ဘာသာ သာသနာ အစွပ်စွဲ ခံရမှု့နဲ့ ပတ်သက်၍ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ အကြံပြုတင်ပြလွှာ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ ၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် ၌ ကျင်းပပြုလုပ်အပ်သော ဗုဒ္ဓ သာသနာတော် ဆိုင်ရာသြဝါဒ ခံယူ ညှိနှိုင်းဆွေးနွေးပွဲ သို့ပေးပို့အပ်သော အကြံပြု တင်ပြလွှာ ။
(၁) မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခ အခြေနေများနှင့် အဓိကရုဏ်း (Riot) များကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ဆုံးရှုံး ၍ နိုင်ငံတစ်ကာ မျက်နှာစာ၌ မြန်မာနိုင်ငံ ၏ ဘာသာ သာသနာ အပေါ် အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်နေပါသည်။ 
ထိုသို့ အထင်အမြင် လွဲမှားမှုများသည် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုး တိုးတက်မှု အတွက် ကြီးမားသော အနှောက်အယှက်များဖြစ်ပါသည်။
(၂) နိုင်ငံတစ်ကာ မျက်နှာစာ၌ မြန်မာနိုင်ငံ ဘာသာ သာသနာ အပေါ် အထင်အမြင်လွဲမှားမှုများ မဖြစ်စေရန် ကာကွယ်စောင့်ရှောက်မှု နည်းလမ်းကို အကြံပြုလိုပါသည်။
(က) အမျိုး ဘာသာ သာသနာ ကာကွယ်ရေးကွန်ယက်
( National Faith Protective Networkး NFPN ) တစ်ခု တည်ထောင်ရန်၊
(ခ) NFPN ၏ အသံသည် ရဟန်းရှင်လူ ပြည်သူ အားလုံး၏ အသံဖြစ်စေရန်၊
(ဂ) NFPN မှ မှန်ကန် မြန်ဆန် ထိရောက်သော သတင်းများ ပေးပို့ရန် ၊ စွပ်စွဲမှုများ မဟုတ် မတရား သတင်းမှားများကို တုန့်ပြန်ချေပရန်၊
(ဃ) မြန်မာနိုင်ငံ အတွင်း ဒေသ အနှံ့အပြား စည်းရုံးရေးနှင့် သတင်း အမှန် ရရှိရေး ရှင်ငယ် လူငယ်များ 
(စေတနာ့ ဝန်ထမ်း သို့မဟုတ် လိုအပ်ချက် များ ထောက်ပံ့ပေးထားသူ) ဖြင့်ဆောင်ရွက်ရန်၊
(င) အမြော် အမြင် ရှိရှိဖြင့် အမျိုးဘာသာ သာသနာစောင့်ရှောက်လို သူများဖြင့် ပြည်တွင်းပြည်ပ အင်အားများ ချိတ်ဆက်ရန်၊
(စ) ကမ္ဘာ့ အသင်းစုကြီးများရှိ မြန်မာ့ မျိုးချစ်များကို စည်းရုံးထားရန်၊
(ဆ) ကမ္ဘာ့ ကုလသမဂ္ဂထိ ပေါက်ပေါက်ရောက်ရောက် ပြောနိုင်သူများနှင့် ချိတ်ဆက်ထားရန်၊
(ဇ) နိုင်ငံတစ်ကာ ဘာသာစကား မျိုးစုံဖြင့် သတင်းစာ ရေဒီယို TV တို့မှ နိုင်ငံတစ်ကာ က ကြားသိအောင်ေ ရးနိုင်ပြောနိုင်သူတို့မှ တစ်ဆင့် စဉ်ဆက် မပြတ် သတင်းဖြန့်ရန်၊
(ဈ) လက်ရှိ သံဃနာယက အဖွဲ့များမှာ ရိုးရာ ကိစ္စဆောင်ရွက်မြဲ ဆောင်ရွက်နေကြသည် ဖြစ်၍ သံဃာ့ အဖွဲ့ အစည်း ထပ်မံ ဖွဲ့စည်းရန်၊
(ည) NFPN အဖွဲ့သည် ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်သော တစ်ခုတည်းသော အဖွဲ့မျိုးဖြစ်စေရန်၊
(ဋ) အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေး ဟူသော တစ်ခုတည်းသော ဦးတည်ချက်ကို ဦး ထိပ်ထားလျက် စုပေါင်းခေါင်းဆောင် စုပေါင်းဆွေးနွေး စုပေါင်း အဖြေရှာ စုပေါင်းဆောင်ရွက်ရေး အလေးပေး ကြရန်၊
(ဌ) ညီညွတ်ရေးသည် ပထမ
     ညီညွတ်ရေးသည် ဒုတိယ
     ညီညွတ်ရေးသည် တတိယ
ညီညွတ်ရေးကိုသာ အသက်ထက်မြတ်နိုးကြပါရန်၊
(ဍ) တစ်ဖက်မှ အမျိုးဘာသာ သာသနာ ကာကွယ်ရေးကို ဆောင်ရွက်ရင်း တစ်ဖက်မှ အမျိုးဘာသာ သာ သနာ ကြီးပွားရေးကို သမဂ္ဂသမ္မောဒမာန ဒီဃဒဿီဂုဏ်ရည်ပြည့်စွာ ဆောင်ရွက်တော်မူကြပါ။
နန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်
ITBM တက္ကသိုလ်
ရန်ကုန်
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall