Posts

မြေကြီး ပြိတ္တာ

Image
ဘယ်လောက်ပင် စားရ စားရ၊ တစ်ဝမ်း ၀ရုံပဲ။ ဘယ်လောက်ပင် ၀တ်ရ ၀တ်ရ၊ အရေပြား ဖုံးရုံပဲ။ ဘယ်လောက်ပင် အိပ်ရ အိပ်ရ၊ တစ်ကိုယ်စာလေးပဲ။ ဘယ်လောက်ပင် ပစ္စည်းဥစ္စာ ရှိရှိ၊ သေရင် ထားပစ်ခဲ့ရတာချည်းပဲ။ ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။ နိဗ္ဗာန်ကို အတိအကျ မြန်မာပြန်လျှင် တဏှာ(လောဘ) ကင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် လိုချင်မူနည်းသွားလေ ချမ်းသာများလာလေဟု သိအပ်၏။ ရဟန်းသံဃာများကို ဗုဒ္ဓသည် ရဟန္တာ မြန်မြန်ဖြစ်စေချင် ၏။ ထို့ကြောင့် စားရေး၊ ၀တ်ရေး၊ နေရေးနှင့် ပတ်သက်၍ ဗုဒ္ဓ က ယခုလို ဆုံးမခဲ့၏။ ရှေးတုန်းက ရှေးကံရှိ၍ ပို့ဆွမ်း၊ ပင့်ဆွမ်း ရှိလျှင်လည်း ဘုဉ်းပေးပါ။ မရှိလျှင် ဆွမ်းခံ၍ စားပါ။ လှူသူရှိလျှင် သင်္ကန်း အကောင်းစားများကို ၀တ်ပါ။ မရှိလျှင် ပံသကူ သင်္ကန်း ရှာ၍၀တ်ရုံပါ။ လှူသူရှိလျှင် ကျောင်းကောင်းကောင်းနှင့် နေပါ။ မရှိလျှင် သစ်ပင်အောက်တွင် နေပါ။ လှူသူရှိလျှင် ဆေးဝါးကောင်းကို ဘုဉ်းပေးပါ။ မရှိလျှင် နွားကျင်ငယ်ရေကို သောက်ပါ။ ထို အဆုံးအမအတိုင်း လိုက်နာသူများသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး ချမ်းသာ၍၊  မလိုက်နာသူ များသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး  ဆင်းရဲရပေသည်။ ဆင်း...

ငလျင် လှုပ်ခတ်မည်ကို ကြိုတင် သိရှိနိုင်မည့် နိမိတ်များ

Image
အခုနှစ်ဦးပိုင်းမှာ နေ့စဉ် ရက်ဆက် အကြိမ်ရေ တော်တော်များများ  ငလျင် လှုပ်ခတ်ခဲ့တော့  လူပြော သူပြောများတဲ့ ငလျင်နဲ့ ပတ်သက်ပြီး  ကျတော့် လေ့လာ ဖတ်ရှု မှတ်သားထားသည်များကို  အသိပေး တင်ပြသွားပါ မယ် ။ ငလျင်လှုပ်မှာကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပါသည် ဆိုသည့် နိုင်ငံတွေက သိပ္ပံပညာရှင်ကြီးတွေတောင် မခန့်မှန်းနိုင်သေးတာ  ကျတော့်လို့ ငမြောက် ငချောက် ချာတိတ်လေးက "ငလျင် လှုပ်ခတ်မည့်ကို ကြိုတင်သိရှိနိုင်မည့် နိမိတ်များ" လို့ ခေါင်းစဉ် တပ်တော့ မတန်မရာဟယ် လို့ ထင်မြင်ကြပါလိမ့်မယ် ။ ငလျင်လှုပ်မှာကို ခေတ်မီ သိပ္ပံပညာအရ ကြိုတင် မခန့်မှန်းနိုင်သေးဘူး ဆိုတာကို  မိတ်ဆွေတို့ သိသလို ကျတော်လည်း သိပါတယ်။ ခေတ်မီ စက်ကိရိယာတွေ ခန့်မှန်း တွက်ချက်နိုင်ခြင်း မရှိပေမဲ့ ငလျင်လှုပ်ခါနီး ဖြစ်ပေါ်တတ်တဲ့ နိမိတ်များအကြောင်းကို  ရှေးလူကြီးသူမများရဲ့ ပြောဆို လက်ဆင့်ကမ်းခဲ့တာများကို မိတ်ဆွေတို့ကို ဝေမျှပေးလိုက်ပါတယ် ။ ရှေးထုံးကို မပယ်ကောင်းသလို ဈေးသုံးလည်း မကြွယ်ကြနဲ့ပေါ့ဗျာ ။ ကုန်ဈေးနှုန်းတွေက တက်နေတယ် ။ ၁ မြွေ၊ ကြွက် စတဲ့ တွင်းအောင်း သတ္တ၀ါများ တွင်းမအောင်းပဲ ပုံမှန် မဟု...

ငါးကြီး အန်ဖတ်

Image
  ပင်လယ်ကနေ ထွက်တဲ့ အဖိုးတန်ပစ္စည်းလို့ပြောလိုက်တာနဲ့ လူတိုင်းရဲ့ မျက်စိထဲမှာ မုတ်ကောင် က ထွက်တဲ့ ပုလဲဆိုတာကို တန်းခနဲမြင်ကြမှာသေချာပါတယ်။ န၀ရတ် ကိုးပါး ရတနာ စာရင်းဝင် ပုလဲလို တန်ဖိုးကြီးပေမယ့် ရတနာ မဟုတ်တဲ့အရာ၊ ပုလဲထက်တောင်မှ ရှားပါးတဲ့ ပစ္စည်းတစ်မျိုးကိုတော့ မြင်ဖူး တဲ့လူနည်းပါလိမ့်မယ်။ မမြင်ဖူးတဲ့ အပြင် သိတောင် မသိကြတဲ့လူတွေ တော်တော်များမယ် ထင်ပါတယ်။ ဒီပစ္စည်းဟာ သဘာဝပုလဲ ထက် ပိုပြီး ရှားပါးသလို ပိုပြီးတော့ ဒဏ္ဍာရီ ဆန်ပါတယ်။ ဒီပစ္စည်းဟာ ပင်လယ် ကမ်းစပ်မှာ နိစ္စဒူဝ သားငါး ရှာဖွေရင်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေအဖို့ ဘုရားသခင် ဖန်ဆင်းပေးတဲ့ အိပ်မက်ထဲက လက်ဆောင်ပါပဲ။ ဒီပစ္စည်းကို ပင်လယ် ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမှတ်မထင် ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိသူကတော့ အောင်ဘာလေထီ အမြင့်ဆုံးဆုကို ပေါက်သလို ဘ၀ပြောင်းသွားစေနိုင်တဲ့အထိ သူ့ရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကိုတွေ့ဖို့ ပင်လယ်ကမ်းစပ်မှာ တစ်သက်လုံး နေ့စဉ်ရက်ဆက် သွားရှာမယ် ဆိုရင်တောင်မှ ထိုက်တန်တဲ့ကံဇာတာ ပါမလာရင် မတွေ့နိုင်ပါဘူး။ သူဆင်းရဲ တံငါသည်တွေကို နေ့ချင်း ညချင်း သူကြွယ်ဖြစ်အောင် ဖန်ဆင်းပေးနိုင်တဲ့ ဒီပစ္စည်...

သညာ မုဆိုး

Image
ကျယ်ပြော ရှည်လျားလှစွာ တစ်ငြိမ့်ငြိမ့် စီးဆင်းနေသည့် ဧရာမြစ်ပြင်သည် ကိုညိုဒင့် ဘ၀ကို သင်ကြားပြ ဌာန်း ခဲ့ပေသည်။ အမှန် ဆိုရလျှင် ဤမြစ်ကြီးကပဲ ဘ၀ သင်္ခန်းစာများကို သင်ကြားပေးခဲ့သည် မဟုတ်ပါ။ သူ သိမှီ ခဲ့သည့် အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ မြစ်ရိုးတစ်လျှောက် ကျင်လည် ကျက်စား ၀မ်းးစာရှာခဲ့ကြသည့် ဆွေရင်းမျိုးချာများ၊ သွေးမတော် သားမစပ်သော်ငြား တစ်အူတုံဆင်း ပမာ ငါးရှာ ဖါးရှာ ထင်းရှာ ကွင်းရှာ သေတူ ရှင်တွဲများ။  ဧရာမြစ်ကြောင်းကြီးကဲ့သို့  သူ့ ဘ၀က ငြိမ့်ငြိမ့်ငြောင်းငြောင်း ဖြောင့်ဖြောင့်တန်းတန်း အကွေ့ အကောက် ညီညွတ်စွာ မစီးဆင်းနိုင်ခဲ့။ လေးလံနှေးကွေးတိုးတိတ်သော လှော်တက် ခတ်သံများဖြင့် စီးမျော ကျင်လည် နေသည့် သူ့ဘ၀တစ်လျှောက်လုံး ကို ဧရာမြစ်ပြင်က ထမ်းပိုးထားခဲ့ရသည် မဟုတ်လား။ ကျောက်ဆောင် အငူစွန်းမှာထိုင်ရင်း သွယ်တန်း ချထားသည့် ငါးတန်းကြိုးနှင့် လှေဝမ်းတွင်းသို့  ကိုညိုဒင် မျက်လုံး တစ်ချက် ဝှေ့ ကြည့်လိုက်သည်။ လှေဦးဖျား၌ အိပ်မောကျနေသည့် သားဖြစ်သူ ရွှေဘ ကတော့ နှစ်နှစ်ချိုက်ချိုက်။ အနောက်ဘက်ကောင်းကင်ကို လှမ်းမျှော်ကြည့်လိုက်၏။ နေစောင်းတော့မည်။ ငါးတန်းရုတ်ပြီး ပြန်ချိန်သင့်ပြီ။ မိန်းမဖြစ်သူ မိလုံး...

HD { Hight Defination } ဆိုတာ ဘာလဲ

Image
HD (High Definition) ဆိုတာ ဘာလဲ  ကျွန်တော်တို့ မြန်မာနိုင်ငံက လူအများစု နားလည်တာ နည်းနည်းလွဲနေကြ လို့ ရှင်းပြချင်ပါတယ်။ DVD ခေတ်မှာ DVD မှာ ပါတဲ့ ကွာလတီ က 480p ပါ ။ HD မဟုတ်သေးပါဘူး ။ Blu-ray ခေတ် ကျတော့ High Definition ဆိုပြီး ဖြစ်သွားပါတယ် ။ အဲဒီမှာ ၂ မျိုး ထပ်ကွဲပါတယ် ။ HD ready - 720p ( resolution 1680 x 720 pixels) Full HD - 1080p ( resolution 1920 x 1080 pixels)   ဆိုပြီးကွဲသွားပါတယ်။  (အနောက် နံပါတ် 720 နဲ့ p ကတော့ progressive scan video ကို အတို ယူပြီး 720p လို့ ခေါ်တာပါ) တီဗီတွေ ၀ယ်ရင် သတိထားရပါတယ်။ အခုခေတ်တောင် လက်မ ၄၀ ဖြစ်တိုင်း Full HD မဟုတ်ပါ။ Sony TV မှာ လက်မ ၄၀ ကို ဈေး ၃ မျိုး ရှိပါတယ်။ မော်ဒယ် မတူပါဘူး ။ ၅ သိန်း မပြည့်တဲ့ မော်ဒယ် က HD ready ပါ ။ ၅ သိန်း ကျော် မော်ဒယ် ကလဲ HD ready ပါ ။ ၆ သိန်း ကျော် မော်ဒယ်မှ Full HD ပါ ။ မယုံရင် TV ဘူး ဘေးက ပုံလေးတွေမှာ ကြည့်ကြည့်ပါ။ Full HD - HD ready ပုံ မတူပါဘူး ။ အခု နောက်ဆုံးပေါ် နည်းပညာက Ultra HD 4K (4K တီဗီလို့လဲ ခေါ်တယ် ခင်ဗျ) နဲ့ 8K ပါ ။

ဘယ်လို ပျားရည်မျိုးက အကောင်းဆုံးလဲ

Image
ပျားရည်မှာ အမျိုးအစား ၃ မျိုး ရှိပါတယ် တဲ့ .... အဲဒါကတော့ ဇီးပျား နှမ်းပျား နေကြာပျား    ဆိုပြီးတော့ပါ.... ဇီးပျား  က ဘယ်လောက်ကြာကြာထား အရောင်သာ ပြောင်းသွားတယ် ချဉ်တာတွေ ဂက်စ် ထွက်တာတွေ လုံးဝ မဖြစ်ဘူး.... စတင် ယူတဲ့အချိန်မှာ ဆိုရင် ပျားရည်က ရွှေအိုရောင်လို ဝါကျင်ကျင် အရောင် ရှိတယ်.... အချိန် ကြာလာရင် တစ်ဖြည်းဖြည်း လက်ဖက်ခြောက် အရောင်ကို ပြောင်းသွားတယ်  ..... ဒီလို အရောင် ပြောင်းပေမယ့် အရသာ ကတော့ အရင် အတိုင်းပါပဲ ။ နှမ်းပျား  က အရောင်တော့ မပြောင်းတတ်ဘူး..... ဒါပေမယ့် အချိန် ကြာလာတာနဲ့ အမျှ ဂက်စ် တွေ ထွက်လာပြီး အရသာက ချဉ်လာတယ်.... ဂက်စ်တွေ ထွက်လာတော့ ဖန်ပုလင်းထဲ ထည့်ထားရင် pressure များလာပြီး ဖန်ပုလင်းက ထက်ပိုင်း ကွဲထွက်သွားတတ်တယ် ။ နေကြာပျား   ကတော့ အရောင် မပြောင်းဘူး... ဂက်စ်လည်း မထွက်တတ်ဘူး.... ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အနည်ထိုင်ပြီး ခဲသွားတယ်.... သကြားတုံးလိုမျိုး ခဲ သွားတယ် ။ သူကတော့ ရောင်းရင် တစ်နှစ် အတွင်း ကုန်အောင် သုံးမှ ရမှာပါ.... ၁ နှစ် ကျော်သွားတာနဲ့ သကြားခဲလိုမျိုး ခဲပြီပဲ ။ ပျားရည် အမျိုးအစား ၃ မျိုးမှာ ဇီးပျား သာ အကောင်းဆုံ...

အသုံးချ စိတ်ပညာ နည်းလမ်းကလေးများ

Image
၁။ ချီးမွမ်းတတ်ခြင်းဟာ ဘယ်နေရာမှာဖြစ်ဖြစ် ချောဆီပါ။ သုတေသန အရ လူတွေ အားလုံးဟာ ကိုယ့်ကို ချီးမွမ်းတဲ့လူ ကို ပိုနှစ်သက်ကြပါတယ်။ အကျိုးလို လို့ ညောင်ရေလောင်းဦးတော့ အချက်ကျကျ လောင်းတတ်ရင် အကျိုးဖြစ်တာကို တွေ့ရပါတယ်။  မှန်မှန် ကန်ကန် နဲ့ ရက်ရက် ရောရော ချီးမွမ်းတတ်ပါ။ မည်သည့် အခါမျှ အကျိုးမယုတ်ပါ။ ၂။ စိတ်ညစ်လာရင် ခဏ ရပ်လိုက်ပါ။ တစ်ကယ်လို့ စိတ် တစ်အား ညစ်လာရင် လက်ထဲမှာ ရှိတဲ့ အလုပ်ကိုဖြစ်ဖြစ်၊ စကားပြောနေရင်ဖြစ်ဖြစ်၊ ခဏ ရပ်ဆိုင်းလိုက်ပါ။ ကိုယ့်ကိုယ် ကို ငြိမ်သက်တဲ့ အချိန် ( ၂ ) မိနှစ်၊ ( ၃ ) မိနှစ် လောက်ပေးကြည့်လိုက်ပါ။ တော်တော် သက်သာသွားတာကို တွေ့ရပါလိမ့်မည်။ ၃။ စိတ်လှုပ်ရှားနေရင် တစ်ခုခု ၀ါးလိုက်ပါ။ လူ့သဘာဝ အရ အစာစားနေတဲ့ အချိန်ဟာ လူ့ဦးနောက်က လုံခြုံမူကို ခံစားရစေတယ်လို့ ပညာရှင်များတွေ့ ရှိထားပါတယ်။ အဲဒါကြောင့် စိတ်လုပ်ရှားမူ များနေရင် ပီကေ ဖြစ်ဖြစ်၊ ၀ါးစားစရာ အစားအစာ တစ်ခုဖြစ်ဖြစ်၊ ၀ါးစားလိုက်ပါ။ တော်တော် သက်သာသွားတာကို တွေ့ရပါလိမ့်မည်။ ၄။ ဘယ်သူက သင့်ကို ပိုရင်းနီးတယ် ဆိုတာ သိချင်ရင် အဖွဲ့ တစ်ဖွဲ့ထဲမှာ စကားလက်ဆုံ ကျနေတဲ့ အခါပဲဖြစ်ဖြစ...

ရင့်ကျက်တယ် ဆိုတာ ..

Image
ရင့်ကျက်တယ် ဆိုတာ အသက် အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ အသက်အရွယ် ဆိုတာ ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မဟုတ်ပါဘူး။ ရင့်ကျက်တယ် ဆိုတာ တိုက်စားခြင်း မခံဘူး၊ သံယောင် မလိုက်ဘူး၊ တစ်ခြားသူရဲ့ အရိပ်အကဲကို မကြည့်ဘူး ၊ သွက်သွက် လက်လက် ပါးပါးနပ်နပ် ရှိတာကို မခေါ်ဘူး၊ လေသင့်ရာ ပဲ့ထိုးတာ မဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာ မဟုတ်ဘူး။ ရင့်ကျက်တယ် ဆိုတာ အခက်အခဲနဲ့ ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ် ယုံကြည်မှု မဲ့မသွားဘူး၊ ဂုဏ်ပြု ချီးမွမ်းခံရသည့်တိုင် မဝင့် ကြွား၊ မထောင်လွှားဘူး။ ရင့်ကျက်တယ် ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံ နားလည်ပေးတယ် ။ ထင်မှတ် မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။ ရင့်ကျက်တယ် ဆိုတာ တဲစုတ်နဲ့ နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့ နေလည်း မာန်မာန မခက်ထန်ဘူး ၊ မ ဝင့်ကြွားဘူး။ ရင့်ကျက်တယ် ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့ စကားကို လူပုံ အလယ်မှာ ချပြရဲတယ်။ ရင့်ကျက်တယ် ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်း နဲ့ ကိုယ့် ခံစားချက်ကို မထိန်းချုပ်ဘူး ။ လူအများနဲ့ နေ လည်း  ကိုယ့်အား ကိုယ်ကိုးတယ်။

အကိုက်ခံခဲ့ရတဲ့ ပန်းသီး တစ်လုံး

Image
မျက်မမြင် လူငယ်တစ်ဦးဟာ မပြည့်စုံတဲ့ ကိုယ်အင်္ဂါကြောင့် ငယ်ငယ်လေးကတည်းက ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်နေခဲ့တယ်။ ဒါဟာ ရှေးဘဝ ဝဠ်ကြွေးလို့ သူထင်မှတ်ပြီး သူ့ဘဝ တစ်သက်က ဘာမှ အသုံး ဝင် တော့မှာ မဟုတ်ဘူးလို့ တွေးထင်နေခဲ့တယ်။ တစ်နေ့မှာ ဆရာ တစ်ဦးနဲ့ သူဆုံခဲ့တယ်။ ဆရာက သူ့ကို " လောကမှာရှိတဲ့ လူတိုင်းက ဘုရားသခင် ကိုက်ခဲ့တဲ့ ပန်းသီး တစ်လုံးပါ။ လူတိုင်းမှာ ချွတ်ယွင်းချက် ဆိုတာရှိတယ်။ ဒါပေမဲ့ တစ်ချို့လူရဲ့ ချွတ်ယွင်းချက်က ပိုကြီးတယ်။ ဒါဟာ ဘုရားသခင်က သူတို့ကို ပိုနှစ်သက်လို့ အကိုက်ကြီးကြီး ကိုက်လိုက်တာဖြစ်တယ် " လို့ ပြောပြခဲ့တယ်။ ဆရာရဲ့ အားပေး စကားကြောင့် သူဟာ သူ့မျက်စိ မမြင်ရတာက ဘုရားသခင် သူ့ကို ပိုနှစ်သက်လို့ဖြစ်မယ်လို့ ထင်မှတ်ပြီး စိတ်ပျက် အားငယ် မနေခဲ့တော့ဘူး။ အဲဒီကစ ဘဝရဲ့ စိန်ခေါ်မှုတွေကို သူ ရဲရဲရင်ဆိုင် ရဲခဲ့တယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် နှစ်အနည်းငယ် အကြာမှာ သူဟာ နာမည် ရှိတဲ့ မျက်မမြင် အနှိပ်သည်ဆရာတစ်ဦးဖြစ်လာခဲ့ပြီး လူတွေရဲ့ နာကျင်ကိုက်ခဲမှုတွေကို ကုသပေးသူဖြစ်ခဲ့တယ်။ လူ့ဘဝရဲ့ အနာအဆာ ကို " ဘုရားသခင် ကိုက်ခဲ့တဲ့ ပန်းသီး " လို့ ထင်မှတ်တဲ့ အတွေးဟာ ထူးခြားပါ တယ်။ ဒါဟာ ကိုယ့်...

တန်ဆောင်မုန်းလ နှင့် ပံ့သကူ ပစ်ခြင်း

Image
  ပံ့သကူ ပစ်တယ် ဆိုတာ ဘာလဲ ဒီဘက်ခေတ်မှာ လူငယ် တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ အလေ့ တစ်ခုပါ ။   ကိုယ် လှူချင်၊ တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ ။ ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာ တစ်ခုခု မှာ သွားပြီး ချထားပါ ။  ခြွင်းချက် နည်းနည်း ရှိပါတယ်။ အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး .။ ကိုယ် တစ်ယောက်တဲသာ သိရပါမယ်။ လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။ အလှူ ဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး ။ နောက် တစ်ရက်မှာ ကိုယ်လှူလိုက်တဲ့ ပစ္စည်းကို ရသွားတဲ့ လူက ကောင်းချီး မင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

Image
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်   အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်ကျမ်း Download>>>   အသားလှုပ်ကျမ်း                                                                                    Computer အသုံးပြု၍ ဖတ်လိုပါက  Adobe Reader   . Adobe Acrobat Reader တစ်ခုခု ၇ှိလျှင်  Download File ကို ဖတ်၍ ရနိုင်ပါပြီ ။

အံ့သြဖွယ်ရာ အစွမ်း ရှိတဲ့ ဂေါ်ရခါးသီး ခေါ် ဆူကာသီး

Image
ဂေါ်ရခါးသီး ကို မြန်မာနိုင်ငံ မှာ ဈေးသက်သက် သာသာနဲ့ အလွယ်တစ်ကူ ၀ယ်ယူ ရရှိနိုင်ပါတယ်…..။  ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံ ရာပုံနဲ့ ပေါများလှပါတယ်…။ ရှမ်းပြည် မှာတော့ (sugar ) ဆူကာသီး လို့ ခေါ်ပါတယ်…။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်…။ စားချင်တဲ့ အချိန်မှ သွားခူး စားကြမျိုးပါ…။ ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့…။ ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီး က ကျန်းမာရေးကို ဘယ်လောက် အထောက်အကူ ဖြစ်လဲ ဆိုတာတော့ သတိထားမိတဲ့ သူ ရှားပါတယ်…။  ဒါကြောင့် ဂေါ်ရခါးသီး နဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက် တဲ့ အချက်တွေကို ပြောပြချင်ပါတယ်…။ ဂေါ်ရခါးသီး မှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ် နဲ့ ဗီတာမင် ဘီ အုပ်စု တို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရော နဲ့ ဆိုဒီယမ် တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီး ဟာ ကယ်လိုရီ နည်းပါးပြီး အမျှင်ဓါတ်တို့ စုဝေးရာ အ ရင်း အမြစ်လည်းဖြစ်ပါသေးတယ်။ (၁) ဂေါ်ရခါးသီး မှာ ပါရှိတဲ့ ဖောလစ်ဓါတ် ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်း တည်ဆောက်မှုတို့...

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

Image
အပျို တစ်ယောက်ဖြစ်ပြီး ဟိုဟာ ဖြစ်ချင်တဲ့ စိတ်ကို ထိန်းလို့ မရအောင်ဖြစ်နေတာကြောင့် ဆရာဝန်ဆီ  ရင်ဖွင့်မေးတယ် ။  အမျိုးသမီး ...  ဆရာရှင့် ကျမ အခု ရောဂါ တစ်ခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ ကို မေးတာပါ။ ရင်ဖွင့်တာပါရှင့် ...... ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျို ပါရှင့်။ ကျမ အရမ်းချစ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တစ်ခါမှ ယောက်ျားနဲ့ တူတူ မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေး မှာပါရှင့်။ ကျမမှာ မကောင်းတဲ့ အချက်တစ်ခုရှိပါတယ်။ ကျမ လိင်ဆက် ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက် ကတည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင် ထူထူနဲ့ ဟာမျိုးနဲ့ ၁နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ ကိုယ်ပဲလုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တစ်ကယ် မနေနိုင်တော့လို့ပါရှင့် ။ အမှန်ဆိုရင်တော့ အဲဒီလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲဒီလို လုပ်တာ အပြစ်ရှိလားရှင့်။ အခု ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ ထင်ရတဲ့ ဘယ်ဘက်ဆီး ခုံ အထက်နားက တစ်ခါ တစ်ခါ ဆိုရင်အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့ အခါမျိုးမ...

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

Image
ကျန်းမာရေး ကိစ္စဖြစ်လို့ စကား အသုံးအနှုန်း ကို နားလည်အောင် ရေးသား လိုက်ရပါတယ်။ ရိုင်းသလို ဖြစ်ရင် ခွင့်လွှတ်ကြပါကုန် ။ စာရေးသူ ရဲ့မိသားစု တစ်မျှ ရင်းနှီးသူ အစ်မ တစ်ယောက်ရဲ့ သားငယ်ဟာ (၅)နှစ် သား အရွယ် မှာ ခလေး ဝှေးစေ့ ရောင်ရမ်း (ဘောကျ) ပါတယ်။ ရန်ကုန်မြို့ (၄၆) လမ်း မှတ်တိုင် အနီး အထူးကု ဆေးခန်း တွင် အထူးကု ဆရာဝန် နှင့်သွားရောက်ပြသရာ ဆရာဝန်က ခွဲစိပ် ရမယ်လို့ပြောပါတယ်။ အစ်မ နှင့်ရင်းနှီးသူ စာရေးသူ ရဲ့မိတ်ဆွေ တစ်ယောက်ရဲ့ ကိုယ်တွေ့ ဆေးနည်း ကြောင့် ခွဲစိပ်ရမည့် (ဘောကျ) ရောဂါ မှာ တစ်ခါ လုပ်ရုံနှင့် အရှင်းကို ပျောက်ကင်းသွားပါတော့တယ်။ စာရေးသူ နဲ့ ရင်းနှီးကြတဲ့ ရောဂါ ခံစားနေကြရသူ တစ်ခြား မိတ်ဆွေ များကိုလဲ ဒီဆေးနည်းကို ပြောပြ အ ကြံပေးလိုက်ရာ တစ်ခါ နှစ်ခါ လုပ်ရုံနဲ့ ပျောက်ကင်းသွားကြတာကို လက်တွေ့  တွေ့ရှိရပါတယ် ။ စာရေးသူ အကြံပေးတဲ့ ဆေးနည်း အတိုင်း လုပ်ကြတဲ့ ရောဂါ ခံစားနေရသူ ၆ ဦးမှာ ၆ ဦးစလုံး ကောင်းသွားပါတယ်။ ကျားမ မရွေး သိထားသင့်ပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီး များအတွက် သားယောက်ျားလေး မွေးမိလျှင်ပဲ ဒီပြဿနာမျိုး ကြုံရတတ်ပါတယ်။ မိသားစု သူငယ်ချင်း ရှိသူများပါ တစ်ခြားတစ်ဦး တစ်ယောက် ဒီေ...

ကြွက်နို့ နဲ့ ငါးမျက်စေ့ ကို လွယ်လွယ်လေး သတ်မယ်

Image
လွယ်လွယ်ကူကူ ပျောက်စေသော ဆေးနည်း ၊ ငါးမျက်စိ ရောဂါ ကို အင်္ဂလိပ်လို Cron ခေါ်ပါသည်။  ငါးမျက်စိ ရောဂါ (molluscum Contagiosum) သည် အရေပြား ပေါ်တွင်ဖြစ်ပေါ်နေသော အဖုလေး အလုံးလေး များဖြစ် ပါသည်။ ညှစ်လိုက်ပါက အဖုလုံးလေး များမှ အဆံလေးများ ထွက်တတ်ပါသည်။ ကူးစက်မှု လွယ်ကူးပြီး ထိမိ၊ ဖိမိက နာလှပါသည် ။ ခန္ဓာကိုယ် အနှံ့ အပြားတွင်လည်း ပေါက်တတ် ပါ သည်။  သို့သော် ငါးမျက်စိ သည် ခြေထောက် တွင် ပေါက်သည်က များပါသည်။ အချို့က အသားမာ ဟု  လည်း ခေါ်သည်။ ကြွက်နို့ ကို (Wart) ခေါ်သည်။ ကြွက်နို့ဟာ HPI လို့ခေါ်ကြသည့် Human Papilloma Virus ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ပါတယ် ။ HPI ဗိုင်း  ရပ်စ် အမျိုးအစား (၈၀) ကျော်ကြောင့် ကြွက်နို့ ဟာ လူ့ ခန္ဓာအနှံ့ ပေါက်တယ်လို့ ဆိုပါသည်။ မြန်မာ တိုင်းရင်းဆေးနည်း တစ်ခုဖြင့် ကြွက်နို့၊ ငါးမျက်စိ ရောဂါကို အသေအချာ ပျောက်ကင်းစေပါသည် ။

ဘုရင်ကြီး ဘူမိဘော ၏ ဈာပနတော် အခမ်းအနား

Image
                               ဘုရင်ကြီး ဘူမိဘော ၏ ဈာပနတော် စတင် ဖွင့်လှစ်ချိန် ပူဆွေးဝမ်းနည်းကြသော ပြည်သူများ စုံရုံးရောက်ရှိနေ ထိုင်းဘုရင်ကြီး ဘူမိဘော ၏ ရုပ်ကလာပ်တော်အား အောက်တိုဘာ ၂၆ ရက် တွင် မီးသဂြိုဟ်တော့မည့်ဖြစ်သောကြောင့် လောင်တိုက်တော်ရှိရာသို့ ပေးဝင်မည့် စစ်ဆေးရေး ဂိတ်များအား အောက်တိုဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို စစ်ဆေးရေးဂိတ်များမှ တစ်ဆ င့် ဝင်ရောက်ခွင့်ရရန် စီတန်း စောင့်ဆိုင်းနေသည့် ပြည်သူ များမှာ ထောင် ပေါင်းများစွာ ရှိနေသည်။ ဘုရင်ကြီး ၏ ဈာပနတော်သည် ထိုင်း တစ်နိုင်ငံလုံး စုစုစည်းစည်း ရှိနေသည့် တစ်ခုသော ဝမ်းနည်းဖွယ် အခါ သမယလည်း ဖြစ်သည် ။ ရာစုနှစ် တစ်ခုစာ အတွင်း ထိုင်း တော်ဝင်နန်းတော် အဖြစ် အပျက်များ မှ  အကြီးကျယ်ဆုံး အခမ်းအနားလည်း ဖြစ်သည်။ မိုးများ သည်းထန်စွာ ရွာသွန်းနေသည့်ကြားက အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ပြည်သူ ထောင်ပေါင်းများစွာသည် လောင်တိုက်တော်ရှိရာ ဘန်ကောက် နန်းတော်ရာ အနီး စုရုံးလျက်ရှိကြခြင်း ဖြစ်သည်။ ဆိုင်များနှင့် တည်းခိုခန်းများက ဈာပနတော် အတွက် လာရော...

အဲ ယား ကွန်း ကို Gas ဖြည့်‌ မယ်‌

Image
ဘယ်‌ က ‌နေ ဖြည့်‌ မှာ လဲ ? Suction (or) Discharge ? Suction ဆိုတာက စုပ်‌ယူတာလို့ လူတိုင်း သိကြ ပြီးသား ဖြစ်‌လို့ အလွယ်‌တစ်ကူ မှတ်‌ရန်‌လွယ်‌ ကူ‌အောင်‌ Gas ပဲ ဖြည့်‌မယ်‌လို့ မှတ်‌ယူပါ။ gas ဖြည့်‌မယ်‌ ဆိုလျှင်‌လဲ Compressor ကို ‌မောင်းထားရမှာ ဖြစ်‌ပါတယ်‌ ။  လိုချင်‌တဲ့ Point ကို ‌ရောက်‌ ‌အောင်‌ အ ချိန်‌ ယူ ပြီး ဖြည့်‌ ရ မှာဖြစ်‌ ပါ တယ်‌။ အ ‌ရေးကြီးတာက ဖြည့်‌ပုံ ဖြည့်‌ နည်း လိုပါတယ်‌။ Compressor Cycle မှာ Air Lock မ ဖြစ်‌ ‌အောင်‌ gas pipe ‌တွေ connection လုပ်‌ တဲ့ အ ချိန်‌ မှာ အ ထူး က ရု ပြု ရ မှာ ဖြစ်‌ ပါ တယ်‌။  ဖြည့်‌တင်း ‌နေကြသူများ အ တွက်‌ က ‌တော့ Easy Going ဖြစ်‌ ‌ပေ မယ့်‌ fresher တစ်‌ ‌‌ယောက်‌အတွက်‌ ကတော့ လက်‌တုန်‌ ‌နေ မှာ ‌သေချာပါတယ်‌။ ကိုယ်‌တိုင်‌လဲ ဖြစ်‌ ခဲ့ ဘူး ပါ တယ်‌ ။ လုပ်‌ ‌နေကျ ‌တော့လဲ ယဉ်‌ ပါး သွား မှာ ‌ပါ။ A/C တစ်‌ လုံး ကို Suction Side က ‌နေ Gas ဖြည့်‌ သွင်း ‌တော့ မယ်‌ ဆို ရင်‌ အ ‌ရေး ကြီး လိုအပ်‌တာက Ampere Clamp Meter ‌လေး ပါ။ Compressor motor load ကို တွက်‌ ပြီး Maximum amp ကို ‌ကျော်‌ လွန်‌ မ ဖြည့်‌ မိ ဖို့ လို အပ်‌ ပါ တယ်‌။ ပို ဖြည့်‌ ရင်...

ကျော်ကြားသော တံဆိပ်များတွင် ဝှက်ထားသော အဓိပ္ပာယ်များ

Image
နာမည်ကြီး ကုမ္ပဏီတိုင်းလိုလို သူတို့ရဲ့ logo ကို မှတ်မိထိုက်လောက်တဲ့ သင်္ကေတ အပြင် အဲ့ဒီမှာ အဓိပ္ပာယ်တွေပါ ဝှက်ထားတယ်။ တစ်ကယ်တော့ ဒီဇိုင်နာတွေကတော့ လိုအပ်တဲ့ အဓိပ္ပာယ်ကို နေရာ အရမ်းမယူ စေပဲ အတတ်နိုင်ဆုံးသေးနိုင်သလောက် သေးအောင် ရေးဆွဲထားကြတယ်။  1.Amazon ဒီအတိုင်း ကြည့်ရင်တော့ Amazon logo က ဘာမှ အထွေအထူး မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့ကို ဒီအမှတ်တံဆိပ်ရဲ့ အတွေးအခေါ်ကို နားလည်စေဖို့ ရေးဆွဲထားတယ်။ အဝါရောင် မြှားလေးက အပြုံးကိုရည်ညွှန်းခြင်းဖြစ်တယ်။  ဘာလို့လဲ ဆိုတော့ Amazon.com က သူ့ရဲ့ customer တွေကို ပျော်ရွှင်စေခြင်တယ်။ ပြီးတော့ မြှားက  a နဲ့ z ကို ဆက်ထားတာဖြစ်တယ်။ အဲ့ဒါက ဒီ online ဈေးဆိုင်မှာ ပစ္စည်းအားလုံးနီးပါး ရှိတာကိုဆိုလို တာပါ။  2. Yoga Australia သြစတေးလျ ကယောဂ ဝါသနာရှင်များရဲ့ အဖွဲ့မှာ သုံးနေတဲ့ တံဆိပ်ဖြစ်တယ်။ ကောင်မလေး ရဲ့ လက်နဲ့ ခြေထောက်ကြားရှိ အကွက်က သြစတေးလျနိုင်ငံ ရဲ့ မြေပုံကြမ်း ဖြစ်တယ်။ 3.SonyVaio အဲ့ဒီ တံဆိပ်ရဲ့ ပထမ စာလုံးနှစ်လုံးမှာ လိုင်းလေးပါတယ်။ အဲ့ဒီ လိုင်းလေးက လျှပ်စစ်ပစ္စည်းကို ရည်ညွှန်းပြီးအနောက်က 1 နဲ့ 0 က နည...

မမေ့နဲ့

Image
အကျိုးပေးဖို. ကံတွေ အဆင့်ဆင့် ရှိတယ်။ ဂရုကံ--- ကြီးလေးတဲ့ ကံ။ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးမှာ ရှိတယ်။ အာစိဏ္ဏကံ--- နေ.တိုင်းပြုတဲ့ ကံ။ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးမှာ ရှိတယ်။ ကဋ္ဋတ္တာကံ--- တစ်ခါတစ်ရံ ပြုတဲ့ ကံ။ အာသန္တွကံ---စုတိပြတ်ကြွေ သေခါနီးမှာ ကပ်ပြီးဖြစ်တဲ့ ကံ။ အဲဒီ ကံပြီးရင် စုတိ စိတ်ပဲ။ အဲဒီကံက ဟိုဖက် ပဋ္ဋိသန္ဓေ အကျိုးပေးတော့တာပဲ။ ကံ တစ်ခုဟာ ပဋ္ဋိသန္ဓေ အကျိုးတစ်ခုပေးတယ်။ နောက် ဟိုဘက်မှာ ပဝတ္တိအကျိုး ဆိုတာကတော့ ထပ်ခါ ထပ်ခါ ပေးတတ်တယ်။ အာသန္တွကံ ကို ဘာနဲ.ဥပမာ ပေးထားသလဲ ဆိုတော့---နွားခြံထဲကို နွားတွေ မောင်းသွင်းတဲ့ အခါ အားကောင်းမောင်းသန်တဲ့ နွားတွေက နေရာကောင်း လိုချင်လို. ခြံထဲကို အရင်ရောက်အောင် တိုးဝှေ.ပြီးတော့  ပြေးဝင်ကြတော့ အားနည်းတဲ့နွားတွေ၊ နွားအိုကြီးတွေ ပိန်ခြောက်နေတဲ့ နွားတွေက မတိုးနိုင် မဝှေ.နိုင်တဲ့အတွက်ကြောင့် နွားခြံထဲကို နောက်မှဝင်ရတယ်။ အဲဒီ ပိန်ခြောက်နေတဲ့ နွားတွေ အားနည်းနေတဲ့ နွားတွေက ရွှံ.ဗွက် ထဲမှာ နွားခြံ ရဲ. အပေါက်ဝနားမှာ ကပ်  ပြီးတော့ အိပ်ရတယ်။ မနက်မိုးလင်းလို. ခြံတံခါးဖွင့်တဲ့ အခါကျတော့ နွားပျို နွားသန်တွေက အရင်ထွက်လို.မရဘူး။  အပေါ...

မီးကွင်းဒေါင်း (သို့) သိဒ္ဓိပြီး ဒေါင်းရုပ် ၏ ထူးဆန်းဖွယ် သမိုင်း

Image
နံနက်ခင်း ဝေလီဝေလင်း အချိန်မှာ လောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီး ပဲလေ့ ဟိုတယ်ခေါင်မိုး တစ်ခုပေါ်ရပ်နားနေတဲ့ဒေါင်းရုပ်လေးကို အားလုံးပဲ မြင်ကြမှာပါ ။ အဲဒါနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြလို့ သမိုင်းလှန်ပြီး အဖြစ်မှန်ပြောပြချင်ပါတယ် ။ အဲဒီဒေါင်းရုပ် က ခင်များတို့ပြောသလို Nld ပါတီဝင် မထားပါဘူး ။ သီးခြား ရပ်တည်နေတဲ့ ကဝေဒေါင်း တစ်ခုပါ သာမန်အရုပ်ဒေါင်းလို့ ထင်ရင် မှားပါတယ် ။  အဲဒါ အစီအရင်တွေနဲ့ သိဒ္ဓိတင်ထားတဲ့ ကဝေဒေါင်းဖြစ်ပါတယ် ….. ရှေးလူကြီးတွေ ပြောစကားအရ အဲဒီ ဒေါင်းရုပ်ကို ၁၈၈၇ ခုနစ်ခုလောက်က ရတနာပုံ နန်းတွင်းက အမတ် ကြီး ဦးကောက် ဆိုသူမှ ခရီးသွားရင်း ပုသိမ်ကြီးမြို့နယ် နားက တောအုပ် တစ်ခုမှာ တွေ့ခဲ့တဲ့ ကညင်ပင်  နှင့်ကျွန်းပင် နှစ်ပင်တစ်ပင် စပ်ယှက်ပြီး ပေါက်နေတဲ့ သစ်ပင်ကနေ ဖြစ်လာတဲ့ ကုန်းဘောင်ခေတ်နှောင်း ပိုင်း ရတနာပုံခေတ် လက်ရာပါ ။ အဲဒီ ဒေါင်းရုပ်ကို နန်းတွင်း လက်သမားဆရာကြီး မြို့သာ အပိုင်စား ဦးဖိုးကွန်း ဆိုသူမှ ၇ ရက် ၇ နှစ်လီ  အကြမ်း ထွင်းထုခဲ့ရပါတယ် ။ အဲဒီဒေါင်းရုပ်ကို စတင် ထွင်းထုတဲ့ အချိန်က စလို့ ဦးဖိုးကွန်း က အသား မစားပဲ သက်သတ်လွတ် စားရပါတယ် ။ ဥပုသ် စောင...

ခြေဖနောင့် ကွဲလို့ စိတ်မညစ်ပါနဲ့

Image
မကြာခင် တစ်မိုးကုန်လို့ တစ်ဆောင်း ၀င်လာ ပါတော့ မယ် ။ ခန္ဓာကိုယ်တွင်း အပူဓာတ် များသူတွေ နဲ့ ၊ နေ့ လည်ဘက် နေပူပူထဲ လမ်း လျှောက် အထွက်များ သူတွေ အဖို့ ဆောင်းရာသီ ရောက်တဲ့အခါ အပူကန် ထွက်လေ့ရှိကြပြီး ခြေဖနောင့် အရေပြားများ ကွဲအက် လာ ပါတော့တယ်။  အချို့ သူတွေ မှာ သိပ်ဆိုးဆိုး ရွားရွားကြီး မဟုတ် အမြင်ဆိုး ရုံလောက်သာ ကွဲအက် ကြသော်လည်း၊ အချို့ ကတော့ ကွဲထွက်နေသော အရေပြား အစ အနတွေက တစ်ဆင့် အ၀တ်အထည်နဲ့  ပွတ်တိုက်၍ အသား  စလန် သွေးထွက်ကာ မေးခိုင်ပိုး အန္တရာယ်ဖြစ်စေ လာနိုင်ပါတယ်။ အပယိက ခြေဖနောင့် ကွဲအက်ခြင်း အတွက် ရေချိုးတဲ့အခါ ဖနောင့် အချင်းချင်း ခပ်ကြမ်းကြမ်းပွတ် တိုက် ၍သော် လည်းကောင်း၊ ရေချိုးခန်း တမံသတင်း (သို့ မဟုတ်) ရေချိုးခန်းသုံး ကျောက်ခဲ တုံးလေးဖြင့် ပွတ်တိုက်၍ သော်လည်း ကောင်း ဤသို့ ပြုပေးခြင်းဖြင့် အရေ ပြားချောမွေ့ သွားစေပါတယ်။ အကယ်၍ ကြီး  ကြီးမားမား ကွဲအက်သူများအဖို့ အရေပြားစလေးတွေကို လက်သည်း ညှပ်လေးနဲ့  ညှပ်ထုတ်ပေးပြီး အောက် ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်း ကုထုံး (၈) မျိုးထဲမှ မိမိအတွက် အဆင်ပြေရာကို သုံး၍ ကုစားနိုင်ပါ တယ်။ (၁) သံပုရာရည်-ဆား-အလှဆီ-နှင်းဆီရည် တို့ ဖြ...
 
365myanmar.com - Myanmar Online Shopping Mall