လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ
လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ ၊ သတ္တိမရှိ တဲ့ကောင်တွေအတွက်နေရာမရှိဘူး .. ဟောဒီသစ်သားပြားပေါ်ကို သံချောင်းနဲ့ ဒိုင်းခနဲရိုက်လိုက် ၊ သံချောင်းစိုက်ဝင်သွားမယ် ။ သစ်သားပြား သူ့ထက်မာတဲ့ကောင် နဲ့တွေ့တော့နေရာ ဖယ်ပေးလိုက်ရတယ် ။ အဲ့ဒီသံချောင်းကို ကျောက်တုံးပေါ်ရိုက် သံချောင်းပဲကွေးသွားမယ် ကျောက်တုံးက နေရာဖယ်မပေးဘူး I'm sorry ပဲ .. ။ သွေးကြောင်ရင် ဘေးရှောင် သွေးကျဲရင် သစ်သားပြားလို ဘေးပြဲသွားမှာပဲ အဲ့ဒီတော့ မင်းတို့မာမလား ပျော့မလား .. ငါ မာသလားပျော့သလား ကိုယ့်ကိုကိုယ်ပြန်စဉ်းစား ကိုယ့်ကိုကိုယ် ပြန်တွေးတဲ့အခါ ရဲရဲကြီးတွေး မညှာတမ်းတွေး အားမနာတမ်းတွေး ။ ကိုယ့်ကိုကိုယ် ညှာတွေးနေသရွေ့ ကိုယ့် အားနည်းချက်ကိုယ်သိမှာ မဟုတ်ဘူး ။ အားနည်းချက် မတွေ့သရွေ့ ပြင်ဖို့မရှိဘူး ။ ပြင်ဖို့မရှိသရွေ့ အဲ့ဒီလူ တစ်သက်လုံး မတိုးတက်ဘူး ။ အဲ့ဒါ မင်းတို့ ပုံသေယုံ .. ပြီးတော့ မင်းတို့ အမိန့်နာခံနိုင်တဲ့ သတ္တိရှိရမယ် ။ အမိန့်ဆိုတာ သူများအမိန့်မဟုတ်ဘူး ။ ကိုယ့်အမိန့်ကို ကိုယ်လိုက် နာနိုင်ရမယ် ။ လူတွေက သူများအမိန့်ပဲ ကျိုးနွံတာ ကိုယ့်အမိန့် ကို ကျိုးနွံနိုင်တဲ့သူရှားတယ် ။