Posts

နင့်ကို ဘယ်တော့မှ မမေ့ပါဘူး သူငယ်ချင်း

Image
ကျောင်းပိတ်ရက်လေး တစ်ပတ် ရသည်မှို့သားဖြစ်သူပြန်လာသော ထမင်းဝိုင်းလေး သာယာစိုပြေနေ၏ ။ ၆လ မျှ မိဘနှင့် ခွဲ ၍ နယ်မြို့ တစ်မြို့၏ ဘော်ဒါဆောင် မှာ ကျောင်းတက်နေရသော သားကလေး အခု မိစုံ ဖစုံနဲ့စားနေ သော ထမင်း ချိုမိန်နေသည် ကို မိဘနှစ်ပါး မှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဝမ်းသာ ပီတိဖြစ်နေရ၏ ။ " သားလေး ရော့လေနောက်ထပ်ထည့် လေ အင်းမေမေ ထည့်ထည့် " ။ " ဟ ဟုတ်ပါ့မလား ကွာအေးရယ် မင်းသား အဲဒီ လောက် စားနိုင်ပါ့ မလား .... ကြည့်ထည့်ပေးပါအုံး အေးရယ် တော်ကြာ မင်းသား ရင်ပြည့်နေပါ့မယ် " ။ " မဟုတ်ဘူး ဖေဖေ သား စားနိုင်တယ် ဟိုမှာ တစ်နေ့လာလဲ ဘဲဥကြော်နဲ့ပဲဟင်း ချည်းပဲ ဖေဖေ ရယ် " သားမေမေ့ လက် ရာ စားချင်တာကြာပြီ " "  အေးပါ စားနိုင်ရင် စားပါကွာ ဟဲ့ သား စားလေ ဘာလို့ ပြတင်း ပေါက်ကိုငေးငေး နေပြန်ပြီလဲ " " ဟုတ်မေမေ ပြတင်းပေါက် မှန်အပြင် မှာ လူ လာချောင်း သလားလို့ပါ " " ဟာ မဟုတ်တာပဲ သားရယ် မေမေ တို့ ခြံကျယ်ကြီး ဘယ်သူမှ မဝင်နိုင်ပါဘူး ။ ဟဲ့ ဆန်းထွေးး "  " ရှင် မေမေကြီး  ကော်ဖီဖျော်ရတော့ မလား မေမေကြီး " ...

လူကြိုက်များ လာသော ငှက်ပျောသီး ဖြင့် ၀ိတ်ချနည်း

Image
အခုဆိုရင် ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း ဟာ ကမ္ဘာမှာ လူကြိုက်များလာသည့် ၀ိတ်ချနည်း တစ်နည်း ဖြစ် လာ ပါပြီ။ ဒီနည်း ကို စတင်တွေ့ရှိခဲ့သူ ကတော့ ဂျပန်နိုင်ငံ မှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။ သူ့ရဲ့ ငှက်ပျော သီးဖြင့် ၀ိတ်ချနည်း စာအုပ်ဟာ ဂျပန်နိုင်ငံ မှာ သာမက ကမ္ဘာ အရပ်ရပ် မှာလည်း ဘာသာပြန်ပြီး ရောင်း အားကောင်းနေသည့် အပြင် ရုပ်သံများမှ လည်း တွေ့ဆုံမေးမြန်းခန်းတွေပြုလုပ်ပြီး တင်ဆက်ပေးနေပါပြီ။ ဒီ ၀ိတ်ချနည်း ကို အရှေ့တိုင်း၊ အနောက်တိုင်း မှ လူ အများအပြား က လက်တွေ့ စမ်းသပ်ပြီး တစ်ကယ် ထိရောက်မှု  ရှိလာသည့် အတွက် ကိုရီးယား မင်းသမီးများ ဟာလည်း ဒီနည်း ကို အသုံးပြုနေကြပြီ လို့ ဆို ပါတယ်။ ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း ************************* ၁။ နံနက်စာ ကို ငှက်ပျောသီး (၂) လုံး သာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။ ၂။ နေ့လည်စာ ကို ပုံမှန် အတိုင်း ထမင်း၊ ဟင်း တို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့် များတဲ့ အစာများ ကိုတော့ ရှောင်ပါ။ ၃။ ညစာ ကိုတော့ ထမင်းဟင်း မစားပဲ သစ်သီးများ နဲ့ ဟင်းသီးဟင်းရွက်အချို့ ကိုသာ စားပါ။ ည ၈ နောက် ပိုင်း ကိုတော့ ဘာမှ မစားပါနဲ့။

အိမ် နဲ့ပတ်သက် တဲ့မြန်မာ တို့ရဲ့ရှေး အယူအဆ နဲ့ ဗဟုသုတများ

Image
  ၁။ အိမ် ပတ်ဝန်းကျင်တွင်မ စိုက် အပ်သော အပင်များ ၂။ အိမ်ဆောက် ရက်ရွေးနည်း ၃။ အိမ်ဆောက် လရွေးနည်း ၄။ မသုံးအပ်သော သစ်(၈)မျိုး ၅။ အိမ်ကျောင်းဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး ၆။ အိမ်ကျောင်းဆောက်ရာတွင် မပြုအပ်သောအရာများ ၁။ အိမ် ပတ်ဝန်းကျင်တွင် မစိုက် အပ်သော အပင်များ ************************************** သစ်ပင်ပန်းမနဆိုတာလူတွေ အတွက်ကောင်းမွန်တဲ့ အရာ တစ်ခုပါ။ အကျိုးပြုစေပါတယ်။ မိမိ ပတ်ဝန်း ကျင်ခြံထဲ အိမ်ထဲ မှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရော စိတ်ပါရွှင်လန်းစေမှာ ပါ။  ဒါပေမယ့်ရှေးမြန်မာ အယူအဆ အရခေတ် မမှီတော့ဘူး လို့ပဲ ဆိုဆို ရှေးထုံးကိုလဲ မပယ်နဲ့စကား ပဲပြောပြော ဗဟုသုတ အနေနဲ့ဖြစ်ဖြစ် သိရအောင် အိမ် နဲ့ပတ်သတ်တဲ့ရှေးမြန်မာ အယူအဆ တစ်ချို့ ကိုဖော်ပြလိုက် ပါတယ်။ အိမ် ရဲ့ အရှေ့ မျက်နာဘက် တွင် ညောင်သပြေပင်များ မစိုက်ရ။ စီပွား ပျက်တက်သည်။  အနောက်ဘက် တွင် လက်ပံပင် ထိန်ပင် တောင်ဘက် တွင် သစ်သျားပင် ဖီးကြမ်း ငှက်ပြော သဘောင်္ပင် များ မြောက်ဘက် တွင် ထန်းပင် ဆန်းပင် သဖန်းပင် အဆိုပါ အပင်များသည်ဖော်ပြပါ အရပ်မျက်နှာ များတွင် ရှိနေပါက စီးပွားရေး ညံ့တတ်သည်။ ...

မငိုပါနဲ့ ဧရာဝတီ { အိမ့်ချမ်းမြေ့ }

Image
    သူတို့ဟာ… ကမ္ဘာပေါ် မှာ တတိယ အရှည်ဆုံး နဲ့ အာရှ မှာ အရှည်ဆုံးမြစ်ဖြစ် တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင် ထားခဲ့တယ်။ အဲ သလို ရှည်လျား လှပတဲ့ ကမ္ဘာ့ အံ့ဖွယ် ယန်စီမြစ်ကြီးဟာ ဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုး ကို တည်ဆောက် ခဲ့တဲ့ မြစ်ကြီး တစ်စင်း ဖြစ်တယ်။  သူတို့ဟာ… အဲဒီမြစ်ကြီး ကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင် သဘာဝ တရားကြီး တစ်ခုလုံးကို မှောက်လှန် ဖျက်ဆီး လိုက်ခြင်း အားဖြင့် လူတွေ သာမက ကျွဲနွား တိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခု ဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ် သွားတော့မယ့် ကမ္ဘာ့ အထင်ရှားဆုံး သဘာဝ သယံဇာတ ၁၀ ခု ထဲမှာ တစ်ခု ပါနေပြီ။   နောက်နှစ် အနည်းငယ်မှာ.. ယန်စီ ဆိုတာ တရုတ် လူမျိုးတွေ ရဲ့ ဒဏ္ဍာရီ နဂါးကြီးတွေ လို.. ရှေးဟောင်း စာပေ ကျမ်းဂန်တွေ ထဲမှာပဲ ရှင်သန် အသက်ဝင် လှုပ်ရှားတော့မယ် ထင်ရဲ့။    ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ် (Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကို လည်း ဖျက်ဆီး ပစ်ခဲ့တယ်။...

မွေးနေ့ ဗေဒင်

Image
ကိုယ့်ရဲ့မွေးနေ့ဂဏန်းလေးတွေ ကို ကြည့်ပြီး ကိုယ်ဟာ ဘယ်လိုဖြစ်မလဲ ဆိုတာကို ကြည့်လိုက် ရအောင်နော်။ တွက်ပုံ တွက်နည်း ကတော့............... ဥပမာ - ၁၉၈၀ ခုနှစ်၊ ၃ လ၊ ၁၉ ရက်နေဖွားဖြစ်ရင် ၁၉၈၀ + ၃ + ၁၉ = ၂၀၀၂ ၂ + ၀ + ၀ + ၂ = ၄ ကဲ ကိုယ့် ရဲ့ဂဏန်း ကို တွက်ပြီး သွားရင်တော့ အောက်မှာ ကိုယ့် ရဲ့ဂဏန်းလေး ကို ရှာလိုက်ပါ ။ ၁. အတွေး အခေါ် ကောင်းသူ ၂. ငြိမ်းချမ်းရေး ကို လိုလားသူ ၃. ပွဲလမ်း သဘင် ကြိုက်သူ ၄. ရိုးရာ အစဉ်အလာ ကို လိုက်နာသူ ၅. တီထွင် ကြံဆသူ ၆. ကဗျာ ဆန်သူ ၇. ထူးချွန်သော သူ ၈. အောင်မြင် သူ ၉. အနုပညာရှင် ၁. အတွေး အခေါ် ကောင်းသူ စဉ်းစား တတ်ပြီး အတွေး အခေါ်ကောင်းတဲ့ အတွက် သူ့ကို ပတ်ဝန်းကျင် ရဲ့ အလေးထားခြင်း ကို ခံရပါ လိမ့်မယ်။ ဒါပေမဲ့လည်း သူများ ရဲ့အတွေး အခေါ် ကိုတော့ လက်မခံတတ်တဲ့ အတွက် လူမုန်းခံရပါလိမ့်မယ်။

ယောင်္ကျား အတွက် ဆိုရင် ဘာမဆို ဖြည့်ဆည်း ပေးမည့် ရာသီခွင်

Image
ရာသီခွင် အလိုက် ယောင်္ကျား၊ ရည်စား အပေါ်မှာ ထားရှိတဲ့ မေတ္တာ က ကွာခြား ပါလိမ့်မယ်။ ကိုယ် ချစ် တဲ့ ယောင်္ကျား အတွက် ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ ပေးဆပ်ချင်တယ် ဆိုတာ သဘာဝတရား ပါ။  အလို လိုက်လွန်းရင်လည်း လူတော် ကနေ၊ လူညံ့ လည်း ဖြစ်သွားနိုင်ပါတယ်။ ကဲ ယောင်္ကျားအတွက် ဆိုရင် ဘာမဆို ဖြည့်ဆီး ပေးမည့် ရာသီခွင် Ranking ကိုကြည့်လိုက် ရအောင်နော်။   ၀၁. ကရကဋ် ရာသီ (Cancer) : ဇွန် ၂၁ ရက် မှ ဇူလိုင် ၂၀ ရက် အတွင်း ဒီ ရာသီခွင်က သူတွေ ကတော့ ယောင်္ကျား အတွက်ဆို ဘာပဲ လုပ်ရ လုပ်ရပါ။ သူ့မှာ ကိုယ် မရှိရင် ကလေး တစ်ယောက် လိုပဲ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူးလို့ ထင်နေပါတယ်။  ယောင်္ကျားဖြစ်သူ က နှေးကွေးနေ တာကို ပင် ချစ်စရာကောင်းပြီး ကလေးကျောင်းပို့ သလို အလုပ် အထိတောင် လိုက်ပို့ပေးမလား မသိ ဘူးနော်။ မကဲ နဲ့ သတိထား !!! ၀၂. ကန် ရာသီ (Virgo) : သြဂုတ် ၂၂ ရက် မှ စက်တင်ဘာလ ၂၂ ရက် အတွင်း ဒီ ရာသီခွင် ကတော့ ပုံမှန် ဆိုရင် ကိုယ့်ခြေထောက်ပေါ် ကို ကိုယ် ရပ်နေနိုင်တဲ့ မိန်းကလေး ဖြစ်ပေ မဲ့ လည်း ယောင်္ကျား အတွက်ဆိုရင် ဘာမှ မျက်စိထဲ မမြင်တော့ပါ။  သူ့ရဲ့ ရည်မှန်းချက်တွေ၊ အိမ်မက်တွေ ကို ကိုယ်က ဖြည့်ဆီး ...

ဘယ်လို ချက် ပိုင်ရှင် ဖြစ်မလဲ

Image
ချက်ရဲ့ ပုံလေးကိုကြည့်ပြီး ကိုယ် ကတော့ ဘယ်လို ချက်ပိုင်ရှင်ဖြစ်လိမ့်မလဲ ဆိုတာကို ကြည့် လိုက်ကြ ရအောင်နော်။ မတ်မတ် ရပ်ပြီးမှ ကိုယ့်ချက် ကို ကိုယ်ကြည့်နော်။ *** ဝိုင်းသော ချက်ပိုင်ရှင် ** ရိုးသားပြီး ချစ်စရာကောင်းသောသူ၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်ပြီး အသေးအဖွဲ ကိစ္စတွေ ဆိုရင် ခေါင်းထဲမှာ မထားပါ။ ***  ဒေါင်လိုက် ရှည်သော ချက်ပိုင်ရှင် ** သူများကို ကူညီချင်သော စိတ်ဓာတ်ပြင်းထန်သူ၊ ငွေရေးကြေးရေးနှင့် ပတ်သက်၍တော့ ကပ်စီးနဲ သူဖြစ် ပါလိမ့်မယ်။ ***  ချက်ဆူ ပိုင်ရှင် **သံယောဇဉ်ကြီးသောသူ၊ ခင်ပြီ ဆိုရင် သူငယ်ချင်း အဖြစ် တစ်သက်လုံး လက်ခံထားသူ၊ ဒါပေ မဲ့ ပိုက်ဆံ အသုံးကြမ်းသောသူ ဖြစ်လိမ့်မယ်။ နောက်ပြီး ပိုက်ဆံ တို့၊ အာဏာ ကို မက်လိမ့်မယ်။ ***  အပေါ်သို့ထောင်နေသောချက် ပိုင်ရှင် **  ကြိုးစားပြီး ရိုးသားသောသူ ၊ အလုပ်ကို လေးလေး စားစား ဝီရိယ ရှိသောသူ၊ အမှန် ကို အမှန်အတိုင်း ရိုးရိုးကြီးဖြစ်တဲ့ အတွက် ယောင်္ကျားကောင်းရလိမ့်မယ်။ ***  ဘေးသို့ရှည်သော ချက်ပိုင်ရှင် ** ပျော်ပျော်နေတတ်ပေမဲ့လည်း ကိုယ့်ရဲ့ရည်စား၊  ချစ်သူ အပေါ် မှာ မူတည်ပြီး စိတ်နေစိတ်ထား ...

မကြေးမုံ အသုံးဝင်ပုံ အကြောင်း ပြောပြမယ်

Image
ကြည့်မှန်လေး တစ်ချပ် ချိတ်ဆွဲ ထားရုံဖြင့် ဘယ်လို ကိစ္စတွေမှာ အဆင်ပြေချောမွေ့စေသလဲ ? ကြည့်မှန် ကို ယတြာ အနေနဲ့ ဘယ်လို ဓာတ်ဆင်ကြမလဲ? အိမ်တွေ ဆိုင်တွေ မှာ ဘယ်လိုနေရာတွေ မှာ ချိတ်ဆွဲ ထားသင့်လဲ? စတဲ့ မှန်တစ်ချပ် ရဲ့အသုံး ဝင်ပုံတွေ ဒီနေရာမှာပြောပြမှာပါ။  ကြည့်မှန်ကြောင့် အဆင်ပြေသွားတဲ့ ကိစ္စတော်တော်များများ ရှိနေကြပါတယ်။ ဆန်းဗေဒင် မှာ မိမိ အိမ်ထက်ခြေရင်းအိမ် က အရမ်းမြင့်နေရင် ခြေရင်းအိမ် က မိန်းမ ဦးစီးတဲ့ အိမ်ပဲ လို့ပြောနိုင် သလို................. မိမိ အိမ် က အရမ်းသေးနေပြီး ခေါင်းရင်းအိမ် ခြေရင်းအိမ် က အရမ်း မြင့်နေရင် မိမိအိမ် လဲ အညံ့ထဲမှာ ရှိ ပါတယ်။ အောက်လက် ငယ်သားတွေ ကျန်းမာရေး စီးပွားရေး ညံ့တတ်တာမျိုးကြုံရ တတ်ပါတယ် ။  နောက်ပြီး မျက်နှာချင်းဆိုင် အိမ် က အရမ်းမြင့်ပြီး ခေါင်းမိုးဒိုင်း အချွန် က မိမိ အိမ်နဲ့ တည့်တည့် ကျရင် မိမိ အိမ် ကံညံ့ တတ်ပါတယ်။ ဒါတွေ က မြန်မာ ဆန်းဗေဒင် မှာရော တရုတ် ဖုန်းရွှေပညာမှာ ပါရှိတဲ့ အကြောင်း အရာတွေပါ။  အဲဒီလို နေအိမ် ၏ မျက်နှာချင်းဆိုင် မှာသော်လည်းကောင်း ၊ခြေရင်း ခေါင်းရင်းတွင် လည်းကောင်း စက်ရုံ အလုပ်ရုံ နေအိမ်ထက် ပိုမြင...

လ အလိုက် မွေးဖွားသူတို့ အကျင့်စရိုက်

Image
January မွေးဖွားသူတွေ ဟာ -လူထူး လူဆန်းတွေဖြစ်တယ် -အချစ်ကို အရူးအမူး ကိုးကွယ်တယ် -၀ါသနာပါရာ တစ်ခုခု ကို လွန်လွန်ကျွန်ကျွန်လိုက်စား တတ်တယ် -တစ်မူထူးခြားတဲ့ ကြံကြံ ဖန်ဖန်ဖြစ်ရပ်တွေနဲ့လည်း အမြဲ ကြုံတွေ့တတ်တယ်/လုပ်တတ်တယ် -ထူထူးခြားခြားဖြစ်စဉ်တွေကိုလည်း ဖန်တီးတတ်တယ် ။ February မွေးဖွားသူတွေဟာ -စိတ်ထားနူးညံ့ကြတယ် -အချစ်ကြီးသူတွေလည်းဖြစ်တယ် -၀ါသနာမပါတဲ့ အလုပ်ကိုဆို လှည့်မကြည့်တတ်ဘူး -တိရစ္ဆာန် လေးတွေကို သနားကြင်နာ တတ်ကြတယ် ။ March မွေးဖွားသူတွေဟာ -စကား အရမ်းပေါတတ် ကြတယ် -talking က တစ်ဖက်သား သနားသွားအောင်ကို  ပြောတတ်ကြတယ် -အပြင်ပန်းပြုံးနေပေမဲ့ အတွင်းစိတ် က ၀မ်းနည်းနေတတ်ကြတယ် -တစ်ဖက်သားအပေါ် ကူညီရမှ စိတ်ကျေနပ်နေတာမျိုး ။ April မွေးဖွားသူတွေဟာ -ကိစ္စတစ်ခုခု လုပ်ရာမှာသွေးအေး တတ်တယ် -အချစ်ကို မကိုးကွယ်ဘူး -နှလုံးသားက သံမဏိထက် မာကျောတယ် ။

ဆေးလိပ် သောက်သူများ အတွက် အထူး သတင်းကောင်း

Image
ခန္ဓာကိုယ် မှ နီကိုတင်း ဓာတ် ဆေးကြော သန့်စင်ပေးမယ့် အစားအစာ (၁၀) မျိုး နီကိုတင်း ဓာတ် ဆိုတာ ဆေးလိပ် လုပ်သော ဓာတု ပစ္စည်း တစ်မျိုးဖြစ်ပြီး ဆေးလိပ်ဖြတ်ရန် အင်မတန် ခက်ခဲစေ တဲ့ ဓာတု ပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်။  နီကိုတင်းဓာတ် က စိတ် စွဲလန်းမှု အဖြစ်စေဆုံး ဓာတု ပစ္စည်းများဖြစ်ပြီး တစ်ကမ္ဘာလုံး ရာစုနှစ်နဲ့ ချီ သောက် လာခဲ့ကြပါတယ်။ နီကိုတင်း က အာရုံကြော နဲ့ ကြွက်သား ဆဲလ်များ ပုံမှန် လည်ပတ်ခြင်း မှ ဟန့်တား ပိတ် ဆို့စေနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။  ဆေးခြောက်ရွက် က နှလုံး ခုန်နှုန်း၊ သွေးပေါင် တက်စေနိုင်ပြီး ဦးနှောက်သွေးကြော ပိတ်ဆို့မှု ပါ ဖြစ်စေနိုင် တာ နီကိုတင်းဓာတ် ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုင်ရာ သတိပေးချက် များ၊ နီကိုတင်း အန္တရာယ် ဘယ်လောက်ကြီးမားကြောင်း သိပ္ပံနည်းကျ အထောက် အထားတွေ ရှိနေတာတောင် လူတွေ ဆေးလိပ်သောက်ဖို့ ပဲ ရွေးချယ်နေဆဲ ဖြစ်ပါတယ်။ 

ကင်ဆာ ဆေးနည်း

Image
          ကင်ဆာရောဂါ မှ အသက် ချမ်းသာရာ ရရှိခဲ့သူ အမျိုးသမီး မှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း Bosnia and Herzegovina နိုင်ငံ မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်တယ်။  အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေ ဖို့ စိတ်အား ထက်သန်တဲ့ သူမ က သူမ အား အသက် ချမ်းသာရစေ ခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင်ဆိုင် ခံစားနေရတဲ့ အခြား လူနာတွေ အကူ ညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။   ယင်းဆေးနည်း ဖော်စပ် ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါ တယ်။ ဒီဘော့စ်နီးယမ်း အမျိုးသမီးကတော့ သူမရဲ့ကင်ဆာရောဂါကို ချေမှုန်း ပေးနိုင်တဲ့ တစ်ခုတည်းသော ဆေးနည်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါ တယ်။ သူမ endocrine ကင်ဆာရောဂါ ခံစား ခဲ့ပြီး ဆေးရုံမှာ အထူး စက်ကိရိယာ အ ပြည့်အစုံ နဲ့ ၃ ပတ်ကြာ ကုသနေစဉ် ရောဂါ အခြေ အနေ ဆိုးဝါး လာခဲ့ပါတယ်။ ဒီဆေးနည်း က ခွဲစိတ် ကုသမှု သို့မဟုတ် ဓာတ်ကင် လုံးဝ လုပ်စရာမလိုပဲ အသက် ချမ်းသာ ရရှိစေခဲ့ပါတယ်။ ချင်းတက် အကြီးနှစ်ခု အခွံ လှီးထုတ်ပြီး ကြေညှက်နေအောင် ထောင်းပါ။ နောက် ပျားရည် ကီလိုဝက်လောက် နဲ့ ရောပေး ရပါမယ်။

ကလေးတွေ ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်ပွားနေပြီ ဆိုရင် ၀မ်းပျက်ဝမ်းလျှော ရောဂါဆိုတာ

Image
ကလေးများ ၀မ်းပျက် ၀မ်းလျောရောဂါနှင့် ပတ်သက် ၍ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ယုဇနစောမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ရောဂါနှင့် ပတ်သက်သည်များ အား ဆရာဝန်ကြီး မှ အောက်ပါ အတိုင်းအသိပေး ပြောကြားခဲ့သည်။ တစ်ချို့က ၀မ်းပျက် ၀မ်းလျှော ရောဂါကို အထက်လှန်အောက်လျှော ရောဂါလို့လဲခေါ်တယ်။ နောက်တစ် မျိုးက အစာ အဆိပ်သင့်တဲ့ရောဂါ လို့လဲ ခေါ်ပါတယ်။ ၀မ်းပျက် ၀မ်းလျှောရောဂါ က အူလမ်းကြောင်း မသန့်လို့ဖြစ်တဲ့ ရောဂါ ပါ။ အူလမ်းကြောင်း အဓိက မသန့် ရတဲ့ အကြောင်းအရင်း က တစ် ကိုယ်ရေ သန့်ရှင်းရေး ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ လည်း ဆိုင်ပါတယ်။  တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်း ကျင် သန့်ရှင်းမှု မရှိတဲ့နေရာတွေ မှာ ကလေးများ အတွက် ၀မ်းပျက် ၀မ်း လျှောရောဂါ ပိုပြီးဖြစ်ပွားနိုင်ပါတယ်။ ၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ်အောင် ၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ် အောင် ကလေးများ အစာ မစားခင် (သို့) ကလေးငယ်များ ကို အ...

ကလေးတွေ အပေါ် ဖုန်း နဲ့ကွန်ပျူတာ ရဲ့ သက်ရောက်မှု

Image
    ဖုန်းနဲ့ ကွန်ပျူတာ စတဲ့ လျှပ်စစ် ပစ္စည်းတွေဟာ အသွားနှစ်ဖက်ပါ ဓါးလိုပဲ ကလေးတွေ အတွက် ကောင်း ကျိုး နဲ့ဆိုးကျိုး ကို တစ်ပြိုင်နက်တည်း ဖြစ်စေပါတယ်။ ကလေးတွေ ကို ခေတ်မီ နည်းပညာတွေ နဲ့ မိတ်ဆက်ပေး တာဟာ ကောင်းပေမဲ့ ကလေးတွေက အသည်းအသန် စွဲလမ်း သွားတတ်တာကြောင့် ဆိုးကျိုးတွေလည်း ရှိလာတတ်ပါတယ်။  ဒါကြောင့် မိမိ ရဲ့သားသမီးတွေ ကို ခေတ်မီ လျှပ်စစ်ပစ္စည်းတွေ ၀ယ်ပေးတဲ့ အခါ ချင့်ချိန် မျှတစွာ သုံး တတ်အောင် ထိန်းနိုင်ဖို့ ကောင်းကျိုး ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကောင်းကျိုး (၁)အမြဲ ဆက်သွယ်နိုင်ခြင်း သင့် ကလေးကို ဖုန်း တစ်လုံးပေးထားလိုက်ခြင်း အားဖြင့် အချိန် မရွေး ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့နိုင်ပြီး သူ ဘယ်နေရာမှာ ဘာလုပ်နေလဲ သိနိုင်တဲ့ အတွက် စိတ်အေး ရမှာဖြစ်ပါတယ်။ မိဘ က အလုပ်သွား၊ သားသမီးတွေ က ကျောင်းသွား နဲ့ အချိန်ကြာကြာ အတူ မရှိနိုင်ကြတဲ့ ဒီခေတ်မှာ မိဘ နဲ့ကလေးကြား ဖုန်း နဲ့ဆက်သွယ်နိုင်ခြင်း ဟာ သိပ်ကို အဆင်ပြေတဲ့ နည်းပါပဲ။  ဒါ့အပြင် အန္တရာယ် တစ်စုံတရာ ရ...

သားသမီးလေးတွေ စိတ်ရော ကိုယ်ပါ လုံခြုံစေဖို့ မိဘများ လိုက်နာ သင့်သော နည်းလမ်း (၇) သွယ်

Image
  အရင်က သမီးလေးများ စိတ်ရော ကိုယ်ပါ လုံခြုံစေဖို့ လိုက်နာသင့်သော အချက်များကို ဘာသာပြန်ရေး သားဖော်ပြ ခဲ့ရာ သားလေးတွေ အတွက်လည်း ရေးသားပေးဖို့ တောင်းဆို သူများရှိသည့် အတွက် ပိုမို အသေး စိပ် ကျပြီး အရွယ်ငယ်ငယ် ကနေ မူလတန်း၊ အလယ်တန်း အရွယ်ထိ ကလေးများ အားလုံးအတွက် သင့်တော်သော နည်းလမ်း များကို ဘာသာပြန်ရေးသားဖော်ပြပေးလိုက်ပါတယ်။ (၁) မိသားစု ထဲမှာ လျှို့ဝှက်ချက် မထားရ စနစ်ကို ဖန်တီးပါ။ ကလေးကို မဖွယ်မရာပြုလုပ်တတ်သူတွေဟာ ကလေး ကို ဒီကိစ္စ ကို လျှို့ဝှက်ထားဖို့ပြောလေ့ရှိကြပါတယ်။ ကလေး က သဘောကျ အထင်ကြီးအောင် မိမိတို့နှစ်ယောက်တည်းကြား က သီးသန့် လျှို့ဝှက်ချက် ဟု ပြော ထား တတ်ကြပါတယ်။  ဒါကြောင်...

အမေ ကြွေပျက်ခဲ့ရသော မေ ၂ ရက်၂၀၀၈ ည‬

Image
"ဝှိန် ... ဝှိန်...ဖုန်း!" ကျနော် မှတ်မိသည်။ ဒီ အသံက ကျနော်တို့ ပိုက်တန်း ရဲ့ ဂါးဖောင် သမား ကိုဘိလေးမောင်းေ သာ  ပင်လယ်ကောင် အသေးလေး။   ကျနော်တို့ ပိုက်တန်း က ပင်လယ်ကောင် အားလုံး ဆယ့်တစ်စီး ရှိတယ်။ (ပင်လယ်ကောင်=ရေစီးကြမ်းသော ပင်လယ်ရေမျက်နှာပြင်ကို အလွယ်တကူဖြတ်မောင်းနိုင်ရန် လက်သမား ဆရာများ က ရေခွင်း အားကောင်းအောင် အထူး တည်ဆောက်ထားသော လှေအကြီးစား ကိုမြင်းကောင်ရေ များသော ဂျပန် အင်ဂျင် တပ်ထားသည့် ပင်လယ်တွင်သာမောင်းသည့် သေဘာၤ) ဒီ သေဘာၤ ဆယ့်တစ်စင်း ရဲ့အင်ဂျင်အသံ ကို ကျနော် တစ်ရေးနိုးတောင် အလွတ် ရသည်။ အင်ဂျင် တစ်ခါ ကိုင် လျှင်တော့ တစ်ခါပြန်မှတ် ရလေသည်။   "ကိုကြီး တင်စိုး! ကိုကြီး တင်စိုး!" ကျနော်ထင်သည့် အတိုင်း ကိုဘိလေး သဘောင်္ လှေကြိုး ကို ကသော့ကမျော့ ချည်ပြီး အိမ်ပေါ်ကိုပြေး တက် လာသည်။   "ကိုကြီး တင်စိုး...ကျနော်ကြိမ်ချောင်း က  သတင်းရခဲ့တယ်...ရေဒီယို က မုန်တိုင်း သတင်းကြေငြာတယ်တဲ့" "ခဏခဏကြေငြာနေတာကို များ အဆန်းလုပ်လို့"   အဖေကြီး က ကိုဘိလေး စကားကို အလေးမထားဘဲ ရုပ်ရှင်မင်းသား မင်းကို ရဲ့ စက္ကောမ ဇာတ်ကား မပျက် ဆက်ကြည့်နေတယ်။ အဖေ တင်မဟုတ် ...

မေမေ ဆိုတဲ့ ထို ဧည့်သည်

Image
   ဖတ်ကြည့်စေချင်ပါသည်.ညီမ / အစ်မ များသို့..... အလုပ်တက်ချိန်ကြီးမှာ ယောက္ခမ ဆီက ဖုန်းလာ ပါတယ်၊ အိမ်မှာ ဧည့်သည်ရောက်နေတယ် နေ့လယ်စာ ကို အိမ်ပြန်စားနိုင်မလား တဲ့။ အလုပ် များနေချိန်မို့ အလုပ်ကနေခွာဖို့ ကလည်း မလွယ်၊ ဧည့်သည် ကို ထမင်း မဖိတ်ကျွေးရင်လည်း ဧည့် ဝတ် မကျေမှာ စိုးပါတယ်။ ဒီလို နဲ့ ယောက္ခမ ကို စားသောက်ဆိုင် မှာ စားစ၇ာ မှာပြီးစောင့်နေ ထမင်းစား ချိန်ရောက်တာ နဲ့ ကျွန်မ ချက်ချင်းပြေးလာခဲ့မယ် လို့ မှာလိုက်တယ်။ . ဖုန်းချ လိုက်တာနဲ့ မကြာဘူး.. ဖုန်းက ထပ်မြည် လာပြန်တယ်။ ယောက္ခမ က “ဧည့်သည် ကပြောတယ်.. အိမ် မှာ ဖြစ်သလို စားလိုက်ရင် ရပြီ။ သမီး အလုပ်များနေရင် အိမ်ပြန် မလာလည်း ရပါတယ်တဲ့”လို့ ပြောတယ်။ . ဖြစ်သလို စားလို့ ဘယ်ဖြစ် မလဲ.. မဟုတ်သေးပါဘူး… . ဒါပေမယ့် ယောက္ခမ က ဧည့်သည် နာမည်ကို ထုတ်ပြောလိုက် တာနဲ့ ကျွန်မ စိတ်သက်သာရာ ရသွားပါ တယ်။ ဧည့်သည် က ကျွန်မ ရဲ့မေမေပါ။ ဒီလို ဆိုတော့လည်း ထွေထွေ ထူးထူး စီမံနေစရာ မလိုတော့ ပါ ဘူး၊ ဖြစ်သလို လည်း ဖြစ်နေတာပါပဲလေ။ . ဒီလို နဲ့ အဲဒီနေ့ နေ့လယ်စာ က ယောက္ခမနဲ့မေမေ ပဲ အတူ စားဖြစ်လိုက်ပါတယ်။ ဟင်း ကလည်း ရိုးရိုး စားနေကျ ဟင်းလျာတွေ ပါပဲ။ ...

သင် သိရင် သင် ချမ်းသာလိမ့်မယ်

Image
      တစ်ခါ တုန်းက ရွေတွင်း တစ်တွင်း မှာ အလုပ် လုပ်ခဲတဲ့ ဦးလေးကြီး တစ်ယောက် ရှိခဲ့တယ် ။ သူဟာ လူလတ်ပိုင်း အရွယ် ကတည်း ကနေ အလုပ် လုပ်နေခဲ့တယ် ။ သူဟာ အဲ့ဒီ ရွေတွင်းမှာ အလုပ် သမားခေါင်းဆောင်ကြီးဖြစ်ခဲ့တယ် ။ ဒါပေမဲ့ ဒီ ဦးလေးကြီးဟာ ပိုက်ဆံ တစ်ခါမှ မစုဆောင်းထားဖူးဘူး ။ ရလာသမျှ ကုန်အောင်သုံးလေ့ ရှိတယ် သူဟာ သဘော မနောလည်းကောင်းလွန်းတဲ့ အတွက် သူ့ အလုပ်သမားတွေ ကို အမြဲတမ်း ပေး ကမ်းကျွေးမွေးလေ့ ရှိပြီး ဘယ်သူ ပိုက်ဆံ လာချေးချေး ရှိရင်ပေးလိုက်တာချည်းပဲ ဦးလေးကြီးမှာ အပေါင်း အသင်းတွေ ကလည်း အများကြီးပဲ ။ ဒီလို နဲ့ အသက်ကြီး လာတော့ ဇနီးမယား ကလည်း သေဆုံး သွားပြီး သူလည်း အသက်ကြီး လို့ အလုပ် ကနေ ပင်စင် ရ အနားယူ ရတယ် ဒါပေမဲ့ သူ့မှာ စုဆောင်းထားတာ ဘာမှ မရှိဘူး သူ အလုပ် လုပ်လာတဲ့သက်တမ်း တစ်လျှောက် သူ့မှာ သားသမီး ၅ ယောက် တောင် ရှိခဲ့တယ် ။ အားလုံးလဲ အတောင်စုံ အရွယ်ရောက် ပညာတွေ တတ်ကြလို့ အိမ်ထောင် ကိုယ်စီ ကျပြီး အသီးသီး  ခွဲခွာနေကုန်ကြပြီ  ။ . တနင်္လာနေ့  ဦးလေးကြီး ကနေ အဖိုးကြီးဖြစ်လာတဲ့ အဖိုးအို က သမီး အငယ်ဆုံး အိမ်မှာ သွားနေတယ် အဲ့တော့ သမက်ကပြောတာ “အဖေ ကလည်း ဘာလို့ တစ်...

မိဘ ဆိုတာ မသေခင် လုပ်ကျွေးပါ သေမှ မငိုပြပါနှင့်

Image
ဒေါက်...ဒေါက်.... ဒေါက်.... တံခါးခေါက်သံ ကြားလိုက်သည်.... ပြီး ... အပြင် မှ အဖေ့ ခေါ်သံကိုပါ ကြားလိုက်ရသည် ...   ❝ငါ့ သား အဖေ မင်းကိုပြောစရာ ရှိလို့❞ အလုပ်မှ အဆင်မပြေမှုများ ရှိနေ၍ .... စိတ် မကြည်လင်နေ သဖြင့်.... ကျွန်တော် အသံ ကျယ်ကျယ်ဖြင့် ပြန်အော်ပြောမိသည် ၊ . ❝ နောက်မှပြော အဖေ ကျွန်တော် အလုပ်ကပြန်လာတာ စိတ် ပင်ပန်း၊ ကိုယ် ပင်ပန်းနဲ့ ...❞ စိတ်တို မိတာတော့ အမှန်ပင်...အပြင် မှ .အဖေ့အသံ မကြားရတော့ သူ့ အခန်းပြန်သွားပြီ ထင် သည် ။   အဖေ့ အသက် က ၈၅ ရှိပြီ ၊ တစ်ခါ တစ်ခါ သူငယ်ပြန်တတ်သည်.၊ သူငယ်ပြန်ပြီ ဆိုလျှင် ကျွန်တော်တို့ စိတ်ညစ် ရသည် ၊ သူ့ကို မနည်း ထိန်း ရသည် ၊ ချီးပါ ၊သေးပေါက် ၊ ထမင်းကျွေးတာက အစ ကလေး တယောက်လို ပြုစုနေရသည် ။ တစ်ခါ တစ် လေလည်း တယောက်တည်း ဟိုပြော ဒီပြော ပြောနေတတ်သည် ။ ပြန်ကောင်းသည့် အခါ ဆိုလည်း သူဟာသူ ပုံမှန်ဖြစ်နေသည်။ . စိတ်ပူစရာတော့ မလို..... ခုတစ် လော သူငယ်ပြန်နေသည်က များသည် ။ ပြန်ကောင်းချိန်တောင် သိပ် မတွေ့ရတော့ ၊ တစ်အောင့်ကြာသော် ငါးနှစ်သား ကျွန်တော့သား သူရ က စာရွက်ခေါက်လေး တစ်ခု ယူလာပြီး... ❝ဖိုးဖိုး ကပေးခိုင်း လိုက်တယ် အဖေ့ အတွက် ...❞ ...

တန်ဖိုး ရှိတဲ့ မိန်းမ ဆိုတာ { မင်းလူ }

Image
  တန်ဖိုးရှိတဲ့ မိန်းမ ဆိုတာ – မင်းလူ  ****************************  ပွဲသိမ်းခရာ မမှုတ်သေးခင်  ရှုံးပြီလို့  မပြောပါနဲ့ဦး...။  ကျားသစ် ဆိုတာ အရေခွံ ဆုတ်ပြီးမှ  တစ်ကယ်သေပြီလို့ အတည်ပြုနိုင်တယ်...။  ပိုးဟပ် တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့  ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ...။  အသက်ရှူ  ရပ်သွားတာတောင်  ဦးနှောက် အလုပ်လုပ်နေရင်  သေပြီလို့ မဆိုနိုင်သေးဘူး...။ 

ကြေကွဲသံများ { ကဗျာ }

Image
 ခပ်ပါးပါး လိမ်းထားတဲ့ မိတ်ကပ်တွေ ကို  ခရမ်းလွန် ရောင်ခြည်တွေ ထိုးဖေါက်  ရောင်းပန်းမလှ တာ အမေ မသိခဲ့ဘူး ......  ဆောင်းရယ် မြန်မြန်ကုန်ပါတော့  လေဘေး တွေကလည်း ဈေးတွေ တက်  အအေးဓါတ် မလုံတဲ့ အနွေးထည် ဟောင်း  လေစိမ်းတွေ တိုး အသဲထဲစိမ့်အေးတာ လည်း  အမေ မသိ ခဲ့ပါ ဘူး နော်.......  ဖြစ်နိုင် မယ်ဆို တစ်ကပြန်စ ချင်တာ  နှစ်တွေ မှာ နစ်သထက် နစ်  အဖြူတွေက မဲ ညစ်ညစ်ဖြစ်သထက် ဖြစ်  လျှော် ဖွတ်လို့ မရ တော့တဲ့ ဘဝ  တမ်းတ လို့ အပိုဆို တာလည်း  အမေ မသိ တာပဲ ကောင်းပါတယ် .....

အထီးကျန်တဲ့ အခါ သင့်ဘေးမှာ ဘယ်သူရှိမလဲ…

Image
လူကြီး သူမ သက်ကြီးရွယ်အိုတွေ အသက် အတော်လေး အိုမင်း သွားပြီ ဆိုရင်လေ အရပ် သုံးစကားတွေ အရတော့ ငယ်မူပြန်သွားတယ် လို့ ခေါ်မလား ကလေးငယ်လေးတွေပြုမူ နေထိုင်သလိုနေထိုင် တတ်ကြ တယ်လို့ ဆိုရမလား ပါပဲ။ ဒါကို အသက်ကြီးရောဂါ၊ သူငယ်ပြန်ရောဂါ လို့လည်း အလွယ်ခေါ်တတ်ကြ ပါတယ်။ သူတို့အတွက် အနား မှာ အဖော်နေပေးမယ့် သူတိုင်း ကို မှီတွယ်ချင်ကြတယ်လေ။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာ အသေအကြေ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ကြီး ကင်မ်ဒန် ဟာလေ အခုဆိုရင် အသက် အနှစ် ကိုးဆယ်အရွယ်ကိုတောင်ရောက်လို့နေခဲ့ပါပြီတဲ့။ အသက်ကြီး အထီးကျန်ရောဂါက လွဲလို့ ကျန်းကျန်း မာမာနေထိုင်လျှက် နဲ့လေ။ သူ့ရဲ့ ဒီလို ကျန်းမာ သန်စွမ်း ဖျက်လတ်နေရတဲ့ လျို့ဝှက်ချက် ကလည်း သူ့ရဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းလို့ပဲဖြစ် ပါတယ် လို့ ဖွင့်ဟလာ ပါတယ်။ သူ့ပြောတဲ့ သူ့ရဲ့ အကောင်းဆုံး အဖော်မွန် ကတော့ အသက် သုံးနှစ် အရွယ်ရှိ ကလေးငယ်လေး အန်းမက်ရခ်ျနာ ပဲဖြစ်ပါတယ်။ သူရဲ့ ဒီလိုရောဂါမျိုးကို ခံစားရတဲ့ ဆယ်နှစ်ကျော်ကြာ ကာလအတွင်း မှာတော့ ဒီ ကလေးငယ် အန်းမက် ကလေးက သူ့ အတွက် အလင်းတံခါး ဖြစ်စေခဲ့ပါတယ်။
 
365myanmar.com - Myanmar Online Shopping Mall