဟုတ်ပါဘူး။ ပြောနေကျအတိုင်း အမေရိကန်ရဲ့ အင်ဒို-ပဆိဖိတ်မဟာဗျူဟာကို စွဲကိုင်ပြီး ပွင့်လင်း လွတ်လပ်စွာ သွားလာလုပ်ကိုင်နိုင်တဲ့ ဒေသဖြစ်ေ...
လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ
Image
  လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ ၊ သတ္တိမရှိ တဲ့ကောင်တွေအတွက်နေရာမရှိဘူး .. ဟောဒီသစ်သားပြားပေါ်ကို သံချောင်းနဲ့ ဒိုင်းခနဲရိုက်လိုက် ၊  သံချောင်းစိုက်ဝင်သွားမယ် ။ သစ်သားပြား သူ့ထက်မာတဲ့ကောင် နဲ့တွေ့တော့နေရာ ဖယ်ပေးလိုက်ရတယ် ။ အဲ့ဒီသံချောင်းကို ကျောက်တုံးပေါ်ရိုက် သံချောင်းပဲကွေးသွားမယ် ကျောက်တုံးက နေရာဖယ်မပေးဘူး I'm sorry ပဲ .. ။ သွေးကြောင်ရင် ဘေးရှောင် သွေးကျဲရင် သစ်သားပြားလို ဘေးပြဲသွားမှာပဲ အဲ့ဒီတော့ မင်းတို့မာမလား ပျော့မလား .. ငါ မာသလားပျော့သလား ကိုယ့်ကိုကိုယ်ပြန်စဉ်းစား ကိုယ့်ကိုကိုယ် ပြန်တွေးတဲ့အခါ ရဲရဲကြီးတွေး မညှာတမ်းတွေး အားမနာတမ်းတွေး ။ ကိုယ့်ကိုကိုယ် ညှာတွေးနေသရွေ့ ကိုယ့် အားနည်းချက်ကိုယ်သိမှာ မဟုတ်ဘူး ။ အားနည်းချက် မတွေ့သရွေ့ ပြင်ဖို့မရှိဘူး ။ ပြင်ဖို့မရှိသရွေ့ အဲ့ဒီလူ တစ်သက်လုံး မတိုးတက်ဘူး ။ အဲ့ဒါ မင်းတို့ ပုံသေယုံ .. ပြီးတော့ မင်းတို့ အမိန့်နာခံနိုင်တဲ့ သတ္တိရှိရမယ် ။ အမိန့်ဆိုတာ သူများအမိန့်မဟုတ်ဘူး ။ ကိုယ့်အမိန့်ကို ကိုယ်လိုက် နာနိုင်ရမယ် ။ လူတွေက သူများအမိန့်ပဲ ကျိုးနွံတာ ကိုယ့်အမိန့် ကို ကျိုးနွံနိုင်တဲ့သူရှားတယ် ။
သေခါနီး ရုပ်နာမ်ချုပ်ပုံ
Image
   လူတစ်ယောက် သေခါနီးလို့ ပက်လက် ဖြစ်နေပြီ ဆိုပါတော့ ... သေခါနီးမှာ ဝါယောဓါတ်များ အားလျော့ ချုပ်လာပြီ ဖြစ်တဲ့အတွက် လူနာဟာ လှုပ်ချင်တိုင်း လှုပ်လို့ မရတော့ပါ။  ခေါင်း ခြေ လက် စသည်တို့ကို ကြိုးများနဲ့ တုပ်ထားသလို ဖြစ်နေ ပါတယ် ။ လှုပ်ချင်၍ လှုပ်လို့မရပါ။ ပြောချင်ပေမဲ့ ပြောလို့ မရ တော့ပါ။ ဒါကြောင့် မိမိတို့ ပါးစပ်နဲ့ လက်ကို ပိုင်ပိုင်နိုင်နိုင် လှုပ်နိုင်တုန်းပါးစပ် မှ ဘုရားစာများ၊ တရားစာများကို များများရွတ်ဖတ်နေဖို့ အရေး ကြီးပါတယ်။  ကိုယ့် လက်ကို ကိုယ်ပိုင်နေတုန်း မကြာမကြာ လက်အုပ်လေး တချီချီနဲ့ ဘုရားရှိခိုးဖို့ အရေးကြီးပါတယ်။ သေခါနီးကျမှ ဘေးလူက လက်နှစ်ဖက် ကိုင်ပေးပြီး လက်ယှက် ရှိခိုးခိုင်းရတဲ့ ဘဝမျိုးကို အဖြစ် မခံဘို့လိုပါတယ် ။ နေကောင်းနေစဉ် ကိုယ့် ပါးစပ်ကလေးနဲ့ ဂုဏ်တော်ပွါး မေတ္တာပို့၊ ပရိတ်၊ ပဌာန်း စသည်တွေကို နေ့စဉ် များများရွတ်ဖို့ သတိရှိ ရ ပါ မယ်။ သေခါနီးကျမှ ဟိုလူရွတ်သံ ဒီလူရွတ်သံ နာခံရတဲ့ကျေနပ် ရတဲ့ ဘဝမျိုး မရောက်အောင် ကြိုးစားရပါမယ် ။ ဒါကြောင့် ကိုယ့်ပါးစပ် နဲ့ ကိုယ့်လက်နဲ့ ကုသိုလ်တွေ အများကြီး ရအောင် ယူသွားကြပါလို့ တိုက်တွန်းပါတယ်။ တန်ဖိုးရှိစွာအသုံးချပါ။ သေခါနီး...
365myanmar.com - Myanmar Online Shopping Mall