Posts
ဘုရင်ကြီး ဘူမိဘော ၏ ဈာပနတော် အခမ်းအနား
Image
                               ဘုရင်ကြီး ဘူမိဘော ၏ ဈာပနတော် စတင် ဖွင့်လှစ်ချိန် ပူဆွေးဝမ်းနည်းကြသော ပြည်သူများ စုံရုံးရောက်ရှိနေ ထိုင်းဘုရင်ကြီး ဘူမိဘော ၏ ရုပ်ကလာပ်တော်အား အောက်တိုဘာ ၂၆ ရက် တွင် မီးသဂြိုဟ်တော့မည့်ဖြစ်သောကြောင့် လောင်တိုက်တော်ရှိရာသို့ ပေးဝင်မည့် စစ်ဆေးရေး ဂိတ်များအား အောက်တိုဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို စစ်ဆေးရေးဂိတ်များမှ တစ်ဆ င့် ဝင်ရောက်ခွင့်ရရန် စီတန်း စောင့်ဆိုင်းနေသည့် ပြည်သူ များမှာ ထောင် ပေါင်းများစွာ ရှိနေသည်။ ဘုရင်ကြီး ၏ ဈာပနတော်သည် ထိုင်း တစ်နိုင်ငံလုံး စုစုစည်းစည်း ရှိနေသည့် တစ်ခုသော ဝမ်းနည်းဖွယ် အခါ သမယလည်း ဖြစ်သည် ။ ရာစုနှစ် တစ်ခုစာ အတွင်း ထိုင်း တော်ဝင်နန်းတော် အဖြစ် အပျက်များ မှ  အကြီးကျယ်ဆုံး အခမ်းအနားလည်း ဖြစ်သည်။ မိုးများ သည်းထန်စွာ ရွာသွန်းနေသည့်ကြားက အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ပြည်သူ ထောင်ပေါင်းများစွာသည် လောင်တိုက်တော်ရှိရာ ဘန်ကောက် နန်းတော်ရာ အနီး စုရုံးလျက်ရှိကြခြင်း ဖြစ်သည်။ ဆိုင်များနှင့် တည်းခိုခန်းများက ဈာပနတော် အတွက် လာရော...
အဲ ယား ကွန်း ကို Gas ဖြည့်‌ မယ်‌
Image
ဘယ်‌ က ‌နေ ဖြည့်‌ မှာ လဲ ? Suction (or) Discharge ? Suction ဆိုတာက စုပ်‌ယူတာလို့ လူတိုင်း သိကြ ပြီးသား ဖြစ်‌လို့ အလွယ်‌တစ်ကူ မှတ်‌ရန်‌လွယ်‌ ကူ‌အောင်‌ Gas ပဲ ဖြည့်‌မယ်‌လို့ မှတ်‌ယူပါ။ gas ဖြည့်‌မယ်‌ ဆိုလျှင်‌လဲ Compressor ကို ‌မောင်းထားရမှာ ဖြစ်‌ပါတယ်‌ ။  လိုချင်‌တဲ့ Point ကို ‌ရောက်‌ ‌အောင်‌ အ ချိန်‌ ယူ ပြီး ဖြည့်‌ ရ မှာဖြစ်‌ ပါ တယ်‌။ အ ‌ရေးကြီးတာက ဖြည့်‌ပုံ ဖြည့်‌ နည်း လိုပါတယ်‌။ Compressor Cycle မှာ Air Lock မ ဖြစ်‌ ‌အောင်‌ gas pipe ‌တွေ connection လုပ်‌ တဲ့ အ ချိန်‌ မှာ အ ထူး က ရု ပြု ရ မှာ ဖြစ်‌ ပါ တယ်‌။  ဖြည့်‌တင်း ‌နေကြသူများ အ တွက်‌ က ‌တော့ Easy Going ဖြစ်‌ ‌ပေ မယ့်‌ fresher တစ်‌ ‌‌ယောက်‌အတွက်‌ ကတော့ လက်‌တုန်‌ ‌နေ မှာ ‌သေချာပါတယ်‌။ ကိုယ်‌တိုင်‌လဲ ဖြစ်‌ ခဲ့ ဘူး ပါ တယ်‌ ။ လုပ်‌ ‌နေကျ ‌တော့လဲ ယဉ်‌ ပါး သွား မှာ ‌ပါ။ A/C တစ်‌ လုံး ကို Suction Side က ‌နေ Gas ဖြည့်‌ သွင်း ‌တော့ မယ်‌ ဆို ရင်‌ အ ‌ရေး ကြီး လိုအပ်‌တာက Ampere Clamp Meter ‌လေး ပါ။ Compressor motor load ကို တွက်‌ ပြီး Maximum amp ကို ‌ကျော်‌ လွန်‌ မ ဖြည့်‌ မိ ဖို့ လို အပ်‌ ပါ တယ်‌။ ပို ဖြည့်‌ ရင်...
ကျော်ကြားသော တံဆိပ်များတွင် ဝှက်ထားသော အဓိပ္ပာယ်များ
Image
နာမည်ကြီး ကုမ္ပဏီတိုင်းလိုလို သူတို့ရဲ့ logo ကို မှတ်မိထိုက်လောက်တဲ့ သင်္ကေတ အပြင် အဲ့ဒီမှာ အဓိပ္ပာယ်တွေပါ ဝှက်ထားတယ်။ တစ်ကယ်တော့ ဒီဇိုင်နာတွေကတော့ လိုအပ်တဲ့ အဓိပ္ပာယ်ကို နေရာ အရမ်းမယူ စေပဲ အတတ်နိုင်ဆုံးသေးနိုင်သလောက် သေးအောင် ရေးဆွဲထားကြတယ်။  1.Amazon ဒီအတိုင်း ကြည့်ရင်တော့ Amazon logo က ဘာမှ အထွေအထူး မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့ကို ဒီအမှတ်တံဆိပ်ရဲ့ အတွေးအခေါ်ကို နားလည်စေဖို့ ရေးဆွဲထားတယ်။ အဝါရောင် မြှားလေးက အပြုံးကိုရည်ညွှန်းခြင်းဖြစ်တယ်။  ဘာလို့လဲ ဆိုတော့ Amazon.com က သူ့ရဲ့ customer တွေကို ပျော်ရွှင်စေခြင်တယ်။ ပြီးတော့ မြှားက  a နဲ့ z ကို ဆက်ထားတာဖြစ်တယ်။ အဲ့ဒါက ဒီ online ဈေးဆိုင်မှာ ပစ္စည်းအားလုံးနီးပါး ရှိတာကိုဆိုလို တာပါ။  2. Yoga Australia သြစတေးလျ ကယောဂ ဝါသနာရှင်များရဲ့ အဖွဲ့မှာ သုံးနေတဲ့ တံဆိပ်ဖြစ်တယ်။ ကောင်မလေး ရဲ့ လက်နဲ့ ခြေထောက်ကြားရှိ အကွက်က သြစတေးလျနိုင်ငံ ရဲ့ မြေပုံကြမ်း ဖြစ်တယ်။ 3.SonyVaio အဲ့ဒီ တံဆိပ်ရဲ့ ပထမ စာလုံးနှစ်လုံးမှာ လိုင်းလေးပါတယ်။ အဲ့ဒီ လိုင်းလေးက လျှပ်စစ်ပစ္စည်းကို ရည်ညွှန်းပြီးအနောက်က 1 နဲ့ 0 က နည...
မမေ့နဲ့
Image
အကျိုးပေးဖို. ကံတွေ အဆင့်ဆင့် ရှိတယ်။ ဂရုကံ--- ကြီးလေးတဲ့ ကံ။ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးမှာ ရှိတယ်။ အာစိဏ္ဏကံ--- နေ.တိုင်းပြုတဲ့ ကံ။ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးမှာ ရှိတယ်။ ကဋ္ဋတ္တာကံ--- တစ်ခါတစ်ရံ ပြုတဲ့ ကံ။ အာသန္တွကံ---စုတိပြတ်ကြွေ သေခါနီးမှာ ကပ်ပြီးဖြစ်တဲ့ ကံ။ အဲဒီ ကံပြီးရင် စုတိ စိတ်ပဲ။ အဲဒီကံက ဟိုဖက် ပဋ္ဋိသန္ဓေ အကျိုးပေးတော့တာပဲ။ ကံ တစ်ခုဟာ ပဋ္ဋိသန္ဓေ အကျိုးတစ်ခုပေးတယ်။ နောက် ဟိုဘက်မှာ ပဝတ္တိအကျိုး ဆိုတာကတော့ ထပ်ခါ ထပ်ခါ ပေးတတ်တယ်။ အာသန္တွကံ ကို ဘာနဲ.ဥပမာ ပေးထားသလဲ ဆိုတော့---နွားခြံထဲကို နွားတွေ မောင်းသွင်းတဲ့ အခါ အားကောင်းမောင်းသန်တဲ့ နွားတွေက နေရာကောင်း လိုချင်လို. ခြံထဲကို အရင်ရောက်အောင် တိုးဝှေ.ပြီးတော့  ပြေးဝင်ကြတော့ အားနည်းတဲ့နွားတွေ၊ နွားအိုကြီးတွေ ပိန်ခြောက်နေတဲ့ နွားတွေက မတိုးနိုင် မဝှေ.နိုင်တဲ့အတွက်ကြောင့် နွားခြံထဲကို နောက်မှဝင်ရတယ်။ အဲဒီ ပိန်ခြောက်နေတဲ့ နွားတွေ အားနည်းနေတဲ့ နွားတွေက ရွှံ.ဗွက် ထဲမှာ နွားခြံ ရဲ. အပေါက်ဝနားမှာ ကပ်  ပြီးတော့ အိပ်ရတယ်။ မနက်မိုးလင်းလို. ခြံတံခါးဖွင့်တဲ့ အခါကျတော့ နွားပျို နွားသန်တွေက အရင်ထွက်လို.မရဘူး။  အပေါ...
မီးကွင်းဒေါင်း (သို့) သိဒ္ဓိပြီး ဒေါင်းရုပ် ၏ ထူးဆန်းဖွယ် သမိုင်း
Image
နံနက်ခင်း ဝေလီဝေလင်း အချိန်မှာ လောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီး ပဲလေ့ ဟိုတယ်ခေါင်မိုး တစ်ခုပေါ်ရပ်နားနေတဲ့ဒေါင်းရုပ်လေးကို အားလုံးပဲ မြင်ကြမှာပါ ။ အဲဒါနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြလို့ သမိုင်းလှန်ပြီး အဖြစ်မှန်ပြောပြချင်ပါတယ် ။ အဲဒီဒေါင်းရုပ် က ခင်များတို့ပြောသလို Nld ပါတီဝင် မထားပါဘူး ။ သီးခြား ရပ်တည်နေတဲ့ ကဝေဒေါင်း တစ်ခုပါ သာမန်အရုပ်ဒေါင်းလို့ ထင်ရင် မှားပါတယ် ။  အဲဒါ အစီအရင်တွေနဲ့ သိဒ္ဓိတင်ထားတဲ့ ကဝေဒေါင်းဖြစ်ပါတယ် ….. ရှေးလူကြီးတွေ ပြောစကားအရ အဲဒီ ဒေါင်းရုပ်ကို ၁၈၈၇ ခုနစ်ခုလောက်က ရတနာပုံ နန်းတွင်းက အမတ် ကြီး ဦးကောက် ဆိုသူမှ ခရီးသွားရင်း ပုသိမ်ကြီးမြို့နယ် နားက တောအုပ် တစ်ခုမှာ တွေ့ခဲ့တဲ့ ကညင်ပင်  နှင့်ကျွန်းပင် နှစ်ပင်တစ်ပင် စပ်ယှက်ပြီး ပေါက်နေတဲ့ သစ်ပင်ကနေ ဖြစ်လာတဲ့ ကုန်းဘောင်ခေတ်နှောင်း ပိုင်း ရတနာပုံခေတ် လက်ရာပါ ။ အဲဒီ ဒေါင်းရုပ်ကို နန်းတွင်း လက်သမားဆရာကြီး မြို့သာ အပိုင်စား ဦးဖိုးကွန်း ဆိုသူမှ ၇ ရက် ၇ နှစ်လီ  အကြမ်း ထွင်းထုခဲ့ရပါတယ် ။ အဲဒီဒေါင်းရုပ်ကို စတင် ထွင်းထုတဲ့ အချိန်က စလို့ ဦးဖိုးကွန်း က အသား မစားပဲ သက်သတ်လွတ် စားရပါတယ် ။ ဥပုသ် စောင...
ခြေဖနောင့် ကွဲလို့ စိတ်မညစ်ပါနဲ့
Image
မကြာခင် တစ်မိုးကုန်လို့ တစ်ဆောင်း ၀င်လာ ပါတော့ မယ် ။ ခန္ဓာကိုယ်တွင်း အပူဓာတ် များသူတွေ နဲ့ ၊ နေ့ လည်ဘက် နေပူပူထဲ လမ်း လျှောက် အထွက်များ သူတွေ အဖို့ ဆောင်းရာသီ ရောက်တဲ့အခါ အပူကန် ထွက်လေ့ရှိကြပြီး ခြေဖနောင့် အရေပြားများ ကွဲအက် လာ ပါတော့တယ်။  အချို့ သူတွေ မှာ သိပ်ဆိုးဆိုး ရွားရွားကြီး မဟုတ် အမြင်ဆိုး ရုံလောက်သာ ကွဲအက် ကြသော်လည်း၊ အချို့ ကတော့ ကွဲထွက်နေသော အရေပြား အစ အနတွေက တစ်ဆင့် အ၀တ်အထည်နဲ့  ပွတ်တိုက်၍ အသား  စလန် သွေးထွက်ကာ မေးခိုင်ပိုး အန္တရာယ်ဖြစ်စေ လာနိုင်ပါတယ်။ အပယိက ခြေဖနောင့် ကွဲအက်ခြင်း အတွက် ရေချိုးတဲ့အခါ ဖနောင့် အချင်းချင်း ခပ်ကြမ်းကြမ်းပွတ် တိုက် ၍သော် လည်းကောင်း၊ ရေချိုးခန်း တမံသတင်း (သို့ မဟုတ်) ရေချိုးခန်းသုံး ကျောက်ခဲ တုံးလေးဖြင့် ပွတ်တိုက်၍ သော်လည်း ကောင်း ဤသို့ ပြုပေးခြင်းဖြင့် အရေ ပြားချောမွေ့ သွားစေပါတယ်။ အကယ်၍ ကြီး  ကြီးမားမား ကွဲအက်သူများအဖို့ အရေပြားစလေးတွေကို လက်သည်း ညှပ်လေးနဲ့  ညှပ်ထုတ်ပေးပြီး အောက် ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်း ကုထုံး (၈) မျိုးထဲမှ မိမိအတွက် အဆင်ပြေရာကို သုံး၍ ကုစားနိုင်ပါ တယ်။ (၁) သံပုရာရည်-ဆား-အလှဆီ-နှင်းဆီရည် တို့ ဖြ...
သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ် ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း
Image
လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ နည်းများစွာ တွင် လူတစ်ဦး တစ်ယောက် ၏ မွေး နေ့ မွေးရက် မွေးသက္ကရာဇ် များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။ အခုပြောမှာ ကတော့ မိမိ နေအိမ် ၏ မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့်အောင် လာဘ် လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။ အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူးတွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏ လုပ် ငန်းဆောင်တာ များ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း ဖြတ် သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿ နာတွေ အဆင် မပြေမှု့တွေ အတိုက် အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။ မိမိတို့ နေအိမ် သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေ ပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေ က မွေးနေ့ မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာ မလိုပါဘူး။ မိမိ နေအိမ် က ဘယ်ဘက် ကို မျက် နှာ မူသလဲ။ အဲဒီ မျက်နှာ မူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။ အရှေ့ အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ တွင် နေထိုင်သူများ လာ...
ကြားသာ ကြားဖူးပြီး မမြင်ဖူးတဲ့ ဓါးပီး ဒုတ်ပီး သေနတ်ပီး ၀က်စွယ် ကွင်းပိတ်
Image
ဝက်စွယ် ဝါးဆစ်ပိတ် ကဲသို့ ဖြစ်နေတာကို ဝက်စွယ်ပိတ် လို့ခေါ်ပါတယ်။ မိတ်လိုက်လိုစိတ် ဖြစ်နေတဲ့ အခါရတဲ့အစွယ် ကို ပီယ အပွင့်အလန်း ဘက်မှာ စီရင်ကြပါတယ်။ တိုက်ခိုက်လိုစိတ်ဖြစ်နေတဲ့အခါ ရရှိတဲ့ အစွယ်ကို အတိုက်အခိုက် အကာကွယ်စသဖြင့် စီရင်ကြပါတယ်။ မိမိ စီရင်တဲ့ အန္တရာယ်ကင်း ဆိုပါစို့ မိတ်လိုက်လိုတဲ့အခါရတဲ့ အစွယ်ဖြစ်နေရင်လည်း အန္တရာယ်တွေ ဖိတ်ခေါ်လိုက်သလိုပါပဲ။  ဒေါထနေတဲ့အခါ ရတဲ့အစွယ် အပွင့်အလန်းဘက် သုးံပါရင်လည်း ဆိုးကျိုးဖြစ်စေပါတယ်။ စာရေးသူငယ်စဉ်က အနက်ရောင် အညိုရောင်နယ်မြေတွေသွားလာနေထိုင်ထူးပါတယ်။ မီးမကူး ကျည်မထွက် ဒါးခုတ် မရ လွန်စွာ အစွမ်းထက်တဲ့ ဝက်စွယ် ဆောင်ယူထားသူ အတော်များများ တွေ့ဘူးပါတယ်။ နောက်တစ်ခါ အပွင့်အလန်း အဖြစ် ဆောင်ယူထားသူ များလည်း တွေ့ဘူးပါတယ်။ အပွင့် အလန်း ဘေး ကင်း စသဖြင့် ဆောင်ယူသူတွေမှာ လိုရာ အကျိုးဖြစ်ထွန်းအောင်သူ ရှိသလို အပွင့်က အပိတ်ဖြစ်ပြီး အပိတ်က ပိုပိတ်တာ စီးပွားပျက်တာ စသဖြင့် ဆိုးကျိုးဖြစ်တာတွေလည်း ရှိပါတယ်။  ရှေး ရှမ်းဆရာကြီးဆီက မှတ်သားဘူးတဲ့ အစွယ် စီရင်ပုံမှာ စိတ်ဝင်စားစရာ အလွန် ကောင်းလှပါတယ်။ လဆန်းပိုင်း လဆုပ်ပိုင်း မည်သို့ စီရင်ပါ စသဖြင့် မှတ်သားရပါတယ...
သီတင်းကျွတ် နှင့် ပဝါရဏာ ပွဲ
Image
ရှေး အခေါ် ‘ သန်တူလ ’ ၊ ယခု အခေါ် ‘ သီတင်းကျွတ်လ ’ တွင် ဘာသာရေးနှင့် နှီးနွှယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။  ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ‘ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ရပ်’ အနေဖြင့် တည်ရှိနေပေတော့သည်။ တာဝတိံသာပွဲ ခေါ် မီးမြင့်မိုရ်ပွဲ ဤ သီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တစ်ဝါတွင်းလုံး ကြွရောက်၍ အဘိဓမ္မာ တရားတော် ချီးမြှင့်ရာမှ ‘သင်္ကဿမြို့တော်’ သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော် မူလာချိန်မှာ  သီတင်းကျွတ် လပြည့်ည မှောင်ရီပျိုးစ အချိန် ဖြစ်သည်။  မြို့သူမြို့သားတို့သည် ဆီမီး ထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲ ဝမ်းသာ ကြိုဆို ဦးညွတ်ခဲ့ကြ သည်။ ဗုဒ္ဓမြတ်စွာသည် ဝဲယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေဝတာများ ခြံရံလျက် အလယ်  ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော် မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည် မှန်း၍ ‘တာဝတိံသာပွဲ’ ခေါ် ‘မီးမြင့်မိုရ်ပွဲ’ ကို ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့ တစ်ခမ်း တစ်နား ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်သည်။ အဘိဓမ္မာ အခါတော် သဘင် ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿီတ နတ...
သင့် လက်မ က ပြောတဲ့ ကိုယ်ရည် ကိုယ်သွေး
Image
လူတစ်ယောက်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကနေ အဲ့ဒီလူ ဘယ်လို လူစားမျိုးလဲ ဆိုတာ ပြောပြပေးနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ ဒီတစ်ခါတော့ လက်မကို ကြည့်ပြီး အဲ့ဒီလူ ဘယ်လို စိတ်နေစိတ်ထား၊ ကိုယ်ရည် ကိုယ်သွေး ရှိမယ်ဆိုတာ ပြောပြပေးနိုင်တဲ့ အကြောင်းလေး ဖတ်ကြည့်လိုက်ပါဦး။ ဖြောင့်တန်းနေတဲ့ လက်မ လက်မထောင်လိုက်တဲ့ အခါမှာ ဖြောင့်တန်းနေပြီး နောက်ကို ကွေးညွတ်နေခြင်းမရှိတဲ့ လက်မ ပိုင်ရှင်ဖြစ် မယ် ဆိုရင် သင်ဟာ အရာရာကို အရမ်းအလေးအနက် ထားတတ်တဲ့သူ တစ်ဦးဖြစ်ပါတယ်။  စိတ်ဓာတ် မာကြောပြီး ခံစားလွယ်တဲ့သူ တစ်ဦး မဟုတ်ပါဘူး။ သင့်ရဲ့ စိတ်လှုပ်ရှားမှုကို ပြလေ့ မရှိတဲ့ သူ တစ်ဦးဖြစ်ပေမဲ့ စိတ်ဓာတ်ကျတတ်သူ တစ်ဦးတော့ မဟုတ်ပါဘူး။
သီတင်းကျွတ် လပြည့် . အဘိဓမ္မာ အခါတော်နေ့
Image
မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရား စစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တစ်ချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။ အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်  မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တစ်ထိုင် တည်း တနေရာ တည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စံပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။  ရှင...
ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော သျှင်ဥက္ကဋ္ဌ ဖြစ်ထွေ
Image
ဦးမင်းအောင်၊ အိုးဝေဂျာနယ် အမှတ် ( ၆၃ ) ၊ ၁၅ . ၇ . ၁၉၇၁ ။ အကျိုးသည် အကြောင်းက ဖြစ်ပေါ်လာရ၏ ။ မည်သည့် အမှုကိစ္စ ၊ မည်သည့် အရာ ဝတ္ထုမျိုး မဆို အကြောင်း မရှိဘဲ ဖြစ်ပေါ်မလာနိုင် ။ ဤသည်မှာ နိယာမ တရားဖြစ်ပေ၏ ။ ထို နိယာမ တရားတိုင်းပင် ကျွန်တော်တို့သည် တောင်တွင်း ဆရာတော် သျှင်ဥက္ကဋ္ဌ ၏ အဖြစ်ကို ဆင်ခြင်ကြည့်မိ၏ ။  ဆရာတော်သည် “ လူသေလူဖြစ် ” စာအုပ်ကိုရေးခဲ့၏ ။ ဤသို့လူသေ လူဖြစ် စာအုပ် ကိုရေးခြင်းသည် အကြောင်း တရားပင် ဖြစ်လေ၏။ ဤ အကြောင်း တရားကြောင့်ပင် ဆရာတော်မှာ အကျဉ်းထောင်တွင် လည်း ကျောင်း အမှတ်ဖြင့် သီတင်း သုံးခဲ့ရလေပြီ ။ တရားရုံးမှ ပင့်ဘိတ်ခြင်းများကိုလည်း ခံခဲ့ရလေပြီ ။ ပြီးတော့ ဟိုမှ သည် မှ ဂ ယက်လှိုင်းထ , သလို ပကာသနိယ ကံဖြင့် ချီးမြှောက်ကြခြင်းကိုလည်း ခံခဲ့ရလေပြီ ။ ကန်တော့ဆွမ်းနှင့် ခဲမိုး ထို့အပြင် ယခုတိုင်လည်း အချို့ဒေသများက ဆရာတော်ကြွလာမည် ဆိုလျှင် အင်တိုက် အားတိုက် ကြိုတင် ၍ ကန်တော့ ဆွမ်းလောင်းကြသည်။ ဆရာတော်၏ တရားပွဲများ ကိုလည်း အချို့ဒေသမှ အရှင်သူမြတ်တို့ က ကြီးစွာသော မေတ္တာ အာနုဘော်တို့ဖြင့် ခဲမိုးဖြိုင်ဖြိုင် သွန်းကြသည်။ ဤသည် တို့မှာ လူသေလူဖြစ် ၏ အကျိုးတရား များပေတည်း။ ရေးရသည့် ...
ခေတ်သစ် အနာထပိဏ် ဟု ဆိုရလောက်တဲ့ ရန်ကုန်မြို့မှ ထူးခြားလှသည့် အလှူရှင်
Image
မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့
Image
မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။ ၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့် သက်သာ  ကြည့် နိုင်သော နေရာ ဖြစ်ရမည်ဖြစ်ပြီး နေ့လည့်ခင်း နေပူအောက်ကြည့်ရှု့ခြင်း ရှောင်ပါ ။ အပူဒါဏ် ပြင်း ထန်လွန်း သဖြင့် ကားကြည့်ရှုသော အခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တတ်ပါတယ်။ အပူဒါဏ် သက်သာအောင် ဆိုပြီး ညနေဘက် နဲ့ မိုးချူပ် ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ..။ ၂။ ကားကိုတွေ့တာနဲ့ ကားထိုင်ခုံ ခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိ အကျ ရေးထားပါတယ် ။ ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ကြည့်တာနဲ့ တွေ့ရပါမယ် ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါလို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ် ကြရမှာဖြစ်လို့ ... ကျန်တာတွေ ခဏ မေ့လိုက်ပါ ။ ၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ ။ စက်သံသည် ဆူညံ ကျယ်လောင် တာမ...
Grab က သုံးနှစ်အတွင်း မြန်မာနိုင်ငံ၌ ဒေါ်လာ သန်း ၁၀၀ သုံးစွဲမည်ဟုဆို
Image
ခရီးသည်များကို ၀န်ဆောင်မှုပေးနေသော Grab အငှားယာဉ် တစ်စီး (straitstimes.com) အက်ပလီကေးရှင်းဖြင့် အငှားကား ဝန်ဆောင်မှု လုပ်ငန်း ကို အကောင်အထည်ဖော်ဆောင် ရွက်နေသည့် Grab ကုမ္ပဏီက သုံး နှစ် အတွင်း မြန်မာနိုင်ငံတွင် ကန် ဒေါ်လာ သန်းတစ်ရာ အသုံးပြု မည်ဟု ကြေညာသည်။ ရင်းနှီးမြှုပ်နှံမည့် ငွေကြေး များကို မြန်မာနိုင်ငံ အတွင်းရှိ အခြားသော မြို့ကြီးများသို့ ဝန် ဆောင်မှု ချဲ့ထွင်ခြင်း၊ GrabPay မှ တစ်ဆင့် အခြား ဝန်ဆောင်မှု စနစ် များနှင့် ချိတ်ဆက်ခြင်းနှင့် နိုင်ငံအ တွင်း ဝန်ထမ်းနှစ်ရာခန့်ရှိသည့် ကုမ္ပဏီ အဖွဲ့အစည်းကို တည် ထောင်ခြင်းတို့တွင် အသုံးပြုမည် ဖြစ်သည်။ ငွေသားဖြင့် မဟုတ်ဘဲ အက် ပလီကေးရှင်း အတွင်း ဖြည့်သွင်းထားသည့် ငွေကြေးဖြင့် ဒစ်ဂျစ် တယ် စနစ်ကို အသုံးပြုကာ တက္ကစီ ငှားရမ်းခ ကို ပေးချေနိုင်မည့် GrabPay ကို အကောင် အထည် ဖော်ဆောင်ရွက်နေသော်လည်း ပြိုင်ဘက် တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီ Oway က အဆိုပါဝန် ဆောင်မှုကို မြန်မာနိုင်ငံ အ တွင်း ဦးစွာ မိတ်ဆက်ခဲ့သည်။ လက်ရှိတွင် အက်ပလီကေး ရှင်းဖြင့် အငှားယာဉ် ခေါ်ဆိုနိုင် သည့် ဝန်ဆောင်မှုကို မြန်မာနိုင်ငံ အတွင်း  ကုမ္ပဏီလေးခုက အပြိုင် လုပ်ဆောင်နေ...
မြန်မာ့ဘောလုံး အတွက် ခေတ် အဆက်ဆက် တာဝန် ကျေလွန်းမက ကျေခဲ့သော (၁၂) ယောက်မြောက် ကစားသမားများ
Image
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း ရဲ့ ကမ္ဘာ့ အဆင့် သတ်မှတ်ချက်က (၁၅ဝ) ကျော် ။ ဒါပေမယ့် ကျွန်တော် ပြောရဲတယ်.. ပရိတ်သတ် အားပေးမှုကိုသာ ဖီဖာ က အဆင့် သတ်မှတ်ပေးရင် မြန်မာ ပရိတ်သတ်တွေဟာ အမြဲတမ်း ကမ္ဘာ့ အဆင့် (၃) အတွင်းက ထွက်မှာ မဟုတ်ပါဘူး။ မြန်မာ ပရိတ်သတ်တွေဟာ ကမ္ဘာပေါ်မှာ ဆုံးဖြတ်ချက် မခိုင်မာဆုံး ပရိတ်သတ်တွေပါ ။ မြန်မာ အသင်းရဲ့ ပြိုင် ပွဲ တစ်ခုပြီးတိုင်း စိတ်ပျက် အားလျော့စွာနဲ့ နောက်ဘယ်တော့မှ မြန်မာပွဲကို မကြည့်တော့ဘူးလို့ ပြောလေ့ ရှိပါတယ်။ ဒါပေမယ့်.. နောက်ထပ် မြန်မာပွဲတွေ လာတိုင်း TV ရှေ့မှာ အသံ ကုန်အော် ၊ ဘောလုံးကွင်းထဲ ကွင်းလျှံအောင် အားပေးလေ့ ရှိတာလဲ သူတို့ပါပဲ။ ဦး ဗဟာဒူး-ဦး တင်အောင်တို့ ရဲ့ ရွှေခေတ် ကနေ ဦး သန်းတိုးအောင်-ဦး မျိုးလှိုင်ဝင်း တို့ရဲ့ ငွေခတ် အထိ ၊ နေသူလှိုင်-ဝင်းထိုက် တို့ ခေတ်ကနေ ကျော်ကိုကို - ရန်ပိုင်တို့ ခေတ် အထိ၊ အခု နောက်ဆုံး အောင်သူ - သန်းပိုင် တို့ ခေတ်အထိ ဘယ်ခေတ်ပဲ ရောက်ရောက် ဒီ (၁၂)ယောက်မြောက် ကစားသမားတွေဟာ မြန်မာ့ဘောလုံးအပေါ် အမြဲတမ်း တာဝန်ကျေခဲ့ပါတယ်။ ဆန်အိုးထဲမှာ ဆန် မရှိရင်နေမယ်၊ ဘောလုံးပွဲ ရှိတိုင်း သုဝဏ္ဏကွင်းဆီ ချီတက်၊ အောင်ဆန်းကွင်းဆီ ကြားကားတွေန...
သာကီဝင် မြန်မာ
Image
ဗုဒ္ဓ ဘုရားရှင်ကို  ကုလား လို့ပြောနေကြသူများအတွက်  ....  သူတို့ဟာ ကပိလဝတ်၊ ဒေဝဒဟ၊ ကောလိယ စတဲ့ သကာကီဝင်တွေရဲ့ သက္က တိုင်းဟာ မျက်မှောက်ခေတ် အိန္ဒိယနိုင်ငံတွင်း မဟုတ်ပဲ နီပေါနိုင်ငံမှာ ဆိုတာတောင် မသိပဲ ပြောဆိုနေကြတယ်။ သာကီဝင် မင်းသားက ဘုရားဖြစ်လာတဲ့ ဗုဒ္ဓ နဲ့ သာကီဝင်တွေရဲ့ သမိုင်းကြောင်းကို သေခြာ မဖတ်ဘူးတော့ သူများပြောတာ ဟုတ်လိ မ့်နိုးနိုး ဖြစ်ကုန်ကြတာပေါ့။ (အဲဒီလို ဘူမသိ ကိုးမသိ သူများပြောတာ ဟုတ်လိမ့်နိုး ထင်နေရင် သူများ လိမ်ညာတာ ခံရနိုင်ပါတယ် ။) ဗုဒ္ဓနှင့် သူ့ ဆွေတော်မျိုးတော် သက္က ဆိုတဲ့ သာကီဝင် တွေရဲ့ သမိုင်းကတော့ . . . ၁။ သာကီဝင်တွေ ဖြစ်လာမယ့် ဥက္ကာကရာဇ် မင်းကြီးရဲ့ သားတော်လေးပါး၊ သမီးတော် ငါးပါး နဲ့ နောက် လိုက်နောက်ပါ များဟာ မဇ္ဈိမဒေသသားများ မဟုတ် (ယနေ့ နီပေါနိုင်ငံနဲ့ အိန္ဒိယ နယ်စပ်ဒေသ က ဒေသခံတွေမဟုတ်ပဲ) အလွန်ရှေးကျတဲ့ ကာလက အလွန်ဝေးကွာတဲ့ ဒေသမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများ ဖြစ် တယ်။ ၂။ အဲ့ဒီလို စတင် ရွှေ့ပြောင်းလာချိန်မှာ ကပိလ ရသေ့ကြီးက သူ့မြေနေရာကို မြို့တည်ဖို့ ပေးတဲ့ အတွက် ကပ္ပိလဝတ္ထု၊ ကပ္ပိလဝတ် လို့ ခေါ်တာ ဖြစ်တယ်။ ၃။ သကျ သာကီဝင်တွေ ဘယ်အရပ်က လာတာလဲလို့ ...
၉/၁၁ လိမ်လည်မှုကြီိး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန်များ
Image
WTC World Trade Center Tower ကို လေယာဉ် နဲ့ ၀င်တိုက်ခိုက်တဲ့ အထဲမှာ  အိုစမာဘင်လာဒင် တို့  အဖွဲ့ မပါခဲ့ကြောင်း  (ကမ္ဘာ့ ဖြစ်ရပ်မှန် ရှင်းလင်းချက်များ) ( ၉/၁၁ လိမ်လည်မြှု ကီိး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန်များ ) ကမ္ဘာ့ အကြမ်းဖက် အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့်နေကြတဲ့ အနောက်နိုင်ငံက လေ့လာ စူးစမ်းသူတွေဟာ ကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့ အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီလုပ်ရပ်ဟာ အိုစာမာ ဘင်လာဒင် နဲ့ အလ်ကိုင်ဒါ တို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ ဇီယွန်ဝါဒီ (ဂျူး-အစ္စရေးလ်) တွေ ချုပ်ကိုင်ထားတဲ့ မီဒီယာလောက ဟာ ဒီလို ဆန်းစစ်တွေ့ရှိတဲ့ အချက်တွေကို မျက်ကွယ်ပြုခဲ့တဲ့ အပြင် ဖုံးကွယ် ဖာထေးပြီး အလိမ် အညာ လုပ်ဇာတ်တွေ ကိုသာ ဖန်တီး ၀ါဒဖြန့် ခဲ့ပါတယ်။ အရှင်းဆုံး တွေ့ရှိချက် တစ်ခုကတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု အတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ အိုစာမာဘင်လာဒင် နဲ့ အလ်ကိုင်ဒါ မှာ မရှိဘူးဆိုတဲ့ အချက်ပါပဲ။ အိုစာမာဘင်လာဒင် ကိုယ်တိုင်ကလည်း အလ်ဂျာဇီးရား ရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယို တိပ်ခွေမှာ...
365myanmar.com - Myanmar Online Shopping Mall