Posts

Showing posts from February, 2021

ကောင်းဖို့ဖြစ်လာတာပါ

Image
  ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးရဲ့ အတိုင်ပင်ခံ  အမတ်ကြီးတစ်ပါးဟာ အင်မတန်မှ  အကောင်းမြင် တတ်သတဲ့။  ဘုရင်ကြီးက တစ်ခုခု တိုင်ပင်လိုက်တိုင်း  အကောင်းမြင်တဲ့ဘက်ကနေပဲ ဆွေးနွေးပါသတဲ့။   အကောင်းမြင် အပြုသဘော ဆွေးနွေးတော့ တော်ရုံ  အပြစ်တွေတောင် အပြုသဘောဆောင်ပြီး  တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့  ပြဿနာတွေကို  ပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာ  ချည်းပဲတဲ့။ တစ်နေ့မှာတော့ ဘုရင်ကြီးရဲ့လက်မမှာ  ပြည်တည်နာကြီး ပေါက်လာသတဲ့။  အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့  အရှင်ဘုရားစိတ်မပူပါနဲ့ ဆေးလိမ်းဆေးသောက်ရင် ပျောက်သွားမှာပါ ကောင်းဖို့ဖြစ်လာတာပါဘုရားလို့ လျှောက်တင်သတဲ့။ ဒီလိုနဲ့ဘုရင်ကြီးရဲ့ လက်ဟာမသက်သာပဲ  ဖြတ်လိုက်ရပါတော့တယ်။  အဲဒီလိုနဲ့ အင်္ဂါမစုံတဲ့ဘုရင်ကြီး ဖြစ်သွားတော့တာပေါ့။  အဲဒီတော့ ဘုရင်ကြီးလည်း စိတ်မသက်မသာဖြစ်ပြီး  အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက်စကားပြောဖို့ ခေါ်လိုက်တော့တာပေါ့။  ဒီတော့ အတိုင်ပင်ခံကြီးက ကောင်းဖို့ဖြစ်လာတာပါ ဘုရားလို့ ထပ်ပြီး ဖြေသိမ့်ပြန်တော့  ဘုရင်ကြီးကစိတ်ဆိုးပြီး အတိုင်ပင်ခံကြီးကို   "ဒီလောက်တောင်ကောင်းဖို့ဖြစ်လာရင်  ဆရာကြီး ခဏလောက်  အကျဉ်းတိုက်ထဲ သွားနေ ချည်လ

ပါးစပ်နဲ့ မပြီးပါဘူး

Image
  မအေနဲ့တပ်ပြီးဆဲခဲ့လို့ ဘဝတစ်ခုမှာ သားအမိသုံးယောက် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ရတဲ့ ဇာတ်တော်ရှိတယ် ။ အဆဲ သန်ခဲ့လို့ ဘဝပေါင်းငါးရာ သူယုတ်မာဘဝအဖြစ် ကျင်လည်ခဲ့ရပြီး နောက်ဆုံး ရဟန္တာဖြစ်တာတောင် တွေ့ သမျှကို သူယုတ်ဆိုပြီး ခေါ်ရတဲ့ မထေရ်ကြီး ရှိတယ်။   ဝါသနာက အထုံပါလာခဲ့လို့ ကိလေသာကုန်ပေမဲ့ ဝါသနာ  မကုန်ခဲ့ဘူး ။ ဘုရားရှင်သာ ဖြေရှင်းမပေးနိုင်ခဲ့ရင်  စော်ကားမဲ့ ရဟန်းတွေအများကြီးပဲ ငရဲကျမဲ့ ရဟန်းတွေ အများကြီးပဲ ။ ကချေသည်နဲ့ တူတယ်လို့ ပြောခဲ့မိလို့ ရဟန္တာဖြစ်မဲ့ ဘဝမှာတောင်  ဇာတ်ထဲမှာလိုက်ပြီး ဇာတ်ကခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် ။ ပစ္စေကဗုဒ္ဓါကို ဟန်ပန်အမူအယာနဲ့ ခါးကုန်းကြီးသဏ္ဌာန် လုပ်ပြခဲ့လို့ သောတာပန်ဖြစ်တာတောင် ခါးကုန်းကြီး ဘဝနဲ့ ဖြစ်ခဲ့တဲ့ ကျွန်မ လည်း ရှိခဲ့တယ် ။

ကားတစ်​စီး ဝယ်​​တော့မယ်​ဆိုရင်​ ဘာ​တွေကြည့်​ရမလဲ

Image
  မကျွမ်းကျင်​​သေးတဲ့သူ​တွေအတွက်​ အ​ခြေခံ​လေး​တွေပါ။ ကားနားလည်​တဲ့သူကိုလည်း​ခေါ်သွားရင်း ကိုယ်​လည်းဒါ​လေး​တွေစစ်​ကြည့်​ပါ။ ကားမှာအ​ရေးအကြီးဆုံးက အရှုပ်​အရှင်းကင်းပြီး လိုင်​စင်​ပါတဲ့ကားဖြစ်​ဖို့ပါ။ အုံနာဘုတ်​ ဝှီးတပ်​ မှန်​မမှန်​ ချက်​စီ (Chassis) ​ဘောင်​ နှင့်​ မိန်းပလိတ်​ပြား ဖြတ်​ဆက်​လုပ်​ထားလားဆိုတာ ​သေချာ​အောင်​ ကညနရုံးမှာကားမဝယ်​ခင်​ သွားစစ်​ပါ။  မှတ်​ပုံတင်​ပြပြီး တရားဝင်​စစ်​တာ ​ငွေငါး​ထောင်​​ပေးရပါတယ်​။ ကားမှာအလိမ်​​တွေပါရင်​​တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်​မှာပါ။ ဒါက​တော့ ကားကိုကြည့်​ပြီး အားလုံးကြိုက်​လို့ ​ဈေးပါတည့်​ပြီးမှ final အ​နေနှင့်​ လုပ်​ရမှာပါ။ ကားတစ်​စီးဝယ်​ဖို့ သွားကြည့်​ရင်​ ၁။ အင်​ဂျင်​ခန်း ကြည့်​မယ်​ ကားရဲ့အရိုးအစစ်​လို့​ခေါ်တဲ့ အဓိကတန်း​တွေ Frame ​တွေကြည့်​ပါမယ်​။ ရေတိုင်​ကီတန်း​တွေ ဘေး​ဘောင်​​တွေ ​ရှော့ဘား​ဘောင်​​တွေ ​သေသပ်​ရမယ်​။ အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ အားလုံးကြည့်​​ကောင်း​နေရမယ်​။ ​အင်​ဂျင်​ခန်းက​အော်​​ဆေးဖြစ်​ရမယ်​။ ​Original Spot​ တွေ ချိတ်​​တွေဖြစ်​ရမယ်​ ဘောနပ်​​အောက်​က ​ချိတ်​​တွေ​ ​ဆေး​တွေ မှန်​​ရမယ်​။ {​Original ဟုတ်​မဟုတ်​သိရန်​ နားလည်

ဘိုင်ဒင်-ရှီကျင့်ဖျင် ဆွေးနွေးမှုအပေါ် သုံးသပ်ချက်

Image
  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖေဖော်ဝါရီလ ၁၀ရက်နေ့ညက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တယ်လီဖုန်းကနေ ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒါဟာ ဘိုင်ဒင် တာဝန်ယူပြီးတဲ့နောက်ပိုင်း နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်လို့ အလွန်အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခု လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒီပြောဆို ဆွေးနွေးမှုက အချိန် နှစ်နာရီတောင် ကြာတယ်ဆိုတော့ ကမ္ဘာ့ မဟာ အင်အားကြီးနိုင်ငံ နှစ်ခုရဲ့ ခေါင်းဆောင်တွေ အကြားမှာ ဖြစ်တောင့် ဖြစ်ခဲမို့ စိတ်ဝင်စားစရာ လည်း ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။  သူတို့နှစ်ယောက်ရဲ့ ပြောဆိုမှုကို စိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေ ကြည့်ရင်လည်း အတော်စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောရမှာပါ။ ဘိုင်ဒင် ဘက်က တရုတ်အပေါ် မကြေနပ်မှုတွေ စိုးရိမ်မှုတွေကို တစ်သီတစ်တန်းကြီး ထုတ်ဖော် ပြောဆိုခဲ့ချိန်မှာ ရှီကျင့်ဖျင်ကတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေစေရေး win-win ဆက်ဆံရေး ထူထောင်ဖို့ကိုပဲ ဦးတည်ပြောကြားသွားတာ ဖြစ်ပါတယ်။  တရုတ်နဲ့ ပတ်သက်တဲ့ ဘိုင်ဒင်ရဲ့ ရပ်တည်ချက်ကတော့ ထရမ့် လက်ထက်ကနဲ့ သိပ်ကွာခြားလှတာ မဟုတ်ပါဘူး။ ပြောနေကျအတိုင်း အမေရိကန်ရဲ့ အင်ဒို-ပဆိဖိတ်မဟာဗျူဟာကို စွဲကိုင်ပြီး ပွင့်လင်း လွတ်လပ်စွာ သွားလာလုပ်ကိုင်နိုင်တဲ့ ဒေသဖြစ်ရေး၊ ကုန်သွယ်ရေ
 
365myanmar.com - Myanmar Online Shopping Mall