Posts

Showing posts from December, 2016

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Image
မြန်မာ မဟာဘုတ် ဗေဒင် ပညာ မိမိ ၏ မြန်မာမွေးသက္ကရာဇ်ကို တည်၍ ၇ နှင့် စားပါ  ။   ဥပမာ -မိမိ ဟာ ၁၃၅၀ မွေးတယ် ဆိုပါတော့။ ၁၃၅၀ ကို ၇ နဲ့ စားရင် ၆ ကြွင်းတယ် (၁၃၅၀ ÷၇=၆)   ၆ကြွင်း ကို ကြည့်လိုက်ပေါ့။ ၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား ၊  ၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား   ။  မြန်မာမွေးနှစ် မသိတဲ့လူတွေ  အတွက်တော့..အောက်က Link ကိုနှိပ်ပြီ အင်္ဂလိပ်ခုနှစ်ကို မြန်မာ  ခုနှစ်ပြောင်းပြီးကြည့်နိုင်ပါတယ်။    http://www.mmcalendar.com/ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိ ဖွား ၀ခုကြွင်းကြာသပေ တး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူး သား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လှ

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

Image
ဂဏန်းဗေဒင်ပညာ က ကိန်းဂဏန်းတွေနဲ့ သူတို့ရဲ့ လွှမ်းမိုးမှုတွေကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ နာ မည် တစ်လုံးမှာ ဆိုရင် ကိုယ့် နာမည်ထဲမှာ ရှိတဲ့ သရ စကားလုံးတွေက ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်း ရှိတယ် လို့ ပညာရှင်တွေကဖော်ပြထားပါတယ်။  ဒါကြောင့် နာမည်ထဲက သရ စကားလုံး (a,e,i,o,u) တွေ အားလုံးကို ပေါင်းပြီး ရလာတဲ့ ဂဏန်းက ကိုယ့်ရဲ့ ကံကြမ္မာ ကို သတ်မှတ်ပေးတဲ့ ဂဏန်းလို့ ဆိုရပါမယ်။ ဒီလို ပေါင်းတဲ့ အခါမှာ a =1,e=2 , i=3 ,o =4, u=5 လို့ ယူပြီး ဂဏန်း အားလုံးကို တစ်လုံးထဲ ရသည် အထိ ပေါင်းရပါမယ်။  ဥပမာ .. သင့်နာမည် အားလုံးပေါင်းခြင်း 99 ရတယ် ဆိုပါစို့ ။ 99=9+9=18 ရရင် 1 +8 =9 အထိရောက်အောင် ဆက်ပေါင်းရတဲ့ အတွက် သင့် နံပါတ်က 9 ဂဏန်းဖြစ်ပါတယ်။  ၁ ဂဏန်း –  ခေါင်းဆောင်နိုင်ခြင်းနဲ့ အင်အားပြည့်ဝခြင်းကို ပြပါတယ်။ တိုးတက်နိုင်ချေ အများကြီး ရှိသလိုထူးခြားတဲ့ ဖန် တီးနိုင်စွမ်း အပြည့်ရှိပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ ကျွမ်းကျင်မှု နဲ့ ယုံကြည်ချက်တွေက ကိုယ်ချင်းစာစိတ်နဲ့ တစ်ယူသန် မထားတဲ့ အမြင် တို့နဲ့ ပေါင်းစပ်မှ အန္တရာယ် မပေးနိုင်တဲ့ အောင်မြင်မှုရပါလိမ့်မယ်။ ၂ ဂဏန်း –  ဒေါသဖြစ်နေတဲ့ လူတွေကြားမှာ အမြဲ ဖျန်ဖြေေ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

Image
မူလ (၁) ဂဏန်းသမား အကြောင်း မူလ ဂဏန်း (၁) ရတဲ့ လူဟာ အသားအရည် က ဖြူဖတ်ဖြူရော် ရှိတတ် တယ်ကွ။ ဒါပေမယ့် ကိုယ်လုံး ကိုယ်ပေါက် က ကြံ့ခိုင်တဲ့ လက္ခဏာ ရှိတယ်ကွ။ ဆံပင် တို့ ဘာတို့ ကတော့ အများအားဖြင့် အမည်းရောင် ဖြစ်လေ့ ရှိတယ်။ ပြီးတော့ လူအများစုနဲ့ မနေဘဲ တစ်ကိုယ်ရေ တစ်ကာယ နေတတ်တယ်ကွ။ နောက်တစ်ခုကတော့ (၁) ဂဏန်းသမားဟာ လူတွေကို မယုံဘူး။ အမြဲတမ်း သံသယ ရှိနေတတ်တယ်။ တော်တော်များများ (၁) ဂဏန်းသမားတွေက အာဏာပြတာတို့ အမိန့်ပေးတာတို့ လုပ်လေ့ရှိတယ်။ ပြီးတော့ အသစ်အဆန်းကို ဖန်တီး လုပ်ဆောင်တတ်တဲ့ ဉာဉ်လဲရှိတယ်။ အင်္ဂလိပ်လ ဘယ်လမှာပဲ မွေးမွေး ၁-ရက် ၁၀-ရက် ၁၉-ရက် ၂၈-ရက်တွေမှာ မွေးရင် ဂဏန်းဗေဒင် သဘော အရ ၁-ဂဏန်းသမားလို့ ပြောရမှာပဲ။ ၁- ဂဏန်း သမားဟာ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တော့ ကြီးတတ်တယ်ကွ။ ဘယ်လို အသက်မွေး ၀မ်းကြောင်း အလုပ်ကိုပဲ လုပ်လုပ် ၁-ဂဏန်း သမားဟာ တဖြည်းဖြည်းနဲ့ အမြင့် ကို ရောက်သွားတတ်တယ်။ ပြီးတော့ ၁-ဂဏန်းသမား အတွက် အဆောင်ဟာ ရွှေ ပဲကွ။ ရွှေ ကို ဆောင် ထားရင် ကံကောင်းတယ်လို့ ရှေးက ဆရာတွေက ယုံကြည်ကြတယ်။ အရောင် ဆိုရင်တော့ အ၀ါရောင်တို့ ၊ ရွှေရောင်တွေဟာ ၁-ဂဏန်း သမားနဲ့ သင့်မြတ်တယ်။ ပြီးတော့ ကျောက် မျက် ရတနာ ထဲက ဆိ

ပျောက်ဆုံးသွားသော ကမ္ဘာ့မြို့ကြီး ၁၀ မြို့

Image
၁- ထရွိုင်း ဤ ဒဏ္ဍာရီ ဆန်လှသော မြို့လေး ၏ အကြွင်းအကျန်များကို ၁၉ ရာစု အတွင်း တူရကီနိုင်ငံ အနာတိုလီယာ  ဒေသတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ ဒဏ္ဍာရီတို့ အရ ဂရိ တို့သည် အဆိုပါမြို့အား ပြာပုံ အတိဖြစ်အောင်မီးရှို့ ပစ် ခဲ့ကြသည်ဟုဆိုသည်။  ရှေးဟောင်း သုတေသန ပညာရှင်များသည် ၆.၁ မီတာမြင့်သော နံရံကြီး ကို ဟာဆာလစ် တွင် တွေ့ရှိခဲ့ သည်။ ယင်းနေရာတွင် တစ်ချိန်က မြို့ကြီး ကိုးမြို့  တည်ရှိခဲ့ပြီး ယင်းတို့ထဲမှ တစ်မြို့သည် ထရွိုင်မြို့ ဖြစ်သည်ဟု ဆိုသည် ။ ၂- ဘေဘီလုံ  ဘေဘီလုံမြို့ ၏ တွဲလောင်း ကျနေသော ဥယာဉ် များသည် ဘေဘီလုံမြို့ အနေဖြင့် အလွန် ထွန်းကားသော နိုင်ငံဖြစ်ခဲ့ကြောင်း သက်သေပြသည့် ကမ္ဘာကျော် သင်္ကေတများပင် ဖြစ်ပေတော့သည်။ ဘေဘီလုံမြို့၏ ခမ်းနားကြီးကျယ်မှု့ကို သက်သေထင်ရှား မြင်တွေ့ခဲ့ခြင်း မရှိသော်လည်း ကျော်ကြားလှသော သမိုင်းပညာရှင် ဟီရိုဒေါက်တက်စ် က ဘေဘီလုံ ၏ သမိုင်းကြောင်းများကို ရေးသားခဲ့သည်။  ဘေဘီလုံမြို့တော် ၏ အုတ်ခဲ နံရံများကို ၁၉ ရာစုတွင် ရှာဖွေ တွေ့ရှိခဲ့သည်။ သို့သော်မြောက်ဘက် နန်းတော် ၏ အပျက်အစီး မျှသာဖြစ်သည်။ ဘေဘီလုံမြို့တော် အစ်ရှ်တာ ဂိတ်ဝကြီး မှ အတုံးအခဲ များကို ဘာလင်မြို့ ရှိ ပါဂါမွန်ပြတ

အခြေခံ ဝိပဿ နာ ရှုနည်း

Image
ဓမ္မမိတ်ဆွေတို့ အားလုံး မင်္ဂလာပါ ။ အခြေခံ ဝိပသာနာ ရှုနည်းလေးကို ရေးတင်တာ စာနည်းနည်း ရှည်တဲ့အတွက် ကျွန်တော်တို့လို  မျိုး အခုမှ ဝိပသာနာ စပြီး လေ့လာသူတွေ အတွက်တော့ ဖတ်လို့ မအားသေးရင်လဲ ရှယ်ထားပါ ကိုယ့် အတွက် အကျိုးရှိမှာပါ ။ ဤ မဟာ သတိပဋ္ဌာနသုတ် ကို ဗုဒ္ဓ သည် ကုရုတိုင်း ကမ္မာသဓမ္မ မည်သော နိဂုံးရွာ တွင် သီတင်းသုံးစဉ်၊ ဘိက္ခူ  ရဟန်းတို့ အားဟောကြားခဲ့သော ဒေသနာတော် ဖြစ်သည်။ တရားအနက် ဤ လေးပါးကုန်သော တရား တို့၌ သတိကို စွဲမြဲစွာပြု၍ ကျင့်ရသော သတိပဋ္ဌာန်မည်သော အကျင့်သည်ရှိ၏ ဤ အကျင့်ကား.......... ၁၊ စိတ်အညစ်အကြေးတို့ ကင်းဝေးစင်ကြယ်စေနိုင်သော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။ ၂၊ ပူဆွေးသောကရောက်ခြင်းမှ လွန်မြောက်နိုင်စေသော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။ ၃၊ ဒေါသကြောင့် ကိုယ်စိတ်နှလုံး ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းပျောက်ကွယ်စေနိုင်သော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။ ၄၊ ဘဝ တဏှာ ကင်းဝေးရာဖြစ်သော နိဗ္ဗာန်မည်သော တရားကို မျက်မှောက်ပြုနိုင်သော (ရရှိနိုင်သော) တစ်ခုတည်းသော အကျင့်နည်းလမ်းပေတည်း။ ဤလေးပါး ကုန်သော သတိပဋ္ဌာန် အကျင့် ဆိုသည်မှာ အဘယ်နည်း။    ရဟန်းသည် လုံ့လ ဝိရိယကို စိုက်ထုတ်စေလျှက်၊

ရင်သားကြီးထွားဆေး ထိုးပြီးနောက် ရင်သားနှစ်ခု ခါးကို ရောက်သွားရတဲ့ အမျိုးသမီး

Image
တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦး ဟာ သူမ ရဲ့ရင်သား အရွယ်အစား ကြီးမားစေဖို့အတွက် သူမကိုယ်တိုင် ဆေးထိုးခဲ့ပြီးနောက် သူမမျှော်လင့်ထားသလို ကြီးမလာဘဲ ရင်သားကို ရှာမတွေ့ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမ ရဲ့ဝမ်းဗိုက်မှာ အတုံးကြီးနှစ်တုံး ပေါ်လာတာကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။  ဆရာဝန်တွေက သူမ ကို စစ်ဆေးလိုက်ချိန်မှာတော့ သူမရဲ့ ရင်ဘတ်ကိုထိုးတဲ့ ဟိုက်ဒရိုဂျယ်ဟာ ဝမ်းဗိုက်ဧရိယာမှာ တစ်ဖြည်းဖြည်းချင်း သွားစုနေတာကို တွေ့ရှိခဲ့ရပါတယ်။ ယင်း အမျိုးသမီးဟာ ရင်သားကြီးထွားစေဖို့အတွက် Amazing Gel လို့ခေါ်တဲ့ ဆေးကို သူမရဲ့ရင်ဘတ်မှာ ထိုးနေတာ နှစ်ပေါင်း များစွာ ရှိနေပြီဖြစ်ကြောင်း အထူးကု ဆရာဝန်ကြီးတွေကို ပြောပြခဲ့ပါတယ်။ Amazing Gel လို့ခေါ်တဲ့ ရင်သားကြီးထွားဆေးဟာ တရုတ်နိုင်ငံမှာ နာမည်ကြီးလှပြီး ရေရှည်မှာ ကျန်းမာရေး ကို ထိခိုက်နိုင်တာကို တွေ့ရပါတယ်။ ယင်းဆေးထိုးပြီးတဲ့နောက် ရင်သား ဟာ ချိုင်းကြားသို့ ရောက်ရှိခြင်း နဲ့ နောက်ကျော သို့ ရောက်ရှိသွားခြင်းတို့ ကြုံတွေ့ရသူများလည်း ရှိနေပါတယ်။

လေယာဉ် ပျက်ကျခဲ့သည့် ဘောလုံးသမားများ၏ ဈာပန အခမ်းအနား

Image
                           သေဆုံးသွားတဲ့ ခန္ဓာကိုယ်တွေကို ကိုလံဘီယာမှာ ပြင်ဆင်ထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။ လေယာဉ် ပျက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဘရာဇီးကလပ် ရှာပီကွမ်းစ် ဘောလုံးအသင်းရဲ့ ကစားသမားတွေ အလောင်းတွေကို ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေ ထွက်လာပြီးနောက် လတ်တလော ဝမ်းနည်းဖွယ်ရာ အကောင်း ဆုံး မြင်ကွင်းအဖြစ် မီဒီယာတွေက ဖော်ပြကြပါတယ်။ ရှာပီကွမ်းစ်ဘောလုံး ကစားသမား ၁၉ ဦး အပါအဝင် အသင်း ဝန်ထမ်းတွေ၊ ဂျာနယ်လစ်တွေပါ လေယာဉ်ပျက်ကျမှုထဲ ပါဝင်ခဲ့ပြီး စုစုပေါင်း ၇၁ ဦးသေဆုံးခဲ့ပြီးပြီဖြစ်ပါတယ်။ လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်းမြို့မှာ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဘရာဇီးကလပ် ရှာပီကွမ်းစ် နဲ့ ကိုလံဘီယာ ကလပ် အသလက်တီကိုနေစီယိုနယ် အသင်း တို့ရဲ့ ပွဲစဉ်ကို လတ်တလော ရွှေ့ဆိုင်းထားပေမဲ့ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကစားဖို့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်သွားဖွယ် ရှိနေပါတယ်။
 
365myanmar.com - Myanmar Online Shopping Mall