ပါးစပ်နဲ့ မပြီးပါဘူး

 


မအေနဲ့တပ်ပြီးဆဲခဲ့လို့ ဘဝတစ်ခုမှာ သားအမိသုံးယောက် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ရတဲ့ ဇာတ်တော်ရှိတယ် ။


အဆဲ သန်ခဲ့လို့ ဘဝပေါင်းငါးရာ သူယုတ်မာဘဝအဖြစ် ကျင်လည်ခဲ့ရပြီး နောက်ဆုံး ရဟန္တာဖြစ်တာတောင် တွေ့ သမျှကို သူယုတ်ဆိုပြီး ခေါ်ရတဲ့ မထေရ်ကြီး ရှိတယ်။  ဝါသနာက အထုံပါလာခဲ့လို့ ကိလေသာကုန်ပေမဲ့ ဝါသနာ  မကုန်ခဲ့ဘူး ။ ဘုရားရှင်သာ ဖြေရှင်းမပေးနိုင်ခဲ့ရင် စော်ကားမဲ့ ရဟန်းတွေအများကြီးပဲ ငရဲကျမဲ့ ရဟန်းတွေ အများကြီးပဲ ။


ကချေသည်နဲ့ တူတယ်လို့ ပြောခဲ့မိလို့ ရဟန္တာဖြစ်မဲ့ ဘဝမှာတောင်  ဇာတ်ထဲမှာလိုက်ပြီး ဇာတ်ကခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် ။


ပစ္စေကဗုဒ္ဓါကို ဟန်ပန်အမူအယာနဲ့ ခါးကုန်းကြီးသဏ္ဌာန် လုပ်ပြခဲ့လို့ သောတာပန်ဖြစ်တာတောင် ခါးကုန်းကြီး ဘဝနဲ့ ဖြစ်ခဲ့တဲ့ ကျွန်မ လည်း ရှိခဲ့တယ် ။


ဗုဒ္ဓကလည်း စေတနာနဲ့  ပြုလုပ်ပြောဆိုတဲ့ အကြောင်းအရာတွေဟာ အကျိုးမခံစားရပဲ ပျောက်ပျက်မသွားဘူးတဲ့ ။


ဒီကနေ့မြန်မာနိုင်ငံမှာ  နိုင်ငံရေးအရှုတ်အထွေးကြောင့် ရဟန်းတော်တွေတင်မကပဲ သံဃာ ဆိုတဲ့ အဖွဲ့အစည်း ဂုဏ်ပုဒ် ကိုတောင် အယုတ္တ အနတ္တ တွေနဲ့ ဆဲဆိုနေကြတာတွေဟာတွေးမိတိုင်း ကြက်သီး ထမိတယ် ။


ပါးစပ်နောက်မှာ ဘဝတွေပါတယ်ဆိုတာ အချိန်မီသိနိုင်ကြပါစေ ။


 #Crd ... Original uploader


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ် ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

ငါးမျက်စေ့ (သို့) အသားမာ (Corn)

ရှင်စောပု ဘုရင်မကြီး သုံးခဲ့သော ခေါင်းဆောင်းတော်

တန်​​ဆောင်​မုန်း လပြည့် ည သည်​ သူခိုးည လုံးဝ မဟုတ်​ပါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

 
365myanmar.com - Myanmar Online Shopping Mall