အကောင်းဆုံး အရင်းအနှီး
ဘယ်လောက်ဝေးဝေး
ရေစက် ရှိတဲ့သူတွေက
ကိုယ့်အနား အလိုလို ရောက်လာမှာပဲ....
ဘယ်လောက်နီးနီး 
ရေစက် ကုန်သွားတဲ့ သူတွေကတော့
ခွဲကြရဦးမယ်....
ဘဝ ဆိုတာ...
အရာရာ စိတ်တိုင်းကျတော့ မဖြစ်နိုင်ဘူး...
စိတ် မပျက်ပါနဲ့....
ဒုက္ခ ဆိုတာရှိလို့ သုခ အမှန်ရှာရင်းနဲ့
သစ္စာ ကို ရှာတွေ့သွားကြတာပဲ
မဟုတ်လား...
လောက နိယာမတွေက
ရိုးရိုးလေးတွေးရင်
ရှင်းရှင်းလေးပေါ်လာတယ်....
ဆုံလာကြသမျှ တစ်နေ့ ခွဲရမယ်...
ဖြစ်လာတာ မှန်သမျှ တနေ့ ပျက်ရမယ်..
အနှေးနဲ့ အမြန်ပဲ...
ဆွဲထားလို့ ရရင်တောင် ခဏပါပဲ....
ဘာကိုမှ တရားသေ စွဲမထားတဲ့ သူဟာ
လွတ်လပ်တယ်....
ဘာကိုမှ ဆုပ်ကိုင် မထားတဲ့သူဟာ
ပေါ့ပါးတယ်...
အလိုက်သင့်လေး နေတတ်တဲ့ သူဟာ
ငြိမ်းချမ်း ပါလိမ့်မယ်....
ဘာပဲဖြစ်ဖြစ်ပါ...
လက်ရှိတွေးနေတဲ့
အတွေးကို ကောင်းအောင်တွေး
လက်ရှိ လုပ်နေတဲ့အလုပ်ကို
အကောင်းဆုံး လုပ်
လက်ရှိတွေ့နေတဲ့ သူကို
အကောင်းဆုံး ဆက်ဆံ
လက်ရှိ အချိန်လေးကိုပဲ
အကောင်းဆုံး တတ်နိုင် သလောက်
ဂရုစိုက်နေရင် ရပါပြီ....
ဒါ ကိုယ့်အနာဂါတ် အတွက်
အကောင်းဆုံး အရင်းအနှီး ဖြစ်လာပါလိမ့်မယ်....
ငြိမ်းအေး၊ လွတ်လပ်သော ဘဝများ...
ပိုင်ဆိုင်နိုင်ကြပါစေ... 
cred ..​မောင်​စွယ်​စုံ သုတ
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall