Posts

အာနာပါန ကျင့်စဉ် လမ်းညွှန်နိဒါန်း

Image
အာနာပါနကို အားထုတ်ရာ၌ အရေးတစ်ကြီး လိုက်နာရမည့် စည်းကမ်းချက်များကို သိထားဖို့လိုသည် ။ ၁။ အရှည် ၂။ အတို ၃။ အစ-အလယ်-အဆုံး = အကုန်လုံး ၄။ ငြိမ်းအောင်ကျင့်ခြင်း = သိမ်မွေ့အောင်,  ငြိမ်းအောင် = ချုပ်အောင် ကျင့်ခြင်း ဤသို့ အဆင့် (၄) ဆင့်ရှိရာ ၀င်လေ-ထွက်လေ အာရုံ၌ ဘာဝနာ စိတ်ကို ငြိမ် ၀ပ်စွာ ကပ်တည်နေအောင် ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်   နှုတ်ခမ်း တစ်နေရာမှ စောင့်၍ လေ ဟူသည့် = (၀င်လေ - ထွက်လေ ဟူ  သည့်) ပညတ် အာရုံအတုံးအခဲ ၌ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ တည်နေ  အောင် စိုက်ရှုနိုင်သောအခါ --- ၁။ အသက်ရှူနှေး၍ (ရှည်နေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ။ ၂။ အသက်ရှူမြန်၍ (တိုနေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်  ထင် ရှားရှား သိအောင် ၀င်လေ-ထွက်လေကို ဆက်၍ ရှုရ၏။ ၃။ ထိုသို့ရှုရာ၌ အသက်ရှူနှေးအောင် သို့မဟုတ် အသက်ရှူမြန်အောင်, တစ်နည်း - ရှည်အောင်, တိုအောင် သက်သက် မပြု ပြင်ဘဲ သဘာဝအတိုင်း ပုံမှန်သာ အသက်ရှူနေပါ။ ၄။ ထိုသို့ရှုရာ၌ - ဆိုလိုရင်း --- ၀င်သက်လေ-ထွက်သက်လေ ထိမှုထင်ရှား ရာ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်း အရပ်ကသာ စောင့်၍ ၀င်လေ-...

ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ

Image
'' အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို  ဝင်ရင် ဘုန်းနိမ့်ပါသလား ဘုရား" ''နိမ့်တယ် ထင်ရင် နိမ့်ပါတယ် ၊  မနိမ့်ဘူး ထင်ရင် မနိမ့်ပါဘူး '' ။ ဘာကြောင့်လဲ ဆိုတော့ ထဘီကြောင့်  နိမ့်တာမဟုတ်ဘဲ ''ထင်'' ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ် လို့ ထင်တာပါ... ။ ပိတ်စ တစ်ခုပဲဖြစ်တဲ့ ထဘီ လို  နူးညံ့တဲ့ ပိတ်စတစ်ခုဟာ သင့်ကို  ဘယ်လို များ ဒုက္ခရောက်စေမလဲ။  ဘုန်းနိမ့်တယ် ဆိုတာက  သင် ထင်သလို မဟုတ်ပြန်ဘူး။ ''ဘုန်းနိမ့်ပြီဟဲ့''ဆိုတဲ့  သင့်ရဲ့ ခံစားချက်ဟာ  negative feeling ဘက်ကို ရောက်သွားတယ်။ စိတ်အလိုမကျဖြစ်စေတယ်...  စိတ်ကိုနောက်ကျိစေတယ် ၊  အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ  အရည်အသွေး ကျဆင်းခြင်း ၊  စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ'' ''ဒါဆို အရှင်ဘုရားအနေနဲ့  ဝင်ခဲ့မိရင်ရော နိမ့်မှာလား'' ''အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်  ဝင်ဖို့တော့ စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့  ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့   မယူဆပါဘူး။  ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့  သီလ သမာဓိ ပညာ ဟာ  ဒီ ထဘီ တန်းကြောင့် ကျဆင်းစရာ မရှိပါဘူး...

ဇမ္ဗူ့သပြေပင်

Image
ဇမ္ဗူ့သပြေပင်သည်  ဇမ္ဗူဒိပ် ကျွန်းဦးတွင်  ပေါက်သော ကမ္ဘာဦး  သစ်ပင်ကြီး  ဖြစ်သည်။ တစ်ကမ္ဘာပတ်လုံး တည်နေနိုင်သည့်  သစ်ပင်ကြီး ခုနစ်ပင်တွင်  ပါဝင်သော  သစ်ပင်ကြီး ဖြစ်သည်ဟု  အင်္ဂုတ္တိုရ် အဋ္ဌကထာ၊  သာရတ္ထသင်္ဂဟ အဋ္ဌကထာ တို့တွင်လာသည်။ ထို ကျမ်းဂန်လာ စကားအရ  ဇမ္ဗူ့သပြေပင် ၏ အမြင့် အစောက်မှာ  ယူဇနာ ၁ဝဝ၊ ပင်စည် လုံးပတ်  ယူဇနာ ၃ဝ ရှိ သည်ဟူ၏။ ခက်မ ငါးဖြာ ရှိ၍၊  အကိုင်းအခက် ငယ်ပေါင်းမှာ  ရှစ်သောင်းရှိသည်။ အလွန် ထူထပ်သော အရွက်၊  စိပ်သော အရွက် ရှိသည်ဖြစ်၍၊  မိုးပေါက်  ဆီးနှင်းပေါက် တို့သည်  အတွင်းမဖောက် နိုင်ချေ  ဟူ၍ လည်းဆိုသည်။ ဇမ္ဗူ့သပြေပင် ၏ အသီးတို့သည်  လူတို့တီးသော မရိုးစည်မျှ  လောက်ရှိ ကုန်၏။ ပတ္တမြားညို အဆင်းရှိ၍  ပျားလပို့ အရသာ ကဲ့သို့ လွန်စွာချိုမြိန်  ကောင်းမြတ်သော အရသာ ရှိကုန်သည်။ ထိုအသီးတို့ကို ဆင်ပမာဏ ရှိသော  ငှက်ကြီးတို့သည် ဆွတ်ယူ  သုံးဆောင် ကုန်၏။ တန်ခိုးကြီးသော  ရသေ့ ရဟန်း တို့သည်၎င်း၊  ဇော်ဂျီ တပသီ တို့သည်၎င်း ဆွတ်ယူ သုံးဆောင်ကုန်၏။ အရှေ့မျက်နှာ၊...

ဇမ္ဗူရာဇ် ရွှေ

Image
ဇမ္ဗူရာဇ်ရွှေသည်  ဇမ္ဗူ့သပြေသီးမှ ဖြစ်သော  ရွှေဖြစ်သည် ဟု ကျမ်းဂန် တို့  တွင်ဆို၏ ။  ယင်းကို ဇမ္ဗူနဒရွှေ ဟု ပြသည်။ လူတို့ သုံးဆောင်ကြသော  ရွှေမှာ အဘိဓာန်ဋီကာ၊  အင်္ဂုတ္တိုရ် စသည့်ကျမ်းတို့ အလိုအားဖြင့် အမျိုးမျိုး အပြားပြား ရှိကြရာ၊  ဇမ္ဗူရာဇ်ရွှေသည် အကောင်းဆုံး ရွှေ တစ်မျိုးဖြစ်၏။ ဤသည်ကို ရည်လျက်၊ ဦးတိုးက  ရာမရကန်တွင်  'ရွှေနာရနီ၊  သိင်္ဂီနိက္ခ၊ ဟေမစာရု၊ ဝေလုရိယာ၊ နာလာမုတ္တာ၊ အဉ္စနာနှင့် နာရကာ၊ နာရဝေါ၊ သီးသန့်၍ပြောလွန်းလျှင်၊ ကြောမစင်းတန်၊ ကြောစင်းပြန်မည်ကြောင့်၊ ဝေဖန်ခြားနား၊ ခေါင်းစဉ်လို့သွား ရော့မည်။ နဂါးရင်းမြစ်၊ မြေကဖြစ်နှင့်၊ ရွှေနှစ်ဇော်ဂျီ၊ နင်းခွက် ကျစီခဲ့သည်။ လောဟီတွင်းစံ၊ နီဖလံကို၊ ဟန်တမ်းခွန်ထူ၊ ပြိုင်ရည်တူသော်လည်း၊ ရွှေဇမ္ဗူရာဇ်၊ ပင်ကြီးဖြစ်ကို၊ ဦးသစ် ရောင်မှိုင်း၊ ရွှေမြင်တိုင်းတို့၊ မင်းတိုင်မှာ ဆုံရမည်ဖြစ်သည်'  ဟူ၍ ဇမ္ဗူရာဇ်ရွှေကို ချီးကျူး ဖွဲ့ဆိုထားသည်။ သာရတ္ထသင်္ဂဟကျမ်း၊  မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသအဋ္ဌ ကထာ၊  တိကနိပါတ်၊ အင်္ဂုတ္တရဋီကာကြီးနှင့်  အဘိဓာန်တို့ အလို အရ  ဇမ္ဗူဒီပါတောင်ကျွန်းဦးတွင်သာ  ပေါက်ေ...

အိမ်​ နှင့် လောကီပညာ

Image
အိမ်​တစ်​အိမ်​ ​ဆောက်​ရင်​ ... အဓိက ၃ ချက်​ ရှိတယ်​ ။ အိမ်​ ပနက်​ အိမ်​ ဦးရင်​တိုင်​ ​လှေကား အဲ့ဒါ အဓိက ဘဲ။ မ​ဆောက်​​ကောင်း​သော အိမ်​ အိမ်​ပျံ အိမ်​ရင်​ကွဲ အိမ်​ပလ္လင်​ အိမ်​ဖိုခ​နောက်​ အိမ်​နွား အိမ်​ပတ္တလား ​ကျောင်းနှင့်​ တူ​သောအိမ်​ မ​ဆောက်​​ကောင်းပါ ။ ရင်​ကွဲ အိမ်​ (ကွဲ...​သေ) ဝါး​ခေါင်းထိုးဆက်​​သောအိမ်​ (ရန်​ဖြစ်​) သစ်​ဆက်​ဝါးဆက်​ ဆက်​​သောအိမ်​ (ရန်​ဖြစ်​) အဲ့ဒီ အိမ်​​တွေမှာ ထုပ်​​ယောက်​ မိုက်​ဖွဲ့ပြီး ၃ နဲ့ စားလို့ ပြတ်ရင်​ ၃ လ အတွင်း လူ​သေဖို့  ၁ ၀၀% ပါ ။ အိမ်​ ပတ္တလား နဲ့ အိမ်​နွား က ဆင်းရဲရုံဘဲ ရှိတယ်​ လူမခိုက်​ပါ ။ အိမ်​မှာ သစ်​စုံန်းပါရင်​ သစ်​မင်း စိုက်​ထားပါ။ အိမ်​ထက်​ အိမ်​သာ မ​ကောင်း​စေသင့်​ အိမ်​အရင်​ အိမ်​သာ မ​ဆောက်​​ကောင်း ခြံစည်းရိုး မရှိဘဲ အိမ်​မတည်​သင့်​ပါ။ အိမ်​တိုင်​​တွေကို ကြေးပြားမှာ စည်းချ ဂါထာ ​ရေးပြီး အောက်​က ခံရင်​ ကြီးပွားတိုးတက်​​စေပါတယ်​ ။ မီးမခနိုင်​ ဧည့်​သည်​ ​ကောင်းများလာ​စေတတ် ။ လောင်​မီးစက်​ မခ နိုင်​ ။ မိစ္ဆာ များမ​နေနိုင်​ပါ။

မဟာဘုတ် ဗေဒင်ပညာမှ လာရှိသော အိမ်ထောင်ရေး အဟောများ

Image
မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှ လာရှိသော အိမ်ထောင်ရေး အဟောများကို တင်ပြပေး လိုက် ရပါတယ်။ အောက်ပါ အဟောများတွင် ယောင်္ကျားလေးများအတွက် "ကျား"ဟုရေးထားပေးပြီး မိန်းကလေးများ အတွက် " မ " ဟု ရေးပေးထားမှာ ဖြစ်ပါတယ် ။ မိမိတို့ရဲ့ သက်ဆိုင်ရာ အဟောများကို ဖတ်ကြည့်ရုံပါပဲ ။ ကျွန်တော့်အနေနဲ့ တစ်ခုပြောချင်တာကတော့ ယခုဟောချက်များသည် ရေဘူယျဟောချက်များဖြစ်ပါသဖြင့် ဒီအကြွင်း ဇာတာရှင်ကတော့ ဒီလိုတစ်ထစ်ချ ဖြစ်ရမယ်လို့ မဆိုလိုပါ ။ ခိုင်နှုန်းအားဖြင့် လူ ၁၀၀ မှာ ၈၀% ဖြစ်ကြရတတ်တယ် လို့ ဆိုလိုရင်းသာဖြစ်ပါ တယ် ။ ထို့ကြောင့် တစ်သက်တာ အိမ်ထောင်ရေး ကံဇာတာ တွက်ချက်နည်းလေးနဲ့ အဟောတွေကို အောက်တွင် ရှု့စားလိုက်ကြရအောင်ပါ ။  တွက်နည်း မိမိ၏ မြန်မာမွေးခုနှစ်ကို ၇ ဖြင့် စား၍ အကြွင်း ၁ ရသော ယောင်္ကျားလေးဖြစ်ပါက အကြွင်း ၁ (ကျား)ဆိုသော အဟောကို ဖတ်ကြည့်ရုံပါ ။ အကြွင်း ၁ ရသော မိန်းကလေးဆိုပါက အကြွင်း ၁ (မ) ဆိုတဲ့ အဟောကိုဖတ်ရှုလေ့လာနိုင်ပါတယ်။ ထို့နည်းတူ ကျန်သော အကြွင်းများကိုလည်း မိမိ ၏ ကျရောက်လာသော သက်ဆိုင်ရာ အကြွင်းများ အတိုင်းလေ့လာနိုင်ပါသည်။ ထို့ကြောင့် အောက်တွင် သက်ဆိုင်ရာ အဟောများကို စတင်၍ လေ...

မြန်မာတွေ ဘာကြောင့် ဆိုင်ပြုတ်သလဲ .. ?

Image
လူမျိုးခြား ဘာသာခြားတွေ ဆိုင်လုပ်ငန်း  လုပ်ကြတယ်။ လေး ငါးနှစ်ကြာတဲ့အခါ… ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်တယ်။ လုပ်ငန်း အထိုင်ကျလို့ ဆယ့်ငါးနှစ်လောက်ကြာရင်  ဆိုင်ခွဲ အနည်းဆုံး သုံးခုဖြစ်သွားပြီ။ မြန်မာဆိုင် နဲ့ ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင်ဟာ သိပ်မကြာခင် ပြုတ်ပြီး ပြေးရပြီ။ ကျွန်တော်ဟာ… လွန်ခဲ့သော နှစ်သုံးဆယ်လောက်က  အရောင်းအဝယ် ကောင်းတဲ့ ဆိုင်တစ်ဆိုင် မှာ  ပညာသင် အလုပ်သမားအဖြစ် ဝင်လုပ်ရင်း  လေ့လာကြည့်မိတယ်။ ၁။ အလုပ်ချိန်တိကျတယ်။ ဆိုင်ပိတ်ချိန် တစ်ခါ တစ်ရံမှသာ နောက်ကျတယ်။ နယ်အော်ဒါများလို့  ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီး ထုတ်တယ်။ နေ့ကူးရင်  နောက်နေ့အော်ဒါတွေ ထပ်ပြီး ဂျမ့် မဖြစ်စေဖို့ပါ။ ၂။ သူဌေးက အစ အလုပ်သမား အဆုံး  အကုန် အလုပ်လုပ်တယ်။ ဆိုင်မှာသွားပြီး လက်ဖက်ရည်ဆိုင်ထိုင်  အာ မရိုက်ဘူး။ သောက်ချိန်ရောက်ရင်  လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့် နားပြီး သောက်တယ်။ ၃။ သူဌေးအလုပ်က  ဆိုင်ရဲ့ ပစ္စည်းအဝင် အထွက် ပစ္စည်းအားလုံး  ခေါင်းထဲမှာ ရှိတယ်။ ဆိုင်သမားရဲ့အသက်က ပစ္စည်းရှိရမယ်။ စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ် လို့  အမြဲေ...

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

Image
ရာဇ၀င် ထဲက သတို့သမီး သို့မဟုတ် ရွှေစာရံဘုရား ရဲ့ဒါယိကာမ အစ်မတော်စောမွန်လှ ။ မောဘုရင် စ၀်ဖှလုံဟိုမိန်း နှင့် စယ်လန့် မင်းသမီးလေး အကြောင်း ပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှစ်မ နှစ်ယောက် ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်လှ သည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်း သည် အငယ် ဖြစ်သည်။ စောမွန်လှ ကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်း မှာ ရှိသည့် စစ်လက်နက် ပစ္စည်းများ အားလုံး တို့သည် အရောင်ဖြိုးဖြိုး ဖြောက်ဖြောက် များ လင်းလက်ပြီး လုပ် ရှား ခါရမ်း နေခြင်းဖြစ်သည်။ (ထိုသို့ဖြစ်ခြင်းကို သျှမ်း ဘာသာ အရ လတ်လှိုင်း တယ် လို့ခေါ်ဆိုပါသည် ။ ( အဓိပ္ဗါယ် ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်၊ ) ထို့ကြောင့် သမီးတော်လေး အား စ၀်မိန်းလတ် ဟုခေါ် တွင်ခဲ့ရာ အချို့က စ၀်မွန်းလတ် ဟုခေါ် ဆို ခဲ့ကြပါ သည်။ မြန်မာလို ပြန်ဆိုရေးသားရာ မှ စောမွန်လှ ခေါ်ဆိုရေး သား ခဲ့ခြင်းဖြစ်သည်။ (မယ့်ခူး ခေးရှဲန်) AD- 1044-1077 မြန်မာ သက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက် တွင်၊ ပထမ မြန်မာနိုင်ငံ ကို တည်ထောင် သည် ဟု အဆို ရှိသော အနုရုဒ ခေါ် အနော်ရထာမင်း နန်းတက် လေသည်။ ထို အနော်ရထာ မင်းလက်ထက် တွင် လူစွမ်းကောင်း များ ပေါ်...

Piston အကြောင်း

Image
Piston အကြောင်း မဖော်ပြမှီ မီးလောင်ကျွမ်းမှုအကြောင်း ကို အနည်းငယ် ရှင်းပြလိုပါတယ်။ အရာဝတ္တု တခု မီးလောင်ကျွမ်းရန်အတွက် အခြေခံအချက် ၃ချက်လိုအပ်ပါတယ်။ ၄င်းတို့မှာ - ၁။ လောင်စာ ( fuel ) ၂။ လေ ( oxygen ) ၃။ အပူ ( heat ) စတဲ့ အချက်၃ချက်ရှိမှ အရာဝတ္တု တခုဟာ မီးလောင်နိုင်ပါတယ်။ Engine များတွင် Internal Combustion Engine ( အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် ) ၄င်းကို အတိုကောက်အနေနဲ့ ( I . C . E engine ) ဆိုပြီး ထိပ်ဆုံးစာလုံးများကို အတိုကောက် ရည်ညွှန်း၍ ခေါ်ဆိုပါ တယ်။ ယခုခေတ် အသုံးပြုနေကြသော engး အမျိုးအစားများ ဖြစ်ကြပါ တယ်။ External Combustion Engine ( အပြင် မီးလောင်ပေါက်ကွဲအင်ဂျင် ) ၄င်းကို အတိုကောက် အနေနဲ့ ( E . C . E engine ) ဆိုပြီး ထိပ်ဆုံးစာလုံးများကို အတိုကောက်ရည်ညွှန်း၍ ခေါ်ဆိုပါ တယ်။ရှေးခေတ်က သုံးစွဲခဲ့သော Boiler Engine များ ဖြစ်ကြပါတယ်( ဥပမာ - Titanic သင်္ဘော တွင် သုံးစွဲသော Engine ) စသည်ဖြင့် engး အမျိုးအစား ၂မျိုးရှိပါသည်။ I.C.E (Internal Combustion Engine) အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် တွေမှာ- 1. S.I engး နဲ့ 2. C.I engး ဆိုပြီး နှစ်မျိုးနှစ်စားထပ်ရှိပါတယ်။ 1. S.I ...

နတ်ပြည်

Image
“ အလွန်စိတ်ဝင်စား အံ့သြဖွယ်ကောင်းသော နတ်ပြည် အကြောင်း သိချင်သူများအတွက် ” နတ်ဟူသည် မြန်မာစကား “နာထ” ဟူသော ပါဠိမှ  ဆင်းသက်လာသည် ဟု ဝေါဟာရ လိနတ္တ ဒီပနီကျမ်းက  ဖွင့်ဆိုထားသည်။ နတ်ကို ပါဠိဘာသာအားဖြင့် “ဒေဝ”  ဟူ၍၎င်း၊ “ဒေဝတာ” ဟူ၍ ၎င်း ခေါ်ဝေါ်သုံးစွဲခဲ့သည်။ “နတ်ပြည် ခြောက်ထပ်” ~~~~~~~~~~~~~~~ စတုမဟာရာဇ် တာဝတိံသာ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတ၀သ၀တ္တီ စတုမဟာရာဇ် သည် အောက်ဆုံးဖြစ်၍ ပရနိမ္မိတ၀သ၀တ္တီ သည် အထက်ဖြစ်သည်။ ‘နတ် စုတေ သေဆုံးခြင်း အကြောင်းတရား(၄)ပါး’ ~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~ ၁။ အာယုက္ခယ = သက်တမ်းကုန်၍ သေခြင်း။ ၂။ ပုညက္ခယ = ကုသိုလ်ကောင်းမှု ကုန်၍ သေခြင်း။ (ကုသိုလ်ကောင်းမှု အနည်းငယ်မျှဖြင့် နတ်ပြည်တွင် လာဖြစ်သော နတ်သားတို့သည် ကုသိုလ်ကောင်းမှု ကုန်သောအခါ အစွမ်းသတ္တိ မရှိတော့ဘဲ သက်တမ်းမစေ့ခင် စုတေရသည်) ၃။ အာဟာရက္ခယ =  စားနေကျ သောက်နေကျ အချိန်  မစားမသောက်မိ၍ သေခြင်း။ (နတ်သားတစ်ဦးသည် ကာမဂုဏ် ခံစားနေ၍ စားချိန်ကို သတိမရဘဲ တစ်နပ်စာမျှ မစားဘဲနေ လိုက်လျှင် နောက်ဘယ်နှစ်ကြိမ် စားစား အသက်မရှည် နိုင်ပေ) ၄။ ကောဓာဘိဘ၀န = ဒေါသထွက်၍ သေခြင်း။ (နတ္သားမ်...

သင်္ဘောသီးပင် စိုက်ပျိုးနည်း

Image
အမည် - သင်္ဘောသီး ( papaya) (စိုက်ပျိုးနိုင်သည့် ဒေသများ)  သင်္ဘောပင်သည် အပူပိုင်း စားသုံးသီးပင်ဖြစ်၍ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသရှိ တိုင်းပြည်များ တွင်စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်းနေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ (သင်္ဘောမျိုးများ) သင်္ဘောတွင် အဖိုပင် အမပင်နှင့် လိင်စုံပင် အဓိက သုံးမျိုးရှိပါသည်။အဖိုပင်မှ အသီးသီးသည်ကို တွေ့ရခဲလှပါသည်။ အမနှင့် လိင်စုံပင်များမှသာ အသီးသီးလေ့ရှိပါသည်။ အဖိုပင် = အဖိုပင်မှာ များသောအားဖြင့် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက် ပွင့်ပါသည်။အဖိုပင်မှ ပုံမှန်အားဖြင့် အသီးသီးလေ့မရှိသော်လည်း အပင်ကို ထိခိုက်ဒဏ်ရာရခြင်း ထိပ်ပိုင်း ဖြတ်ပေးခြင်းဖြင့် အဖိုပွင့်များကြားတွင် အမပွင့်များပြောင်းလာကာ အသီးငယ်များ သီးလာ တတ် သည်။  ဤအပင်ကိုသင်္ဘောပဒေသာ ဟုခေါ်သည်။ အမပင် = အမပင်သည် ပွင့်၍ သီးလေ့ရှိသည်။ထိုကြောင့် မျိုးအောင်ရန် အတွက် အခြားအပင် မှဝတ်မှုန် ကူးပေးရသည် ။ ရာသီဥတု မြေပြောင်းလဲခြင်းကြောင့် အပွင့်သဘာဝ ပုံသဏ္ဍန် ပြောင်းလဲမှုမရှိပေ။ လိင်စုံပင် = အပွင့် ပွင့်ရာတွင် ပွင့်တံ တစ်ခုမှ အပွင့်နှစ်ပွင့် သုံးပွင့် ပွင့်တတ်သည်။ အပွင့် များ ...

တွေ့တာနဲ့ ချက်ချင်း သတ်ပစ်ဖို့ ထုတ်ပြန်ခံထားရတဲ့ ငါးမျိုးစိတ်သစ်

Image
ဂျော်ဂျီယာနိုင်ငံမှာတွေ့ခဲ့တဲ့ ငါးမျိုးစိတ် အသစ်တစ်ခုက အားလုံးကို တုန်လှုပ်စေပါတယ်။ ရေထဲမှာပဲ အသက်ရှင်တတ်တဲ့ ငါးတွေဟာ ကုန်းပေါ်မှာ (၅)ရက်လောက် အသက်ရှင်နေသလို အသက်လည်း ရှုတဲ့အတွက် တွေ့တာနဲ့ကို သတ်ပစ်ဖို့ နိုင်ငံရဲ့ သားရဲတိရစ္တာန်ထိန်းသိမ်းရေး ဌာနက ထုတ်ပြန်လိုက်ရတဲ့ငါးပါ။ ဒီငါးကို စတွေ့တော့ ဂျော်ဂျီယာနိုင်ငံမှာပါ။ Gwinnett County property အနီးမှာရှိတဲ့ ရေကန် တစ်ကန်မှာ ကမ်းတင်နေတဲ့ ငါးတစ်ကောင်ကို တွေ့ခဲ့ရပြီး၊ နာမည်ကိုတော့ မြောက်ပိုင်းမြွေဦးခေါင်းငါး လို့ဆိုပါတယ်။  သူ့ကို သတ်ခိုင်းရတဲ့အကြောင်းထဲက အထူးဆန်းဆုံး တစ်ချက်က ငါးဟာ ကုန်းပေါ်မှာ နေနေ ရင်းနဲ့ မြွေတစ်ကောင်လို  သုံးပေလောက် အရှည်အထိ ရှိလာနိုင်လို့ပါပဲ။ အဖွဲ့ချုပ်က ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေမှာ လုံးဝပြန်မလွှတ်ပါနဲ့၊ ချက်ချင်း သတ်ပစ်ပါ ဒါမှမဟုတ် အအေး ခန်းထဲ ပစ်ထည့်လိုက်ပါ။  ဖြစ်နိုင်ရင် ငါးရဲ့ပုံကို ဓာတ်ပုံရိုက်ထားပါ။ ဘယ်နေရာမှာ ဖမ်းမိခဲ့တယ် ဆိုတာကို အတိအကျ မှတ်ထားပေးပါ။ ပြီးတာနဲ့ ဂျော်ဂျီယာရဲ့ DNR သဘာဝ သားရဲ ထိန်းသိမ်းရေးကို အကြောင်း ကြား ပါလို့ ဆိုပါတယ်။ ငါးနဲ့ ပတ်သက်တဲ့ အကြောင်းက ငါးဟာ ကုန်းမြေပေါ်ရောက်လာတဲ...

လောက၌ ဆွဲအား အကြီးမားဆုံး

Image
မြတ်စွာဘုရား မိန့်ကြားသည်မှာ လောက၌ ဖို နှင့် မ နှစ်မျိုးသာ ရှိ၏ ။ မ ၏ အဆင်း ၊ မ ၏ အသံ၊ မ ၏ အနံ့ ၊ မ ၏ အရသာ၊ မ ၏ အတွေ့အထိ သည် ဖို့သတ္တဝါ အတွက် အကြီးမားဆုံး ဆွဲအား အကောင်းဆုံးဖြစ်လေ၏ ။ မ အတွက်လည်း ဖို ၏ အဆင်းစသည် အဆွဲဆောင်ဆုံး အပြင်းဆုံး ခွန်အားဖြစ်သည်။ မ သည် ဖို အဆင်း အသံ.. ဖို သည် မ ၏ အဆင်းအသံ.. ကြားရုံမျှနှင့် ခုနှစ်ဘဝက  စုစည်းထားသော ကိလေသာတို့သည်  အစေးထွက်သော အပင်ကို ဓားနှင့်  တို့မိလျင် တစ်ပြိုင်နက် အစေးသည်  ထွက်လာသကဲ့သို့ .. အိပ်ပျော်နေသော မြွေဟောက်အား  တို့မိသည့် အခါ ခေါင်းထောင်လာ သကဲ့သို့  တဏှာရမ္မက် ကိလေသာ တို့သည်  နှစ်ပေါင်းများစွာ  တရားဘာဝနာ အားထုတ် လာသော်လည်း  မ ၏ အသံ ခဏ ကြားရုံမျှဖြင့်  တဏှာဘီလူး သည် ပူးဝင်လာကာ  ဈာန်ရသည့် ရသေ့တောင် လျောကျ ကုန်လေ၏ ။

ရေသောက်ခြင်း ၏ အကျိုးကျေးဇူးများ

Image
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့် လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ် ထင်ပါတယ်။  သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တစ်ကျ သောက်တတ်ဖို့ လိုပါတယ် ။ သောက်သင့်သည့် အချိန်တွင်   သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး  အကျိုးပြုနိုင်မှာ ဖြစ်ပါတယ် ။ ရေသောက်သုံး သင့်သော အချိန်များ နံနက်အိပ်ယာ ထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။ အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။ ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။ မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။ ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်  ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။

အမျိုးသမီးများရဲ့ လိင်စိတ် အထွတ်အထိပ် ရောက်မှုအကြောင်း

Image
အမျိုးသား အမျိုးသမီး အတူနေတဲ့အခါမှာ အမျိုးသားတွေရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်မှုက သိသာထင်ရှားပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကျတော့ လိင်စိတ်အထွတ်အထိပ်ရောက်မှုက အမျိုးသားတွေလောက် သိသာထင်ရှားတာမျိုးမရှိဘူး။ တချို့အမျိုးသမီးတွေက သူတို့လိင်စိတ် အထွတ် အထိပ်ရောက်လားဆိုတာကို သူတို့ကိုယ်တိုင်လည်းမသိဘူး။ အိမ်ထောင်ကျ ကလေးတွေရပြီး အသက်ကြီးသွားတဲ့အထိ လိင်စိတ်အထွတ်အထိပ်ရောက်မှု အကြောင်း သေချာမသိသွားရတဲ့သူတွေလည်းရှိတယ်။ အတူနေတဲ့အခါတိုင်းမှာလည်း အထွတ် အထိပ်ရောက်တယ်ဆိုတာကို မသိရဘူး။ အတူနေတဲ့အခါ အမျိုးသမီးတွေ လိင်စိတ်အထွတ် အထိပ် မရောက်တာက အမျိုးသမီးတွေ အတွက်တင် ပြဿနာမဟုတ်ဘူး။ အမျိုးသားတွေမှာလည်း ပြဿနာဖြစ်နေတယ်။ အမျိုးသားတွေရဲ့ အတ္တတစ်ခုက သူတို့နဲ့ဆက်ဆံရင် အထွတ်အထိပ်ရောက်သွားတယ် ဆိုတာ ကို လိုချင်ကြတယ်။ ဒီတော့ သူတို့ရဲ့ဆက်ဆံဖော်အဆင်မပြေဖြစ်တာက သူတို့နဲ့လည်း သက် ဆိုင်တယ်လို့ ခံစားကြရလေ့ရှိတယ်။ အခုချိန်ထိလည်း အမျိုးသမီးတွေရဲ့ လိင်စိတ်အထွတ် အထိပ်ရောက်မှုကိစ္စက ဝေခွဲရခက်တဲ့မေးခွန်းတွေအများကြီးရှိနေတုန်းပါပဲ။ လိင်စိတ် အထွတ်အထိပ် ဆိုတာ ယောက်ျားလေးတွေအတွက်တော့ သိပ်ပြီးရှင်းပြစရာမလိုပါ...

သင့်လည်ချောင်းမှ ချွဲသလိပ်ကို ဘယ်လိုရှင်းမလဲ

Image
ရာသီဥတုအေးနေစဉ် (သို့) ရုတ်တစ်ရက် ရာသီဥတု အကူးအပြောင်းတွင် လူတို့သည် လည်ချောင်း ထဲတွင် ချွဲ၊ သလိပ်တို့ရှိတတ်သည်။ သလိပ်သည် စိုးရိမ်စရာမရှိသော်လည်း အနံဆိုးထွက်ခြင်းကြောင့် အလွန်နေရခက်သည်။ အောက်ပါဆောင်းပါးသည် သင့်လည်ချောင်း မှ သလိပ်ကိုရှင်းထုတ်ရန် နည်းလမ်းပြောပြပါမည်။ ချောင်းဆိုးခြင်းဖြင့် လည်ချောင်းမှ ချွဲသလိပ် တို့ကိုရှင်းလင်းခြင်း သင့်လည်ချောင်းတွင် သလိပ်ရှိနေလျှင် လွယ်ကူရိုးရှင်းဆုံးနည်းမှာ ကြိုးစားပြီးချောင်းဆိုးခြင်းဖြစ် သည်။ အခြားလူများ မနောင့်ယှက်မိစေရန် ဝေးလံသောနေရာတစ်ခုရှာပါ။ ဥပမာ- ရေချိုးခန်း ထဲတွင် ချောင်းဆိုးပြီး သလိပ်ကိုဟပ်ထုတ်ပါ။ ချောင်းဆိုးခြင်း အတော်အသင့်သာ လုပ်ရမည်။ အကြောင်းမှာ ချောင်းဆိုးရခက်လျှင်(သို့) အားစိုက်ပြီးလုပ်လျှင် လည်ချောင်းကို ထိခိုက် နိုင်သောကြောင့် ဖြစ်သည်။ ရေနွေးနှင့်ဆားတို့ဖြင့် ပလုပ်ကျင်းပါ ဆား လက်ဖက်ရည်ဇွန်း၁ဇွန်းနှင့် ရေကြက်သီးနွေးရုံ(သို့) ရေနွေး (၈)အောင်စကိုရောပါ။ ပြီနောက် ထိုအရည်ကို ပါးစပ်ထဲတွင်ငုံထားပါ။ ခေါင်းကိုနောက်သို့စောင်းကာ ဆားရေကို လည်ချောင်းထဲတွင် ပလုပ်ကျင်းပေးပါ။ တစ်နေ့တာအတွင်း အရည်အများကြီးသောက်ပါ တစ်နေ့တာအတွင်း အရည်အမျ...

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

Image
တည်သီးကို ၃နှစ်အောက် ကလေးများ မကျွှေးသင့် *************************************** မြန်မာ အခေါ် ” တည်သီး ” ကို ၃နှစ်အောက် ကလေးငယ်တွေကို လုံးဝ မကျွေးသင့်ပါဘူး။ အဆင်မသင့်ရင် အသက်ပါ ဆုံးရှုံးရတဲ့အထိ ဖြစ်နို်င်တဲ့ သာဓကတွေကို အကြောင်းစုံ ရေးသားဖော်ပြ ထားကြောင်း ဘာသာပြန် မျှဝေလိုက်ပါတယ်။ ” တည်သီး ” ဟာ ကလေးငယ်တွေအတွက် အစာအိမ်မှာ ကျောက်တည်စေနိုင်ပြီး ရာသီဥတု အခြေ အနေနှင့် မကိုက်ညီချိန်တွင် စားသုံးမိပါက ကလေးငယ်မှာ အသက်ရှု မဝဖြစ်ကာ  ကိုယ်ခံအား မကောင်းချိန် တွင် သတိမေ့မျှောခြင်း သတိပြန်မလည် လာသည် အထိ ဖြစ်စေ၍ အသက်ပါ ဆုံးရှုံးနိုင်ကြောင်း သတိပေး ရေးသားထားတာ တွေ့ရပါတယ်။ ငယ်ရွှယ်တဲ့ ၃ နှစ်အောက် ကလေးငယ်တွေ ရဲ့ အတွင်းကလီစာ ခံနိုင်ရည်အားနှင့် ကလေး၏ အစား အသောက် အမျိုးမျိုးကို သတိပြုရှောင်ကျဉ်၍ အဟာရနှင့် ကိုက်ညီသော အစားအစာများကို ရွှေးချယ် ကျွေးတတ်ဖို့သည် မိဘတိုင်း၏ အရေးကြီးသော အချက်ဖြစ်သည်။

အသက် ၃၀ ဆိုတဲ့ အရွယ်မှာ ဒီလိုအရာတွေ နားလည်ထားဖို့လိုပြီ

Image
အသက် ၃၀ မှ ဘ၀က စတယ် ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီလို အသက်အရွယ် ဆိုတာ ငယ်လည်း မငယ်၊ကြီးလည်း မကြီးပဲ တစ်ကယ့် ဘ၀အစစ်ကို ခံစားနားလည်နိုင်တဲ့ အရွယ်လို့ပဲ ဆိုရမှာပါပဲ။ ဒီတော့ အသက် ၃၀ အရွယ်မှာ မသိမဖြစ် သိထားသင့်တဲ့ အရာတွေကိုလည်း လက်လွှတ်လို့ မဖြစ်ပါဘူး။ ဘာတွေလဲဆိုရင်… ကိုယ် တစ်ကယ်ပျော်ရွှင်တဲ့ အလုပ်ကို ရှာသင့်နေပါပြီ ။ လုပ်သင့်လို့ဆိုတာတွေထက် အသက် ၃၀အရွယ်မှာ ကိုယ်တကယ်ပျော်ရွှင်စွာလုပ်ချင်တဲ့အလုပ်က ဘာလဲ၊ကိုယ့်ရဲ့နှလုံးသားက ဘယ်နေရာကိုပိုပြီးအလိုရှိနေလဲဆိုတာ ကိုယ့်စိတ်ကိုယ်သိထားဖို့လိုနေပါပြီ။အဲ့ဒါမှ ဘ၀ရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကိုခံစားရမှာပါ။ အရသာရှိတဲ့ ဟင်းတစ်ခွက် ချက်တတ်နေပြီလား ဘာပဲဖြစ်ဖြစ် ချက်တတ်တယ် ဆိုရင်တောင် တစ်ခြားသူတွေထက် ပိုသာတဲ့၊ကိုယ့်အကြိုက်ဆုံး ဟင်းလျာတစ်မျိုး ဆိုတာ ရှိသင့်ပါတယ်။ အထူးပေါ့။ ကဲ ဘယ်လိုလဲ သင်ယူဖို့ အဆင့်သင့်ဖြစ်နေပြီလား? ဘယ်သူက တစ်ကယ့် သူငယ်ချင်း အစစ်လဲ ဆိုတာ နားလည်သင့်နေပါပြီ ကိုယ့်အနားမှာ ၀ိုင်းနေတဲ့ သူငယ်ချင်းတွေထဲက ဘယ်သူက ကိုယ့်အပေါ် တစ်ကယ်ကောင်းတယ်၊ဘယ်သူက ဟန်ဆောင်တယ် ဆိုတာ ခွဲခြားတတ်ဖို့ လိုသလို ကိုယ့်ဘေးနားမှာ မလိုအပ်တဲ့ သူတွေကို လည်း ဖယ်ထုတ်တ...

ဖိုးမောင်ကြီး

Image
ဖိုးမောင်ကြီး အကြောင်းသာ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရွာမှာ ပြောချင်သူက အများသား။ အရပ်ထဲက အိမ်တစ်ကာ လှည့်ပြီး အနှိပ်သည် လုပ်တဲ့ (အဓိက ကတော့ ရွာထဲက အတင်းအဖျင်း သတင်းစုံကို ဖြန့်ဝေပေးတဲ့) ဒေါ်စိန်လည်း ပါရဲ့။ တစ်နေကုန် မြင်းလှည်းမောင်း၊ ညနေစောင်းကျ ဦးဝေလာဆိုင်မှာ တစ်ခွက် တစ်ဖလား မော့တတ်တဲ့ ကိုကျော်မြင့်လို လူကလည်း ဖိုးမောင်ကြီး အကြောင်းသာဆိုရင် အရက်နဲ့မြည်းရင်း အဆီတစ်ထပ်၊ အသား တစ်ထပ်ပါပဲ။ ကိုကျော်မြင့် တစ်ယောက် ပြောလည်းပြော၊ သောက်လည်းသောက်နဲ့ နားထောင် တဲ့ လူတွေမှာတော့ ခေါင်းတမော့မော့နဲ့ပေါ့။ ကျောင်းဆရာလေး ကိုလေးလွင် ကလည်း မှတ်ချက်တစ်ခု ချဖူးတယ်။ “ရှားတယ်”တဲ့။ ရှားတယ် ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာကိုတော့ ဆရာလေးပဲ အသိဆုံး ဖြစ်မှာပါ။ ဖိုးမောင်ကြီး အကြောင်း လူတစ်ကာ ပါးစပ်ဖျားမှာ ဒီလောက် ရေပန်း စားနေတော့ ကျွန်တော်က ရယ်ချင်မိတယ်။ အဟုတ်လေ။ အကြောင်းက သူတို့ ပြောနေတဲ့ ဖိုးမောင်ကြီးဆိုတာက ကျွန်တော့်ဘကြီး အရင်းကိုး။ ဒါပေမယ့် ကျွန်တော် ကလည်း သူများခေါ်သလို ဖိုးမောင်ကြီးလို့ပဲ ခေါ်တာပါပဲ။ သူကလည်း အဲ့ဒီလိုခေါ်မှ ကြိုက်တယ်လေ။ သူ့နာမည်ရှေ့မှာ“ဦး”တို့၊ “ကို”တို့ တတ်ခေါ်ရင် သူက စိတ်ဆိုးတယ်။ ...

အစာအိမ်ရောဂါရှိသူတိုင်း မဖြစ်မနေဆောင်ထားအပ်တဲ့ဆေး

Image
အစာအိမ်သမားများ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ အစားစားပြီးတိုင်းအောင့်ခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ရကာ ပျို့အန်ခြင်း၊သွေးဝမ်းသွားခြင်းပင်ဖြစ်တတ်ပါသည်။ ထိုဝေဒနာများ မခံရအောင် နည်းကောင်း လေးတင်ပြ အပ်ပါသည် ။ (၁) ငှက်ပျောသီး ဖီးကြမ်း (၂) ဖီးကို အခွံနွှာပြီး ပါးပါး လှီး၍နေတွင်လှန်းပါ။ ပြီးလျှင် အမှုန့်ကြိတ်ပါ (သို့)ထောင်းပါ။ (၂) နွယ်ချိုမှုန့် ဟင်းခပ်ဇွန်း (၂) ဇွန်းမျှထည့်ပါ။ (၃) နနွင်းမှုန့် စစ်စစ် ဟင်းခပ်ဇွန်း (၁) ဇွန်းထည့်ပါ။ ထို(၃)မျိုးကို ရောစပ်ပြီး လေလုံသော ဖန်ဗူးထဲသို့ ထည့်ထားပါ။ သုံးစွဲရန် နေ့စဉ် နံနက် တစ်ကြိမ်/ည တစ်ကြိမ် ကော်ဖီဇွန်း (၁) ဇွန်းကိုပုံမှန် စားပေးပါ။

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

Image
ကွမ်းယာဆိုင်​ ဖွင့့်​၍ စီးပွားရှာလိုသူများ အတွက် နည်းလမ်း​ကောင်း ********************************************** ကွမ်း  ကွမ်းဝယ်ရာတွင် စီးပွားရေးအမြင်အရ ကွမ်းရွက်သေးသေးကိုသာ ဝယ်ရမည်။ အရွက်သေးပါက ပိဿာ လိုက် ဝယ်ယူရာတွင် ရွက်ရေများများပိုရသဖြင့် ကွမ်းယာ အတွက် ပိုခြင်းကြောင့်ဖြစ်သည်။ ကွမ်းရွက် ကို အရင်း(အရိုး)ဘက်နှင့် အဖျားဘက်ကို ညှပ်ထားရသည်။ ကွမ်းရွက်ကို ရေဆေးပြီး ဒိန်ချဉ်နှင့် စိမ်ကာ ကွမ်းဘန်းထဲတွင် ညီညီ ညာညာ မျှတ လှပအောင် စိမ်ထား နှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကို စားလိုက်သည်နှင့် နုနုညံ့ညံ့အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။  ထုံး   ထုံးစပ်နည်း  ထုံး ၃ပိဿာ၊ဆား ၅၀-သား၊ ကျောက်ချဉ် ၁၀-သား ပထမအဆင့်  ထုံးကို အင်တုံကြီးထဲတွင် ရေအနည်းငယ်ထည့်၍ ခြေပါ။ ကျောက်ချဉ် ၁၀-သားကို အမှုန့်ပြုပြီးထည့်ပါ။ နှံ့အောင်မွှေပါ အထက်အောက် နှံ့ပါက ဆား၅၀-သားကို ထည့်လိုက်ပါ နှံ့အောင်မွှေပါ။ ဒုတိယအဆင့်  ရေနွေးဆူပြီးသားကို ထုံ ကျောက်ချဉ် ဆား ထည့်ပြီးသားထဲကို လောင်းထည့်ပြီးမွှေပါ။ ရေထည့်ပြီး ဖုံးအုပ်ပါ။ ၅-ရက်ခန့်ကြာသော် ထုံးအိုးထဲမှ အရည်ကြ...
 
365myanmar.com - Myanmar Online Shopping Mall