Posts

Showing posts from May, 2020

အိမ်​ နှင့် လောကီပညာ

Image
အိမ်​တစ်​အိမ်​ ​ဆောက်​ရင်​ ... အဓိက ၃ ချက်​ ရှိတယ်​ ။ အိမ်​ ပနက်​ အိမ်​ ဦးရင်​တိုင်​ ​လှေကား အဲ့ဒါ အဓိက ဘဲ။ မ​ဆောက်​​ကောင်း​သော အိမ်​ အိမ်​ပျံ အိမ်​ရင်​ကွဲ အိမ်​ပလ္လင်​ အိမ်​ဖိုခ​နောက်​ အိမ်​နွား အိမ်​ပတ္တလား ​ကျောင်းနှင့်​ တူ​သောအိမ်​ မ​ဆောက်​​ကောင်းပါ ။ ရင်​ကွဲ အိမ်​ (ကွဲ...​သေ) ဝါး​ခေါင်းထိုးဆက်​​သောအိမ်​ (ရန်​ဖြစ်​) သစ်​ဆက်​ဝါးဆက်​ ဆက်​​သောအိမ်​ (ရန်​ဖြစ်​) အဲ့ဒီ အိမ်​​တွေမှာ ထုပ်​​ယောက်​ မိုက်​ဖွဲ့ပြီး ၃ နဲ့ စားလို့ ပြတ်ရင်​ ၃ လ အတွင်း လူ​သေဖို့  ၁ ၀၀% ပါ ။ အိမ်​ ပတ္တလား နဲ့ အိမ်​နွား က ဆင်းရဲရုံဘဲ ရှိတယ်​ လူမခိုက်​ပါ ။ အိမ်​မှာ သစ်​စုံန်းပါရင်​ သစ်​မင်း စိုက်​ထားပါ။ အိမ်​ထက်​ အိမ်​သာ မ​ကောင်း​စေသင့်​ အိမ်​အရင်​ အိမ်​သာ မ​ဆောက်​​ကောင်း ခြံစည်းရိုး မရှိဘဲ အိမ်​မတည်​သင့်​ပါ။ အိမ်​တိုင်​​တွေကို ကြေးပြားမှာ စည်းချ ဂါထာ ​ရေးပြီး အောက်​က ခံရင်​ ကြီးပွားတိုးတက်​​စေပါတယ်​ ။ မီးမခနိုင်​ ဧည့်​သည်​ ​ကောင်းများလာ​စေတတ် ။ လောင်​မီးစက်​ မခ နိုင်​ ။ မိစ္ဆာ များမ​နေနိုင်​ပါ။

မဟာဘုတ် ဗေဒင်ပညာမှ လာရှိသော အိမ်ထောင်ရေး အဟောများ

Image
မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှ လာရှိသော အိမ်ထောင်ရေး အဟောများကို တင်ပြပေး လိုက် ရပါတယ်။ အောက်ပါ အဟောများတွင် ယောင်္ကျားလေးများအတွက် "ကျား"ဟုရေးထားပေးပြီး မိန်းကလေးများ အတွက် " မ " ဟု ရေးပေးထားမှာ ဖြစ်ပါတယ် ။ မိမိတို့ရဲ့ သက်ဆိုင်ရာ အဟောများကို ဖတ်ကြည့်ရုံပါပဲ ။ ကျွန်တော့်အနေနဲ့ တစ်ခုပြောချင်တာကတော့ ယခုဟောချက်များသည် ရေဘူယျဟောချက်များဖြစ်ပါသဖြင့် ဒီအကြွင်း ဇာတာရှင်ကတော့ ဒီလိုတစ်ထစ်ချ ဖြစ်ရမယ်လို့ မဆိုလိုပါ ။ ခိုင်နှုန်းအားဖြင့် လူ ၁၀၀ မှာ ၈၀% ဖြစ်ကြရတတ်တယ် လို့ ဆိုလိုရင်းသာဖြစ်ပါ တယ် ။ ထို့ကြောင့် တစ်သက်တာ အိမ်ထောင်ရေး ကံဇာတာ တွက်ချက်နည်းလေးနဲ့ အဟောတွေကို အောက်တွင် ရှု့စားလိုက်ကြရအောင်ပါ ။  တွက်နည်း မိမိ၏ မြန်မာမွေးခုနှစ်ကို ၇ ဖြင့် စား၍ အကြွင်း ၁ ရသော ယောင်္ကျားလေးဖြစ်ပါက အကြွင်း ၁ (ကျား)ဆိုသော အဟောကို ဖတ်ကြည့်ရုံပါ ။ အကြွင်း ၁ ရသော မိန်းကလေးဆိုပါက အကြွင်း ၁ (မ) ဆိုတဲ့ အဟောကိုဖတ်ရှုလေ့လာနိုင်ပါတယ်။ ထို့နည်းတူ ကျန်သော အကြွင်းများကိုလည်း မိမိ ၏ ကျရောက်လာသော သက်ဆိုင်ရာ အကြွင်းများ အတိုင်းလေ့လာနိုင်ပါသည်။ ထို့ကြောင့် အောက်တွင် သက်ဆိုင်ရာ အဟောများကို စတင်၍ လေ
 
365myanmar.com - Myanmar Online Shopping Mall