Posts

Showing posts from September, 2021

တစ်ချိန်က_တက္ကသိုလ်မြေမှ_ဦးချစ် လ္ဘက်ရည်ဆိုင်

Image
 တစ်ခါက_ကံ့ကော်တောမှာ  ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ဇွန်လထဲတုန်းက စာကြည့်တိုက်ပညာ ဒီပလိုမာကိစ္စကြောင့် မမျှော်လင့်ဘဲ အမိတက္ကသိုလ်ကြီးထဲကို ရောက်ဖြစ် သွားခဲ့ပါ တယ်။ အဓိပတိလမ်းမ ဂိတ်ဆီကနေ ဝင်လိုက်တော့ ကျွန်တော်ဘူမိဗေဒ အဓိက ကျောင်းသားအဖြစ် ၁၉၈၀ လွန်ကာလဆီမှာတုန်းက တက်ခဲ့တဲ့ မန္တလေးဆောင်ကြီးက ခပ်တည်တည်ကြီး ဖြစ်နေတယ် ထင်ရတယ်။  တောင်ငူဆောင်ဘက်ဆီ ဆက်လျှောက်တော့ ကင်တင်းစားသောက်ဆိုင်တန်းရှည်နဲ့ တိုးတယ်။ (ကျွန်တော်တို့တုန်းက ဒီဆိုင်တန်းရှည်တွေ မရှိသေးဘူး။ ဒီနေရာက စိန်ပန်းပင်တွေရှိတဲ့ မြက်တောကြီးပါ) အတူပါလာတဲ့ တပည့်ဖြစ်သူ စာနယ်ဇင်းသတင်းထောက်မလေးက သူ ဒီပလိုမာ သင်တန်းတွေ တက်ခဲ့စဉ် ဖောက်သည်ဖြစ်နေတဲ့ အခုနေရာသစ် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ဝင်နားကြတယ်။  ကျွန်တော့်ရင်ထဲမှာတော့ ဟိုစဉ်က ဦးချစ်ဆိုင်ကို ပြန်သတိရဖြစ်ရင်း မေရာက္တာ နှစ်များစွာရှိတဲ့ ကံ့ကော်တောရှုခင်း ပုံရိပ်တွေကို သတိပြုမိနေစဉ် တစ်ဖက်ဝိုင်းမှာ ဟိုစဉ်က အနုပညာအသင်းမှာ အတူလှုပ်ရှားခဲ့ဖူးပြီး၊ သူမတို့က အတန်းငယ်တွေဖြစ်သော်လည်း အထူးခင်မင်ခဲ့ဖူးတဲ့ မထိပ်တင်ဟန်ကို ကထိကဆရာမတစ်ဦးအဖြစ်နဲ့ ပြန်လည်တွေ့ဆုံ စကားပြောဖြစ်တော့ သူမက ပါရဂူတန်းကို နောက်ဆုံးအဆင့် တက်နေကြောင်းသိရတ
 
365myanmar.com - Myanmar Online Shopping Mall